< ၄ ဓမ္မရာဇဝင် 2 >

1 ထာဝရဘုရား သည် ဧလိယ ကို လေဘွေ အားဖြင့် ကောင်းကင် သို့ ချီ တော်မူချိန်နီးသောအခါ၊ ဧလိယ သည် ဧလိရှဲ နှင့်အတူ ဂိလဂါလ မြို့သို့ သွား ၏
ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။
2 ဧလိယ ကလည်း ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကို ဗေသလ မြို့သို့ စေလွှတ် တော်မူသည် ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလ မြို့သို့သွား ကြ၏
ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ၏။
3 ထိုမြို့၌ရှိသောပရောဖက် အမျိုးသား တို့သည် ဧလိရှဲ ကို ခရီးဦးကြိုပြုအံ့သောငှါထွက် လာ၍ ၊ ထာဝရဘုရား သည် ကိုယ်တော် သခင် ကို ကိုယ်တော် ခေါင်း မှ ယနေ့ နှုတ် သွားတော်မူမည်ကို သိ တော်မူသလော ဟု မေး လျှင် ၊ ဟုတ်ကဲ့ငါ သိ ၏။ တိတ်ဆိတ် စွာ နေကြပါဟုပြော ဆို၏
ထိုမြို့၌ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ၍၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို၏။
4 ဧလိယ ကလည်း ၊ အိုဧလိရှဲ ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယေရိခေါ မြို့သို့ စေလွှတ် တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါ မြို့သို့ သွား ကြ ၏
ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏။
5 ထိုမြို့၌ရှိသောပရောဖက် အမျိုးသား တို့သည် ဧလိရှဲ ထံသို့ လာ ၍ ထာဝရဘုရား သည် ကိုယ်တော် သခင် ကို ကိုယ်တော် ခေါင်း မှ ၊ ယနေ့ နှုတ် သွားတော်မူမည်ကို သိ တော်မူသလော ဟုမေး လျှင် ၊ ဟုတ်ကဲ့ငါ သိ ၏။ တိတ်ဆိတ် စွာ နေကြပါဟု ပြော ဆို၏
ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။
6 ဧလိယ ကလည်း ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယော်ဒန် မြစ်သို့ စေလွှတ် တော်မူ သည်ဟုဆို လျှင် ၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့်အကျွန်ုပ်မ ကွာ ရပါဟု ပြန် ပြောလျက်၊ ထိုသူ နှစ် ယောက်တို့သည် အတူသွား ကြ၏
ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော် မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူ နှစ်ယောက်တို့သည် အတူသွားကြ၏။
7 ပရောဖက် အမျိုးသား ငါးကျိပ် တို့သည် အဝေး က ကြည့်ရှု ခြင်းငှါ သွား ၍ ရပ် နေကြ၏။ ထို သူနှစ် ယောက်တို့ သည် ယော်ဒန် မြစ်နား မှာ ရပ် နေကြ၏
ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။
8 ဧလိယ သည် မိမိ ဝတ်လုံ ကိုယူ ၍ လိပ် ပြီးမှ ၊ ရေ ကိုရိုက် သဖြင့် ရေသည် တဘက် တချက်ကွဲ ၍ ၊ ထို သူ နှစ် ယောက်တို့သည် မြေ ပေါ် မှာ ရှောက်သွား ကြ၏
ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ၏။
9 မြစ် တဘက် သို့ ရောက်သောအခါ ၊ ဧလိယ က၊ သင် နှင့် ငါမ ကွာ မှီ ငါ ၌တစုံတခုသောဆုကို တောင်း လော့ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က၊ ကိုယ်တော် ဝိညာဉ် နှစ်ဆ သောအဘို့ ကို အကျွန်ုပ် အပေါ် မှာ ရှိ ပါစေသောဟု တောင်း သော်၊ “
မြစ်တဘက်သို့ ရောက်သောအခါ ၊ ဧလိယက၊ သင်နှင့်ငါမကွာမှီ ငါ၌တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆ သောအဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊
10 ၁၀ ဧလိယကသင်သည်ရ ခဲသောဆုကို တောင်း ၏။ သင် နှင့် ငါ ကွာ သည်ကို မြင် လျှင် ရ မည်။ သို့မဟုတ် မ ရ ဟု ပြော ဆို၏
၁၀ဧလိယကသင်သည်ရခဲသောဆုကို တောင်း၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။
11 ၁၁ ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီး ရထား နှင့် မီး မြင်း တို့သည် ပေါ် လာ၍ ထို သူနှစ် ယောက်တို့ကို ခွဲခွါ သဖြင့် ၊ ဧလိယ သည် လေဘွေ အားဖြင့် ကောင်းကင် သို့ တက် လေ၏
၁၁ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
12 ၁၂ ဧလိရှဲ သည် ကြည့် မြင်လျှင် ငါ့ အဘ ၊ ငါ့ အဘ ၊ ဣသရေလ ရထား ၊ ဣသရေလ မြင်း ပါတကားဟု ဟစ် သော်လည်း ၊ နောက် တဖန် ဧလိယ ကိုမ မြင် ရ။ မိမိ အဝတ် ကို ကိုင် ၍ နှစ် ပိုင်း ဆုတ် လေ၏
၁၂ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ် သော်လည်း၊ နောက်တဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကို ကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။
13 ၁၃ အောက်သို့ကျ သော ဧလိယ ဝတ်လုံ ကို ကောက် ၍ ပြန် လေ၏။ ယော်ဒန် မြစ်နား မှာ ရပ် ၍၊ “
၁၃အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာ ရပ်၍၊
14 ၁၄ ရေ ကို ဝတ်လုံ နှင့် ရိုက် လျက် ၊ ဧလိယ ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် အဘယ် မှာရှိတော်မူသနည်းဟူ၍တဖန် ရိုက် သောအခါ ၊ ရေ သည် တဘက် တချက်ကွဲ သဖြင့် ဧလိရှဲ သည် ကူး သွား၏
၁၄ရေကို ဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍ တဖန် ရိုက်သောအခါ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။
15 ၁၅ ယေရိခေါ မြို့မှာ ကြည့်ရှု သော ပရောဖက် အမျိုးသား တို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ ၏ ဝိညာဉ် သည် ဧလိရှဲ အပေါ် မှာ ကျိန်းဝပ် သည်ဟုဆို လျက် ခရီးဦး ကြိုပြုအံ့သောငှါ သွား ၍ သူ့ ရှေ့ ၌ မြေ ပေါ် မှာ ပြပ်ဝပ် ကြ၏
၁၅ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ ဝိညာဉ် သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား၍ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။
16 ၁၆ သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့၌ ခွန်အား ကြီးသောသူ ငါးကျိပ် ရှိ ပါ၏။ သူတို့သည်သွား ၍ ကိုယ်တော် ၏ သခင် ကိုရှာ မည်အကြောင်း၊ အခွင့်ပေး တော်မူပါ။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည်သူ့ ကို ချီ ယူ၍ တစုံတခု သောတောင် ပေါ်၌ ဖြစ်စေ၊ ချိုင့် ထဲသို့ ဖြစ်စေချကောင်းချ တော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင် ၊ မ စေလွှတ် ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော်လည်း၊”
၁၆သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏ သခင်ကိုရှာမည်အကြောင်း၊ အခွင့် ပေးတော်မူပါ။ ထာဝရဘုရား၏ ဝိညာဉ်တော်သည်သူ့ကို ချီယူ၍ တစုံတခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော် လည်း၊
17 ၁၇ သူတို့သည် ဧလိရှဲ စိတ် အားလျော့သည် တိုင်အောင် အလွန် တောင်းပန်သောအခါ၊ စေလွှတ် ကြဟု ဆို ၏။ သူတို့သည် လူ ငါးကျိပ် ကို စေလွှတ် သဖြင့် ၊ သုံး ရက် ပတ်လုံးရှာ ၍ မ တွေ့ နိုင်ကြ
၁၇သူတို့သည် ဧလိရှဲ စိတ်အားလျော့သည် တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြဟု ဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့်၊ သုံးရက် ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။
18 ၁၈ ဧလိရှဲ သည် ယေရိခေါ မြို့မှာ နေ သေးသည် ဖြစ်၍၊ လူတို့သည် ပြန် လာသောအခါ ၊ မ သွား ကြနှင့်ဟု ငါမြစ်တား သည် မ ဟုတ်လော ဟု ဆို ၏
၁၈ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည် ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်ထားသည် မဟုတ်လောဟု ဆို၏။
19 ၁၉ ထိုမြို့ သား တို့က၊ ကိုယ်တော် မြင် တော်မူသည်အတိုင်း ၊ ဤမြို့ တည် ရာအရပ် သည်သာယာ ပါ၏။ သို့ရာတွင် ရေ မ ကောင်း၊ မြေ လည်း ကိုယ်ဝန် ပျက်စေတတ် ပါသည်ဟု ဧလိရှဲ အား လျှောက် ကြလျှင်၊ “
၁၉ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာ အရပ်သည်သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်းကိုယ်ဝန်ပျက်စေတတ် ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင်၊
20 ၂၀ ဧလိရှဲက၊ ဘူး သစ် တလုံးကို ဆား ထည့် ၍ ယူ ခဲ့ ကြလော့ဟုဆို သည်အတိုင်း ယူ ခဲ့ကြ၏
၂၀ဧလိရှဲက၊ ဘူးသစ်တလုံးကို ဆားထည့်၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။
21 ၂၁ ဧလိရှဲသည် စမ်း ရေတွင်းသို့ သွား ၍ ဆား ကိုခတ် လျက် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ဤ ရေ ကို ငါ ချိုစေ၏။ နောက် တဖန် သေ စေမည်အကြောင်း၊ ကိုယ်ဝန် ပျက်စေမည်အကြောင်းကို မ ပြု ရဟု၊”
၂၁ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ် လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊
22 ၂၂ ဧလိရှဲ ဆင့်ဆို သော အမိန့် တော်အတိုင်း ထို ရေ သည် ယနေ့ တိုင်အောင် ချို လေ၏
၂၂ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေ သည် ယနေ့တိုင်အောင် ချိုလေ၏။
23 ၂၃ ထို မြို့မှ ဗေသလ မြို့သို့ပြန် ၍ ခရီးသွား စဉ် တွင်၊ လုလင်ပျို တို့သည် မြို့ ထဲ ကထွက် ၍ ၊ ဟေဦးပြည်း ၊ တက် ဦးလော့။ ဟေဦးပြည်း ၊ တက် ဦးလော့ဟု ကဲ့ရဲ့ ကြ၏
၂၃ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦး လော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။
24 ၂၄ ဧလိရှဲ သည် လှည့် ကြည့်ပြီးလျှင် ၊ ထာဝရဘုရား ၏ အခွင့် နှင့် ကျိန်ဆို သဖြင့် ၊ ဝံ မနှစ် ကောင်တို့သည် တော ထဲ ကထွက် ၍ လုလင်ပျို လေးကျိပ် နှစ် ယောက်တို့ကို ကိုက် သတ်လေ၏
၂၄ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏ အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။
25 ၂၅ ထို မြို့မှ ကရမေလ တောင် သို့ ၎င်း၊ ထို တောင်မှ ရှမာရိ မြို့သို့၎င်း အစဉ်အတိုင်းသွား ၏
၂၅ထိုမြို့မှ ကရမေလတောင်သို့၎င်း၊ ထိုတောင်မှ ရှမာရိမြို့သို့၎င်း အစဉ်အတိုင်းသွား၏။

< ၄ ဓမ္မရာဇဝင် 2 >