< ၄ ဓမ္မရာဇဝင် 1 >

1 အာဟပ် မင်း သေ သောနောက် ၊ မောဘ ပြည် သည် ဣသရေလ ရှင်ဘုရင်ကို ပုန်ကန် လေ၏
အာဟပ်မင်း သေသောနောက်၊ မောဘပြည် သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။
2 အာခဇိ မင်းသည် ရှမာရိ မြို့၌ အထက် အခန်း ပြတင်းပေါက် မှ ကျ ၍ နာ နေသောကြောင့် ၊ ငါသည် ဤ အနာ မှာ ထမြောက် မည်လောဟု ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ကြဟု မှာ ထား၍ သံတမန် တို့ကို စေလွှတ် လေ၏
အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်း ပြတင်းပေါက်မှ ကျ၍နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွား၍ မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။
3 ထာဝရဘုရား ၏ ကောင်းကင်တမန် သည် တိရှဘိ မြို့သား ဧလိယ အားလည်း ၊ ရှမာရိ ရှင်ဘုရင် စေလွှတ်သော သံတမန် တို့ကို ကြိုဆို ခြင်းငှါ ထ သွား လော့။ ဣသရေလ ပြည်၌ ဘုရား သခင်မ ရှိသောကြောင့် ၊ ဧကြုန် မြို့၏ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ရသလော။
ထာဝရဘုရား၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန် မြို့၏ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။
4 ထိုကြောင့်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယခု တက် သောသာလွန် ပေါ်က နောက်တဖန် မ ဆင်း ရ။ စင်စစ် သေ ရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း ၊ ဧလိယ သွား လေ၏
ထိုကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ယခု တက်သောသာလွန်ပေါ်က နောက်တဖန် မဆင်းရ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။
5 သံတမန် တို့သည် ပြန် လာသောအခါ ရှင်ဘုရင်က၊ အဘယ် ကြောင့်ယခု ပြန် လာကြသနည်းဟုမေး လျှင်၊ “
သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က၊ အဘယ်ကြောင့်ယခုပြန်လာကြသနည်းဟု မေးလျှင်၊
6 သူတို့က၊ လူ တယောက်သည် ကျွန်တော် တို့ကို ကြိုဆို ခြင်းငှါ လာ ၍ သင် တို့ကိုစေလွှတ် သော ရှင်ဘုရင် ထံသို့ ပြန် ကြ။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရလ ပြည်၌ ဘုရား သခင်မ ရှိသောကြောင့် ၊ ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ရသလော။ ထိုကြောင့်သင်သည်ယခုတတ်” သော သာလွန် ပေါ်က နောက်တဖန်မ ဆင်း ရ။ စင်စစ် သေ ရမည်ဟု ပြော ရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏
သူတို့က၊ လူတယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါ လာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင် ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန် မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည်ယခုတတ်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရမည်ဟု ပြောရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။
7 ရှင်ဘုရင်ကလည်း၊ သင် တို့ကိုကြိုဆို ခြင်းငှါ လာ ၍ ဤသို့ ပြော သောသူကား အဘယ်သို့သော သူ နည်းဟုမေး လျှင်၊ “
ရှင်ဘုရင်ကလည်း၊ သင်တို့ကိုကြိုဆိုခြင်းငှါ လာ၍ ဤသို့ပြောသောသူကား အဘယ်သို့သော သူနည်းဟု မေးလျှင်၊
8 သူတို့က၊ ထိုသူ သည် ကိုယ်၌အမွေး များ၍ သားရေ ခါးပန်း ကို စည်း သောသူဖြစ် ပါသည်ဟု လျှောက် ကြသော် ၊ ထိုသူသည် တိရှဘိ မြို့သားဧလိယ ဖြစ်လိမ့်မည်ဟု ရှင်ဘုရင်ဆို လျက်၊ “
သူတို့က၊ ထိုသူသည် ကိုယ်၌အမွေးများ၍ သားရေခါးပန်းကို စည်းသောသူ ဖြစ်ပါသည်ဟု လျှောက် ကြသော်၊ ထိုသူသည် တိရှဘိမြို့သား ဧလိယဖြစ်လိမ့်မည် ဟု ရှင်ဘုရင်ဆိုလျက်၊
9 လူငါး ကျိပ်အုပ်သော တပ်မှူး ကိုစေလွှတ် ၍ ၊ တပ်မှူးသည် တောင် ပေါ် မှာထိုင် သော ဧလိယ ထံ သို့ရောက် ပြီးလျှင် ၊ အိုဘုရား သခင်၏လူ ၊ သင်သည် ဆင်း ရမည် အကြောင်း ၊ ရှင်ဘုရင် အမိန့် တော်ရှိသည်ဟုဆို ၏
လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ သင်သည် ဆင်းရ မည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟုဆို၏။
10 ၁၀ ဧလိယ ကလည်း ၊ ငါ သည် ဘုရား သခင်၏လူ မှန်လျှင် ၊ ကောင်းကင် က မီး ကျ ၍ သင် နှင့် သင် ၏လူ ငါးကျိပ် တို့ကို လောင် ပါစေဟု လူငါးကျိပ် အုပ်သော တပ်မှူး အား ဆို သည်အတိုင်း ၊ ကောင်းကင် က မီး ကျ ၍ သူ နှင့် သူ ၌ ပါသောလူငါးကျိပ် တို့ကို လောင် လေ၏
၁၀ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့်သင်၏လူ ငါးကျိပ် တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သော တပ်မှူးအားဆိုသည်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
11 ၁၁ တဖန် လူငါး ကျိပ်အုပ်သော တပ်မှူး တယောက်ကို ရှင် ဘုရင်စေလွှတ် ၍ ၊ ထို တပ်မှူးက၊ အိုဘုရား သခင်၏ လူ ၊ သင်သည် အလျင် အမြန်ဆင်း ရမည်အကြောင်း ရှင်ဘုရင် အမိန့် တော်ရှိသည်ဟုဆို ၏
၁၁တဖန်လူငါးကျိပ်အုပ်သော တပ်မှူးတယောက်ကို ရှင်ဘုရင်စေလွှတ်၍၊ ထိုတပ်မှူးက၊ အိုဘုရားသခင်၏ လူ၊ သင်သည် အလျင်အမြန် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟုဆို၏။
12 ၁၂ ဧလိယ ကလည်း ၊ ငါ သည်ဘုရား သခင်၏ လူ မှန်လျှင် ကောင်းကင် က မီး ကျ ၍ သင် နှင့် သင် ၏လူငါးကျိပ် တို့ကို လောင် ပါစေဟု သူ တို့အား ဆို သည်အတိုင်း ၊ ဘုရား သခင်၏မီး သည် ကောင်းကင် က ကျ ၍ သူ နှင့် သူ ၌ ပါသောလူငါးကျိပ် တို့ကို လောင် လေ၏
၁၂ဧလိယကလည်း၊ ငါသည်ဘုရားသခင်၏ လူမှန်လျှင် ကောင်းကင်က မီးကျ၍ သင်နှင့်သင်၏လူငါးကျိပ် တို့ကို လောင်ပါစေဟု သူတို့အား ဆိုသည်အတိုင်း၊ ဘုရားသခင်၏မီးသည် ကောင်းကင်ကကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
13 ၁၃ တဖန် လူငါးကျိပ် အုပ်သော တတိယ တပ်မှူး ကို ရှင်ဘုရင်စေလွှတ် သဖြင့် ၊ ထိုတပ်မှူး သည် တက် ၍ ဧလိယ ရှေ့ မှာ ဒူး ထောက် လျက် ၊ အိုဘုရား သခင်၏လူ ၊ ကျွန်တော် အသက် နှင့် ကိုယ်တော် ကျွန် ဤ လူငါးကျိပ် တို့၏ အသက် ကို နှမြော တော်မူပါ
၁၃တဖန်လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင်စေလွှတ်သဖြင့်၊ ထိုတပ်မှူးသည် တက်၍ ဧလိယရှေ့မှာဒူးထောက်လျက်၊ အိုဘုရားသခင်၏လူ၊ ကျွန်တော်အသက်နှင့် ကိုယ်တော် ကျွန် ဤလူငါးကျိပ်တို့၏ အသက်ကို နှမြောတော်မူပါ။
14 ၁၄ ကောင်းကင် က မီး ကျ ၍ အခြားသော တပ်မှူး နှစ် ယောက်နှင့် သူတို့၌ ပါသောလူတရာကို လောင် သော်လည်း ၊ ကျွန်တော် အသက် ကို နှမြော တော်မူပါဟု တောင်းပန် လေ၏
၁၄ကောင်းကင်က မီးကျ၍ အခြားသော တပ်မှူး နှစ်ယောက်နှင့် သူတို့၌ ပါသောလူတရာကို လောင် သော်လည်း၊ ကျွန်တော်အသက်ကို နှမြောတော်မူပါဟု တောင်းပန်လေ၏။
15 ၁၅ ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ သူ နှင့်အတူ ဆင်း သွားလော့။ သူ့ကို မ ကြောက် နှင့်ဟု ဧလိယ အား ဆို သည်အတိုင်း ၊ ဧလိယသည်ထ ၍ ရှင်ဘုရင် ထံသို့ ရောက် လျှင်၊”
၁၅ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သူနှင့်အတူ ဆင်းသွားလော့။ သူ့ကို မကြောက်နှင့်ဟု ဧလိယအားဆိုသည်အတိုင်း၊ ဧလိယသည်ထ၍ ရှင်ဘုရင် ထံသို့ ရောက်လျှင်၊
16 ၁၆ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် ၌ မေးမြန်း ခြင်းငှါ အဘယ်ကြောင့်သံတမန် တို့ကိုစေလွှတ် သနည်း။ မေးမြန်း စရာဘို့ ဣသရေလ ပြည်၌ ဘုရား သခင်မ ရှိ သောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍သင်သည် ယခုတက်” သော သာလွန် ပေါ်က နောက်တဖန်မ ဆင်း ရ။ စင်စစ် သေ ရ မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို၏
၁၆ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ ဘုရားဗလဇေဗုပ်၌ မေးမြန်းခြင်းငှါ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း။ မေးမြန်းစရာဘို့ ဣသရေလပြည်၌ ဘုရားသခင်မရှိ သောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရ မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
17 ၁၇ ဧလိယ ဆင့်ဆို သောထာဝရဘုရား ၏ စကား တော်အတိုင်း ရှင်ဘုရင်သေ ၍ ၊ သား တော်မ ရှိ သောကြောင့် ညီတော်ယောရံ သည် ယုဒ ရှင်ဘုရင် ယောရှဖတ် သား ယဟောရံ နန်းစံနှစ် နှစ် တွင် နန်း ထိုင်လေ၏
၁၇ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏ စကားတော်အတိုင်း ရှင်ဘုရင်သေ၍၊ သားတော်မရှိသော ကြောင့် ညီတော်ယောရံသည် ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံနန်းစံနှစ်နှစ်တွင် နန်းထိုင်လေ၏။
18 ၁၈ အာဇခိ ပြု မူသော အမှု အရာကြွင်း လေသမျှတို့သည်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
၁၈အာဇခိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။

< ၄ ဓမ္မရာဇဝင် 1 >