< ၁ ရာဇဝင်ချုပ် 14 >

1 တုရု မင်းကြီး ဟိရံ သည် ဒါဝိဒ် အဘို့ နန်း တော်ကို တည်ဆောက် ခြင်းငှါ ၊ သံတမန် နှင့်တကွအာရဇ် သစ်သား ၊ လက်သမား ၊ ပန်းရန်သမား တို့ကို စေလွှတ် လေ၏။
တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကို တည်ဆောက်ခြင်းငှါ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။
2 ထာဝရဘုရား သည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူကြောင်း နှင့် မိမိ လူ ဣသရေလ အမျိုးအဘို့ အလိုငှါ၊ နိုင်ငံ ကို ချီးမြှောက် တော်မူကြောင်း ကို ဒါဝိဒ် သိမြင် ၏။
ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသ ရေလအမျိုးအဘို့အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူ ကြောင်းကို ဒါဝိဒါသိမြင်လေ၏။
3 ဒါဝိဒ် သည် ယေရုရှလင် မြို့၌ ထပ်၍ မယား တို့ကို သိမ်းယူ သဖြင့် သား သမီး များတို့ကို မြင် လေ၏။
ဒါဝိဒ်သည် ယေရုရှလင်မြို့၌ ထပ်၍မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
4 ယေရုရှလင် မြို့၌ ဒါဝိဒ်မြင် သော သားတို့အမည် ကား၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန်၊
ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့အမည် ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
5 ဣဗဟာ ၊ ဧလိရွှ ၊ ဧလိပလက်၊
ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊
6 နောဂ ၊ နေဖက် ၊ ယာဖျာ၊
နောဂ၊ နေဖက်၊ ယာဖျာ၊
7 ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် တည်း။
ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တည်း။
8 ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားကြောင်း ကို ဖိလိတ္တိ လူတို့သည်ကြား လျှင် ၊ ထိုသူအပေါင်း တို့သည် ဒါဝိဒ် ကို ရှာ ၍ လာ ကြ၏။ ထိုသိတင်းကို ဒါဝိဒ် သည် ကြား သောအခါ ချီသွား ၏။
ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင် အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိ လူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍ လာကြ၏။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။
9 ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။
ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့ အပြားနေကြ၏။
10 ၁၀ ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ ရှိရာသို့ သွား ရပါမည်လော။ အကျွန်ုပ် လက် ၌ အပ် တော်မူ မည်လောဟု ဘုရားသခင် ကို မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့။ သင့် လက် ၌ ငါအပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊
၁၀ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
11 ၁၁ ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကို လုပ်ကြံ ပြီးမှ ၊ ဘုရားသခင် သည် ရေ ထ၍ဖြိုဖျက် သကဲ့သို့ ငါ့ ရန်သူ တို့ကို ငါ့ အားဖြင့် ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင် စေသတည်း။
၁၁ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား၍ သူတို့ကို လုပ်ကြံပြီးမှ၊ ဘုရားသခင်သည် ရေထ၍ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။
12 ၁၂ ထို အရပ်၌ ဖိလိတ္တိလူများ ပစ်ထား သော ရုပ်တု များကို ဒါဝိဒ် ၏အမိန့် တော်နှင့် မီး ရှို့ ကြ၏။
၁၂ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသော ရုပ်တု များကို ဒါဝိဒ်၏အမိန့်တော်နှင့် မီးရှို့ကြ၏။
13 ၁၃ တဖန် ဖိလိတ္တိ လူတို့သည် ထိုချိုင့် ၌ အနှံ့အပြား လာ၍နေကြ၏။
၁၃တဖန်ဖိလိတ္တိလူတို့သည် ထိုချိုင့်၌ အနှံ့အပြား လာ၍နေကြ၏။
14 ၁၄ ဒါဝိဒ် သည်လည်း ဘုရားသခင် ကို တဖန် မေးလျှောက် သော်၊ သူ တို့ရှိရာ သို့ တည့်တည့်မ တက် ရ။ သူ တို့မှ လွှဲ ၍ ပိုးစာ တောတဘက် တချက်၌ ချီ ရမည်။
၁၄ဒါဝိဒ်သည်လည်း ဘုရားသခင်ကို တဖန်မေးလျှောက် သော်၊ သူတို့ရှိရာသို့ တည့်တည့်မတက်ရ။ သူတို့မှလွှဲ၍ ပိုးစာတောတဘက်တချက်၌ ချီရမည်။
15 ၁၅ ပိုးစာ ပင်ဖျား ၌ စစ်ချီ သံ ကိုကြား သောအခါ ၊ တိုက် အံ့သောငှါ ချီ လော့။ ထိုအခါ ဘုရားသခင် သည် ဖိလိတ္တိ တပ် ကို လုပ်ကြံ ခြင်းငှါ သင့် ရှေ့ မှာ ကြွ သွားမည်ဟု ဘုရားသခင် မိန့် တော်မူသည်အတိုင်း၊
၁၅ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ၊ တိုက်အံ့သောငှါ ချီလော့။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားမည်ဟု ဘုရားသခင် မိန့်တော်မူသည်အတိုင်း၊
16 ၁၆ ဒါဝိဒ် သည် ပြု ၍ ဖိလိတ္တိ လူတို့ကို ဂိဗောင် မြို့မှ သည် ဂါဇေရ မြို့တိုင်အောင် လုပ်ကြံ လေ၏။
၁၆ဒါဝိဒ်သည် ပြု၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှ သည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။
17 ၁၇ ဒါဝိဒ် သိတင်း သည်အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် သူ့ ကို ကြောက်ရွံ့ စေခြင်းငှါထာဝရဘုရား စီရင် တော်မူ၏။
၁၇ဒါဝိဒ်သိတင်းသည်အတိုင်းတိုင်း အပြည်ပြည် တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကို ကြောက်ရွံ့စေခြင်းငှါ ထာဝရဘုရားစီရင်တော်မူ၏။

< ၁ ရာဇဝင်ချုပ် 14 >