< ၃ ဓမ္မရာဇဝင် 7 >

1 တဖန် ရှောလမုန် သည် တဆယ် သုံး နှစ် ပတ်လုံးနန်းတော် ကို တည်ဆောက် ၍ လက်စသတ် လေ၏။
တဖန်ရှောလမုန်သည် တဆယ်သုံးနှစ်ပတ်လုံး နန်းတော်ကို တည်ဆောက်၍ လက်စသတ်လေ၏။
2 နန်းတော် ကို လေဗနုန် တော သစ်သားဖြင့် ဆောက် ၍၊ အလျား အတောင် တရာ ၊ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိ၏။ အာရဇ် တိုင် လေး စဉ်၊ အာရဇ် ရက်မ များနှင့် ဆောက်၏။
နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက်၍၊ အလျားအတောင်တရာ၊ အနံအတောင် ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။ အာရဇ်တိုင် လေးစဉ်၊ အာရဇ်ရက်မများနှင့် ဆောက်၏။
3 တိုင်တစဉ်လျှင် ဆယ် ငါး တိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ် မှာ အခြင်တို့ကို တင်လျက်၊ အာရဇ် ပျဉ်ပြား နှင့်မိုး လေ၏။
တိုင်တစဉ်လျှင် ဆယ်ငါးတိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ်မှာ အခြင်တို့ကို တင်လျက်၊ အာရဇ်ပျဉ်ပြားနှင့်မိုးလေ၏။
4 အလင်း ဝင်စရာပြတင်းပေါက် သုံး တန်း စီ အဆင့်ဆင့် မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။
အလင်းဝင်စရာပြတင်းပေါက်သုံးတန်စီ အဆင့် ဆင့်မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။
5 တံခါးပေါက် ရှိသမျှတံခါးတိုင် ရှိသမျှ တို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။
တံခါးပေါက်ရှိသမျှတံခါးတိုင်ရှိသမျှတို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။
6 တိုင် များ၊ ထုပ်ကြီး များနှင့်ပြည့်စုံ၍ အလျား အတောင် ငါး ဆယ်၊ အနံ အတောင် သုံး ဆယ်ရှိသောကနားပြင် ကိုလည်း လုပ် လေ၏။
တိုင်များ၊ ထုပ်ကြီးများနှင့်ပြည့်စုံ၍ အလျား အတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်း လုပ်လေ၏။
7 တရား စီရင်ရာ ကနားပြင် တည်းဟူသောတရားပလ္လင် တည်ရာကနားပြင် ကိုလည်း လုပ် ၍ ၊ ကြမ်း တဘက် မှ တဘက်တိုင်အောင် အာရဇ် ပျဉ်ပြားတို့နှင့်မိုး လေ၏။
တရားစီရင်ရာ ကနားပြင်တည်းဟူသော တရား ပလ္လင်တည်ရာ ကနားပြင်ကိုလည်းလုပ်၍၊ ကြမ်းတဘက် မှ တဘက်တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့်မိုးလေ၏။
8 နန်း တော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တန်တိုင်း လည်းရှိ၏။ ရှောလမုန် စုံဘက် သော ဖာရော ဘုရင်၏ သမီး စံနန်း ကိုလည်း တရားစီရင်ရာ ကနားပြင် နှင့် တူအောင်ဆောက် လေ၏။
နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင် စပ်ကြားမှာ တန်တိုင်းလည်းရှိ၏။ ရှောလမုန်စုံဘက်သော ဖာရောဘုရင်၏ သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ၏။
9 တန်တိုင်း ကြီး ပြင် ဘက်တိုင်အောင် ၎င်း၊ အမြစ် မှစ၍ ထိပ် တိုင်အောင် ၎င်း၊ ကျောက်ဆစ် ပမာဏ နှင့်အညီ ၊ နှစ်ဘက်စလုံးလွှ နှင့် တိုက် သော ကျောက်၊ ထူးဆန်း သော ကျောက်ကြီး တို့ဖြင့် ပြီးကြ၏။
တန်တိုင်းကြီး ပြင်ဘက်တိုင်အောင်၎င်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်၎င်း၊ ကျောက်ဆစ်ပမာဏနှင့်အညီ၊ နှစ်ဘက်စလုံးလွှနှင့်တိုက်သော ကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။ အမြစ်သည်လည်း အလျား ရှစ်တောင်၊ ဆယ်တောင်ရှိသော ကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။
10 ၁၀ အမြစ်သည်လည်း အလျားရှစ် တောင် ၊ ဆယ် တောင် ရှိသောကျောက် ၊ ထူးဆန်း သောကျောက် ကြီး တို့ ဖြင့် ပြီး ၏။
၁၀အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ် တောင်ရှိသော ကျောက်၊ ထူးဆန်းသောကျောက်ကြီးတို့ ဖြင့် ပြီး၏။
11 ၁၁ အမြစ်ပေါ် မှာလည်း ကျောက်ဆစ် ပမာဏ နှင့်အညီ လုပ်သော ကျောက်၊ ထူးဆန်း သော ကျောက် နှင့် အာရဇ် သစ်သားရှိ၏။
၁၁အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့် အညီ လုပ်သော ကျောက်၊ ထူးဆန်းသော ကျောက်နှင့် အာရဇ်သစ်သားရှိ၏။
12 ၁၂ တန်တိုင်း ကြီး သည် ဆစ် သောကျောက်သုံး တန်း ၊ အာရဇ် သစ်ကြီးတတန်း ဖြင့်ပြီး၏။ ဗိမာန် တော်အတွင်း တန်တိုင်း ၊ နန်း တော်ကနားပြင် တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။
၁၂တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတတန်းဖြင့်ပြီး၏။ ဗိမာန်တော်အတွင်း တန်တိုင်း၊ နန်းတော်ကနားပြင်တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။
13 ၁၃ ရှောလမုန် သည်လည်း ၊ လူကိုစေလွှတ် ၍ တုရု မြို့ မှ ဟိရံ ကို ခေါ် လေ၏။
၁၃ရှောလမုန်သည်လည်း၊ လူကိုစေလွှတ်၍ တုရုမြို့ မှ ဟိရံကို ခေါ်လေ၏။
14 ၁၄ ထိုဟိရံကား၊ နဿလိ အမျိုး မုတ်ဆိုးမ သား ဖြစ်၏။ သူ ၏အဘ ကား၊ တုရု အမျိုးသား ပန်းတဉ်း သမား ဖြစ်၏။ သားသည်လည်း ကြေးဝါ အလုပ် ခပ်သိမ်း ကို လုပ် တတ်သော ဉာဏ် ပညာ နှင့်ပြည့်စုံ သဖြင့် ၊ ရှောလမုန် မင်းကြီး ထံသို့ လာ ၍ အလုပ် ရှိသမျှ ကို ပြီးစီး စေ၏။
၁၄ထိုဟိရံကား၊ နဿလိအမျိုးမုတ်ဆိုးမသား ဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမား ဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သော ဥာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန် မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။
15 ၁၅ ထိုသူသည်အမြင့် တဆယ် ရှစ် တောင် ၊ လုံးပတ် တဆယ် နှစ် တောင် ရှိသောကြေးဝါ တိုင်နှစ် တိုင် ကို သွန်း လေ၏။
၁၅ထိုသူသည်အမြင့်တဆယ်ရှစ်တောင်၊ လုံးပတ် တဆယ်နှစ်တောင်ရှိသော ကြေးဝါတိုင်နှစ်တိုင်ကို သွန်းလေ၏။
16 ၁၆ တိုင် အပေါ် မှာ တင် စရာဘို့ အမြင့် ငါး တောင် ရှိသော ကြေးဝါ တိုင် ထိပ်နှစ် ခုကိုလည်း သွန်း လေ၏။
၁၆တိုင်အပေါ်မှာ တင်စရာဘို့ အမြင့်ငါးတောင်ရှိ သော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ၏။
17 ၁၇ ကြေးဝါကွန်ရွက် နှင့်ကြေးဝါကြိုး တို့ကိုလည်း လုပ် ၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ် ခုစီဖြင့် တိုင် ထိပ် အပေါ် မှာ ဖုံးလွှမ်းလေ၏။
၁၇ကြေးဝါကွန်ရွက်နှင့်ကြေးဝါကြိုးတို့ကိုလည်း လုပ်၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ် ပေါ်မှာ ဖုံးလွှမ်းလေ၏။
18 ၁၈ ကြေးဝါသလဲသီးတို့ကိုလည်း လုပ် ၍ ၊ တိုင် ထိပ် ကွန်ရွက် အပေါ် မှာ ထိပ် တခုလျှင် သလဲသီး နှစ် တန်း စီ ဖြင့် တန်ဆာ ဆင်လေ၏။
၁၈ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ် ကွန်ရွက်အပေါ်မှာ ထိပ်တခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။
19 ၁၉ ကနားပြင် ထဲမှာ စိုက်ထားသော ထိုတိုင် ထိပ် တို့ သည် ကြာပွင့် နှင့် ပုံတူ၍ အချင်းလေး တောင် ရှိ၏။
၁၉ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့ သည် ကြာပွင့်နှင့် ပုံတူ၍ အချင်းလေးတောင်ရှိ၏။
20 ၂၀ တိုင် ထိပ်နှစ် ခုတို့သည် ကွန်ရွက် နှင့် နီးစပ် သော ထုပိကာ အပေါ် မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ် ရာစီရှိကြ၏။
၂၀တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့် နီးစပ်သော ထုပိကာအပေါ်မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ်ရာစီရှိကြ၏။
21 ၂၁ ထိုတိုင် တို့ကို ဗိမာန် တော်ကနားပြင် ထဲမှာ စိုက် ထား၍ လက်ျာ တိုင် ကိုယာခိန် ၊ လက်ဝဲ တိုင် ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။
၂၁ထိုတိုင်တို့ကို ဗိမာန်တော်ကနားပြင်ထဲမှာ စိုက် ထား၍ လက်ျာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇ အမည်ဖြင့် မှည့်လေ၏။
22 ၂၂ တိုင် ထိပ် အပေါ် မှာ ကြာပွင့် အပြောက် ရှိသည် ဖြစ်၍ တိုင် တို့သည် စေ့စုံ ကြ၏။
၂၂တိုင်ထိပ်အပေါ်မှာ ကြာပွင့်အပြောက်ရှိသည် ဖြစ်၍ တိုင်တို့သည် စေ့စုံကြ၏။
23 ၂၃ အချင်း ဆယ် တောင် ၊ အဝန်း အတောင် သုံး ဆယ်၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။
၂၃အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။
24 ၂၄ ရေကန်အနားပတ် အောက် ပတ်လည် ၌ အတောင်တတောင်လျှင် ဘူးသီးဆယ် လုံးစီစေ့အောင် ဘူးသီးနှစ် ပတ် ကို ရေကန် နှင့်တစပ်တည်းသွန်း လေ၏။
၂၄ရေကန်အနားပတ် အောက်ပတ်လည်၌ အတောင်တတောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ၏။
25 ၂၅ ထိုရေကန်သည် နွား တဆယ် နှစ် ခုအပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံး ခုစီ မျက်နှာပြု ကြ၏။
၂၅ထိုရေကန်သည် နွားတဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီ မျက်နှာပြုကြ၏။
26 ၂၆ ရေကန်သည် ဒု လက် တဝါးရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
၂၆ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
27 ၂၇ တဖန် အလျား လေး တောင် ၊ အနံ လေး တောင် အမြင့် သုံး တောင် ပမာဏရှိသော ကြေးဝါ ခုံ တဆယ် ကို လုပ် လေ၏။
၂၇တဖန်အလျားလေးတောင်၊ အနံလေးတောင် အမြင့်သုံးတောင် ပမာဏရှိသော ကြေးဝါခုံတဆယ်ကို လုပ်လေ၏။
28 ၂၈ ထို ခုံ ပုံသဏ္ဌာန် ဟူမူကား ၊ ခုံပတ်လည်၌ အနားရစ် အဆင့်ဆင့်ရှိ၍ အနားရစ် ကြား မှာ၊
၂၈ထိုခုံပုံသဏ္ဌာန်ဟူမူကား၊ ခုံပတ်လည်၌ အနား ရစ်အဆင့်ဆင့်ရှိ၍ အနားရစ်ကြားမှာ၊
29 ၂၉ ခြင်္သေ့ ၊ နွား ၊ ခေရုဗိမ် အပြောက်ရှိ၏။ အနားရစ် အပေါ် မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့ နှင့် နွား အောက် ၌ လည်း အပြောက်မျိုးရှိ၏။
၂၉ခြင်္သေ့၊ နွား၊ ခေရုဗိမ်အပြောက်ရှိ၏။ အနားရစ် အပေါ်မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့နှင့်နွားအောက် ၌လည်း အပြောက်မျိုးရှိ၏။
30 ၃၀ ခုံ တခု၌ကြေးဝါ လှည်းဘီး လေး ခုစီ၊ ကြေးဝါ ဝင်ရိုး နှင့်တကွရှိ၏။ အင်တုံ တင်စရာဘို့ ခုံလေး ထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်းသွန်း လေ၏။
၃၀ခုံတခု၌ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုး နှင့်တကွရှိ၏။ အင်တုံတင်စရာဘို့ ခုံလေးထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်း သွန်းလေ၏။
31 ၃၁ အင်တုံဝ ၌ပါသောအကွပ် သည် အကျယ်တတောင် ရှိ၏။ အဝ သည် ဝိုင်း၍ အချင်းတတောင် ထွာ ရှိ၏။ စတုရန်း လေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
၃၁အင်တုံဝ၌ပါသော အကွပ်သည် အကျယ်တတောင်ရှိ၏။ အဝသည် ဝိုင်း၍ အချင်းတတောင်ထွာ ရှိ၏။ စတုရန်းလေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
32 ၃၂ ဘီး လေး ခုတို့သည် ခုံမျက်နှာအောက် မှာနေရာ ကျလျက်၊ ဝင်ရိုး တို့သည် ခုံ နှင့်စပ်လျက်၊ ဘီး အမြင့် တတောင် ထွာ ရှိ၏။
၃၂ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာနေရာ ကျလျက်၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက်၊ ဘီးအမြင့် တတောင်ထွာရှိ၏။
33 ၃၃ ဘီး ပုံကား ရထား ဘီး နှင့် တူ၏။ ဝင်ရိုး ၊ ဝင်ရိုးအိမ်၊ အကန့် ၊ အကွပ် များကို သွန်း လေ၏။
၃၃ဘီးပုံကား ရထားဘီးနှင့်တူ၏။ ဝင်ရိုး၊ ဝင်ရိုး အိမ်၊ အကန့်၊ အကွပ်များကို သွန်းလေ၏။
34 ၃၄ ခုံ လေး ထောင့် ၌ တစပ်တည်းသွန်းသော ပခုံး လေး ခုရှိသဖြင့်၊
၃၄ခုံလေးထောင့်၌ တစပ်တည်းသွန်းသော ပခုံး လေးခုရှိသဖြင့်၊
35 ၃၅ ထိုပခုံး ပေါ် မှာ လုံးပတ် တထွာ ရှိသော ကွင်း ကို တပ်၍ ၊ ခုံ ပေါ် မှာ အနားရစ် နှင့် ကိုင်စရာ များတို့ကို ခုံနှင့် တစပ်တည်းသွန်းလေ၏။
၃၅ထိုပခုံးပေါ်မှာလုံးပတ်တထွာရှိသော ကွင်းကို တပ်၍၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့် တစပ်တည်း သွန်းလေ၏။
36 ၃၆ ကိုင် စရာမျက်နှာ နှင့် ခုံ မျက်နှာပြင်၌ ခေရုဗိမ် ၊ ခြင်္သေ့ ၊ စွန်ပလွံပင် အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ် လျက်ရှိ၏။
၃၆ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီး အသီးထင်ပေါ်လျက်ရှိ၏။
37 ၃၇ ထိုသို့ ပုံသဏ္ဌာန် အလုံး အရပ်တူ အောင်၊ အင်တုံတင်ရာခုံ တဆယ် ကို သွန်း ၍ပြီးလေ၏။
၃၇ထိုသို့ပုံသဏ္ဌာန်အလုံးအရပ်တူအောင်၊ အင်တုံ တင်ရာခုံတဆယ်ကို သွန်း၍ပြီးလေ၏။
38 ၃၈ အဝန်းလေး တောင် ကျယ်၍၊ ရေဗတ် လေးဆယ် ဝင် နိုင်သော ကြေးဝါ အင်တုံ တဆယ် ကိုလည်း လုပ် ၍၊ ခုံ တခု ပေါ်မှာ အင်တုံ တလုံးစီ တင်ထားလေ၏။
၃၈အဝန်းလေးတောင်ကျယ်၍၊ ရေဗတ်လေးဆယ် ဝင်နိုင်သော ကြေးဝါအင်တုံတဆယ်ကိုလည်း လုပ်၍၊ ခုံတခုပေါ်မှာ အင်တုံတလုံးစီ တင်ထားလေ၏။
39 ၃၉ အိမ် တော်လက်ျာ ဘက် ၌ ခုံ ငါး ခု၊ လက်ဝဲ ဘက် ၌ ငါး ခုကိုထား ၍ ရေကန် ကိုကား၊ အိမ် တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် ၌ နေရာ ချ၏။
၃၉အိမ်တော်လက်ျာဘက်၌ ခုံငါးခု၊ လက်ဝဲဘက်၌ ငါးခုကိုထား၍ ရေကန်ကိုကား၊ အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။
40 ၄၀ ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ ကိုလည်း လုပ် သဖြင့်၊ ရှောလမုန် မင်းကြီး အဘို့ ထာဝရဘုရား ၏အိမ် တော်၌ လက်စသတ် သောအရာများဟူမူကား၊
၄၀ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန် မင်းကြီးအဘို့ ထာဝရ ဘုရား၏အိမ်တော်၌ လက်စသတ်သောအရာများဟူမူ ကား၊
41 ၄၁ တိုင် နှစ် တိုင်၊ တိုင် ထိပ် အထွဋ် နှစ် ခု၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊
၄၁တိုင်နှစ်တိုင်၊ တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ် အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊
42 ၄၂ ဖုံးလွှမ်း စရာကွန်ရွက် တ ရွက်အဘို့ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ၊
၄၂ဖုံးလွှမ်းစရာကွန်ရွက် တရွက်အဘို့သလဲသီး နှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊
43 ၄၃ ခုံ ဆယ် ခု၊ ခုံ ပေါ်မှာ တင်ထားသော အင်တုံ ဆယ် လုံး၊ ရေကန် တ ကန်၊
၄၃ခုံဆယ်ခု၊ ခုံပေါ်မှာ တင်ထားသော အင်တုံ ဆယ်လုံး၊ ရေကန်တကန်၊ ရေကန်ကို ထောက်သော နွားတဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ တည်း။
44 ၄၄ ရေကန် ကိုထောက် သော နွား တဆယ် နှစ် ခု၊ အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ တည်း။
၄၄
45 ၄၅ ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သော ထာဝရဘုရား ၏ အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင် တောက်သော ကြေးဝါ ဖြင့် ပြီးကြ၏။
၄၅ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏ အိမ်တော်တန်ဆာတို့သည် ပြောင် ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ၏။
46 ၄၆ ယော်ဒန် ချိုင့် ၊ သကုတ် မြို့နှင့် ဇာသန် မြို့ စပ်ကြား တွင် သရွတ် လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင် သွန်း လေ၏။
၄၆ယော်ဒန်ချိုင့်၊ သကုတ်မြို့နှင့် ဇာသန်မြို့ စပ်ကြားတွင် သရွတ်လုပ်စရာကောင်းသော မြေ၌ ရှင်ဘုရင်သွန်းလေ၏။
47 ၄၇ ထိုတန်ဆာ တို့သည် အလွန်များ သောကြောင့် ၊ ရှောလမုန် သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါ အချိန် ကို အဘယ်သူမျှမ သိ။
၄၇ထိုတန်ဆာတို့သည် အလွန်များသောကြောင့်၊ ရှောလမုန်သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။
48 ၄၈ ရှောလမုန် သည်လည်း ထာဝရဘုရား ၏ အိမ် တော်နှင့်ဆိုင် သမျှ သောတန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင်စရာရွှေ စားပွဲ၊
၄၈ရှောလမုန်သည်လည်း ထာဝရဘုရား၏ အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲ၊
49 ၄၉ ဗျာဒိတ် ဌာနတော်ရှေ့ ၊ လက်ျာ ဘက်၌ ရွှေ စင် မီးခုံ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခု၊ ရွှေ ပန်းပွင့် ၊ ရွှေမီးခွက် ၊ မီး ကိုင်တန်ဆာ၊
၄၉ဗျာဒိတ်ဌာနတော်ရှေ့၊ လက်ျာဘက်၌ ရွှေစင် မီးခုံငါးခု၊ လက်ဝဲဘက်၌ငါးခု၊ ရွှေပန်းပွင့်၊ ရွှေမီးခွက်၊ မီးကိုင်တန်ဆာ၊
50 ၅၀ ရွှေ စင် ဖြင့်ပြီးသောခွက် များ၊ မီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာ အိုးများ၊ အလွန်သန့်ရှင်း ရာဌာနတော် အတွင်း ခန်း တံခါး နှင့် ဗိမာန် တော်ပြင်ခန်း တံခါး ဆွဲထား သော ရွှေ ပတ္တာ များတို့ကို လုပ်လေ၏။
၅၀ရွှေစင်ဖြင့်ပြီးသောခွက်များ၊ မီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အလွန်သန့်ရှင်းရာဌာနတော် အတွင်းခန်းတံခါးနှင့် ဗိမာန်တော်ပြင်ခန်းတံခါး ဆွဲထား သော ရွှေပတ္တာများတို့ကို လုပ်လေ၏။
51 ၅၁ ထိုသို့ရှောလမုန် မင်းကြီး သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြုလုပ် စီရင်သမျှအလုံးစုံ တို့ကို လက်စသတ် ပြီးမှ ၊ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကို ဆောင် ခဲ့၍ ၊ ထာဝရဘုရား ၏အိမ် တော် ဘဏ္ဍာ စုထဲမှာ သွင်း ထားလေ၏။
၅၁ထိုသို့ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှအလုံးစုံတို့ကို လက် စသတ်ပြီးမှ၊ ခမည်းတော် ဒါဝိဒ်လှူသော ရွှေငွေ တန်ဆာများကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏အိမ်တော် ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။

< ၃ ဓမ္မရာဇဝင် 7 >