< ၃ ဓမ္မရာဇဝင် 4 >

1 ရှောလမုန် မင်းကြီး သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ လျက် နေတော်မူ၏။
ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။
2 မှူး တော်မတ်တော်ဟူမူကား ၊ ယဇ်ပုရောဟိတ် ဇာဒုတ် သား အာဇရိ၊
မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊
3 ရှိရှ သား ဧလိဟောရပ် နှင့် အဟိယ တို့သည် စာရေး တော်ကြီးဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။
ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
4 ယောယဒ သား ဗေနာယ သည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ တို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
5 နာသန် သား အာဇရိ သည် ဝန် စာရေးအုပ်ဖြစ် ၏။ နာသန် သား ဇာဗုဒ် သည် မင်းသား အရာနှင့် တိုင်ပင် မတ်ဖြစ်၏။
နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ်၏။
6 အဟိရှာ သည် နန်းတော် အုပ်ဖြစ်၏။ အာဗဒ သား အဒေါနိရံ သည် အခွန် တော်ဝန်ဖြစ်၏။
အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
7 ရှောလမုန် သည် ဣသရေလ နိုင်ငံအရပ်ရပ် ၌ ခန့်ထား သော ဝန်စာရေးတကျိပ် နှစ် ယောက်တို့သည် တယောက်တလ စီ ရှင်ဘုရင် နှင့် နန်းတော် သားတို့ အဘို့ စားစရာကို ပြင်ဆင် ရကြ၏။
ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ၏။
8 သူ တို့အမည် ဟူမူကား ၊ ဧဖရိမ် တောင် ရပ်မှာ ဟုရ ၏သား၊
သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊
9 မာကတ် မြို့၊ ရှာလဗိမ် မြို့၊ ဗက်ရှေမက် မြို့၊ ဧလုမ္ဘေသနန် မြို့မှာ ဒေကာ ၏သား၊
မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
10 ၁၀ စောခေါ မြို့၊ ဟေဖာ ပြည် လုံး နှင့်တကွ အရုဗုတ် မြို့မှာ ဟေသက် ၏သား၊
၁၀စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက်၏သား၊
11 ၁၁ ဒေါရ ပြည် လုံး ကိုစီရင်သောသူ ရှောလမုန် ၏ သမီး တော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ် ၏သား၊
၁၁ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊
12 ၁၂ တာနက် မြို့၊ မေဂိဒ္ဒေါ မြို့နှင့်တကွ ဗက်ရှန် မြို့မှ အာဗေလမဟောလ မြို့တိုင်အောင် မက၊ ယုတ်နန် မြို့ အလွန် ၊ ယေဇရေလ မြို့ အောက် ဇာတန မြို့နှင့်နီးစပ် သော ဗက်ရှန် မြို့နယ်လုံး ကို စီရင်သော အဟိလုပ် ၏သား ဗာန၊
၁၂တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊
13 ၁၃ ဂိလဒ် ပြည်၌ မနာရှေ ၏သား ယာဣရ ပိုင်သော မြို့ များ၊ ဗာရှန် ပြည်၊ အာဂေါဘ အရပ် ၌မြို့ရိုး ၊ ကြေးဝါ တံခါးကျင် နှင့်ပြည့်စုံသော မြို့ ကြီး ခြောက် ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ် မြို့မှ ဂေဗာ ၏သား၊
၁၃ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
14 ၁၄ မဟာနိမ် မြို့မှာ ဣဒေါ ၏သား အဟိနဒပ်၊
၁၄မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊
15 ၁၅ နဿလိ ခရိုင်ကိုစီရင်သောသူ၊ ရှောလမုန် ၏ သမီး တော် ဗာသမတ် နှင့်စုံဘက် သောအဟိမတ်၊
၁၅နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊
16 ၁၆ အာရှာ ခရိုင်နှင့် အာလုပ် မြို့မှာ ဟုရှဲ ၏သား ဗာနာ၊
၁၆အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သား ဗာနာ၊
17 ၁၇ ဣသခါ ခရိုင်မှာ ပါရွာ ၏သား ယောရှဖတ်၊
၁၇ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
18 ၁၈ ဗင်္ယာမိန် ခရိုင်မှာ ဧလာ ၏သား ရှိမိ၊
၁၈ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
19 ၁၉ အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ ၊ ဗာရှန် ရှင်ဘုရင် ဩဃ ၏နိုင်ငံ၊ ဂိလဒ် ပြည် မှာ အခြားသောမင်း မရှိ။ တပါး တည်းစီရင်သော ဥရိ ၏သား ဂေဗ တည်း။
၁၉အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန် ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ။ တပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။
20 ၂၀ ထိုကာလ၌၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များပြား ၍ စား သောက် ပျော်မွေ့ လျက် နေကြ၏။
၂၀ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
21 ၂၁ ရှောလမုန် သည်လည်း မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် ၊ အဲဂုတ္တု ပြည် တိုင်အောင် တိုင်း နိုင်ငံလုံး ကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ဆက် ၍ ၊ ရှောလမုန် လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက် ရကြ၏။
၂၁ရှောလမုန်သည်လည်း မြစ်ကြီးမှ စ၍ဖိလိတ္တိ ပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
22 ၂၂ တနေ့ တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခါ ဟူမူကား၊ ဂျုံမုန့်ညက် ကောရ သုံး ဆယ်၊ မုယောမုန့်ညက် ကောရ ခြောက် ဆယ်၊
၂၂တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာ ဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယော မုန့်ညက်ကောရခြောက်ဆယ်၊
23 ၂၃ ဆူဖြိုး အောင်ကျွေးသောနွား တဆယ် ၊ ကျက်စား ရာထဲက နွား နှစ် ဆယ်၊ ဆတ် သမင် ဒရယ် အမျိုးမျိုးကို မဆိုဘဲသိုး တရာ ၊ ဆူဖြိုး အောင် ကျွေးသောငှက် မျိုး တည်း။
၂၃ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စား ရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း။
24 ၂၄ ရှောလမုန်သည် မြစ် ကြီးအနောက် ဘက်၊ တိဖသ မြို့မှ အဇ္ဇာ မြို့တိုင်အောင် ရှင် ဘုရင်အပေါင်း တို့ကို အစိုးရ သဖြင့် ပတ်ဝန်းကျင် အရပ် တို့၌ စစ်မှု စစ်ရေးမရှိ။
၂၄ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။
25 ၂၅ လက်ထက် တော်ကာလပတ်လုံး ၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည်ဒန် မြို့မှစ၍ ဗေရရှေဘ မြို့ တိုင်အောင် အသီးအသီးမိမိ စပျစ်ပင် ၊ မိမိ သင်္ဘောသဖန်းပင် အောက် မှာ ငြိမ်ဝပ် စွာ နေ ရကြ၏။
၂၅လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။
26 ၂၆ ရှောလမုန် သည်လည်း ၊ ရထား တော်များနှင့် ဆိုင်သော မြင်း တင်းကုပ် လေးထောင်၊ မြင်းစီး သူရဲ တသောင်း နှစ်ထောင်ရှိ၏။
၂၆ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။
27 ၂၇ ဝန် စာရေးတို့သည်လည်း ရှောလမုန် မင်းကြီး နှင့် စားပွဲ တော်သို့ ဝင် သောသူအပေါင်း တို့အဘို့ တယောက် တလ စီစုံလင် စွာ ပြင်ဆင် ရကြ ၏။
၂၇ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏။
28 ၂၈ မုယော စပါးကို၎င်း ၊ မြင်း တော်များ၊ လား တော် များဘို့ မြက် ခြောက်ကို၎င်း၊ အလှည့် သင့်သည်အတိုင်း နေရာ အရပ်သို့ ဆောင် ခဲ့ရကြ၏။
၂၈မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော် များဘို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။
29 ၂၉ ဘုရား သခင်သည် များစွာ သော ဉာဏ် ပညာ ကို ၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ကျယ်ဝန်း သော နှလုံး ကို၎င်းပေး တော်မူသည်ဖြစ်၍၊
၂၉ဘုရားသခင်သည် များစွာသော ဥာဏ်ပညာကို ၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍၊
30 ၃၀ ပညာ တော်သည် အရှေ့ ပြည်သား ပညာ နှင့် အဲဂုတ္တု ပြည်သားပညာ ကို လွန်ကဲ ၏။
၃၀ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။
31 ၃၁ ရှောလမုန်သည် ဧဇရဟိတ် အမျိုးဧသန် ၊ မဟောလ သား ဟေမန် ၊ ခါလကောလ ၊ ဒါရဒ အစရှိသော လူ အပေါင်း တို့ထက် သာ၍ပညာ ရှိသဖြင့် ၊ ခပ်သိမ်း သော တိုင်း နိုင်ငံအရပ်ရပ် ၌ ကျော်စော လေ၏။
၃၁ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။
32 ၃၂ စီရင် တော်မူသောသုတ္တံ စကားသုံး ထောင် နှင့် သီချင်း တ ထောင် ငါး ခုရှိ ၏။
၃၂စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ၏။
33 ၃၃ လေဗနုန် အာရဇ် ပင်မှစ၍ အုတ်ရိုး နားမှာ ပေါက် တတ်သော ဟုဿုပ် ပင်တိုင်အောင် မြွက်ဆို ၏။ သား မျိုး၊ ငှက် မျိုး၊ ပိုးကောင် မျိုး၊ ငါး မျိုးတို့၏ အကြောင်း ကိုလည်း မြွက်ဆို ၏။
၃၃လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။
34 ၃၄ ရှောလမုန်မင်း၏ ပညာ သိတင်းကို ကြား သော ရှင်ဘုရင် အမျိုးမျိုး စေလွှတ်သောသူတို့ သည် ပညာ စကား တော်ကို နားထောင် ခြင်းငှါ လာ ကြ၏။
၃၄ရှောလမုန်မင်း၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ၏။

< ၃ ဓမ္မရာဇဝင် 4 >