< တရားဟောရာ 31 >

1 တဖန် မောရှေ သည် သွား ၍ ဣသရေလ အမျိုးသားအပေါင်း တို့အား ဟောပြော သည်ကား၊
တဖန် မောရှေသည် သွား၍ ဣသရေလအမျိုး သား အပေါင်းတို့အား ဟောပြောသည်ကား၊
2 ငါ သည် ယနေ့ အသက် တရာ နှစ်ဆယ် စေ့ပြီ။ သင်တို့ရှေ့မှာ ထွက် ဝင် ခြင်းငှာ နောက် တဖန် မ တတ်နိုင်။။ ထာဝရဘုရား ကလည်း ၊ သင်သည် ယော်ဒန် မြစ်ကို မ ကူး ရဟု မိန့် တော်မူပြီ။
ငါသည် ယနေ့ အသက်တရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ် နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။
3 သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့ ရှေ့ မှာကူး ၍၊ ထို ပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူ တို့နေရာကို သင်တို့ဝင်စား ရကြ လိမ့်မည်။ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ ယောရှု သည် လည်း သင် တို့ရှေ့ မှာ ကူး ရလိမ့်မည်။
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့် မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည် လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။
4 ထာဝရဘုရား သည်လည်း ၊ အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ ၎င်း၊ ဖျက်ဆီး တော်မူသော သူ တို့ ပြည် ၌ ၎င်း ပြု သကဲ့သို့ ၊ ထို ပြည်သားအမျိုးမျိုးတို့၌ ပြု တော်မူလိမ့်မည်။
ထာဝရဘုရားသည်လည်း၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌၎င်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည် ၌၎င်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မူ လိမ့်မည်။
5 ထာဝရဘုရား သည် သူ တို့ကို သင် တို့၌ အပ် တော်မူသဖြင့် ၊ ငါမှာထား သမျှ သော ပညတ် တို့အတိုင်း ၊ သူ တို့၌ ပြု ရကြလိမ့်မည်။
ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ် တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။
6 အားယူ ၍ ရဲရင့် ခြင်းရှိကြလော့။ မ စိုးရိမ် ကြနှင့်။ သူ တို့ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား သည် သင် တို့ဘုရားသခင် ဖြစ်၍သင် တို့နှင့်အတူ ကိုယ်တိုင်ကြွ တော်မူမည်။ သင် တို့ကို စွန့် တော်မ မူ၊ ပစ် ထားတော်မ မူဟု ဟောပြော ၏။
အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။
7 တဖန် ယောရှု ကို ခေါ် ၍ ၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဤ လူ တို့အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သင်သည် သူ တို့နှင့်အတူ သွား ၍ အမွေခံ စေရမည်။
တဖန် ယေရှုကို ခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သင်သည် သူတို့နှင့်အတူ သွား၍ အမွေခံ စေရမည်။
8 သင့် ရှေ့ မှာ ထာဝရဘုရား သည် ကိုယ်တိုင်ကြွ ၍ သင် နှင့် ရှိ တော်မူလိမ့်မည်။ သင့် ကိုစွန့် တော်မ မူ၊ ပစ် ထား တော်မ မူ။ မ စိုးရိမ် နှင့်၊ စိတ် မ ပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ပြော ဆို၏။
သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထား တော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။
9 ဤ ပညတ် တရားကို မောရှေ သည် ရေး ထား၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သော လေဝိ သား ယဇ် ပုရောဟိတ်များ၊ ဣသရေလ အမျိုး အသက် ကြီးသူများ အပေါင်း တို့၌ အပ် ၍၊
ဤပညတ်တရားကို မောရှေသည် ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အ သက်ကြီးသူများ အပေါင်းတို့၌ အပ်၍၊
10 ၁၀ မှာထား သည်ကား ၊ ခုနစ် နှစ် စေ့ ၍ ကျွန်များကို လွှတ် ခြင်းငှာ ချိန်းချက် သောနှစ် ၊ သကေနေ ပွဲ ခံချိန် ရောက်မှ၊
၁၀မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန် ရောက်မှ၊
11 ၁၁ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူလတံ့သော အရပ် တွင် ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှေ့ တော်၌ ကိုယ် ကို ပြခြင်းငှာ လာ ကြသောအခါ ၊ ဤ ပညတ် တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ် ရမည်။
၁၁သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။
12 ၁၂ ယောက်ျား ၊ မိန်းမ ၊ သူငယ် များ၊ တည်းခို သော တပါး အမျိုးသားများတို့သည် ကြား ၍ နားလည် သဖြင့် ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ပရိသတ် တို့ကို စုဝေး စေကြလော့။
၁၂ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။
13 ၁၃ ထိုသို့ပြုလျှင်၊ နား မ လည်သေးသော သူငယ် တို့ သည် ကြား သဖြင့် ၊ သင် တို့သည် ယော်ဒန် မြစ်ကိုကူး ၍ ဝင်စား လတံ့သော ပြည် ၌ နေ သည်ကာလ ပတ်လုံး၊ သင် တို့ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။
၁၃ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။
14 ၁၄ ထာဝရဘုရား ကလည်း ၊ သင် သည် သေ ရသော အချိန် နီး ပြီ။ ယောရှု ကို ခေါ် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် လော့။ သူ့ ကိုငါမှာထား မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊ မောရှေ နှင့် ယောရှု သည် သွား ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် ကြ၏။
၁၄ထာဝရဘုရားကလည်း၊ သင်သည် သေရသော အချိန်နီးပြီ။ ယောရှုကို ခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှု သည် သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ် ကြ၏။
15 ၁၅ ထာဝရဘုရား သည် တဲ တော်တွင် မိုဃ်းတိမ် တိုင် ၌ ထင်ရှား တော်မူ၍ ၊ မိုဃ်းတိမ် တိုင် သည် တဲ တော် တံခါးဝ အပေါ် မှာ တည် နေ၏။
၁၅ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ် တိုင်၌ ထင်ရှားတော်မူ၍၊ မိုဃ်းတိမ်တိုင်သည် တဲတော် တံခါးဝအပေါ်မှာ တည်နေ၏။
16 ၁၆ တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သောအခါ ၊ ဤ လူမျိုး သည် ထ ၍ ယခုသွား သော ပြည် ၌နေသောတပါး အမျိုးသားကိုးကွယ်သော ဘုရား တို့နှင့် မှားယွင်း ၍ ငါ့ ကိုစွန့် လျက် ၊ ငါဖွဲ့ ထားသော ပဋိညာဉ် တရားကို ဖျက် လိမ့်မည်။
၁၆တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည် ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။
17 ၁၇ ထိုအခါ ငါ သည် အမျက် တော်ထွက် ၍ သူ တို့ကို စွန့် မည်။ သူ တို့မှ ငါ့ မျက်နှာ ကို လွှဲ သဖြင့် ၊ သူတို့သည် ပျက်စီး ၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါ တို့ဘုရားသခင် သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤ ဘေးဒဏ် တို့သည် ငါ တို့ အပေါ်မှာ ရောက် သည်မ ဟုတ်လော ဟု ဆိုကြလိမ့်မည်။
၁၇ထိုအခါ ငါသည် အမျက်တော်ထွက်၍ သူတို့ကို စွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည် ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့ အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။
18 ၁၈ သူတို့သည် အခြား တပါးသော ဘုရား တို့နောက် သို့ လွှဲ သွား၍ ပြု သော ဒုစရိုက် အပေါင်း တို့ကြောင့် ၊ ထိုအခါ ငါ သည် ကိုယ် မျက်နှာ ကို ဧကန် အမှန် လွှဲမည်။
၁၈သူတို့သည် အခြားတပါးသော ဘုရားတို့နောက် သို့ လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန် လွှဲမည်။
19 ၁၉ ယခု မှာ ဓမ္မသီချင်း ကို ရေး ထားကြလော့။ ထို သီချင်း ကို ဣသရေလ အမျိုး တဘက်၌ ငါ့ အဘို့ သက်သေ ဖြစ်စေ ခြင်းငှာ၊ သူ တို့သည် နှုတ် ကျက်ရအောင် သင် စေ ကြလော့။
၁၉ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထို သီချင်းကို ဣသရေလအမျိုးတဘက်၌ ငါ့အဘို့ သက်သေ ဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေ ကြလော့။
20 ၂၀ အကြောင်း မူကား၊ သူ တို့၏ဘိုးဘေး တို့အား ငါကျိန်ဆို ၍ နို့ နှင့် ပျားရည် စီး သော ပြည် သို့ သူ တို့ကို ငါဆောင်သွင်း သဖြင့် သူတို့သည် ဝ စွာစား ရ၍ ဆူဖြိုး သောအခါ ၊ အခြား တပါးသော ဘုရား တို့ထံသို့ လွှဲ သွား၍ ဝတ်ပြု ကြလိမ့်မည်။ ငါ့ ကို ပုန်ကန် ၍ ငါ့ ပဋိညာဉ် တရား ကို ဖျက် ကြလိမ့်မည်။
၂၀အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသော ပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုး သောအခါ၊ အခြားတပါးသော ဘုရားတို့ထံသို့ လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကို ပုန်ကန်၍ ငါ့ပဋိညာဉ်တရား ကို ဖျက်ကြလိမ့်မည်။
21 ၂၁ ဘေးဒဏ် ရန်မာန် အပေါင်း တို့နှင့် တွေ့ကြုံ သောအခါ ၊ ထို သီချင်း သည် သူ တို့တဘက် ၌ သက်သေခံ လိမ့်မည်။ သူ တို့အမျိုးအနွယ် သည် နှုတ် ကျက်မ မေ့လျော့ ရ။ ငါကျိန်ဆို သော ပြည် သို့ ငါဆောင် ၍ မ သွင်းမှီ၊ ယခု ပင် သူ တို့ကြံစည် သော အကြံအစည် ကို ငါသိ ၏ဟု မိန့်တော်မူ၏။
၂၁ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသော အခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့် မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
22 ၂၂ မောရှေ သည်လည်း၊ ထို နေ့ ၌ ဓမ္မသီချင်း ကို ရေး ထား ၍ ဣသရေလ အမျိုးသား တို့အား သင် လေ၏။
၂၂မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကို ရေး ထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။
23 ၂၃ တဖန် နုန် ၏သား ယောရှု အား ထာဝရဘုရား က၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ ငါကျိန်ဆို သော ပြည် သို့ ဣသရေလ အမျိုးသား တို့ကို ဆောင်သွင်း ရမည်။ ငါ သည် သင် နှင့်အတူ ရှိ မည်ဟု မှာ ထားတော်မူ၏။
၂၃တဖန် နုန်၏သား ယောရှုအား ထာဝရဘုရား က၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆို သောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည်။ ငါသည် သင်နှင့်အတူ ရှိမည်ဟု မှာထားတော်မူ၏။
24 ၂၄ မောရှေ သည် ဤ ပညတ် တရားစကား တော် အလုံးစုံတို့ကို အကုန်အစင် ရေး ထားပြီးမှ၊
၂၄မောရှေသည် ဤပညတ်တရားစကားတော် အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊
25 ၂၅ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သောလေဝိ သားတို့ကို ခေါ် ၍၊
၂၅ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ်၍၊
26 ၂၆ ဤ ပညတ္တိ ကျမ်းစာ သည် သင် တို့အမျိုးတဘက် ၌ သက်သေ ဖြစ် မည်အကြောင်း၊ ထိုစာကိုယူ ၍ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် အနား မှာ တင် ထားကြလော့။
၂၆ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့။
27 ၂၇ သင် တို့အမျိုးသည် ပုန်ကန် တတ်သော သဘော၊ ခိုင်မာ သောသဘော ရှိကြောင်းကို ငါ သိ ၏။ ငါ အသက် ရှင်၍၊ သင် တို့တွင် နေ စဉ်အခါ၊ ယနေ့ ပင် သင်တို့သည် ထာဝရဘုရား ကို ပုန်ကန် ကြပြီ။ ငါ သေ သောနောက် ထိုမျှမက ပြု ကြလိမ့်မည်။
၂၇သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက် ရှင်၍၊ သင်တို့တွင် နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။
28 ၂၈ သင် တို့အမျိုးအနွယ် အသက်ကြီး သူ၊ အရာ ရှိသူ အပေါင်းတို့ကို ငါ့ ထံမှာ စုဝေး စေကြလော့။ ဤ စကား တို့ ကို သူ တို့အား ဟောပြော ၍ သူ တို့တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် မည်။
၂၈သင်တို့အမျိုးအနွယ် အသက်ကြီးသူ၊ အရာရှိသူ အပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့။ ဤစကားတို့ ကို သူတို့အား ဟောပြော၍ သူတို့တဘက်၌ ကောင်းကင် မြေကြီးကို ငါတိုင်တည်မည်။
29 ၂၉ အကြောင်း မူကား၊ ငါ သေ သောနောက် ၊ သင်တို့သည် လုံးလုံးဖောက်ပြန် ၍ ငါမှာထား သော လမ်း မှ လွှဲ သွား ကြလိမ့်မည်ကို ငါသိ ၏။ နောင် ကာလ တွင် ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ကိုယ် လက် နှင့် လုပ်ဆောင် သောအားဖြင့် အမျက် တော်ကို နှိုးဆော်သောကြောင့်၊ သင် တို့သည် ဘေး ဥပဒ်နှင့် တွေ့ကြုံ ကြလိမ့်မည်ဟု သတိပေး လေ၏။
၂၉အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့ သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွား ကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ကိုယ်လက်နှင့် လုပ်ဆောင် သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိ ပေးလေ၏။
30 ၃၀ မောရှေ သည် ဣသရေလ ပရိသတ် အပေါင်း တို့ အား အကုန်အစင် မြွက်ဆို သော သီချင်း စကား ဟူမူကား၊
၃၀မောရှေသည် ဣသရေလ ပရိသတ်အပေါင်းတို့ အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား၊

< တရားဟောရာ 31 >