< တရားဟောရာ 22 >

1 သင့် ညီအစ်ကို ၏ သိုး နွား သည် လမ်းလွဲ သည်ကို ကြည့် ၍မ နေရ။ ညီအစ်ကို ထံသို့ ဆက်ဆက်ပြန် ပို့ရမည်။
သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည်။
2 ညီအစ်ကို ဝေး သော် ၎င်း ၊ သူ့ ကို မ သိ သော် ၎င်း၊ ထိုသိုးနွားကို ကိုယ် အိမ် သို့ ဆောင် ခဲ့ရမည်။ ညီအစ်ကို သည်မရှာ ၊ သူ ၌ မ အပ် မှီတိုင်အောင်ကိုယ် အိမ်၌ ထား ရမည်။
ညီအစ်ကို ဝေးသော်၎င်း၊ သူ့ကို မသိသော်၎င်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကို သည်မရှာ၊ သူ၌ မအပ်မှီတိုင်အောင် ကိုယ်အိမ်၌ ထားရ မည်။
3 မြည်း ဖြစ်စေ ၊ အဝတ် ဖြစ်စေ ၊ ညီအစ်ကို ၏ဥစ္စာ တစုံတခု ပျောက် ၍ သင်တွေ့ မိလျှင် ၊ ကြည့် ၍မနေဘဲ ထိုအတူ ပြု ရမည်။
မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစုံတခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူ ပြုရမည်။
4 ညီအစ်ကို မြည်း နွား သည် လမ်း ၌ လဲ လျက်ရှိသည် ကို ကြည့် ၍မ နေရ။ ညီအစ်ကို နှင့် ဝိုင်း၍ ဆက်ဆက်မစ ရမည်။
ညီအစ်ကို မြည်းနွားသည် လမ်း၌ လဲလျက်ရှိ သည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက် မစရမည်။
5 မိန်းမ သည် ယောက်ျား အဝတ် ကို မ ဝတ် ရ။ ယောက်ျား သည်လည်း မိန်းမ အဝတ် ကို မ ဝတ် ရ။ ထိုသို့ ဝတ် သောသူရှိသမျှ တို့ကို သင် ၏ဘုရားသခင် ထာဝရဘုရား သည် စက်ဆုပ် ရွံ့ရှာတော်မူ၏။
မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရ ဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။
6 သစ်ပင် ပေါ် မြေ ပေါ် မှာ ငှက် သိုက် ၌ ငှက်မ သည် အဥ များ၊ သား ငယ်များကို ဝပ် လျက် နေသည်ကို တွေ့ လျှင် ၊ သား ငယ်တို့နှင့်အတူ အမိ ကိုမ ယူ ရ။
သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မ သည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကို တွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ။
7 သင် သည် ကောင်းစား ၍ အသက်တာ ရှည်မည် အကြောင်း ၊ သား ငယ်တို့ကို သိမ်းယူ လျှင် လည်း အမိ ကို လွှတ် လိုက်ရမည်။
သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကို လွှတ်လိုက်ရမည်။
8 လူသည် အိမ် မိုးပေါ် ကကျ ၍ လူအသက်ကိုသတ် သော အပြစ်မ ရောက်မည်အကြောင်း ၊ အိမ် အသစ် ကို ဆောက် သောအခါ ၊ အမိုး နားပတ်လည်၌ အဆီး အတားကို လုပ် ရမည်။
လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကို သတ်သော အပြစ်မရောက်မည်အကြောင်း၊ အိမ်အသစ် ကို ဆောက်သောအခါ၊ အမိုးနားပတ်လည်၌ အဆီးအ တားကို လုပ်ရမည်။
9 စပျစ် ဥယျာဉ်၌ ခြားနား သော မျိုးစေ့ တို့ကို ရောနှော၍ မ ကြဲ ရ။ ထိုသို့ ကြဲ လျှင် ၊ မျိုးစေ့အသီး ၊ စပျစ် ပင် အသီး နှစ်ပါးစလုံး ပျက် လိမ့်မည်။
စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင် အသီး နှစ်ပါးစလုံး ပျက်လိမ့်မည်။
10 ၁၀ နွား နှင့် မြည်း ကို ဘက် ၍ လယ် မ ထွန်ရ။
၁၀နွားနှင့် မြည်းကို ဘက်၍ လယ်မထွန်ရ။
11 ၁၁ ဝါ နှင့် သိုးမွေး ကို ရောနှော ၍ ရက်သောအဝတ် ကို မ ဝတ် ရ။
၁၁ဝါနှင့်သိုးမွေးကို ရောနှော၍ ရက်သောအဝတ် ကို မဝတ်ရ။
12 ၁၂ သင်ခြုံ သော အဝတ် စွန် လေး ဘက်၌ ပန်းပွား တို့ ကို ဆွဲ ရမည်။
၁၂သင်ခြုံသောအဝတ်စွန် လေးဘက်၌ ပန်းပွားတို့ ကို ဆွဲရမည်။
13 ၁၃ လူ သည် မယား နှင့် ထိမ်းမြား ဆက်ဆံပြီးမှ ၊ တဖန် ထိုမိန်းမ ကို မုန်း ၍၊
၁၃လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ၊ တဖန် ထိုမိန်းမကို မုန်း၍၊
14 ၁၄ ငါသည် ဤ မိန်းမ နှင့် ထိမ်းမြား ဆက်ဆံသောအခါ ၊ ကညာ မ စစ်ကြောင်း ကို သိရ ပြီဟု ထိုမိန်းမ ၌ ကဲ့ရဲ့ စရာအကြောင်းကို ပြု ၍ သူ့ အသရေ ကို ဖျက် လျှင်၊
၁၄ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသော အခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကို ပြု၍ သူ့အသရေကို ဖျက်လျှင်၊
15 ၁၅ ထိုမိန်းမ ၏ မိဘ တို့သည် ကညာ ၏ လက္ခဏာ သက်သေကို ဆောင် လျက် ၊ မြို့ ၌ အသက်ကြီး သူတို့ရှိ ရာ မြို့တံခါးဝ သို့ သွား ၍၊
၁၅ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာ သက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ သွား၍၊
16 ၁၆ ထိုမိန်းမ ၏အဘ က၊ အကျွန်ုပ် သမီး ကို ဤ လူ ၌ အကျွန်ုပ်ပေးစား ပါပြီ။ သူသည် အကျွန်ုပ် သမီးကို မုန်း ၍၊
၁၆ထိုမိန်းမ၏အဘက၊ အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ်ပေးစားပါပြီ။ သူသည် အကျွန်ုပ်သမီးကို မုန်း၍၊
17 ၁၇ သင် ၏သမီး သည် ကညာ မ စစ်ကြောင်းကို ငါတွေ့ ပြီဟု ဆို လျက် ကဲ့ရဲ့ စရာအကြောင်းကို ပြု ပါ၏။ သို့ရာတွင် ဤ သည်ကား၊ အကျွန်ုပ် သမီး ၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ၏ဟု အသက်ကြီး သူတို့အား လျှောက် ဆိုလျက် ထိုအဝတ် ကို သူတို့ရှေ့ မှာလှန် ၍ ပြရမည်။
၁၇သင်၏သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟု ဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အကျွန်ုပ်သမီး၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ၏ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန်၍ ပြရမည်။
18 ၁၈ ထိုအခါ မြို့ ၌ အသက်ကြီး သူတို့သည် ထို လူ ကို ယူ ၍ ရိုက် ပြီးမှ၊
၁၈ထိုအခါ မြို့၌ အသက်ကြီးသူတို့သည် ထိုလူကို ယူ၍ ရိုက်ပြီးမှ၊
19 ၁၉ ငွေ တစ် ပိဿာကို လျော် စေ၍ ၊ မိန်းမ ၏ အဘ အား ပေး ရမည်။ အကြောင်း မူကား၊ ဣသရေလ အမျိုး ကညာ ၏ အသရေ ကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ ၏မယား ဖြစ် ရမည်။ တသက်လုံး ထိုမိန်းမ နှင့် မ ကွာ ရ။
၁၉ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘ အား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏ အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တသက်လုံး ထိုမိန်းမနှင့်မကွာရ။
20 ၂၀ သို့မဟုတ်လင်စကား မှန် ၍ ၊ ထို မိန်းမ ၌ ကညာ လက္ခဏာသက်သေမ ရှိ လျှင်၊
၂၀သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာ လက္ခဏာသက်သေ မရှိလျှင်၊
21 ၂၁ မြို့ သားယောက်ျား တို့သည် ထိုမိန်းမ ကို အဘ အိမ် တံခါး သို့ ဆောင် ခဲ့ပြီးလျှင် ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ အကြောင်း မူကား၊ သူ သည် အဘ အိမ် ၌ မတရား သောမေထုန် သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲ သောအမှုကို ပြု လေပြီ။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။
၂၁မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘ အိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘ အိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
22 ၂၂ လင် ရှိသောမိန်းမ နှင့် အခြားသောယောက်ျား သင့် နေသည်ကို တွေ့ မိလျှင် ၊ ထိုယောက်ျား နှင့် မိန်းမ နှစ် ယောက်တို့သည် အသေ သတ်ခြင်းကိုခံ ရမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှား ရမည်။
၂၂လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားနှင့် မိန်းမ နှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည်။
23 ၂၃ အပျို ကညာကို ယောက်ျား နှင့် ထိမ်းမြား ဆောင်နှင်း ပြီးမှ၊ အခြားသောယောက်ျား သည် မြို့ ထဲမှာ တွေ့ ၍ သင့် နေလျှင်၊
၂၃အပျိုကညာကို ယောက်ျားနှင့် ထိမ်းမြားဆောင် နှင်းပြီးမှ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့၍ သင့်နေလျှင်၊
24 ၂၄ ထိုသူနှစ် ယောက်တို့ကို မြို့ တံခါးဝ သို့ ထုတ် ဆောင် ပြီးလျှင် ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ မိန်းမ သည် မြို့ ထဲမှာ ရှိလျက်ပင် မ အော် မဟစ်သောကြောင့် ၎င်း၊ ယောက်ျား လည်း သူ့ မယား ကို ရှုတ်ချ သောကြောင့် ၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကိုခံ ရမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။
၂၄ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင် ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာ ရှိလျက်ပင် မအော်မဟစ်သော ကြောင့်၎င်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသော ကြောင့်၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှား ရကြမည်။
25 ၂၅ အပျို ကို ယောက်ျား နှင့် ထိမ်းမြား ဆောင်နှင်းပြီးမှ အခြားသော ယောက်ျား သည် တော ၌ တွေ့ ၍ အနိုင် အထက် ပြုလျှင် ၊ ထို ယောက်ျား တယောက်တည်းကိုသာ အသေ သတ်ရမည်။
၂၅အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီး မှ အခြားသော ယောက်ျားသည် တော၌ တွေ့၍ အနိုင် အထက်ပြုလျှင်၊ ထိုယောက်ျား တယောက်တည်းကိုသာ အသေသတ်ရမည်။
26 ၂၆ သေ ထိုက်သော အပြစ် မ ရှိသော ထိုမိန်းမ ကို သင်သည် အဘယ်သို့မျှ မ ပြု ရ။
၂၆သေထိုက်သော အပြစ်မရှိသော ထိုမိန်းမကို သင်သည် အဘယ်သို့မျှ မပြုရ။
27 ၂၇ အကြောင်း မူကား၊ ယောက်ျား သည် ထိုမိန်းမ ကို တော ၌ တွေ့ ၍ မိန်းမ အော်ဟစ် သော်လည်း ကူညီ သောသူ မ ရှိသောကြောင့်၊ ထို အမှု သည်လူ ချင်းတယောက်ကို တယောက်ရန် ပြု၍ သတ် သောအမှုနှင့် တူ၏။
၂၇အကြောင်းမူကား၊ ယောက်ျားသည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူ မရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတယောက်ကို တယောက် ရန်ပြု၍ သတ်သောအမှုနှင့်တူ၏။
28 ၂၈ ယောက်ျား နှင့် မ ထိမ်းမြား မဆောင်နှင်းသေး သော အပျို ကညာကို အခြားသောယောက်ျားသည် တွေ့ ၍ ကိုင် ဆွဲသင့် နေသည်ကို တွေ့ မိလျှင်၊
၂၈ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေး သော အပျိုကညာကို အခြားသောယောက်ျားသည် တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊
29 ၂၉ ထိုယောက်ျား သည် မိန်းမ ၏ အဘ အား ငွေ ငါးဆယ် ကို လျော် ရမည်။ ထိုမိန်းမသည်လည်း သူ ၏ မယား ဖြစ် ရမည်။ သူ့ ကို ရှုတ်ချ သောကြောင့် တသက်လုံး မ ကွာ ရ။
၂၉ထိုယောက်ျားသည် မိန်းမ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏ မယားဖြစ်ရမည်။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ။
30 ၃၀ လူ သည် မိမိ အဘ နှင့် သာဆိုင်သော အဘ ၏ မယား ကို မ သိမ်း ရ။
၃၀လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏ မယားကို မသိမ်းရ။

< တရားဟောရာ 22 >