< တရားဟောရာ 31 >

1 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆက်​လက်​ပြော​ကြား​သည်​မှာ၊-
और मूसा ने जाकर ये बातें सब इस्राएलियों को सुनाईं।
2 ``ယ​ခု​ငါ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​ရှိ ပြီ​ဖြစ်​၍ သင်​တို့​အား​ဆက်​လက်​ခေါင်း​ဆောင်​နိုင် တော့​မည်​မ​ဟုတ်။ ထို့​အ​ပြင်​ငါ​သည်​ယော်​ဒန် မြစ်​တစ်​ဖက်​သို့​မ​ကူး​ရ​ဟု​ထာ​ဝ​ရ​ဘု​ရား က ငါ့​အား​မိန့်​ကြား​တော်​မူ​ပြီ။-
और उसने उनसे यह भी कहा, “आज मैं एक सौ बीस वर्ष का हूँ; और अब मैं चल फिर नहीं सकता; क्योंकि यहोवा ने मुझसे कहा है, कि तू इस यरदन पार नहीं जाने पाएगा।
3 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရှေ့​ဆောင်​၍​ထို​ပြည်​တွင်​နေ​ထိုင် သော​လူ​မျိုး​တို့​ကို​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့​သည်​သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​နိုင် ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ယော​ရှု​သည်​သင်​တို့​ကို​ခေါင်း​ဆောင် လိမ့်​မည်။-
तेरे आगे पार जानेवाला तेरा परमेश्वर यहोवा ही है; वह उन जातियों को तेरे सामने से नष्ट करेगा, और तू उनके देश का अधिकारी होगा; और यहोवा के वचन के अनुसार यहोशू तेरे आगे-आगे पार जाएगा।
4 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​မော​ရိ​ဘု​ရင်​များ ဖြစ်​သော ရှိ​ဟုန်​နှင့်​သြ​ဃ​တို့​ကို​နှိမ်​နင်း​၍ သူ တို့​၏​ပြည်​ကို​ဖျက်​ဆီး​သည့်​နည်း​တူ ထို​ပြည် တွင်​နေ​ထိုင်​သော​လူ​မျိုး​တို့​ကို​သုတ်​သင် ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။-
और जिस प्रकार यहोवा ने एमोरियों के राजा सीहोन और ओग और उनके देश को नष्ट किया है, उसी प्रकार वह उन सब जातियों से भी करेगा।
5 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ထို​သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​ခွင့်​ပေး​တော်​မူ​မည် ဖြစ်​၍ ငါ​မှာ​ကြား​သည့်​အ​တိုင်း​သူ​တို့​ကို စီ​ရင်​ရ​မည်။-
और जब यहोवा उनको तुम से हरवा देगा, तब तुम उन सारी आज्ञाओं के अनुसार उनसे करना जो मैंने तुम को सुनाई हैं।
6 အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ ထို လူ​မျိုး​တို့​ကို​မ​ကြောက်​ရွံ့​ကြ​နှင့်။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင်​တို့ ကို​မု​ချ​ကူ​မ​တော်​မူ​မည်။ စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်'' ဟူ​၍​ဖြစ်​၏။
तू हियाव बाँध और दृढ़ हो, उनसे न डर और न भयभीत हो; क्योंकि तेरे संग चलनेवाला तेरा परमेश्वर यहोवा है; वह तुझको धोखा न देगा और न छोड़ेगा।”
7 ထို့​နောက်​မော​ရှေ​သည်​ယော​ရှု​ကို​ဆင့်​ခေါ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့ တွင်​သူ့​အား``သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့် ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ​သော ပြည်​ကို တိုက်​ခိုက်​သိမ်း​ယူ​ရန်​သင်​သည်​ဤ သူ​တို့​ကို​ဦး​ဆောင်​ရ​မည်။-
तब मूसा ने यहोशू को बुलाकर सब इस्राएलियों के सम्मुख कहा, “तू हियाव बाँध और दृढ़ हो जा; क्योंकि इन लोगों के संग उस देश में जिसे यहोवा ने इनके पूर्वजों से शपथ खाकर देने को कहा था तू जाएगा; और तू इनको उसका अधिकारी कर देगा।
8 ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​သင့်​အား​ဦး ဆောင်​၍ သင်​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင့်​အား မု​ချ​ကူ​မ​တော်​မူ​မည်။ သင့်​ကို​စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်။ ထို့​ကြောင့်​သင်​သည်​အား မ​လျှော့​နှင့်။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်'' ဟု​မှာ ကြား​လေ​၏။
और तेरे आगे-आगे चलनेवाला यहोवा है; वह तेरे संग रहेगा, और न तो तुझे धोखा देगा और न छोड़ देगा; इसलिए मत डर और तेरा मन कच्चा न हो।”
9 သို့​ဖြစ်​၍​မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​တ​ရား​တော်​ကို​ရေး​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရ​သော​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​များ​အား​ပေး​အပ်​လေ​သည်။-
फिर मूसा ने यही व्यवस्था लिखकर लेवीय याजकों को, जो यहोवा की वाचा का सन्दूक उठानेवाले थे, और इस्राएल के सब वृद्ध लोगों को सौंप दी।
10 ၁၀ ထို့​နောက်​မော​ရှေ​က​သူ​တို့​အား``ခု​နစ်​နှစ် လျှင်​တစ်​ကြိမ်​ကျ​ရောက်​သော​ကြွေး​မြီ​များ ကို​လျှော်​ပစ်​သည့်​နှစ်​တွင်​တဲ​နေ​ပွဲ​တော်​ရက် အ​တွင်း ဤ​ပ​ညတ်​တ​ရား​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​နိုင်​အောင်​ဖတ် ပြ​ရ​မည်။-
१०तब मूसा ने उनको आज्ञा दी, “सात-सात वर्ष के बीतने पर, अर्थात् छुटकारे के वर्ष में झोपड़ीवाले पर्व पर,
11 ၁၁ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ရောက်​ရှိ​လာ​ကြ သော​အ​ခါ ဤ​ပညတ်​တ​ရား​တော်​ကို​ဖတ်​ပြ ရ​မည်။-
११जब सब इस्राएली तेरे परमेश्वर यहोवा के उस स्थान पर जिसे वह चुन लेगा आकर इकट्ठे हों, तब यह व्यवस्था सब इस्राएलियों को पढ़कर सुनाना।
12 ၁၂ ယောကျာ်း၊ မိန်း​မ၊ က​လေး၊ သင်​တို့​မြို့​များ တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​မှ​စ​၍ လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​သ​ဖြင့်​သူ​တို့ သည် ထို​ပ​ညတ်​တ​ရား​တော်​ကို​ကြား​ရ​၍ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​လျက် တ​ရား​တော်​ကို​တ​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​ကြ​လိမ့်​မည်။-
१२क्या पुरुष, क्या स्त्री, क्या बालक, क्या तुम्हारे फाटकों के भीतर के परदेशी, सब लोगों को इकट्ठा करना कि वे सुनकर सीखें, और तुम्हारे परमेश्वर यहोवा का भय मानकर, इस व्यवस्था के सारे वचनों के पालन करने में चौकसी करें,
13 ၁၃ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တ​ရား​တော်​ကို​မ​ကြား​ဘူး​သော သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည်​ကြား​ရ​လိမ့်​မည်။ သို့ မှ​သာ​သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​သိမ်း​ယူ​မည့်​ပြည်​တွင်​နေ​ထိုင်​သ​မျှ​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လာ​တတ်​ကြ​လိမ့်​မည်'' ဟု​ဆို​လေ​၏။
१३और उनके बच्चे जिन्होंने ये बातें नहीं सुनीं वे भी सुनकर सीखें, कि तुम्हारे परमेश्वर यहोवा का भय उस समय तक मानते रहें, जब तक तुम उस देश में जीवित रहो जिसके अधिकारी होने को तुम यरदन पार जा रहे हो।”
14 ၁၄ ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊-
१४फिर यहोवा ने मूसा से कहा, “तेरे मरने का दिन निकट है; तू यहोशू को बुलवा, और तुम दोनों मिलापवाले तम्बू में आकर उपस्थित हो कि मैं उसको आज्ञा दूँ।” तब मूसा और यहोशू जाकर मिलापवाले तम्बू में उपस्थित हुए।
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​သည်​တဲ​တော်​တံ​ခါး​ဝ​တွင် မိုး​တိမ်​တိုင်​အား​ဖြင့်​ထင်​ရှား​တော်​မူ​၏။
१५तब यहोवा ने उस तम्बू में बादल के खम्भे में होकर दर्शन दिया; और बादल का खम्भा तम्बू के द्वार पर ठहर गया।
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ထဲ​က မော​ရှေ​အား``သင်​သည်​မ​ကြာ​မီ​စု​တေ​ရ​မည်။ သင်​အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် သစ္စာ​ဖောက်​၍​သူ​တို့​နှင့်​ငါ​ပြု ထား​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ သူ​တို့​ဝင်​ရောက် မည့်​ပြည်​ရှိ​အ​ခြား​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-
१६तब यहोवा ने मूसा से कहा, “तू तो अपने पुरखाओं के संग सो जाने पर है; और ये लोग उठकर उस देश के पराए देवताओं के पीछे जिनके मध्य वे जाकर रहेंगे व्यभिचारी हो जाएँगे, और मुझे त्याग कर उस वाचा को जो मैंने उनसे बाँधी है तोड़ेंगे।
17 ၁၇ ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-
१७उस समय मेरा कोप इन पर भड़केगा, और मैं भी इन्हें त्याग कर इनसे अपना मुँह छिपा लूँगा, और ये आहार हो जाएँगे; और बहुत सी विपत्तियाँ और क्लेश इन पर आ पड़ेंगे, यहाँ तक कि ये उस समय कहेंगे, ‘क्या ये विपत्तियाँ हम पर इस कारण तो नहीं आ पड़ीं, क्योंकि हमारा परमेश्वर हमारे मध्य में नहीं रहा?’
18 ၁၈ သူ​တို့​သည်​အ​ခြား​သော​ဘု​ရား​များ​ကိုး ကွယ်​၍​ဒု​စ​ရိုက်​ကို​ပြု​ကြ​သော​ကြောင့် ငါ သည်​သူ​တို့​အား​ကယ်​မည်​မ​ဟုတ်။-
१८उस समय मैं उन सब बुराइयों के कारण जो ये पराए देवताओं की ओर फिरकर करेंगे निःसन्देह उनसे अपना मुँह छिपा लूँगा।
19 ၁၉ သင်​သည်​ယ​ခု​ဤ​သီ​ချင်း​ကို​ရေး​သား​လော့။ ယင်း​သီ​ချင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တစ်​ဘက်​၌ ငါ​၏​သက်​သေ​ဖြစ်​စေ​ခြင်း ငှာ​ထို​သီ​ချင်း​ကို​သူ​တို့​အား​သင်​ပေး လော့။-
१९इसलिए अब तुम यह गीत लिख लो, और तू इसे इस्राएलियों को सिखाकर कंठस्थ करा देना, इसलिए कि यह गीत उनके विरुद्ध मेरा साक्षी ठहरे।
20 ၂၀ ငါ​သည်​သူ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား သည့်​အ​တိုင်း သူ​တို့​ကို​အ​စာ​ရေ​စာ​ပေါ​ကြွယ် ဝ​သော​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​တွင်​သူ တို့​သည်​အ​စား​အ​စာ​ကို​ဝ​စွာ​စား​ရ​၍ အေး ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ကြ​လိမ့်​မည်။ သို့​ရာ တွင်​သူ​တို့​သည်​ဖောက်​ပြန်​၍ အ​ခြား​သော ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ တို့​သည်​ငါ့​ကို​စွန့်​ပစ်​၍​ငါ​၏​ပ​ဋိ​ညာဉ် ကို​ချိုး​ဖောက်​သ​ဖြင့်၊-
२०जब मैं इनको उस देश में पहुँचाऊँगा जिसे देने की मैंने इनके पूर्वजों से शपथ खाई थी, और जिसमें दूध और मधु की धाराएँ बहती हैं, और खाते-खाते इनका पेट भर जाए, और ये हष्ट-पुष्ट हो जाएँगे; तब ये पराए देवताओं की ओर फिरकर उनकी उपासना करने लगेंगे, और मेरा तिरस्कार करके मेरी वाचा को तोड़ देंगे।
21 ၂၁ ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ်​များ​စွာ​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​တစ် ဘက်​၌​သက်​သေ​ဖြစ်​စေ​ရန် ဤ​သီ​ချင်း​ကို သီ​ဆို​ရ​မည်။ ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​ငါ​မ​ခေါ်​ဆောင်​မီ​ပင် ယ​ခု သူ​တို့​ကြံ​စည်​နေ​သော​အကြံ​အစည်​ကို ငါ​သိ​၏'' ဟု​မိန့်​တော်​မူ​၏။
२१वरन् अभी भी जब मैं इन्हें उस देश में जिसके विषय मैंने शपथ खाई है पहुँचा नहीं चुका, मुझे मालूम है, कि ये क्या-क्या कल्पना कर रहे हैं; इसलिए जब बहुत सी विपत्तियाँ और क्लेश इन पर आ पड़ेंगे, तब यह गीत इन पर साक्षी देगा, क्योंकि इनकी सन्तान इसको कभी भी नहीं भूलेगी।”
22 ၂၂ ထို​နေ့​တွင်​မော​ရှေ​သည်​ထို​သီ​ချင်း​ကို​ရေး သား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပေး​လေ​သည်။
२२तब मूसा ने उसी दिन यह गीत लिखकर इस्राएलियों को सिखाया।
23 ၂၃ ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​နုန်​၏​သား​ယော​ရှု အား``အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ခေါင်း​ဆောင်​လျက် ငါ​ကတိ​ထား​သော​ပြည်​သို့​ဝင်​ရောက်​ရ​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု​မိန့်​တော် မူ​၏။
२३और यहोवा ने नून के पुत्र यहोशू को यह आज्ञा दी, “हियाव बाँध और दृढ़ हो; क्योंकि इस्राएलियों को उस देश में जिसे उन्हें देने को मैंने उनसे शपथ खाई है तू पहुँचाएगा; और मैं आप तेरे संग रहूँगा।”
24 ၂၄ မော​ရှေ​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ရေး​သား​ထား​၏။-
२४जब मूसा इस व्यवस्था के वचन को आदि से अन्त तक पुस्तक में लिख चुका,
25 ၂၅ ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​သိမ်း​ရ​သော လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​တို့​အား၊-
२५तब उसने यहोवा का सन्दूक उठानेवाले लेवियों को आज्ञा दी,
26 ၂၆ ``ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကျမ်း စာ​အုပ်​ကို​ယူ​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​အ​နီး တွင်​ထား​လော့။ ထို​ကျမ်း​စာ​အုပ်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​တစ်​ဘက်​၌​သက်​သေ အ​ဖြစ် ထို​နေ​ရာ​၌​ရှိ​နေ​စေ​ရ​မည်။-
२६“व्यवस्था की इस पुस्तक को लेकर अपने परमेश्वर यहोवा की वाचा के सन्दूक के पास रख दो, कि यह वहाँ तुझ पर साक्षी देती रहे।
27 ၂၇ သူ​တို့​သည်​ခေါင်း​မာ​၍​ပုန်​ကန်​တတ်​သော သ​ဘော​ရှိ​ကြောင်း​ကို​ငါ​သိ​၏။ သူ​တို့​သည် ငါ​မ​သေ​ခင်​က​ပင်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​ခဲ့​လျှင် ငါ​သေ​လွန်​ပြီး​နောက်​သာ ၍​ပုန်​ကန်​ကြ​ဦး​မည်။-
२७क्योंकि तेरा बलवा और हठ मुझे मालूम है; देखो, मेरे जीवित और संग रहते हुए भी तुम यहोवा से बलवा करते आए हो; फिर मेरे मरने के बाद भी क्यों न करोगे!
28 ၂၈ ငါ​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ပြော ကြား​နိုင်​ရန် သင်​တို့​အ​နွယ်​ဝင်​များ​၏​ခေါင်း ဆောင်​တို့​နှင့်​အ​ရာ​ရှိ​အပေါင်း​တို့​ကို​စု​ရုံး စေ​လော့။ ငါ​သည်​ကောင်း​ကင်​နှင့်​မြေ​ကြီး ကို​တိုင်​တည်​၍ သူ​တို့​အား​ပြော​ကြား​မည်။-
२८तुम अपने गोत्रों के सब वृद्ध लोगों को और अपने सरदारों को मेरे पास इकट्ठा करो, कि मैं उनको ये वचन सुनाकर उनके विरुद्ध आकाश और पृथ्वी दोनों को साक्षी बनाऊँ।
29 ၂၉ ငါ​သေ​လွန်​ပြီး​နောက်​ဤ​လူ​တို့​သည်​အ​ကျင့် ဖောက်​ပြား​၍ ငါ​သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ပစ် ပယ်​မည်​ဖြစ်​ကြောင်း​ငါ​သိ​၏။ နောင်​အ​ခါ​၌ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​တား​မြစ်​သော ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် အ​မျက်​တော် ထွက်​သ​ဖြင့်​သူ​တို့​သည်​ဘေး​ဒဏ်​နှင့်​တွေ့ ကြုံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​လေ​၏။
२९क्योंकि मुझे मालूम है कि मेरी मृत्यु के बाद तुम बिल्कुल बिगड़ जाओगे, और जिस मार्ग में चलने की आज्ञा मैंने तुम को सुनाई है उसको भी तुम छोड़ दोगे; और अन्त के दिनों में जब तुम वह काम करके जो यहोवा की दृष्टि में बुरा है, अपनी बनाई हुई वस्तुओं की पूजा करके उसको रिस दिलाओगे, तब तुम पर विपत्ति आ पड़ेगी।”
30 ၃၀ ထို့​နောက်​မော​ရှေ​သည်​သီ​ချင်း​တစ်​ပုဒ်​လုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ရွတ်​ပြ​လေ​သ​တည်း။
३०तब मूसा ने इस्राएल की सारी सभा को इस गीत के वचन आदि से अन्त तक कह सुनाए

< တရားဟောရာ 31 >