< ၃ ဓမ္မရာဇဝင် 16 >

1 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကို အကြောင်းပြု၍၊ ဟာနန် ၏သား ယေဟု သို့ ရောက် လာသည် ကား၊
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာ သည်ကား၊
2 သင့် ကို မြေမှုန့် ထဲက ငါကြွ ၍ ၊ ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် သော်လည်း ၊ သင်သည် ယေရောဗောင် ၏လမ်း သို့ လိုက် လျက် ၊ ဣသရေလ အမျိုးသည် ပြစ်မှား ၍၊ ငါ့ အမျက် ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊
သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊
3 သင်၏အမျိုးအနွယ် သားစဉ်မြေးဆက်တို့ကို ငါ ပယ်ရှား ၍၊ သင် ၏အမျိုး ကို နေဗတ် ၏သား ယေရောဗောင် ၏ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။
သင်၏အမျိုးအနွယ်သားစဉ် မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သား ယေရော ဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။
4 ဗာရှာ ၏ အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်၊ အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟုမိန့် တော်မူ၏။
ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည် ဟုမိန့်တော်မူ၏။
5 ဗာရှာ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် သူ၏တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
6 ဗာရှာ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ တိရဇ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ဧလာ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
7 ဗာရှာသည် ယေရောဗောင် အမျိုး နှင့်တူ ၍ ထိုအမျိုးကို လုပ်ကြံ သော အပြစ်၊ မိမိ ပြုမူ သောအားဖြင့် ၊ ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ရှေ့ တော်၌ ပြစ်မှား သမျှ သော အပြစ် ကြောင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကိုအကြောင်းပြု၍၊ ဟာနန် ၏ သား ယေဟု အားဖြင့် ရောက် လာသည်နှင့်အညီ၊
ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
8 ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခြောက် နှစ် တွင် ၊ ဗာရှာ သား ဧလာ သည် တိရဇ မြို့၌ နေ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ သည်ရှိသော်၊
ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊
9 ရထား စီးသူရဲတဝက် ကိုအုပ် သောသူ၊ မိမိ ကျွန် ဇိမရိ သည်သင်းဖွဲ့ ၍ ၊ ဧလာသည် တိရဇ မြို့တွင် နန်း တော်အုပ်အာဇ ၏ အိမ် ၌ယစ်မူး အောင် သောက် လျက်နေစဉ် အခါ၊
ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊
10 ၁၀ ဇိမရိ သည်ဝင် ၍ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ၊ ဧလာကို သေ စေခြင်းငှါလုပ်ကြံ ၍ နန်း ထိုင်လေ၏။
၁၀ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။
11 ၁၁ နန်း ထိုင်စက ၊ ဗာရှာ အမျိုးသား အပေါင်း တို့ကိုသတ် ၏။ ဗာရှာနှင့် ပေါက်ဘော် တော်သော ယောက်ျား၊ အဆွေ ဖွဲ့သော ယောက်ျားတယောက်ကိုမျှမ ချန် မထား။
၁၁နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ်၏။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား။
12 ၁၂ ထာဝရဘုရား သည် ဗာရှာ ကို အကြောင်းပြု၍ ပရောဖက် ယေဟု အားဖြင့် မိန့် တော်မူသော စကား တော် နှင့်အညီ ၊ ဇိမရိ သည် ဗာရှာ အမျိုးသား အပေါင်း တို့ကို ဖျက်ဆီး ၏။
၁၂ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး၏။
13 ၁၃ အကြောင်းမူကား၊ ဗာရှာ နှင့် သား ဧလာ တို့သည် ကိုယ်တိုင်ပြစ်မှား သော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ် အားဖြင့်၎င်း၊ မိစ္ဆာ ဒိဌိအားဖြင့် ၎င်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သော အကြောင်း တည်း။
၁၃အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။
14 ၁၄ ဧလာ ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
၁၄ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။
15 ၁၅ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ၊ ဇိမရိ သည် တိရဇ မြို့၌ ခုနစ် ရက် စိုးစံ ၏။
၁၅ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။
16 ၁၆ ထိုသို့ ဇိမရိ သည် သင်းဖွဲ့ ၍ ရှင် ဘုရင်ကိုသတ် သည်ဟု ဖိလိတ္တိ ပြည်ဂိဗေသုန် မြို့ရှေ့ မှာ တပ်ချ သော သူအပေါင်းတို့သည် သိတင်းကြား လျှင် ၊ ထို နေ့ခြင်းတွင် ဗိုလ်ချုပ် မင်းဩမရိ ကို ဣသရေလ ရှင် ဘုရင်အရာ၌ တပ် ထဲမှာ ချီးမြှောက်ကြ၏။
၁၆ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင်၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာ ချီးမြှောက်ကြ၏။
17 ၁၇ ဩမရိ သည် ဣသရေလ အမျိုးသားအပေါင်း တို့ နှင့်တကွ ဂိဗေသုန် မြို့မှ ထွက် ၍ ၊ တိရဇ မြို့ကို ဝိုင်းထား ကြ၏။
၁၇ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထား ကြ၏။
18 ၁၈ မြို့ ကိုတိုက် ၍ ရမည်ဟုဇိမရိ သည် သိ သောအခါ ၊ နန်း တော်ထဲသို့ ဝင် ၍ မိမိ အပေါ် မှာ နန်း တော်ကို မီး ရှို့ သဖြင့် ကိုယ်တိုင်သေ လေ၏။
၁၈မြို့ကိုတိုက်၍ ရမည်ဟုဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကို မီးရှို့ သဖြင့် ကိုယ်တိုင်သေလေ၏။
19 ၁၉ အကြောင်းမူကား၊ ယေရောဗောင် လိုက် သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော လမ်းသို့ လိုက်၍ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သော အကြောင်းတည်း။
၁၉အကြောင်းမူကား၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသော အကြောင်းတည်း။
20 ၂၀ ဇိမရိ ပြုမူသောအမှုအရာ ကြွင်း သမျှတို့နှင့် ပုန်ကန် ခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
၂၀ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက် ရှိ၏။
21 ၂၁ ထိုအခါ ပြည်သား တို့သည် ကွဲပြား ၍၊ အချို့ တို့သည် ဂိနတ် ၏သား တိဗနိ ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ သူ့နောက် သို့ လိုက်ကြ၏။ အချို့ တို့သည် ဩမရိ နောက် သို့လိုက်ကြ၏။
၂၁ထိုအခါ ပြည်သားတို့သည် ကွဲပြား၍၊ အချို့တို့သည် ဂိနတ်၏သားတိဗနိကို ရှင်ဘုရင်အရာ၌ ချီးမြှောက် ခြင်းငှါ သူ့နောက်သို့ လိုက်ကြ၏။ အချို့တို့သည် ဩမရိ နောက်သို့လိုက်ကြ၏။
22 ၂၂ ဩမရိ နောက် သို့လိုက်သော သူ တို့ သည် ဂိနတ် ၏ သား တိဗနိ နောက် သို့ လိုက်သော သူ တို့ကို နိုင် သဖြင့် ၊ တိဗနိ သေ ၍ ဩမရိ သည် နန်း ထိုင်လေ၏။
၂၂ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ်၏ သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။
23 ၂၃ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်တ နှစ် တွင် ၊ ဩမရိ သည် နန်း ထိုင်၍ ဣသရေလ နိုင်ငံကို တဆယ် နှစ် နှစ် စိုးစံ၏။ တိရဇ မြို့၌ ခြောက် နှစ် စိုးစံ ပြီးမှ၊
၂၃ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တနှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလနိုင်ငံကို တဆယ်နှစ် နှစ်စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊
24 ၂၄ ရှမာရိ တောင် ကို တောင်ရှင်ရှမေရ ၌ ငွေ အခွက် နှစ်ဆယ်နှင့် ဝယ် ၍ တောင် ပေါ် မှာ မြို့ကိုတည် ၏။ ထိုမြို့ ကို တောင် ရှင် ရှမေရ အမည် ကို အစွဲပြုသဖြင့်၊ ရှမာရိ မြို့ ဟူ၍သမုတ် လေ၏။
၂၄ရှမာရိတောင်ကို တောင်ရှင်ရှမေရ၌ ငွေအခွက် နှစ်ဆယ်နှင့် ဝယ်၍ တောင်ပေါ်မှာ မြို့ကိုတည်၏။ ထိုမြို့ ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့်၊ ရှမာရိမြို့ ဟူ၍ သမုတ်လေ၏။
25 ၂၅ ဩမရိ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သဖြင့် ၊ မိမိ ရှေ့ မှာ ဖြစ်ဘူးသော သူအပေါင်း ထက် သာ၍ဆိုးညစ် ၏။
၂၅ဩမရိသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်း ထက်သာ၍ ဆိုးညစ်၏။
26 ၂၆ နေဗတ် ၏သား ယေရောဗောင် လိုက် သောလမ်း ၊ ဣသရေလ အမျိုးသည် မိစ္ဆာ ဒိဌိအားဖြင့် မိမိတို့ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ပြစ်မှား စေသော ဒုစရိုက် အပြစ်လမ်းသို့ လိုက်လေ၏။
၂၆နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရား သခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ၏။
27 ၂၇ ဩမရိ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
၂၇ဩမရိပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။
28 ၂၈ ဩမရိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာဟပ် သည် ခမည်းတော် အရာ ၌နန်း ထိုင်၏။
၂၈ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာဟပ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
29 ၂၉ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်ရှစ် နှစ် တွင် ၊ ဩမရိ သား အာဟပ် သည်ရှမာရိ မြို့၌ ဣသရေလ မင်းပြု ၍၊ ဣသရေလ နိုင်ငံကို နှစ် ဆယ်နှစ် နှစ် စိုးစံ ၏။
၂၉ယုဒရှင်ဘုရင်အာသနန်းစံ သုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်း ပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။
30 ၃၀ ဩမရိ သား အာဟပ် သည် မိမိ ရှေ့ မှာ ဖြစ်ဘူးသောသူအပေါင်း တို့ထက် ထာဝရဘုရား ရှေ့ တော်၌သာ၍ ဒုစရိုက် ကိုပြု ၏။
၃၀ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။
31 ၃၁ နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ်လမ်းသို့သာလိုက် လျှင် ၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန် မင်းကြီး ဧသဗာလ သမီး ယေဇဗေလ နှင့်စုံဘက် ၍ ၊ ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၏။
၃၁နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက်၍၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။
32 ၃၂ ရှမာရိ မြို့တွင် ဗာလ ဘုရား၏ ဗိမာန် ၌ ဗာလ ဘုရားအဘို့ ယဇ် ပလ္လင်ကိုတည် ၏။
၃၂ရှမာရိမြို့တွင် ဗာလဘုရား၏ ဗိမာန်၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၏။
33 ၃၃ အာရှရ ပင်ကိုလည်းပြုစု ၍ ၊ မိမိ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင် ဘုရင်အပေါင်း တို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ သာ၍ ပြု ၏။
၃၃အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ၍ပြု၏။
34 ၃၄ အာဟပ်လက်ထက် ၌ ဗေသလ မြို့သားဟိဧလ သည် ယေရိခေါ မြို့ကို တည် ၏။ ထာဝရဘုရား သည် နုန် ၏သား ယောရှု အားဖြင့် မိန့် တော်မူသော စကား နှင့်အညီ ၊ သားဦး အဘိရံ လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် ၍ ၊ သားထွေး စေဂုပ် လက်ထက်၌ မြို့တံခါး တို့ကို ထောင် ၏။
၃၄အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေး စေရပ်လက်ထက်၌ မြို့တံခါးတို့ကို ထောင်၏။

< ၃ ဓမ္မရာဇဝင် 16 >