< ယေဇကျေလ 11 >

1 ထိုနောက် ဝိညာဉ် တော်သည် ငါ့ ကိုချီ ၍ ၊ အရှေ့ ဘက်သို့ မျက်နှာ ပြုသော ထာဝရဘုရား ၏ အိမ် တော် အရှေ့ တံခါး သို့ ဆောင်သွား ၍ ၊ တံခါးဝ ၌ လူ နှစ်ကျိပ် ငါး ယောက်ရှိ၏။ သူ တို့တွင် မင်း ပြုသောသူ၊ အာဇုရ သား ယာဇညာ ၊ ဗေနာယ သား ပေလတိ တို့ကို ငါမြင် ၏။
ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ ဘက်သို့ မျက်နှာပြုသော ထာဝရဘုရား၏ အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ် ငါးယောက်ရှိ၏။ သူတို့တွင်မင်းပြုသောသူ၊ အဇုရသား ယာဇညာ၊ ဗေနာယသားပေလတိတို့ကို ငါမြင်၏။
2 ဗျာဒိတ် တော်အသံကား ၊ အချင်းလူသား ၊ ဤ သူတို့သည် မ ကောင်းသောအကြံကို ကြံစည် ၍ ၊ ဤ မြို့ ၌ မ တရားသော တိုင်ပင် ခြင်းကို ပြု သောသူဖြစ်ကြ၏။
ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤ သူတို့သည် မကောင်းသောအကြံကို ကြံစည်၍၊ ဤမြို့၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။
3 သူတို့က၊ အမှုမ ရောက်သေး။ အိမ် ဆောက် ကြကုန်အံ့။ ဤ မြို့သည် အိုးကင်း ၊ ငါ တို့သည် အမဲသား ဖြစ်သည်ဟု ဆို တတ်ကြ၏။
သူတို့က၊ အမှုမရောက်သေး။ အိမ်ဆောက်ကြ ကုန်အံ့။ ဤမြို့သည် အိုးကင်း၊ ငါတို့သည် အမဲသား ဖြစ်သည်ဟု ဆိုတတ်ကြ၏။
4 သို့ဖြစ်၍ အိုလူသား ၊ သူ တို့တဘက် ၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အိုလူသား၊ သူတို့တဘက်၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
5 ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် သို့ သက်ရောက် ၍ ၊ သင်သည် ဟောပြော လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အိုဣသရေလ အမျိုး ၊ သင်တို့သည် ဤသို့ပြောဆို ကြပြီ။ သင် တို့ကြံစည် သမျှတို့ကို ငါ သိ ၏။
ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊ သင်သည် ဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလ အမျိုး၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ။ သင်တို့ကြံစည် သမျှတို့ကို ငါသိ၏။
6 သင် တို့သည် ဤ မြို့ ၌ သူရဲ တို့ကို များပြား စေ၍ ၊ မြို့ လမ်း တို့ကို သူရဲ များနှင့်ပြည့် စေကြပြီ။
သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့်ပြည့်စေကြပြီ။
7 ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့ထား သော သူရဲ တို့သည် အမဲသား ဖြစ်၏။ ဤ မြို့သည် အိုးကင်း ဖြစ်၏။ သို့သော်လည်း ၊ သင် တို့ကို မြို့ ထဲ က ငါထုတ် မည်။
ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲက ငါထုတ်မည်။
8 သင်တို့သည် ထား ကို ကြောက် သည်ဖြစ်၍ ၊ ငါ သည် ထိုထား ကို သင် တို့အပေါ် သို့ရောက် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
သင်တို့သည် ထားကို ကြောက်သည်ဖြစ်၍၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
9 ငါသည် သင် တို့ကိုမြို့ ထဲ က ထုတ် ပြီးလျှင် ၊ တ ကျွန်းတနိုင်ငံသား တို့၏လက် သို့ အပ် ၍ အပြစ် ဒဏ်ကို စီရင် မည်။
ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင်၊ တကျွန်းတနိုင်ငံသား တို့၏လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။
10 ၁၀ သင်တို့သည် ထား ဖြင့် ဆုံးရှုံး ကြ၍ ၊ ဣသရေလ ပြည်စွန်း မှာ ငါ စစ်ကြော စီရင်သဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။
၁၀သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
11 ၁၁ ဤ မြို့သည် သင် တို့၏ အိုး ကင်းမ ဖြစ် ရ၊ သင် တို့သည်လည်း ၊ အိုး ကင်း၌ အမဲသား မဖြစ် ရကြ။ ဣသရေလ ပြည်စွန်း မှာ ငါစစ်ကြော စီရင်သဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။
၁၁ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့ သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
12 ၁၂ အကြောင်း မူကား၊ သင်တို့သည် ငါ ၏တရား လမ်းသို့ မ လိုက် ၊ ငါ့ စီရင် ချက်တို့ကို မ စောင့် ၊ သင် တို့ပတ်လည် ၌နေသော လူမျိုး တို့၏ ထုံးစံ ဓလေ့တို့ကို လိုက် ကြပြီဟု မိန့်တော်မူ၏။
၁၂အကြောင်းမူကား၊ သင်တို့သည် ငါ၏ဘုရား လမ်းသို့မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ ပတ်လည်၌နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ၏။
13 ၁၃ ထိုဗျာဒိတ်တော်စကားကို ငါ သည်ဆင့်ဆို ၍ ဟောပြော စဉ်တွင် ၊ ဗေနာယ သား ပေလတိ သည် သေ ၏။ ငါသည်လည်း ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ် သောအသံ နှင့် ကြွေးကြော် ၏။
၁၃ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသားပေလတိသည် သေ၏။ ငါသည်လည်း ပြပ်ဝပ်၍၊ အိုအရှင် ထာဝရဘုရား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏။
14 ၁၄ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
၁၄တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
15 ၁၅ အချင်းလူသား ၊ ယေရုရှလင် မြို့သူ မြို့သားတို့က၊ ထာဝရဘုရား ထံ တော်မှ ဝေး စွာထွက်သွားကြလော့။ ဤ ပြည် ကိုငါ တို့အား အပိုင် ပေး တော်မူပြီဟု သင် ၏ ညီအစ်ကို ၊ သင် ၏အမျိုးသား ချင်း၊ ဣသရေလ အမျိုးသား အပေါင်း တို့အား ဆို တတ်ကြ၏။
၁၅အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။
16 ၁၆ ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသားတို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ ဖြန့်ကြဲ သော်လည်း ၊ သူတို့ ရောက် သော ပြည် တို့၌ ငါသည်သူ တို့အဘို့ သန့်ရှင်း ရာဌာနကဲ့သို့ ခဏ ဖြစ် လိမ့်မည်။
၁၆ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။
17 ၁၇ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့ ကို ဖြန့်ကြဲ သော လူ အမျိုးမျိုးနေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ ၍ ၊ စုဝေး ပြီးလျှင် ၊ ဣသရေလ ပြည် ကိုပေး မည်။
၁၇အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလ ပြည်ကိုပေးမည်။
18 ၁၈ သူတို့သည် ထို ပြည်သို့ ရောက် ၍ ၊ စက်ဆုပ်ရွံရှာဘွယ် သော အမှုအရာရှိသမျှ တို့ကို ပယ်ရှား ကြလိမ့်မည်။
၁၈သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။
19 ၁၉ ငါသည်လည်း၊ ညီညွတ် သော စိတ်နှလုံး နှင့် အသစ် သောသဘော ကို သွင်း ပေးမည်။ သူတို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ ၊ အသား နှလုံး ကိုပေး သောကြောင့် ၊
၁၉ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ်၍၊ အသားနှလုံးကို ပေးသော ကြောင့်၊
20 ၂၀ သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက် သဖြင့် ၊ ငါ ၏ လူ ဖြစ် ကြ လိမ့်မည်။ ငါ သည်လည်း သူ တို့၏ ဘုရားသခင် ဖြစ် မည်။
၂၀သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
21 ၂၁ သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ် နှလုံးအားဖြင့် လိုက်သောသူတို့ ၏ အပြစ်ကို၊ သူ တို့၏ခေါင်း ပေါ် သို့ ငါရောက် စေမည် ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၁သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့၏ အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
22 ၂၂ ထိုအခါ ခေရုဗိမ် တို့သည် အတောင် တို့ကို ဖြန့် ၍ ၊ ဘီး တို့သည်လည်း လိုက်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင့် ဘုန်း တော်သည်လည်း သူ တို့အပေါ် ၌ ရှိတော်မူ၏။
၂၂ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။
23 ၂၃ ထာဝရဘုရား ၏ ဘုန်း တော်သည် မြို့ ထဲက တက် ၍ ၊ မြို့ အရှေ့ မှာ ရှိသော တောင် ပေါ် ၌ ရပ် တော်မူ၏။
၂၃ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲက တက်၍၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ်၌ ရပ်တော်မူ၏။
24 ၂၄ ဝိညာဉ် တော်သည်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် ရူပါရုံအားဖြင့် ငါ့ ကိုချီ ၍ သိမ်းသွား သောသူတို့ နေ ရာ၊ ခါလဒဲ ပြည်သို့ ဆောင်သွား တော်မူ၏။ ငါမြင် ခဲ့ပြီး သော ဗျာဒိတ် ရူပါရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။
၂၄ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့ နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။
25 ၂၅ ထာဝရဘုရား ပြ တော်မူခဲ့ပြီးသော အမှု အရာ ရှိသမျှ တို့ကို ငါ သည်သိမ်းသွား ခြင်းကိုခံရသောသူတို့ အား ကြားပြော လေ၏။
၂၅ထာဝရဘုရားပြတော်မူခဲ့ပြီးသော အမှုအရာ ရှိသမျှတို့ကို ငါသည်သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။

< ယေဇကျေလ 11 >