< တရားဟောရာ 14 >

1 သင် တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ၏ သား ဖြစ်ကြ၏။ သေ သောသူအတွက် အသားကို မ ခုတ် မရှရ။ မျက်မှောင် ကြား မှာ အမွေးကို မ ရိတ် ရ။
သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သားဖြစ်ကြ၏။ သေသောသူအတွက် အသားကို မခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကို မရိတ်ရ။
2 သင် တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အဘို့ ၊ သန့်ရှင်း သောလူမျိုး ဖြစ်ကြ၏။ ထာဝရဘုရား သည် မြေကြီး ပေါ် မှာရှိသမျှ သော လူမျိုး ထက်၊ ကိုယ်တော် ပိုင် ထိုက်သော အမျိုး ဖြစ် စေခြင်းငှာ သင် တို့ကို ရွေးချယ် တော်မူပြီ။
သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအဘို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရ ဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော် ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။
3 စက်ဆုပ် ရွံ့ရှာဘွယ်သော အရာ ကို သင်တို့မ စား ရ။
စက်ဆုပ်ရွံ့ရှာဘွယ်သော အရာကို သင်တို့ မစားရ။
4 စား ရသော တိရစ္ဆာန် ဟူမူကား ၊ နွား ၊ သိုး ၊ ဆိတ် ၊
စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊
5 သမင် ၊ ဒရယ် ၊ ဆတ် ၊ ဂျီ ၊ ဒိရှုန် ၊ စိုင် ၊ ဇမေရ အစရှိသော၊
သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရ အစရှိသော၊
6 ခွါ ကွဲပြား ၍ စားမြုံ့ ပြန်သော သား များကို စား ရသောအခွင့်ရှိ၏။
ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို စားရသောအခွင့်ရှိ၏။
7 သို့သော်လည်း စားမြုံ့ ပြန်သောသား၊ ခွာ ကွဲပြား သော သားတို့တွင် မ စား ရသောသားဟူမူကား ၊ ကုလားအုပ် ၊ အာရနဘက် ၊ ရှာဖန် တို့သည် စားမြုံ့ ပြန်သော်လည်း ၊ ခွာ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။
သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြား သော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလား အုပ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
8 ဝက် သည် ခွာ ကွဲပြား သော်လည်း ၊ စားမြုံ့ မ ပြန် သောကြောင့် ၊ သင် တို့၌ မ စင်ကြယ်။ အသား ကို မ စား ရ။ အသေ ကောင်ကို လည်း မ ထိ ရ။
ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန် သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။
9 ရေ ၌ နေသော တိရစ္ဆာန်တကာ တို့တွင် အယပ် နှင့် အကြေး ရှိသောတိရစ္ဆာန် ကို သာ စား ရ၏။
ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယပ် နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။
10 ၁၀ အယပ် နှင့် အကြေး မ ရှိသော တိရစ္ဆာန် ကို မ စား ရ။ သင် တို့၌ မ စင်ကြယ်။
၁၀အယပ်နှင့် အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။
11 ၁၁ စင်ကြယ် သော ငှက် အမျိုးမျိုး ကို စား ရသောအခွင့်ရှိ၏။
၁၁စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
12 ၁၂ မ စား ရသော ငှက်ဟူမူကား ၊ ရွှေလင်းတ ၊ ပင်လယ် လင်းတ၊ လင်းယုန်၊
၁၂မစားရသော ငှက်ဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊
13 ၁၃ ဒါဟ ၊ စွန် ၊ လင်းတ ကြမ်းမျိုး၊
၁၃ဒါဟ၊ စွန်၊ လင်းတကြမ်းမျိုး၊
14 ၁၄ ကျီး မျိုး ရှိသမျှ၊
၁၄
15 ၁၅ ကုလားအုပ် ငှက်၊ ငှက် ဆိုး၊ ဥဗျိုင်း ၊ သိမ်း မျိုး၊
၁၅ကျီးမျိုးရှိသမျှ၊ ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊
16 ၁၆ ဇိကွက် ၊ ဣဗိတ် ၊ ငှက် ကျား၊
၁၆ဇိကွက်၊ ဣဗိတ်၊ ငှက်ကျား၊
17 ၁၇ ဝံပို ၊ ဝံလို ၊ ကြိုးကြာ၊
၁၇ဝံပို၊ ဝံလို၊ ကြိုးကြာ၊
18 ၁၈ တောငန်း ၊ ဒုံးစပ် မျိုး ၊ ဒုံးကုလား ၊ လင်းနို့ မှစ၍၊
၁၈တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊
19 ၁၉ အတောင် ရှိလျက် တွား တတ်သော တိရစ္ဆာန် ရှိသမျှ တို့သည် သင် တို့၌ မ စင်ကြယ်သည်ဖြစ်၍ အသား ကို မ စား ရ။
၁၉အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန် ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသား ကို မစားရ။
20 ၂၀ စင်ကြယ် သော ငှက် အမျိုးမျိုး ကို စား ရသောအခွင့်ရှိ၏။
၂၀စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
21 ၂၁ အလိုလို သေသောအကောင်ကို မ စား ရ။ သင် တို့၌ တည်းခို သော တပါး အမျိုးသားစားစရာ ဘို့ ပေး ရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်း ရမည်။ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သော လူမျိုး ဖြစ်ကြ၏။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။
၂၁အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့ ၌ တည်းခိုသော တပါးအမျိုးသားစားစရာဘို့ ပေးရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော လူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိ နို့ရည်နှင့် မပြုတ်မချက်ရ။
22 ၂၂ လယ်ယာ ၌ တနှစ် တနှစ် တွင် သိမ်း ရသောအသီးအနှံ ဆယ်ဘို့ တဘို့ကို အမှန်ခွဲထားရမည်။
၂၂လယ်ယာ၌ တနှစ်တနှစ်တွင် သိမ်းရသော အသီးအနှံဆယ်ဘို့တဘို့ကို အမှန်ခွဲထားရမည်။
23 ၂၃ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ နာမ တော်ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် ၌ စပါး ၊ စပျစ်ရည် ၊ ဆီ မှစ၍ ၊ သိုး ၊ နွား တွင် အဦး ဘွားသော သားငယ်ဆယ်ဘို့ တဘို့ကို ရှေ့ တော်မှာ စား ရကြမည်။ ထိုသို့ ပြုလျှင်၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို အစဉ် ကြောက်ရွံ့ ရမည်အကြောင်း ၊ သင်ရကြလိမ့်မည်။
၂၃သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဘွားသော သားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။
24 ၂၄ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောအခါ ၊ နာမ တော်ကို တည် စေ ဘို့ရာ ရွေးကောက် တော်မူသော အရပ် သည် ဝေး လွန်း၍ ခရီး ရှည်လျား သဖြင့် ၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်၍ မ သွားနိုင် လျှင်၊
၂၄သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောအခါ၊ နာမတော်ကို တည်စေ ဘို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း၍ ခရီးရှည်လျားသဖြင့်၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်၍ မသွားနိုင်လျှင်၊
25 ၂၅ ထိုဥစ္စာ ကို ရောင်း ပြီးမှ ၊ ငွေ ကိုကိုင် လျက် ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊
၂၅ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကိုကိုင်လျက်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူ သော အရပ်သို့သွား၍၊
26 ၂၆ စား ချင်သောစိတ် အလိုရှိသည်အတိုင်း ၊ နွား ၊ သိုး ၊ စပျစ်ရည် ၊ သေရည် အစရှိသောစားချင်သမျှကို ဝယ်၍၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော် မှာ၊ အိမ်သူ အိမ်သားများနှင့်တကွ စား သောက်လျက် ၊ ရွှင်လန်း ခြင်းကို ပြုရကြမည်။
၂၆စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။
27 ၂၇ သို့ရာတွင် ၊ သင် တို့၌ တည်းခို သော လေဝိ သား ဟူမူကား၊ သင် တို့နှင့် ရော၍၊ အဘို့ မရှိ၊ အမွေ ကို မ ခံရ သောကြောင့် ၊ သူ့ ကို မ စွန့် မပစ်ရဘဲ၊
၂၇သို့ရာတွင်၊ သင်တို့၌တည်းခိုသော လေဝိသား ဟူမူကား၊ သင်တို့နှင့်ရော၍၊ အဘို့မရှိ၊ အမွေကို မခံရ သောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊
28 ၂၈ တတိယ နှစ် တွင် သိမ်း သောအသီး အနှံ ဆယ်ဘို့ တဘို့ ရှိသမျှ ကို ထုတ်၍ မြို့ ထဲမှာ သိုထား ရမည်။
၂၈တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဘို့တဘို့ ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။
29 ၂၉ သင် တို့နှင့် ရော၍ အဘို့မ ရှိ၊ အမွေ ကို မခံရသော လေဝိ သား၊ သင် တို့နေရာ အရပ်၌ ရှိသော တပါး အမျိုးသား၊ မိဘ မရှိသော သူငယ်၊ မုတ်ဆိုးမ များတို့သည် လာ ၍ ဝ စွာစား ရကြမည်။ သို့ဖြစ်လျှင် သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့ပြု လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
၂၉သင်တို့နှင့်ရော၍ အဘို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ ရှိသော တပါးအမျိုး သား၊ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းကြီး ပေးတော်မူမည်။

< တရားဟောရာ 14 >