< ၁ ရာဇဝင်ချုပ် 26 >

1 အသီးအသီး သင်းဖွဲ့သော တံခါးစောင့် များဟူမူကား။ ကောရဟိ အမျိုးဧဗျာသပ်အနွှယ်၊ ကောရ သား မေရှလေမိ၊
အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူ မူကား။ ကောရဟိအမျိုးဧဗျာသပ်အနွှယ်၊ ကောရသား မေရှလေမိ၊
2 မေရှလေမိ ၏သားဦး ဇာခရိ ၊ ဒုတိယ သား ယေဒျေလ ၊ တတိယ သားဇေဗဒိ ၊ စတုတ္ထ သား ယာသနေလ ၊
မေရှလေမိ၏သားဦးဇာခရိ၊ ဒုတိယသား ယေဒျေလ၊ တတိယ သားဇေဗဒိ၊ စတုတ္ထသား ယာသ နေလ၊
3 ပဉ္စမ သားဧလံ ၊ ဆဋ္ဌမ သားယောဟနန် ၊ သတ္တမ သားဧလဲဩနဲ တည်း။
ပဥ္စမသားဧလံ၊ ဆဋ္ဌမသားယေဟနန်၊ သတ္တမ သားဧလဲဩနဲတည်း။
4 ဩဗဒေဒုံ ၏သားဦး ရှေမာယ ၊ ဒုတိယ သား ယောဇဗပ် ၊ တတိယ သားယောအာ ၊ စတုတ္ထ သားစာကာ ၊ ပဉ္စမ သားနာသနေလ၊
ဩဗဒေဒုံ၏သားဦးရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသားယောအာ၊ စတုတ္ထသားစာကာ၊ ပဥ္စမသားနာ သနေလ၊
5 ဆဋ္ဌမ သားအမျေလ ၊ သတ္တမ သားဣသခါ ၊ အဌမ သားပုလသဲ တည်း။ ဩဗဒေဒုံ ကို ဘုရားသခင် သည် ကောင်းကြီး ပေးတော်မူ၏။
ဆဋ္ဌမသားအမျေလ၊ သတ္တမသားဣသခါ၊ အဌမသားပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင် သည် ကောင်းကြီးပေးတော်မူ၏။
6
သားဦးရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီလိဟု၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ၊ မိမိတို့အဆွေအမျိုး ၌ အစိုးရသောသူဖြစ်ကြ၏။
7 သားဦးရှေမာယ ၏သား ဩသနိ ၊ ရေဖေလ ၊ ဩဗက် ၊ ဧလာဇာဗဒ် နှင့် ခွန်အား ကြီးသော ညီဧလိဟု ၊ သေမခိ တို့သည် ခွန်အား ကြီးသောသူရဲ၊ မိမိ တို့အဆွေအမျိုး ၌ အစိုးရ သောသူဖြစ်ကြ၏။
8 အမှု တော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင် အောင်ခွန်အား ကြီးသောဩဗဒေဒုံ အမျိုးသား ချင်း ယောက်ျား ပေါင်း ကား ခြောက် ကျိပ်နှစ် ယောက်တည်း။
အမှုတော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် အောင်ခွန်အားကြီး သောဩဗဒေဒုံ အမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။
9 ခွန်အား ကြီးသော မေရှလေမိ သား ညီ ယောက်ျား ပေါင်းကား တကျိပ် ရှစ် ယောက်တည်း။
ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တကျိပ်ရှစ်ယောက်တည်း။
10 ၁၀ မေရာရိ အမျိုး ၊ ဟောသ ၏သား တို့တွင် ရှိမရိ သည် သားဦး မ ဟုတ် သော်လည်း ၊ အဘ ခန့်ထား သောကြောင့် သားအကြီး ဖြစ်သတည်း။
၁၀မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိ သည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသော ကြောင့် သားအကြီးဖြစ်သတည်း။
11 ၁၁ ဒုတိယ သားကားဟိလခိ ၊ တတိယ သားတေဗလိ ၊ စတုတ္ထ သား ဇာခရိ အစရှိသော ဟေဝသ သား ညီ ပေါင်း ကား တကျိပ် သုံး ယောက်တည်း။
၁၁ဒုတိယသားကားဟိလခိ၊ တတိယသားတေဗလိ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်း ကား တကျိပ်သုံးယောက်တည်း။
12 ၁၂ ဤရွေ့ကား ထာဝရဘုရား ၏ အိမ် တော်၌ အလှည့်လှည့်စောင့် ခြင်းငှါ သင်းဖွဲ့ သော တံခါးစောင့် အကြီးအကဲ ဖြစ်သတည်း။
၁၂ဤရွေ့ကား ထာဝရဘုရား၏ အိမ်တော်၌ အလှည့်လှည့်စောင့်ခြင်းငှါ သင်းဖွဲ့သော တံခါးစောင့် အကြီးအကဲဖြစ်သတည်း။
13 ၁၃ ထိုသူအကြီး အငယ် တို့သည်၊ မိမိ တို့အဆွေအမျိုး အလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှါစာရေးတံ ပြုကြ၍၊
၁၃ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့အဆွေ အမျိုးအလိုက် တံခါးအသီးအသီး စောင့်စေခြင်းငှါ စာရေးတံ ပြုကြ၍၊
14 ၁၄ အရှေ့ မျက်နှာကို ရှေလမိ ရ၏။ ရှေလမိ သား ပညာရှိ ဇာခရိ သည် စာရေးတံ အားဖြင့်မြောက် မျက်နှာကို ရ၏။
၁၄အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသား ပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာ ကို ရ၏။
15 ၁၅ ဩဗဒေဒုံ သည် တောင် မျက်နှာကို၎င်း ၊ သူ ၏ သား တို့သည် အသုပိမ် အိမ် ကို၎င်းရ၏။
၁၅ဩဗဒေဒုံသည် တောင်မျက်နှာကို၎င်း၊ သူ၏ သားတို့သည် အသုပိမ်အိမ်ကို၎င်း ရ၏။
16 ၁၆ ရှုပိန် နှင့် ဟောသ သည် အနောက် မျက်နှာနှင့် ဗိမာန်တော်သို့ တက် ရာလမ်းဝ ၌ ရှလ္လေခက် တံခါး ကိုရ၍ တဘက်တချက် ၌ စောင့် ရ၏။
၁၆ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ရှလ္လေခက်တံခါးကိုရ၍ တဘက်တချက်၌ စောင့်ရ၏။
17 ၁၇ နေ့ရက် အစဉ်အတိုင်းအရှေ့ မျက်နှာ၌ လေဝိ သားခြောက် ယောက်၊ မြောက် မျက်နှာ၌ လေး ယောက်၊ တောင် မျက်နှာ၌ လေး ယောက်၊ အသုပိမ် ဘက် မှာနှစ် ယောက်၊ တန်တိုင်း တော်ပြင်မှာနှစ် ယောက်၊
၁၇နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသားခြောက်ယောက်၊ မြောက်မျက်နှာ၌လေးယောက်၊ တောင်မျက်နှာ၌လေးယောက်၊ အသုပိမ်ဘက် မှာနှစ်ယောက်၊ တန်တိုင်းတော်ပြင်မှာနှစ်ယောက်၊
18 ၁၈ အနောက် မျက်နှာလမ်းဝ မှာ လေး ယောက်၊ တန်တိုင်း တော်ပြင်မှာ နှစ် ယောက်စောင့် ရကြ၏။
၁၈အနောက်မျက်နှာ လမ်းဝမှာလေးယောက်၊ တန်တိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ၏။
19 ၁၉ ဤရွေ့ကား ၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသား နှင့် မေရရိ အမျိုးသား ဖွဲ့သော အသင်းအသီးအသီး ပေတည်း။
၁၉ဤရွေ့ကား၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သော အသင်းအသီး အသီးပေတည်း။
20 ၂၀ လေဝိ သားတို့တွင်၊ အဟိယ သည် ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ နှင့် ပူဇော် သောဘဏ္ဍာ များကို အုပ်ရ၏။
၂၀လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။
21 ၂၁ အဆွေအမျိုး သူကြီးဖြစ်သော ဂေရရှုံ အမျိုး လာဒန် သား တို့တွင် ယေဟေလိ နှင့်၊
၂၁အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့်၊
22 ၂၂ သူ၏သား ဇေသံ ယောလ တို့သည်လည်း ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ ကိုအုပ်ရ၏။
၂၂သူ၏သားဇေသံ ယောလတို့သည်လည်း ဘုရား သခင်၏ အိမ်တော်ဘဏ္ဍာကိုအုပ်ရ၏။
23 ၂၃ အာမရံ အမျိုး၊ ဣဇဟာ အမျိုး၊ ဟေဗြုန် အမျိုး၊ ဩဇေလ အမျိုးသားအချို့ပါကြ၏။
၂၃အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးသားအချို့ပါကြ၏။
24 ၂၄ မောရှေ သား ဂေရရှုံ ၏သား ရှေဗွေလ သည် လည်း ဘဏ္ဍာ တော်တို့ကို အုပ် ရ၏။
၂၄မောရှေသားဂေရရှုံ၏သား ရှေဗွေလသည် လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။
25 ၂၅ ဂေရရှုံ ညီ ဧလျေဇာ ၊ ဧလျေဇာ သား ရေဟဗိ ၊ သူ ၏သား ယေရှာယ ၊ သူ ၏သား ယောရံ ၊ သူ ၏သား ဇိခရိ ၊ သူ ၏သား ရှေလောမိတ် တည်း။
၂၅ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသားရေဟဗိ၊ သူ၏သားယေရှာယ၊ သူ၏သားယောရံ၊ သူ၏သားဇိခရိ၊ သူ၏သားရှေလောမိတ်တည်း။
26 ၂၆ ထိုရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ဒါဝိဒ် မင်းကြီး ၊ အဆွေအမျိုး သူကြီး၊ လူတထောင် အုပ် ၊ တရာ အုပ်၊ ဗိုလ် မင်းပူဇော် သော ဘဏ္ဍာ ရှိသမျှ ကို အုပ်ရ၏။
၂၆ထိုရှေလောမိတ်နှင့်သူ၏ညီတို့သည် ဒါဝိဒ် မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတထောင်အုပ်၊ တရာ အုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။
27 ၂၇ ထိုမင်းတို့သည် စစ် တိုက် ၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား ၏ အိမ် တော်ကို ပြုစု ခြင်းငှါ ပူဇော် တတ်ကြ၏။
၂၇ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှါ ပူဇော် တတ်ကြ၏။
28 ၂၈ ပရောဖက် ရှမွေလ ၊ ကိရှ သား ရှောလု ၊ နေရ သား အာဗနာ ၊ ဇေရုယာ သား ယွာဘ မှစ၍အခြားသောသူ ပူဇော် သမျှ တို့ကို၊ ရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ကြည့်ရှုအုပ်စိုးရကြ၏။
၂၈ပရောဖက်ရှမွေလ၊ ကိရှသားရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။
29 ၂၉ ဣဇဟာ အမျိုးခေနနိ နှင့် သူ ၏သား တို့သည် မင်း အရာရှိ၊ တရားသူကြီး ဖြစ်၍၊ ဣသရေလ နိုင်ငံတွင် ပြင် အမှု ကို စောင့်ရကြ၏။
၂၉ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။
30 ၃၀ ဟေဗြုန် အမျိုးဖြစ်သော သူရဲကြီးဟာရှဘိ နှင့် သူ ၏ညီ တထောင် ခုနစ် ရာ တို့သည်၊ ယော်ဒန် မြစ် အနောက် ဘက်မှာ နေသောဣသရေလ လူတို့တွင် မင်းအရာရှိ ဖြစ်၍၊ ထာဝရဘုရား ၏အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။
၃၀ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီတထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။
31 ၃၁ ဟေဗြုန် အမျိုးသားတို့တွင်၊ အဆွေအမျိုး အလိုက် ယေရိယ သည် အကြီးအကဲ ဖြစ်၏။ ဒါဝိဒ် မင်းနန်းစံ လေး ဆယ်တွင် ၊ ထိုအမျိုးသားတို့ကို စာရင်း ယူ၍ ဂိလဒ် ပြည်ယာဇာ မြို့၌ ခွန်အား ကြီးသော သူရဲတို့ကို တွေ့ ၏။
၃၁ဟေဗြုန်အမျိုးသားတို့တွင်၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ်၏။ ဒါဝိဒ်မင်းနန်းစံ လေးဆယ်တွင်၊ ထိုအမျိုးသားတို့ကို စာရင်းယူ၍ ဂိလဒ် ပြည်ယာဇာမြို့၌ ခွန်အားကြီးသော သူရဲတို့ကို တွေ့၏။
32 ၃၂ ယေရိယ၏ပေါက်ဘော် တည်းဟူသောသူရဲ ကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင် ခုနစ် ရာ တို့သည် ဒါဝိဒ် မင်းကြီး ခန့်ထား သည်အတိုင်း၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ကို အုပ်စိုး၍ ဘုရားသခင် ၏ အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။
၃၂ယေရိယ၏ပေါက်ဘော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ် မင်းကြီးခန့်ထာသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ကို အုပ်စိုး၍ ဘုရားသခင်၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။

< ၁ ရာဇဝင်ချုပ် 26 >