< ယေဇကျေလ 12 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 အချင်းလူသား ၊ သင် သည်ပုန်ကန် တတ်သော အမျိုး ထဲမှာ နေ ၏။ သူ တို့သည် မြင် ရသောမျက်စိ ရှိသော်လည်း မ မြင် တတ်။ ကြား ရသောနား ရှိသော်လည်း မ ကြား တတ်။ ပုန်ကန် တတ်သော အမျိုး ဖြစ်ကြ၏။
အချင်းလူသား၊ သင်သည်ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိ ရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော် လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။
3 သို့ဖြစ်၍ ၊ အချင်းလူသား ၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာ ပရိကံများကို ပြင်ဆင် ၍ ၊ နေ့ အချိန်၌ သူ တို့မျက်မှောက် တွင် ပြောင်း သွားလော့။ သူ တို့မျက်မှောက် တွင် အခြား တပါးသို့ နေရာ ပြောင်း လော့။ ပုန်ကန် တတ်သော အမျိုး ဖြစ်သော်လည်း ၊ သတိရ ကောင်းရကြ လိမ့်မည်။
သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက် မှောက်တွင် အခြားတပါးသို့နေရာပြောင်းလော့။ ပုန်ကန် တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်းရကြ လိမ့်မည်။
4 နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာ ပရိကံ များကဲ့သို့ ၊ သင် ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ သူ တို့ မျက်မှောက် တွင် ထုတ် ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့ ၊ ည အချိန်၌ သူ တို့မျက်မှောက် တွင် ထွက်သွား ရမည်။
နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာပရိကံ များကဲ့သို့၊ သင်၏ ဥစ္စာပရိကံများကို နေ့အချိန်၌ သူတို့ မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသော သူကဲ့သို့၊ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွား ရမည်။
5 သူ တို့မျက်မှောက် ၌ အုတ်ရိုး ကိုတူးဖောက် ၍ ၊ ဥစ္စာ ပရိကံများကို ထုတ် သွားလော့။
သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်၍၊ ဥစ္စာ ပရိကံများကို ထုတ်သွားလော့။
6 ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာထမ်း ၍ ထုတ် ရမည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရမည်။ အကြောင်း မူကား၊ သင့် ကို ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထား ပြီဟု မိန့်တော်မူသည်အတိုင်း၊
ညဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံး ပေါ်မှာထမ်း၍ ထုတ်ရမည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊
7 ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့ ၊ ငါ ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ ထုတ် ၍ ၊ ည အချိန်၌ အုတ်ရိုး ကို ကိုယ်လက် နှင့် တူးဖော် ပြီးမှ၊ ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာ ထမ်း သွား၏။
ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့၊ ငါ၏ဥစ္စာပရိကံများကို နေ့အချိန်၌ ထုတ်၍၊ ညအချိန်၌အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖော် ပြီးမှ၊ ညဦးယံအချိန်၌သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာ ထမ်းသွား၏။
8 နံနက် အချိန်၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
နံနက်အချိန်၌ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ရောက်လာ၍၊
9 အချင်းလူသား ၊ ပုန်ကန် တတ်သော ဣသရေလ အမျိုး က၊ သင် သည်အဘယ် သို့ပြု သနည်းဟု သင့် အား မေး သည်ရှိသော်၊
အချင်းလူသား၊ ပုန်ကန်တတ်သော ဣသရေလ အမျိုးက၊ သင်သည်အဘယ်သို့ပြုသနည်းဟု သင့်အား မေးသည်ရှိသော်၊
10 ၁၀ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရ မည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင် မြို့ကို အစိုးရ သော မင်း မှစ၍၊ ထိုမြို့၌ရှိသောဣသရေလ အမျိုးသား အပေါင်း တို့နှင့် ဆိုင်ပေ၏။
၁၀အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရ မည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရ သော မင်းမှစ၍၊ ထိုမြို့၌ရှိသော ဣသရေလအမျိုးသား အပေါင်းတို့နှင့်ဆိုင်ပေ၏။
11 ၁၁ ငါ သည်သင် တို့၏ နိမိတ် လက္ခဏာဖြစ်၏။ ငါပြု သကဲ့သို့ သင်တို့သည် ပြု ရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။
၁၁ငါသည်သင်တို့၏ နိမိတ်လက္ခဏာဖြစ်၏။ ငါပြု သကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။
12 ၁၂ သင်တို့၏ မင်း သည်လည်း ၊ မိမိ ပခုံး ၌ ထမ်း ၍ ညဦးယံ အချိန်၌ ထုတ် သွားရလိမ့်မည်။ ထုတ် သွားစရာဘို့ အုတ်ရိုး ကို တူးဖော် ရလိမ့်မည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရလိမ့်မည်။
၁၂သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ထမ်း၍ ညဦးယံအချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွားစရာဘို့ အုတ်ရိုးကိုတူးဖော်ရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရလိမ့်မည်။
13 ၁၃ ထိုမင်း ကိုလည်း ငါ ၏ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ ကျော့ကွင်း ၌ ကျော့မိ စေသည်။ ခါလဒဲ ပြည် ဗာဗုလုန် မြို့သို့ ဆောင်သွား မည်။ ထို မြို့၌ သေ ရသော်လည်း မြို့ ကို မ မြင် ရ။
၁၃ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ ကျော့ကွင်း၌ ကျော့မိစေသည်။ ခါလဒဲပြည်ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကို မမြင်ရ။
14 ၁၄ သူ့ ကိုမစ ခြင်းငှါဝိုင်း သောသူ တို့နှင့် တပ်သား အပေါင်း တို့ကို အရပ်ရပ် သို့ ဖြန့်ကြဲ မည်။ သူ တို့နောက် ၌ လည်း ထား ကို လွှတ် လိုက်မည်။
၁၄သူ့ကိုမစခြင်းငှါ ဝိုင်းသောသူတို့နှင့် တပ်သား အပေါင်းတို့ကို အရပ်ရပ်သို့ဖြန့်ကြဲမည်။ သူတို့နောက်၌ လည်း ထားကို လွှတ်လိုက်မည်။
15 ၁၅ လူ အမျိုးမျိုးတို့တွင် ကွဲပြား စေ၍ ၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်။
၁၅လူအမျိုးမျိုးတို့တွင် ကွဲပြားစေ၍၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲသောအခါ၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။
16 ၁၆ သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်း စေသော သူ အချို့ တို့သည် မိမိ တို့ပြုဘူးသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုရှိသမျှ တို့ကို၊ နောက်ရောက်သော တပါး အမျိုးသားနေရာပြည်တို့၌ ဘော်ပြ ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
၁၆သို့ရာတွင်၊ ထားဘေး၊မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဘူးသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တပါးအမျိုးသား နေရာပြည်တို့၌ ဘော်ပြကြလိမ့်မည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။
17 ၁၇ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
၁၇တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
18 ၁၈ အချင်းလူသား ၊ တုန်လှုပ် လျက် အစာ ကို စား လော့။ တုန်လှုပ် လျက် ၊ သတိ ပြုလျက် ရေ ကိုသောက် လော့။
၁၈အချင်းလူသား၊ တုန်လှုပ်လျက်အစာကို စား လော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက် လော့။
19 ၁၉ အရှင် ထာဝရဘုရား သည် ဣသရေလ ပြည် ၊ ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စား ရကြမည်။ မိန်းမော တွေဝေလျက် ရေ ကို သောက် ရကြမည်။ ထိုသို့ သောအားဖြင့်၊ ပြည်သူ ပြည်သားအပေါင်း တို့ပြုသောအဓမ္မအမှုကြောင့်၊ ဣသရေလပြည် သည် မိမိ ပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။
၁၉အရှင်ထာဝရဘုရားသည် ဣသရေလပြည်၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည်။ မိန်းမောတွေဝေလျက်ရေကို သောက်ရကြမည်။ ထိုသို့သောအားဖြင့်၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့်၊ ဣသရေလပြည် သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။
20 ၂၀ လူနေ သောမြို့ တို့သည်လည်း ပျက်စီး ၍ ၊ တပြည်လုံး ဆိတ်ညံ လျက် ရှိ ရလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
၂၀လူနေသောမြို့တို့သည်လည်း ပျက်စီး၍၊ တပြည်လုံးဆိတ်ညံလျက် ရှိရလိမ့်မည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။
21 ၂၁ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
၂၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
22 ၂၂ အချင်းလူသား ၊ နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလ ပြည် ၌ သုံး တတ်သော စကားပုံ ကား အဘယ် သို့နည်း။
၂၂အချင်းလူသား၊နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသ ရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ်သို့ နည်း။
23 ၂၃ သို့ဖြစ်၍ ၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထို စကားပုံ ကို ငါပျောက် စေမည်။ နောက် တဖန် ဣသရေလ အမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်း သော ဗျာဒိတ် ရူပါရုံလည်း ပြည့်စုံ ကြလိမ့်မည်ဟု ပြောလော့။
၂၃သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက် ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့် စုံကြလိမ့်မည်ဟု ပြောလော့။
24 ၂၄ နောက် တဖန် ဣသရေလ အမျိုး ၌ အချည်းနှီး သောရူပါရုံ မ ရှိ ရ။ ချော့မော့ စွာ ပရောဖက် ပြုခြင်းလည်း မရှိရ။
၂၄နောက်တဖန် ဣသရေလအမျိုး၌ အချည်းနှီး သောရူပါရုံမရှိရ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ။
25 ၂၅ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါပြော လျှင် ၊ ပြော သည်အတိုင်း ပြည့်စုံ လိမ့်မည်။ ပြည့်စုံ ချိန်လည်း မ ရွေ့ရ။ အချင်းပုန်ကန် တတ်သောအမျိုး ၊ သင် တို့လက်ထက် ၌ ငါပြော မည်။ ပြော သည်အတိုင်းလည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၅ငါသည် ထာဝရဘုရားဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့ လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
26 ၂၆ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
၂၆တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
27 ၂၇ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့က၊ သူ မြင် သော ဗျာဒိတ် ရူပါရုံသည် ဝေးသေး၏။ ဝေး သေး သောကာလ ကို ရည်မှတ်၍ ဟော တတ်သည်ဟု ပြောဆို ကြ၏။
၂၇အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေး သောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆို ကြ၏။
28 ၂၈ သို့ဖြစ်၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ ၏စကား ပြည့်စုံချိန်မ ရွှေ့ရ။ ငါပြော သည်အတိုင်း လည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၈သို့ဖြစ်၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ၏စကားပြည့်စုံချိန်မရွှေ့ရ။ ငါပြော သည်၊ အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။

< ယေဇကျေလ 12 >