< ၄ ဓမ္မရာဇဝင် 16 >

1 ရေမလိ သား ပေကာ နန်းစံ ဆယ် ခုနစ် နှစ် တွင် ယုဒ ရှင်ဘုရင် ယောသံ သား အာခတ် သည် အသက် နှစ်ဆယ် ရှိသော်နန်းထိုင် ၍၊ “
ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင်၍၊
2 ယေရုရှလင် မြို့၌ ဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်း သည် အဘ ဒါဝိဒ် ကဲ့သို့ မ ကျင့် ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို မပြု၊”
ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ်စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို မပြု၊
3 ဣသရေလ ရှင် ဘုရင်တို့ လိုက်သောလမ်း သို့ လိုက် ၍ ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ရှေ့ မှ၊ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ် ထုံးစံအတိုင်း ၊ မိမိ သား ကို မီး ဖြင့် ပူဇော် ၏
ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။
4 မြင့် သောအရပ်၊ တောင် ပေါ် ၊ သစ်ပင် အောက် တို့၌ယဇ်ပူဇော် ၍ နံ့သာပေါင်း ကို မီးရှို့တတ်၏
မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်၏။
5 ထိုအခါ ရှုရိ ရှင်ဘုရင် ရေဇိန် နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ သား ပေကာ သည် ယေရုရှလင် မြို့သို့ စစ်ချီ ၍ အာခတ် မင်းကို ဝိုင်း ထားသော်လည်း မ နိုင် ရ
ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။
6 သို့ရာတွင်၊ ရှုရိ ရှင်ဘုရင် ရေဇိန် သည် ဧလတ် မြို့ ကို ရှုရိ နိုင်ငံသို့သွင်းပြန် ၍ ၊ ယုဒ လူတို့ကို နှင်ထုတ် သဖြင့် ၊ ရှုရိလူတို့သည်လာ၍ ယနေ့ တိုင်အောင် ဧလတ် မြို့၌ နေ ကြ၏
သို့ရာတွင်၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည်လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
7 ထိုကြောင့် အာခတ် သည် အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာထံသို့ သံတမန် ကို စေလွှတ် ၍၊ ကျွန်ုပ် သည် ကိုယ်တော် သား ၊ ကိုယ်တော် ကျွန် ဖြစ်ပါ၏။ လာ ပါ။ ကျွန်ုပ် ကို ရန်ဘက် ပြုသောရှုရိ ရှင်ဘုရင် နှင့် ဣသရေလ ရှင်ဘုရင် လက် မှ ကယ်ယူ ပါဟု တောင်းပန် ၏
ထိုကြောင့်အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကို စေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလ ရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။
8 တဖန်ဗိမာန် တော်၌၎င်း ၊ နန်းတော် ဘဏ္ဍာ တိုက် ၌ ၎င်း ရှိသောရွှေ ငွေ ကို ယူ ၍ အာရှုရိ ရှင်ဘုရင် ထံ သို့လက်ဆောင် ပေး လိုက်လေ၏
တဖန်ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက် ၌၎င်း ရှိသော ရွှေငွေကို ယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။
9 အာရှုရိ ရှင် ဘုရင်သည် နားထောင် ၍ ဒမာသက် မြို့သို့ စစ်ချီ ၍ တိုက်ယူ ပြီးလျှင် ၊ ပြည်သားတို့ကို ကိရ မြို့သို့ သိမ်းသွား ၏။ ရေဇိန် မင်းကိုလည်း သတ် ၏
အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာ သက်မြို့သို့ စစ်ချီ၍ တိုက်ယူပြီးလဆင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်း သတ်၏။
10 ၁၀ အာခတ် မင်းကြီး သည် အာရှုရိ ရှင် ဘုရင်ကို ခရီးဦး ကြိုပြုခြင်းငှါ ဒမာသက် မြို့သို့သွား ၏။ ထိုမြို့မှာရှိသော ယဇ် ပလ္လင်ကိုမြင် လျှင် ၊ ပလ္လင် ပုံ ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှ ကိုရေး ၍ ယဇ်ပုရောဟိတ် ဥရိယ ထံသို့ ပေး လိုက်၏
၁၀အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။
11 ၁၁ ထိုသို့ ဒမာသက် မြို့မှ အာခတ် မင်း ပေး လိုက် သမျှ အတိုင်း ၊ ယဇ်ပုရောဟိတ် ဥရိယ သည် အာခတ် မင်း မ ရောက် မှီ လုပ် နှင့်ပြီ
၁၁ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ။
12 ၁၂ ရှင် ဘုရင်သည် ဒမာသက် မြို့မှ ရောက် လာသောအခါ ၊ ထိုယဇ်ပလ္လင် ကို မြင် ၍ ချဉ်းကပ် သဖြင့်၊ “
၁၂ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသော အခါ၊ ထိုယဇ်ပလ္လင်ကို မြင်၍ ချဉ်းကပ်သဖြင့်၊
13 ၁၃ မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့ ၏။ သွန်းလောင်း ရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း ၏။ မိဿဟာယ ယဇ်အသွေး ကိုလည်း ယဇ် ပလ္လင် ပေါ် မှာဖြန်း လေ၏
၁၃မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့၏။ သွန်းလောင်းရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း၏။ မိဿဟာယယဇ်အသွေးကိုလည်း ယဇ် ပလ္လင်ပေါ်မှာဖြန်းလေ၏။
14 ၁၄ ထာဝရဘုရား ရှေ့ တော်၌ရှိသော ကြေးဝါ ယဇ်ပလ္လင် ကို ဗိမာန် တော်ရှေ့ ၊ ယဇ်ပလ္လင် ကြီးနှင့် ဗိမာန် တော် စပ်ကြား အရပ်မှ ရွေ့၍ ယဇ်ပလ္လင် ကြီး မြောက် ဘက်၌ ထား ၏
၁၄ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ် ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှ ရွေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။
15 ၁၅ တဖန် ယဇ်ပုရောဟိတ် ဥရိယ ကို မှာ ထားသည် ကား၊ နံနက် မီးရှို့ ရာယဇ်နှင့် ညဦးယံ ဘောဇဉ် ပူဇော်သက္ကာ၊ ရှင်ဘုရင် မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ ပြည်သူ ပြည်သားမီးရှို့ရာယဇ် နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင် ကြီး ပေါ် မှာ မီးရှို့ လော့။ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးအသွေး ကိုလည်း ထိုပလ္လင် ပေါ် မှာဖြန်း လော့။ ကြေးဝါ ယဇ်ပလ္လင် သည် ငါ မေးမြန်း စရာဘို့ ရှိ ရမည်ဟု၊”
၁၅တဖန်ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည် ကား၊ နံနက် မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ် ပူဇော် သက္ကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးအသွေးကို လည်း ထိုပလ္လင်ပေါ်မှာဖြန်းလော့။ ကြေးဝါယဇ်ပလ္လင် သည် ငါမေးမြန်းစရာဘို့ ရှိရမည်ဟု၊
16 ၁၆ အာခတ် မင်းကြီး မှာ ထားသမျှ အတိုင်း ယဇ်ပုရောဟိတ် ဥရိယ ပြု ၏
၁၆အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု၏။
17 ၁၇ အာခတ် မင်းကြီး သည် ကြေးဝါ ခုံတန်ဆာတို့ကို ပယ် ၍ အင်တုံ ကိုလည်း ရွေ့ ၏။ ကြေးဝါရေ ကန်ကိုလည်း ကြေးဝါ နွား တို့အပေါ် က ချ ၍ ကျောက် ခင်း ပေါ် မှာ တင် ထား၏
၁၇အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကို လည်းရွေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်ကချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။
18 ၁၈ ဗိမာန် တော်၌ ဥပုသ် စောင့်စရာဘို့ ဆောက် သော မဏ္ဍပ် ကို၎င်း ၊ ရှင်ဘုရင် တက် ရာစောင်းတန်းကို၎င်း၊ အာရှုရိ ရှင်ဘုရင် ကြောင့် ပယ် ၏
၁၈ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို၎င်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို၎င်း၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ်၏။
19 ၁၉ အာခတ် ပြု မူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
၁၉အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
20 ၂၀ အာခတ် သည်ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့ နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
၂၀အာခတ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့ နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

< ၄ ဓမ္မရာဇဝင် 16 >