< ၄ ဓမ္မရာဇဝင် 20 >

1 ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာ စွဲသဖြင့် ၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် လာ ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ် အိမ် အမှုကို စီရင် လော့။ သင်သည် အသက် မ ရှင်သေ ရမည်ဟု အမိန့်တော်ကို ပြန် လေ၏
ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။
2 ဟေဇကိ မင်းသည်လည်း ထရံ သို့ မျက်နှာ လှည့် ၍၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌သစ္စာစောင့် လျက် ၊ စုံလင် သောစိတ်နှလုံး နှင့် ကျင့် ၍နှစ်သက် တော်မူသည်အတိုင်းပြု ကြောင်း ကို အောက်မေ့ တော်မူပါ
ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာ လှည့်၍၊
3 အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့ တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေး လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
4 ဟေရှာယ သည် နန်းတော်အလယ် တန်တိုင်း သို့ မ ရောက် မှီ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် ၍၊ “
ဟေရှာယသည် နန်းတော်အလယ်တန်တိုင်းသို့ မရောက်မှီ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
5 သင်သည် ငါ့ လူ တို့၏ ဗိုလ်ချုပ် ဟေဇကိ မင်းထံသို့ တဖန် သွားပြီးလျှင် ၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ပဌနာ စကားကို ငါကြား ပြီ။ သင် ၏မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင်၏အနာ ကို ငါ ပျောက်စေသဖြင့်၊ သင် သည်သုံး ရက် လွန်လျှင် ဗိမာန် တော်သို့ တက် ရလိမ့်မည်
သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံ သို့ တဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပဌနာ စကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည်သုံးရက် လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည်။
6 သင့် အသက် ၌ တဆယ် ငါး နှစ် ကို ငါဆက် ၍ ပေးမည်။ သင် နှင့် ဤ မြို့ ကို အာရှုရိ ရှင်ဘုရင် လက် မှ ငါကယ်လွှတ် မည်။ ငါ့မျက်နှာကို၎င်း၊ ငါ့ ကျွန် ဒါဝိဒ် ၏ မျက်နှာ ကို၎င်း ထောက်၍ ဤမြို့ ကို ကွယ်ကာ စောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏
သင့်အသက်၌ တဆယ်ငါးနှစ်ကို ငါဆက်၍ ပေးမည်။ သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏။
7 ဟေရှာယ ကလည်း ၊ သင်္ဘော သဖန်းသီးအလုံး အထွေးကို ယူ ခဲ့လော့ဟုဆို သည်အတိုင်း ယူ ခဲ့၍ အနာ ကို အုံ ပြီးမှ မင်းကြီးသက်သာ လေ၏
ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီးအလုံး အထွေးကို ယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့၍အနာကို အုံပြီးမှ မင်းကြီးသက်သာလေ၏။
8 ဟေဇကိ မင်းကလည်း၊ ထာဝရဘုရား သည် ငါ့ အနာ ကို ပျောက်စေ၍ သုံး ရက် လွန်လျှင် ငါသည် ဗိမာန် တော်သို့တက် လိမ့်မည်ဆို သော်၊ အဘယ် လက္ခဏာ သက်သေရှိသနည်းဟုမေး လျှင်၊”
ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကို ပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာ သက်သေရှိသနည်းဟု မေးလျှင်၊
9 ဟေရှာယ က၊ ထာဝရဘုရား အမိန့် တော်ရှိသည် အတိုင်း ပြု တော်မူမည်ဟု ထာဝရဘုရား သည် သင့် အား ပေး တော်မူသောလက္ခဏာ သက်သေဟူမူကား ၊ အရိပ် သည် ဆယ် ချက် တိုး ရမည်လော။ ဆယ် ချက် ဆုတ် ရမည် လောဟု မေးသော်၊”
ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊ အရိပ် သည် ဆယ်ချက်တိုးရမည်လော။ ဆယ်ချက်ဆုတ်ရမည် လောဟု မေးသော်၊
10 ၁၀ ဟေဇကိ က၊ အရိပ် သည် ဆယ် ချက် တိုး လွယ်၏။ ထိုသို့ အလိုမ ရှိ။ ဆယ် ချက် ဆုတ် ပါစေဟု ပြန်ပြော ၏
၁၀ဟေဇကိက၊ အရိပ်သည် ဆယ်ချက်တိုးလွယ်၏။ ထိုသို့အလိုမရှိ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော၏။
11 ၁၁ ပရောဖက် ဟေရှာယ သည်လည်း ၊ ထာဝရဘုရား အား ဆုတောင်း သောအခါ ၊ အာခတ် ၏နေတိုင်း နာရီပေါ် မှာဆယ် ချက် ရွေ့ ပြီးသော အရိပ် ကို ဆယ်ချက် ပြန် စေတော်မူ၏
၁၁ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရ ဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏နေတိုင်း နာရီပေါ်မှာဆယ်ချက်ရွေ့ပြီးသော အရိပ်ကို ဆယ်ချက် ပြန်စေတော်မူ၏။
12 ၁၂ ထို ကာလ အခါ ဗာလဒန် သား ဗာဗုလုန် မင်းကြီး မေရောဒဗာလဒန် သည်၊ ဟေဇကိ မင်းနာ ၍ အနာ ပျောက်သည် ကို ကြား သောကြောင့် ၊ မေတ္တာစာ နှင့် လက်ဆောင် ပါလျက် တမန်တို့ကို စေလွှတ် လေ၏
၁၂ထိုကာလအခါ ဗာလဒန်သား ဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည်၊ ဟေဇကိမင်းနာ၍ အနာ ပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ၏။
13 ၁၃ ဟေဇကိ မင်းသည် သူ တို့ရောက် သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာမျိုး ၊ အဘိုး ထိုက်သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကိုပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှမ ရှိ။
၁၃ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှ စသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာ တော်အလုံးစုံတို့ကိုပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော် အရပ်ရပ်၌ မပြသော အရာတစုံတခုမျှမရှိ။
14 ၁၄ ထိုအခါ ပရောဖက် ဟေရှာယ သည် ဟေဇကိ မင်းကြီး ထံ တော်သို့ သွား ၍ ၊ ထို လူ တို့သည် အဘယ် သို့ပြော ကြပါသနည်း။ အဘယ် ပြည်မှ အထံ တော်သို့ လာ ကြ ပါသနည်းဟု မေးလျှောက် သော် ၊ ဟေဇကိ မင်းက ၊ ဝေး သောအရပ် ဗာဗုလုန် ပြည်မှ ရောက် လာကြသည်ဟု ပြန်ပြော ၏
၁၄ထိုအခါပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီး ထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြ ပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။
15 ၁၅ နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင် ၊ ဟေဇကိ မင်းက၊ နန်းတော် ၌ ရှိသမျှ ကို မြင် ရ ကြပြီ။ ဘဏ္ဍာ တော်တွင် ငါမ ပြ သော အရာ တစုံတခုမျှ မ ရှိ ဟု ပြန်ပြော ၏
၁၅နန်းတော်၌အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ရှိသမျှကို မြင်ရ ကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခုမျှ မရှိဟု ပြန်ပြော၏။
16 ၁၆ ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့
၁၆ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။
17 ၁၇ နန်းတော် ၌ ရှိသမျှ ကို ၎င်း ၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း ၊ ဗာဗုလုန် မြို့သို့ ယူ သွားရသောကာလ သည် ရောက် လိမ့်မည်။ တစုံ တခုမျှ မ ကျန်ကြွင်း ရဟု ထာဝရဘုရား မိန့် တော်မူ၏
၁၇နန်းတော်၌ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။
18 ၁၈ သင် နှင့် နွှယ်၍ရသော သင် ၏ သား မြေးတို့ကိုလည်း ယူ သွား၍ ၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ နန်းတော် ၌ လူပျို တော်လုပ် ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ၏
၁၈သင်နှင့် နွှယ်၍ရသောသင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ၏။
19 ၁၉ ဟေဇကိ မင်းကလည်း ၊ သင်ပြန်ရသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ကောင်း ပါ၏ဟူ၍၎င်း၊ အကယ်၍ ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိ လျှင် ကောင်းပါသည် မ ဟုတ်လော ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ၏
၁၉ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကောင်းပါ၏ဟူ၍၎င်း၊ အကယ်၍ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့် ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ၏။
20 ၂၀ ဟေဇကိ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့ နှင့် တန်ခိုး ကြီးခြင်း၊ ရေကန် နှင့် ရေပြွန် ကို လုပ် ၍ မြို့ ထဲသို့ ရေ ကို ဆောင် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
၂၀ဟေဇကိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကို လုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
21 ၂၁ ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏
၂၁ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော်မနာရှေသည် ခမည်းတော်အရာ၌နန်းထိုင်၏။

< ၄ ဓမ္မရာဇဝင် 20 >