< ၁ ရာဇဝင်ချုပ် 17 >

1 ဒါဝိဒ် မင်းသည် နန်းတော် ၌ ငြိမ်ဝပ်စွာနေ ရသောအခါ ၊ ပရောဖက် နာသန် ကိုခေါ်၍ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့် နေ ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်မူကား ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆို သော်၊
ဒါဝိဒ်မင်းသည် နန်းတော်၌ ငြိမ်ဝပ်စွာနေရသော အခါ၊ ပရောဖက်နာသန်ကိုခေါ်၍ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊
2 နာသန် ကအကြံ တော်ရှိသမျှ အတိုင်း ပြု တော်မူ ပါ။ ဘုရားသခင် သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည် ဟု ပြန်လျှောက် ၏။
နာသန်ကအကြံတော်ရှိသမျှအတိုင်း ပြုတော် မူပါ။ ဘုရားသခင်သည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက်၏။
3 ထို ညဉ့် တွင် ဘုရားသခင် ၏နှုတ်ကပတ် တော် သည် ပရောဖက်နာသန် သို့ ရောက် ၍၊
ထိုညဉ့်တွင် ဘုရားသခင်၏နှုတ်ကပတ်တော် သည် ပရောဖက်နာသန်သို့ ရောက်၍၊
4 ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့အိမ် ကို မ ဆောက် ရ။
ငါ့ကျွန် ဒါဝိဒ်ထံသို့သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့အိမ်ကို မဆောက်ရ။
5 ဣသရေလ အမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့်ငါမ နေ။ တဲ တခုမှ တခုသို့ ပြောင်း၍ တဲ များတို့နှင့် နေပြီ။
ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ကစ၍ ယနေ့တိုင်အောင်အိမ်နှင့်ငါမနေ။ တဲတခုမှတခုသို့ပြောင်း၍ တဲများတို့နှင့် နေပြီ။
6 ဣသရေလ အမျိုးအပေါင်း နှင့် ငါလှည့်လည် ရာအရပ် တို့၌ ငါ ၏လူမျိုး ကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား ၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။
ဣသရေလအမျိုးအပေါင်းနှင့် ငါလှည့်လည်ရာ အရပ်တို့၌ ငါ၏လူမျိုးကို ကျွေးမွေးစေခြင်းငှါ၊ ငါစေခိုင်း သော ဣသရေလတရားသူကြီးတစုံ တယောက်အား၊ သင်သည် ငါ့အဘို့ အာရဇ်သစ်သားအိမ်ကို အဘယ် ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။
7 ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံ ထဲက သင့် ကို ငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသော မင်း အရာ၌ ငါခန့်ထားပြီ။
ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့် ကို ငါနှုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုး သော မင်းအရာ၌ ငါခန့်ထားပြီ။
8 သင်သွား လေရာရာ ၌ ငါလိုက် ၍ ၊ သင် ၏ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှာ ပယ်ရှား သဖြင့် ၊ မြေကြီး သား လူကြီး ဂုဏ် အသရေကဲ့သို့ သင် ၌ ဂုဏ် အသရေကို ငါပေး ပြီ။
သင်သွားလေရာရာ၌ ငါလိုက်၍၊ သင်၏ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှာ ပယ်ရှားသဖြင့်၊ မြေကြီးသား လူကြီးဂုဏ်အသရေကဲ့သို့ သင်၌ ဂုဏ်အသရေကို ငါပေး ပြီ။
9 ထိုမှတပါး ၊ ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည်နောက် တဖန်မ ပြောင်း မလဲ၊ မိမိတို့နေရာ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မတရား သောသူတို့ သည် ရှေး ကာလ၌ ၎င်း၊
ထိုမှတပါး၊ ငါ၏လူဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည်နောက်တဖန်မပြောင်း မလဲ၊ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသော သူတို့သည် ရှေးကာလ၌၎င်း၊
10 ၁၀ ငါ ၏လူ ဣသရေလ အမျိုး တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။
၁၀ငါ၏လူ ဣသရေလအမျိုး တရားသူကြီးတို့ကို ခန့်ထားသော ကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွှယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။
11 ၁၁ သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး နေရာ သို့ သွား ရသောအခါ ၊ သင် မှ ဆင်းသက်သော သားစု တွင်၊ သားတယောက်ကို ငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။
၁၁သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာ သို့ သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင်၊ သားတယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည် ထောင်မည်။
12 ၁၂ ထိုသား သည်ငါ့ အဘို့ အိမ် ကိုဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကိုအစဉ်အမြဲ ငါတည် စေမည်။
၁၂ထိုသားသည်ငါ့အဘို့ အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကိုအစဉ်အမြဲငါတည်စေမည်။
13 ၁၃ ငါ သည်သူ ၏ အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သင့် ရှေ့ မှာရှိ သော သူ ၌ ငါ ၏ ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။
၁၃ငါသည်သူ၏ အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သင့်ရှေ့မှာရှိသော သူ၌ ငါ၏ ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်။
14 ၁၄ ထိုသားကိုငါ့ အိမ် ၊ ငါ့ နိုင်ငံ ၌ အစဉ်အမြဲ နေရာ ချမည်။ သူ ၏ ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် ရ လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ ၏။
၁၄ထိုသားကိုငါ့အိမ်၊ ငါ့နိုင်ငံ၌ အစဉ်အမြဲနေရာ ချမည်။သူ၏ ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်ရ လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော် မူ၏။
15 ၁၅ ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။
၁၅ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အားပြန် ပြောလေ၏။
16 ၁၆ ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ထိုင် လျက် ၊ အိုထာဝရ အရှင် ဘုရားသခင် ၊ အကျွန်ုပ် ကို ဤမျှလောက် ချီးမြှောက်တော်မူ မည်အကြောင်း အကျွန်ုပ် သည် အဘယ်သို့ သောသူဖြစ် ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သော အမျိုးဖြစ်ပါသနည်း။
၁၆ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ထိုင်လျက်၊ အိုထာဝရအရှင် ဘုရားသခင်၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော် မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ် ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုးဖြစ်ပါသနည်း။
17 ၁၇ သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့မှတ်တော်မူပါသည်တကား။
၁၇သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့ မှတ်တော်မူပါသည်တကား။
18 ၁၈ ကိုယ်တော် ကျွန် ဒါဝိဒ် သည် ကိုယ်ဘုန်း ကြီးစေခြင်းငှါ ၊ အဘယ်သို့ တိုးတက် ၍ လျှောက်ရပါမည်နည်း။ ကိုယ်တော် သည် ကိုယ်တော် ကျွန် ကို သိ တော်မူ၏။
၁၈ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေ ခြင်းငှါ၊ အဘယ်သို့ တိုးတက်၍ လျှောက်ရပါမည်နည်း။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ၏။
19 ၁၉ အိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် အကျိုးကိုထောက်၍ အလို တော်ရှိသည်အတိုင်း ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ထင်ရှား စေခြင်းငှါ အလုံးစုံ တို့ကို ပြု တော်မူပြီ။
၁၉အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်အကျိုးကို ထောက်၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှါ အလုံစုံတို့ကို ပြုတော်မူပြီ။
20 ၂၀ သို့ဖြစ်၍အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့်တူ သောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား မည်မျှမ ရှိပါ။
၂၀သို့ဖြစ်၍ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတပါးအခြားသော ဘုရားမည်မျှ မရှိပါ။
21 ၂၁ အဲဂုတ္တု ပြည်မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ မှလူအမျိုးမျိုးတို့ကို နှင်ထုတ် သဖြင့်၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကိုယ်တော် အဘို့ ထင်ရှား စေခြင်းငှါ ၊ ဘုရားသခင် ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုး နှင့်တူ သော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။
၂၁အဲဂုတ္တုပြည်မှရွေးနှုတ်တော်မူသော ကိုယ်တော် ၏ လူမျိုးရှေ့မှလူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော်၏လူဣသရေလအမျိုး နှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။
22 ၂၂ အကြောင်း မူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ ပြု ၍၊ ကိုယ်တော် ထာဝရဘုရား သည်သူ တို့ဘုရားသခင် ဖြစ် တော်မူ၏။
၂၂အကြောင်းမူကား၊ ကိုယ်တော်၏လူဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော်၏လူဖြစ်စေခြင်းငှါ ပြု၍၊ ကိုယ်တော်ထာဝရဘုရား သည်သူတို့ဘုရားသခင် ဖြစ်တော်မူ၏။
23 ၂၃ ယခု မှာအိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော် အစဉ်အမြဲ တည် ပါစေသော။ မိန့် တော်မူသည် အတိုင်း ပြု တော်မူပါ။
၂၃ယခုမှာအိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲ တည်ပါစေသော။ မိန့်တော်မူ သည်အတိုင်း ပြုတော်မူပါ။
24 ၂၄ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိမည် အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ တည် ပါစေသော။
၂၄ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုး၏ဘုရားသခင်ဖြစ်တော်မူသည်ဟူ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိမည် အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေ သော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ်သည် ရှေ့တော်၌ တည်ပါစေသော။
25 ၂၅ အကြောင်း မူကား၊ အိုကျွန်ုပ် ၏ဘုရားသခင် ၊ ကိုယ်တော်က သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့ တော်၌ ပဌနာ ပြုချင်သောစိတ် ရှိ ပါ၏။
၂၅အကြောင်းမူကား၊ အိုကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်က သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ပဌနာပြုချင်သော စိတ်ရှိပါ၏။
26 ၂၆ ယခု လည်း အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရားသခင် မှန်တော်မူ၏။ ဤ ကျေးဇူး ကို ကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။
၂၆ယခုလည်း အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်မှန်တော်မူ၏။ဤကျေးဇူးကို ကိုယ်တော်ကျွန် ၌ ဂတိထားတော်မူပြီ။
27 ၂၇ သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်းကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ် ရှိတော်မူပါ။ အိုထာဝရ ဘုရား ကိုယ်တော် သည်ကောင်းကြီး ပေးတော်မူလျှင်၊ ကောင်းကြီး မင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။
၂၇သို့ဖြစ်၍ကိုယ်တော်ကျွန်၏ အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သော စိတ်ရှိတော်မူပါ။ အိုထာဝရ ဘုရား ကိုယ်တော်သည်ကောင်းကြီးပေးတော်မူလျှင်၊ ကောင်းကြီးမင်္ဂလာကို အစဉ်အမြဲခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။

< ၁ ရာဇဝင်ချုပ် 17 >