< ဒေသနာ 10 >

1 အထုံသမားလုပ် သော နံ့သာ ဆီကို သေ သော ယင်ကောင် သည် နံ စေသကဲ့သို့၊ အနည်းငယ် သောအမိုက် သည် ပညာ နှင့်ဂုဏ် အသရေထင်ရှား သောသူကို ထိုအတူ ဖြစ်စေတတ်၏။
အထုံသမားလုပ်သော နံ့သာဆီကို သေသော ယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက် သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ်၏။
2 ပညာရှိ သောသူ၏ နှလုံး သည် မိမိ လက်ျာ လက် ၌ ရှိ၏။ မိုက် သောသူ၏နှလုံး မူကား ၊ မိမိ လက်ဝဲ လက်၌ ရှိ၏။
ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။
3 မိုက် သောသူသည်လမ်း ၌ သွား စဉ်တွင်ပင် သတိ လစ် ၍ ၊ ငါသည် လူမိုက် ဖြစ်၏ဟု ခပ်သိမ်း သောသူတို့အား ပြော တတ်၏။
မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။
4 မင်း သည် သင့် ကို စိတ်ဆိုး လျှင် ၊ ကိုယ် နေသင့်ရာ အရပ် မှ မ ရွေ့ နှင့်။ သည်းခံ ခြင်းသည် ကြီး သောအပြစ် ကို ဖြေ တတ်၏။
မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
5 မင်း မှားယွင်း ခြင်းအားဖြင့် ဖြစ် တတ်သော ၊ နေ အောက် ၌ ငါမြင် ရသောအမှု ဆိုးဟူမူကား၊
မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊
6 မိုက် သောသူတို့သည် မြင့် သောအရပ်၊ သူဌေး တို့ သည် နိမ့် သောအရပ်၌ ထိုင် ရသောအမှု၊
မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့ သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊
7 ကျွန် တို့သည် မြင်း ကိုစီး၍ မှူးမတ် တို့သည် ကျွန် ကဲ့သို့ မြေ ပေါ် မှာ ခြေဖြင့်သွား ရသောအမှုကို ငါမြင် လေပြီ။
ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန် ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင် လေပြီ။
8 တွင်း ကို တူး သောသူသည် ထို တွင်းထဲသို့ ကျ လိမ့်မည်။ ခြံ ကိုဖျက် သောသူသည် မြွေ ကိုက် ခြင်းကိုခံရလိမ့်မည်။
တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။
9 ကျောက် တို့ကို ရွှေ့ သောသူသည် ဖိ ခြင်းကိုခံရလိမ့်မည်။ ထင်း ခုတ် သောသူသည်လည်း ရှန လိမ့်မည်။
ကျောက်တို့ကို ရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည်။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည်။
10 ၁၀ ပုဆိန် တုံး သောအခါ မ သွေး ဘဲနေလျှင် သာ၍အားထုတ် ရမည်။ ပညာ သည် အမှုဆောင် ရသောအခွင့် ကိုပေး ၍ ကျေးဇူး ကြီး၏။
၁၀ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။
11 ၁၁ မြွေ သည် ပြုစား ခြင်းကိုမ ခံ။ ကိုက် မိလျှင် အလမ္ပယ် သမား ကျေးဇူး မ ရှိ။
၁၁မြွေသည် ပြုစားခြင်းကိုမခံ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။
12 ၁၂ ပညာရှိ သောသူ၏စကား သည် လျောက်ပတ် ၏။ မိုက် သောသူ၏ နှုတ် မူကား သူ့ ကိုယ်ကိုမျို တတ်၏။
၁၂ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။
13 ၁၃ သူ ၏စကား အစ သည် မိုက် ခြင်း၊ အဆုံး သည် အပြစ် ပြုတတ်သော ရူး ခြင်းဖြစ်၏။
၁၃သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ်၏။
14 ၁၄ မိုက် သောသူသည် စကား များ တတ်၏။ သို့သော်လည်းဖြစ် လတံ့သောအရာ ကို လူ သည်မ ပြော နိုင်ရာ။ လူ နောက် ၌ အဘယ်သို့ဖြစ်လတံ့သည်ကို အဘယ်သူပြောနိုင်သနည်း။
၁၄မိုက်သောသူသည် စကားများတတ်၏။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။
15 ၁၅ မြို့ သို့ သွား သောလမ်းကို မ သိ သောသူကဲ့သို့မိုက် သောသူသည် ကြိုးစား အားထုတ်သော်လည်း ၊ သူတပါး တို့ကို ပင်ပန်း စေတတ်၏။
၁၅မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတပါးတို့ကို ပင်ပန်းစေတတ်၏။
16 ၁၆ ငယ်သား အစိုးရ ၍ မှူးမတ် များအချိန်မဲ့နံနက် စောစောစားသောက် တတ်သောပြည် သည် အမင်္ဂလာ ရှိ၏။
၁၆ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။
17 ၁၇ မင်းသား အစိုးရ ၍ ၊ မှူးမတ် တို့သည် လွန်ကျူး စွာ မ စားမသောက်ဘဲ၊ အချိန်တန် မှအားဖြည့် ခြင်းငှါ သာ၊ စားသောက် တတ်သော ပြည် သည် မင်္ဂလာ ရှိ၏။
၁၇မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။
18 ၁၈ အလွန်ပျင်းရိ ခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက် နှင့်မ ပြုပြင်ဘဲနေလျှင် အိမ် မိုးယို တတ်၏။
၁၈အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်၏။
19 ၁၉ ပျော်မွေ့ ခြင်းငှါ ပွဲ ကိုလုပ် တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်း စေတတ်၏။ ငွေ မူကား ၊ အရာရာ ၌ နိုင် တတ်၏။
၁၉ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။
20 ၂၀ ရှင် ဘုရင်ကို စိတ် ဖြင့် မျှ မ ကျိန်ဆဲ နှင့်။ လူကြီး ကို အိပ် ခန်း ထဲ ၌မ ကျိန်ဆဲ နှင့်။ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် ထိုအသံ ကို ဆောင်သွား လိမ့်မည်။ ပျံ တတ်သော အကောင်သည် ထိုအမှုကို ဘော်ပြ လိမ့်မည်။
၂၀ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့်။ လူကြီး ကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည်။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည်။

< ဒေသနာ 10 >