< ဒေသနာ 2 >

1 တဖန်ငါ သည် ကိုယ် စိတ်နှလုံး ထဲမှာ ပြော သည် ကား၊ လာ ပါ။ ရွှင်လန်း ခြင်းအားဖြင့် သင့် ကိုငါစုံစမ်း မည်။ သို့ဖြစ်၍ ၊ ကာမဂုဏ် ၌ ပျော်မွေ့ လော့ဟု ဆိုရာတွင်၊ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်လေ၏။
တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
2 ရယ်မော ခြင်းကို သင်သည် အရူး ဖြစ်၏ဟူ၍၎င်း၊ ရွှင်လန်း ခြင်းကို အဘယ်ကြောင့် ဤသို့ ပြု သနည်း ဟူ၍၎င်း ငါဆိုရ ၏။
ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။
3 တဖန်လူ သား တို့သည် မိုဃ်း ကောင်းကင်အောက် ၌၊ တသက်လုံး ပြု သင့်သောအမှုကောင်း ကို သိ အံ့သောငှါ ၊ ပညာ တရားကို လေ့ကျက် လျက် နှင့်၊ စပျစ်ရည် အလို သို့ လိုက်၍ ၊ မိုက် သောအကျင့်ဓလေ့၌ ကျင်လည် ခြင်းငှါ ၊ ငါကြံစည် ၏။
တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်း ငှါ၊ ငါကြံစည်၏။
4 ကြီးကျယ်သောအလုပ်ကို စီရင် ၍ အိမ် တို့ကို ဆောက် ၏။ စပျစ် ဥယျဉ်တို့ကိုလည်း စိုက် ၏။
ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။
5 ဥယျာဉ် အမျိုးမျိုးကို ပြုစု ၍ ၊ ခပ်သိမ်း သော အသီး မျိုးကို သီးသောအပင် တို့ကိုလည်း စိုက် ၏။
ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။
6 သစ်ပင် မျိုး နှင့် ပြည့်စုံသောတော ကို ရေ လောင်း စရာဘို့ ရေကန် တို့ကိုလည်း လုပ် ၏။
သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။
7 ကျွန် ယောက်ျား၊ ကျွန် မိန်းမတို့ကိုသိမ်းယူ ၍ ၊ ကျွန်သားပေါက် များလည်း ရှိ ကြ၏။ ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသော သူ အပေါင်း တို့ထက် ၊ ငါ သည်တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန် ရ တတ်၏။
ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။
8 ရွှေ ငွေ ကို၎င်း ၊ ရှင်ဘုရင် နှင့်ဆိုင်သောဘဏ္ဍာ ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်းငါဆည်းပူး ၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း ၊ လူ သား တို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမ မောင်းမမိဿံတို့ကို၎င်းငါသိမ်းယူ ၏။
ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။
9 ထိုသို့ ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသောသူ အပေါင်း တို့ထက် ၊ ငါသည် တိုးပွါး ၍ ကြီးမြင့် ခြင်းသို့ ရောက်၏။ ငါ့ ပညာ လည်း တည် လျက်ရှိ၏။
ထိုသို့ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက်၊ ငါသည် တိုးပွါး၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါပညာလည်း တည်လျက်ရှိ၏။
10 ၁၀ ငါ့ မျက်စိ တပ်မက် လိုချင်သောအရာ တစုံတခုကိုမျှ ငါမ ငြင်း ၊ ငါ့ စိတ် ရွှင်လန်း စရာ တစုံတခု ကိုမျှမ ပယ်။ ငါ ကြိုးစား သမျှ တို့၌ ဝမ်းမြောက် လျက်ရှိ ၍ ၊ ကြိုးစား ခြင်း အကျိုး ကိုခံရ၏။
၁၀ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်း အကျိုးကိုခံရ၏။
11 ၁၁ ထိုအခါ ငါ စီရင် ပြုပြင်သမျှ ၊ ငါ ကြိုးစား အားထုတ်သမျှတို့ ကိုငါ ကြည့်ရှု ၍ ၊ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကိုကျက်စား သော အမှုဖြစ်ကြ၏။နေ အောက် မှာကောင်း သောအကျိုးတစုံတခုမျှမ ရှိ။
၁၁ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
12 ၁၂ တဖန် ငါ လှည့် ၍ ပညာ တရားကို၎င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲ ခြင်းတရားတို့ကို၎င်းဆင်ခြင် ၏။ ရှင်ဘုရင် နောက် မှာ ဖြစ် သောသူ သည် အဘယ် သို့ပြုနိုင်သနည်း။ ပြုဘူး သည်အတိုင်း သာ ပြု နိုင်၏။
၁၂တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
13 ၁၃ သို့ရာတွင် ၊ အလင်း သည် မှောင်မိုက် ထက် မြတ် သကဲ့သို့ ၊ ပညာ သည် မိုက်မဲ ခြင်းထက် မြတ် သည် ကို ငါ သိမြင် ၏။
၁၃သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
14 ၁၄ ပညာရှိ သောသူ၏ မျက်စိ တို့သည် သူ ၏ ဦးခေါင်း ၌ ရှိ၏။ မိုက် သောသူမူကား ၊ မှောင်မိုက် ၌ ကျင်လည် တတ်၏။ သို့သော်လည်း ထိုသူ အပေါင်း တို့သည် တခု တည်းသောအမှု နှင့် တွေ့ကြုံတတ်သည် ကို ငါရိပ်မိ ၏။
၁၄ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
15 ၁၅ သို့ဖြစ်၍ ၊ မိုက် သောသူတွေ့ကြုံ သကဲ့သို့ ၊ ငါ သည် တွေ့ကြုံ လျှင် ၊ အဘယ် ကြောင့်သူ့ထက်သာ၍ပညာရှိ သနည်းဟူ၍၎င်း၊ ဤ အမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါ အောက်မေ့ ၏။
၁၅သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
16 ၁၆ ယခု ဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက် သောသူသည် အစဉ် မ အောက်မေ့သကဲ့သို့၊ ပညာရှိ သောသူကိုလည်း အစဉ်မ အောက်မေ့ တတ်။ ပညာရှိ သောသူသည် မိုက် သောသူ သေသကဲ့သို့ သေ တတ်ပါသည်တကား။
၁၆ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
17 ၁၇ ထိုကြောင့် ၊ အသက်ရှင် ခြင်းကို ငါငြီးငွေ့ ၏။ နေ အောက် မှာ ပြု သော အမှု သည် ငါ ၌ ခက်ခဲ ၏။ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကိုကျက်စား သောအမှု ဖြစ်ကြ ၏။
၁၇ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
18 ၁၈ ထိုမှတပါး ၊ ငါ သည်နေ အောက် မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံ တို့ကို ငါငြီးငွေ့ ရသောအကြောင်း ဟူမူကား၊ ထို အမှုကိုငါ့ နောက် မှဖြစ် လတံ့သောသူ အဘို့ ငါချန်ထား ရမည်။
၁၈ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။
19 ၁၉ ထိုသူသည် ပညာရှိ မည်လော ၊ မိုက် မည်လောဟု အဘယ်သူ ပြော နိုင်သနည်း။ ထိုသူ သည် ငါကြိုးစား အားထုတ်သမျှ၊ နေ အောက် မှာငါ့ပညာ ကို ထင်ရှားပြလေ သမျှ သော အမှု တို့ကို အစိုးရ လိမ့်မည်။ ထို အမှုအရာသည် လည်း အနတ္တ ဖြစ် ၏။
၁၉ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
20 ၂၀ ထိုကြောင့် နေ အောက် မှာ ငါကြိုးစား အားထုတ်သမျှ တို့၌ မြော်လင့် စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါ ကြံစည် ၏။
၂၀ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။
21 ၂၁ အကြောင်း မူကား၊ ပညာရှိ လျက် သိပ္ပံ အတတ် နှင့် ပြည့်စုံလျက် ၊ အမှု အောင်လျက် ကြိုးစား အားထုတ်သော သူ ဖြစ် သော်လည်း ၊ မ ကြိုးစား ၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့် ထားရမည်။ ထို အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ဆိုး သောအမှုဖြစ်၏။
၂၁အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။
22 ၂၂ လူ သည်နေ အောက် မှာ ကြိုးစား အားထုတ်သော အမှု အလွန်စိတ် စွဲလမ်း သောအမှု၊ အလုံးစုံ တို့၌ အဘယ် အကျိုးရှိ သနည်း။
၂၂လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ် အကျိုးရှိသနည်း။
23 ၂၃ သူ ၏နေ့ရက် အပေါင်း တို့သည် ဝမ်းနည်း ခြင်း၊ သူ ၏အလုပ် အကိုင်လည်း ငြိုငြင် ခြင်းဖြစ်၏။ ညဉ့် အခါ၌ ပင် သူ ၏စိတ် နှလုံးမ ငြိမ် ရ။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။
၂၃သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
24 ၂၄ စား သောက် ခြင်းငှါ ၎င်း၊ ကြိုးစား အားထုတ်ရာ၌ စိတ် နှလုံးပျော်မွေ့ ခြင်းငှါ၎င်း၊ လူ ၌ ကောင်း သောအခွင့် မ ရှိ။ ဘုရား သခင်၏ကျေးဇူးတော် ကြောင့် သာ ၊ ထိုသို့ သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင် ၏။
၂၄စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။
25 ၂၅ ဘုရား သခင်၏ အခွင့် မရှိဘဲ အဘယ်သူ စား ရ သနည်း။ အဘယ်သူ ခံစား ရသနည်း။
၂၅ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရ သနည်း။ အဘယ်သူ ခံစားရသနည်း။
26 ၂၆ ရှေ့ တော်၌ ကောင်း သောသူ အား ဉာဏ် ပညာ၊ သိပ္ပံ အတတ်နှင့် ဝမ်းမြောက် ခြင်းအခွင့်ကိုပေး တော်မူ၏။ အပြစ် ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသောအခွင့်ကို၎င်း၊ ဘုရား သခင်၏ရှေ့ တော်၌ ကောင်း သောသူအား ပေး စရာဘို့ ၊ ဆည်ဖူး သိုထား ရသောအခွင့် ကို၎င်း ပေး တော်မူ၏။ ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကိုကျက်စား သော အမှုဖြစ်၏။
၂၆ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။

< ဒေသနာ 2 >