< ၃ ဓမ္မရာဇဝင် 19 >

1 ဧလိယ ပြု သော အမှုနှင့် ပရောဖက် အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သောအမှုကို၊ အာဟပ် သည် ယေဇဗေလ အား အကုန်အစင် ကြား ပြော၏။
ဧလိယပြုသော အမှုနှင့် ပရောဖက်အပေါင်းတို့ကို ထားနှင့် ကွပ်မျက်သောအမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော၏။
2 ယေဇဗေလ က၊ နက်ဖြန် နေ့ယခုအချိန် ရောက်မှ၊ သင့် အသက် သည် ထိုပရောဖက်တို့၏ အသက် ကဲ့သို့ ငါမဖြစ် စေလျှင် ၊ ဘုရား တို့သည် ငါ၌ထိုမျှ မကပြု ပါစေသောဟု တမန် ကို ဧလိယ ထံသို့ စေလွှတ် ၍ ကြား လိုက်၏။
ယေဇဗေလက၊ နက်ဖြန်နေ့ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေ သောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြား လိုက်၏။
3 ထိုအခါ ဧလိယသည်ကြောက် သဖြင့် ၊ ထ ၍ အသက် လွတ်အောင် ယုဒ ခရိုင် ဗေရရှေဘ မြို့သို့သွား ၏။ ထို မြို့၌ ကျွန် ကို ထား ခဲ့၍၊
ထိုအခါ ဧလိယသည်ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင် ဗေရရှေဘမြို့သို့သွား၏။ ထိုမြို့၌ ကျွန်ကို ထားခဲ့၍၊
4 သူ့ကိုယ်တိုင်သည် တော သို့ တနေ့ ခရီးသွား ပြီးလျှင် ၊ ရသမ် ပင်အောက် သို့ရောက် ၍ ထိုင် လေ၏။ ထိုအခါ ကိုယ် အသက် သေ ရမည်အကြောင်း ဆုတောင်း လျက် ၊ အိုထာဝရဘုရား ၊ ယခု တန် ပါ၏။ အကျွန်ုပ် အသက် ကို သိမ်းယူ တော်မူပါ။ အကျွန်ုပ် သည် ဘိုးဘေး တို့ ထက် သာ၍ မ ကောင်းပါဟု မြည်တမ်း ပြီးလျှင်၊
သူ့ကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ရောက်၍ ထိုင်လေ၏။ ထိုအခါကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ် အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင်၊
5 ရသမ် ပင်အောက် မှာ အိပ်ပျော် ၏။ ထိုအခါ ကောင်းကင် တမန်က၊ ထ ၍စား လော့ဟု သူ့ ကို တို့ လျက် ဆို ၏။
ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့ဟု သူ့ကို တို့လျက် ဆို၏။
6 ဧလိယသည် မျှော် ကြည့်သောအခါ ၊ မီး နှင့်ဖုတ်သော မုန့်ပြား နှင့် ခေါင်းရင်း ၌ ရေ ဘူး ရှိသည်ကို မြင် ၍ စား သောက် ပြီးမှ တဖန် အိပ်ပျော် ၏။
ဧလိယသည် မျှော်ကြည့်သောအခါ၊ မီးနှင့်ဖုတ်သော မုန့်ပြားနှင့် ခေါင်းရင်း၌ ရေဘူးရှိသည်ကို မြင်၍ စားသောက်ပြီးမှ တဖန်အိပ်ပျော်၏။
7 ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ဒုတိယ အကြိမ်လာ ၍ သူ့ ကို တို့ လျက် ၊ သွားရမည့်ခရီး သည် အလွန် ဝေးသောကြောင့် ၊ ထ ၍စား ဦးလော့ဟုဆို သည် အတိုင်း၊
ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ၍ သူ့ကိုတို့လျက်၊ သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့်၊ ထ၍စားဦးလော့ဟုဆိုသည် အတိုင်း၊
8 ဧလိယသည်ထ ၍ စား သောက် ပြန်၏။ ထိုအစာ အာဟာရကို အမှီပြုလျက်၊ အရက် လေး ဆယ်ခရီးသွား ၍ ဘုရားသခင် နှင့်ဆိုင်သော ဟောရပ် တောင် သို့ ရောက် သဖြင့်၊
ဧလိယသည်ထ၍ စားသောက်ပြန်၏။ ထိုအစာအာဟာရကို အမှီပြုလျက်၊ အရက်လေးဆယ်ခရီးသွား၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက် သဖြင့်၊
9 ဥမင် ထဲသို့ ဝင် ၍ နေ ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဧလိယ ၊ သင် သည် ဤ အရပ်၌ အဘယ်သို့ ပြုလျက်နေသနည်းဟုမေး တော်မူ၏။
ဥမင်ထဲသို့ဝင်၍ နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။
10 ၁၀ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင် ၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ကိုယ်တော် ၏ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကို ပင်သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေ၏။
၁၀ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကို ပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။
11 ၁၁ နှုတ်ကပတ်တော်ကလည်း ထွက် လော့။ ထာဝရဘုရား ရှေ့ တောင် ပေါ် မှာရပ် နေလော့။ ထာဝရဘုရား ရှောက် သွားမည်ဟုမိန့် တော်မူ၏။ ထိုအခါ အားကြီး သော လေ ပြင်း သည် တောင်ထိပ် တို့ကိုခွဲ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ကျောက် တို့ကိုချိုးဖဲ့ ၏။ သို့ရာတွင်ထာဝရဘုရား သည် လေ ၌ ရှိတော်မ မူ။ လေ နောက် မှာ မြေလှုပ် ခြင်းရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မြေ လှုပ်ရှားခြင်း၌ လည်းရှိတော်မ မူ။
၁၁နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရား ရှေ့တောင်ပေါ်မှာရပ်နေလော့။ ထာဝရဘုရား ရှောက်သွားမည်ဟုမိန့်တော်မူ၏။ ထိုအခါ အားကြီးသော လေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကိုချိုးဖဲ့၏။ သို့ရာတွင်ထာဝရဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရား သည် မြေလှုပ်ရှားခြင်း၌လည်းရှိတော်မမူ။
12 ၁၂ မြေ လှုပ်ခြင်းနောက် မှာမီး ရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မီး ၌ လည်းရှိတော်မ မူ၊ မီး နောက် မှာ ဖြည်းညှင်း သော အသံ ရှိ၏။
၁၂မြေလှုပ်ခြင်းနောက်မှာမီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညှင်းသော အသံရှိ၏။
13 ၁၃ ထိုအသံကို ဧလိယ သည်ကြား လျှင် ၊ မျက်နှာ ကို ဝတ်လုံ နှင့် ဖုံးအုပ် လျက် ထွက် ၍ ဥမင် ဝ ၌ရပ် နေ၏။ ထိုအခါ ဧလိယ ၊ သင် သည်ဤ အရပ်၌ အဘယ်သို့ ပြုလျက် နေသနည်းဟု အသံ လာ၏။
၁၃ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက်၍ဥမင်ဝ၌ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည်ဤအရပ်၌ အဘယ်သို့ပြုလျက် နေသနည်းဟု အသံလာ၏။
14 ၁၄ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင်၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ၊ ကိုယ်တော် ၏ ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်းကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေသော်၊
၁၄ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက် များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက် တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော်၊
15 ၁၅ ထာဝရဘုရား က၊ ဒမာသက် တော သို့ ပြန် ၍ ခရီး သွား လော့။ ရောက် သောအခါ ဟာဇေလ ကို ရှုရိ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
၁၅ထာဝရဘုရားက၊ ဒမာသက်တောသို့ ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။
16 ၁၆ နိမ်ရှိ သား ယေဟု ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။ အာဗေလမဟောလ မြို့နေ၊ ရှာဖတ် သား ဧလိရှဲ ကို သင့် ကိုယ်စား ပရောဖက် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
၁၆နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလ မဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။
17 ၁၇ သို့ဖြစ်၍ ဟာဇေလ ထား နှင့်လွတ် သောသူကို ယေဟု သတ် လိမ့်မည်။ ယေဟု ထား နှင့်လွတ် သောသူကို ဧလိရှဲ သတ် လိမ့်မည်။
၁၇သို့ဖြစ်၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။
18 ၁၈ သို့ရာတွင် ဗာလ ရှေ့ ၌ ဒူးထောက် ခြင်း၊ နမ်း ခြင်းကို မ ပြုသော သူအပေါင်း တည်းဟူသောဣသရေလ အမျိုးသားခုနစ် ထောင် တို့ကို ငါ့အဘို့ ငါကျန်ကြွင်း စေပြီ ဟု မိန့် တော်မူ၏။
၁၈သို့ရာတွင် ဗာလရှေ့၌ ဒူထောက်ခြင်း၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။
19 ၁၉ ထို အရပ်မှ ဧလိယသည် သွား ပြီးလျှင် ၊ နွား ငါးယှဉ်းနှင့်လယ်ထွန် လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ် သား ဧလိရှဲ ကို တွေ့ ၍အနား၌ ရှောက် စဉ်တွင် ၊ မိမိ ဝတ်လုံ ကို သူ့ အပေါ် မှာ တင် လေ၏။
၁၉ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင်၊ နွား ငါးယှဉ်းနှင့်လယ်ထွန်လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကို တွေ့၍အနား၌ ရှောက်စဉ်တွင်၊ မိမိဝတ်လုံကို သူ့အပေါ်မှာ တင်လေ၏။
20 ၂၀ ဧလိရှဲသည် နွား တို့ကို ပစ်ထား ၍ ဧလိယ နောက် သို့လိုက် လျက် ၊ အကျွန်ုပ်သည်မိ ဘ ကို နမ်း ပါရစေ။ သို့ပြီးမှ ကိုယ်တော် နောက် သို့ လိုက် ပါမည်ဟု အခွင့် တောင်း လျှင် ၊ ဧလိယကပြန် သွားလော့။ ငါသည် သင် ၌ အဘယ်သို့ ပြု ဘိသနည်းဟုဆို သော်၊
၂၀ဧလိရှဲသည် နွားတို့ကို ပစ်ထား၍ ဧလိယ နောက်သို့လိုက်လျက်၊ အကျွန်ုပ်သည်မိဘကိုနမ်ပါးရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့် တောင်းလျှင်၊ ဧလိယကပြန်သွားလော့။ ငါသည် သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊
21 ၂၁ ဧလိရှဲသည်ပြန် သွား၍ နွား ယှဉ်းကိုသတ် ပြီးမှ ၊ နွားသား ကို လယ်ထွန်သော တန်ဆာ နှင့် ပြုတ် ၍ လူ များ တို့အား ကျွေး လေ၏။ သို့ပြီးမှ ထ ၍ ဧလိယ နောက် သို့ လိုက် လျက် လက်ထောက် ဖြစ်လေ၏။
၂၁ဧလိရှဲသည်ပြန်သွား၍ နွားယှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့် ပြုတ်၍ လူများ တို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက်ဖြစ်လေ၏။

< ၃ ဓမ္မရာဇဝင် 19 >