< ဒံယေလ 3 >

1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​အ​မြင့်​ပေ​ကိုး ဆယ်၊ အ​နံ​ကိုး​ပေ​ရှိ​သော​ရွှေ​ရုပ်​ကြီး​ကို သွန်း​လုပ်​စေ​ပြီး​လျှင်​ဗာ​ဗု​လုန်​ဒု​ရ​လွင် ပြင်​တွင်​တည်​ထား​စေ​တော်​မူ​၏။-
नबूकदनेस्सर राजा ने सोने की एक मूरत बनवाई, जिसकी ऊँचाई साठ हाथ, और चौड़ाई छः हाथ की थी। और उसने उसको बाबेल के प्रान्त के दूरा नामक मैदान में खड़ा कराया।
2 မင်း​ကြီး​သည်​မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ များ၊ ဒု​တိ​ယ​ဘု​ရင်​ခံ​များ၊ တိုင်း​မင်း​ကြီး များ၊ ငွေ​တိုက်​စိုး​များ၊ တ​ရား​သူ​ကြီး​များ၊ ရဲ​မှူး​များ​အ​စ​ရှိ​သည့်​အ​ရာ​ရှိ​အ​ပေါင်း တို့​အား မိ​မိ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး အ​နု​မော​ဒ​နာ​ပွဲ​ကို​တက်​ရောက်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
तब नबूकदनेस्सर राजा ने अधिपतियों, हाकिमों, राज्यपालों, सलाहकारों, खजांचियों, न्यायियों, शास्त्रियों, आदि प्रान्त-प्रान्त के सब अधिकारियों को बुलवा भेजा कि वे उस मूरत की प्रतिष्ठा में आएँ जो उसने खड़ी कराई थी।
3 အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ရွှေ​ရုပ်​ကြီး ၏​ရှေ့​တွင်​ရပ်​နေ​ကြ​သော​အ​ခါ၊-
तब अधिपति, हाकिम, राज्यपाल, सलाहकार, खजांची, न्यायी, शास्त्री आदि प्रान्त-प्रान्त के सब अधिकारी नबूकदनेस्सर राजा की खड़ी कराई हुई मूरत की प्रतिष्ठा के लिये इकट्ठे हुए, और उस मूरत के सामने खड़े हुए।
4 သံ​တော်​ဆင့်​တစ်​ဦး​က``ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​ကြ​သော​လူ​မျိုး အ​သီး​သီး​နှင့်​နိုင်​ငံ​အ​သီး​သီး​က​လူ အ​ပေါင်း​တို့၊-
तब ढिंढोरिये ने ऊँचे शब्द से पुकारकर कहा, “हे देश-देश और जाति-जाति के लोगों, और भिन्न-भिन्न भाषा बोलनेवालो, तुम को यह आज्ञा सुनाई जाती है कि,
5 သင်​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား ရ​ပြီး​နောက်​ပ​လွေ၊ ပတ်​သာ၊ စောင်း​ကြီး၊ စောင်း ငယ်​တို့​ကို​တီး​မှုတ်​သံ​ကို​လည်း​ကောင်း၊ ထို နောက်​အ​ခြား​တူ​ရိ​ယာ​များ​တီး​မှုတ်​သံ ကို​လည်း​ကောင်း​ကြား​ကြ​လိမ့်​မည်။ တူ​ရိ​ယာ တီး​မှုတ်​သံ​စ​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​မင်း​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို သင်​တို့​ဦး​ညွှတ်​ရှိ​ခိုး​ကြ​စေ။-
जिस समय तुम नरसिंगे, बाँसुरी, वीणा, सारंगी, सितार, शहनाई आदि सब प्रकार के बाजों का शब्द सुनो, तुम उसी समय गिरकर नबूकदनेस्सर राजा की खड़ी कराई हुई सोने की मूरत को दण्डवत् करो।
6 ဦး​ညွှတ်​ရှိ​ခိုး​ခြင်း​မ​ပြု​သူ​မည်​သူ​မ​ဆို ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော မီး​ဖို​ကြီး ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​စေ'' ဟု အ​သံ​ကျယ်​စွာ​ကြေ​ညာ​လေ​သည်။-
और जो कोई गिरकर दण्डवत् न करेगा वह उसी घड़ी धधकते हुए भट्ठे के बीच में डाल दिया जाएगा।”
7 သို့​ဖြစ်​၍​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး သီး​က​လူ​တို့​သည်​တူ​ရိ​ယာ​တီး​မှုတ်​သံ ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​ဦး ညွှတ်​ရှိ​ခိုး​ကြ​ကုန်​၏။
इस कारण उस समय ज्यों ही सब जाति के लोगों को नरसिंगे, बाँसुरी, वीणा, सारंगी, सितार शहनाई आदि सब प्रकार के बाजों का शब्द सुन पड़ा, त्यों ही देश-देश और जाति-जाति के लोगों और भिन्न-भिन्न भाषा बोलनेवालों ने गिरकर उस सोने की मूरत को जो नबूकदनेस्सर राजा ने खड़ी कराई थी, दण्डवत् किया।
8 ဗာ​ဗု​လုန်​ပြည်​သား​အ​ချို့​တို့​သည်​ယု​ဒ အ​မျိုး​သား​တို့​အား ပြစ်​တင်​ပြော​ဆို​ရန် အ​ခွင့်​ကောင်း​ကို​ယူ​၍၊-
उसी समय कई एक कसदी पुरुष राजा के पास गए, और कपट से यहूदियों की चुगली की।
9 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား``အ​ရှင်​မင်း​ကြီး သက်​တော်​ရာ​ကျော်​ရှည်​ပါ​စေ။-
वे नबूकदनेस्सर राजा से कहने लगे, “हे राजा, तू चिरंजीवी रहे।
10 ၁၀ တူ​ရိ​ယာ​စ​တင်​တီး​မှုတ်​သည်​နှင့်​တစ်​ပြိုင် နက်​ရွှေ​ရုပ်​ကြီး​အား​လူ​တိုင်း​ဦး​ညွှတ်​ရှိ ခိုး​စေ။-
१०हे राजा, तूने तो यह आज्ञा दी है कि जो मनुष्य नरसिंगे, बाँसुरी, वीणा, सारंगी, सितार, शहनाई आदि सब प्रकार के बाजों का शब्द सुने, वह गिरकर उस सोने की मूरत को दण्डवत् करे;
11 ၁၁ ထို​အ​ရုပ်​ကြီး​အား​ဦး​ညွှတ်​ခြင်း​မ​ပြု​သူ ဟူ​သ​မျှ​သည် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​စေ ဟူ​၍​အ​ရှင်​အ​မိန့်​တော်​ထုတ်​ပြန်​ခဲ့​ပါ​၏။-
११और जो कोई गिरकर दण्डवत् न करे वह धधकते हुए भट्ठे के बीच में डाल दिया जाए।
12 ၁၂ ဗာ​ဗု​လုန်​နယ်​ကို​အုပ်​ချုပ်​ရန်​အ​ရှင်​မင်း ကြီး​တာ​ဝန်​ပေး​ထား​သူ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​သော​ယု​ဒ​အ​မျိုး သား​များ​သည် အ​ရှင်​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ​နေ​ကြ​ပါ​၏။ သူ​တို့​သည် အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး​ကြ​ပါ။ အရှင် တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး မ​ညွှတ်​ကြ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
१२देख, शद्रक, मेशक, और अबेदनगो नामक कुछ यहूदी पुरुष हैं, जिन्हें तूने बाबेल के प्रान्त के कार्य के ऊपर नियुक्त किया है। उन पुरुषों ने, हे राजा, तेरी आज्ञा की कुछ चिन्ता नहीं की; वे तेरे देवता की उपासना नहीं करते, और जो सोने की मूरत तूने खड़ी कराई है, उसको दण्डवत् नहीं करते।”
13 ၁၃ ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် ထို​သူ​သုံး​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့် ပေး​တော်​မူ​၏။-
१३तब नबूकदनेस्सर ने रोष और जलजलाहट में आकर आज्ञा दी कि शद्रक, मेशक और अबेदनगो को लाओ। तब वे पुरुष राजा के सामने हाजिर किए गए।
14 ၁၄ မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့ သင်​တို့​သည်​ငါ​၏​ဘု​ရား​ကို​ရှိ မ​ခိုး၊ ငါ​စိုက်​ထူ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး ကို​ဦး​မ​ညွှတ်​ဘဲ​နေ​ကြ​သည်​ဟု​ဆို​သည် မှာ​မှန်​သ​လော။-
१४नबूकदनेस्सर ने उनसे पूछा, “हे शद्रक, मेशक और अबेदनगो, तुम लोग जो मेरे देवता की उपासना नहीं करते, और मेरी खड़ी कराई हुई सोने की मूरत को दण्डवत् नहीं करते, तो क्या तुम जान बूझकर ऐसा करते हो?
15 ၁၅ ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
१५यदि तुम अभी तैयार हो, कि जब नरसिंगे, बाँसुरी, वीणा, सारंगी, सितार, शहनाई आदि सब प्रकार के बाजों का शब्द सुनो, और उसी क्षण गिरकर मेरी बनवाई हुई मूरत को दण्डवत् करो, तो बचोगे; और यदि तुम दण्डवत् न करो तो इसी घड़ी धधकते हुए भट्ठे के बीच में डाले जाओगे; फिर ऐसा कौन देवता है, जो तुम को मेरे हाथ से छुड़ा सके?”
16 ၁၆ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့ က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​မိ​မိ တို့​အ​တွက်​ထု​ချေ​လျှောက်​လဲ​ကြ​မည် မ​ဟုတ်​ပါ။-
१६शद्रक, मेशक और अबेदनगो ने राजा से कहा, “हे नबूकदनेस्सर, इस विषय में तुझे उत्तर देने का हमें कुछ प्रयोजन नहीं जान पड़ता।
17 ၁၇ အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည် အ​ကျွန်ုပ်​တို့​အား​ပြင်း​စွာ​အ​လျှံ​ထ လျက်​ရှိ​သော​မီး​ဖို​ကြီး​ထဲ​မှ​လည်း​ကောင်း၊ အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ်​နိုင် လျှင်​လည်း​ကယ်​တော်​မူ​မည်။-
१७हमारा परमेश्वर, जिसकी हम उपासना करते हैं वह हमको उस धधकते हुए भट्ठे की आग से बचाने की शक्ति रखता है; वरन् हे राजा, वह हमें तेरे हाथ से भी छुड़ा सकता है।
18 ၁၈ ကယ်​တော်​မ​မူ​လျှင်​လည်း​အ​ကျွန်ုပ်​တို့ သည်​အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး၊ အ​ရှင် ၏​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး​မ​ညွှတ်​ကြောင်း သိ​မှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက် ထား​ကြ​၏။
१८परन्तु, यदि नहीं, तो हे राजा तुझे मालूम हो, कि हम लोग तेरे देवता की उपासना नहीं करेंगे, और न तेरी खड़ी कराई हुई सोने की मूरत को दण्डवत् करेंगे।”
19 ၁၉ ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊-
१९तब नबूकदनेस्सर झुँझला उठा, और उसके चेहरे का रंग शद्रक, मेशक और अबेदनगो की ओर बदल गया। और उसने आज्ञा दी कि भट्ठे को सात गुणा अधिक धधका दो।
20 ၂၀ မိ​မိ​၏​တပ်​မ​တော်​တွင်​ခွန်​အား​အ​ကြီး​မား ဆုံး​သော​သူ​တို့​အား ထို​သူ​သုံး​ယောက်​ကို ပြင်း​စွာ​အ​လျှံ​ထ​လျက်​ရှိ​သော​မီး​ဖို​ကြီး ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
२०फिर अपनी सेना में के कई एक बलवान पुरुषों को उसने आज्ञा दी, कि शद्रक, मेशक और अबेदनगो को बाँधकर उन्हें धधकते हुए भट्ठे में डाल दो।
21 ၂၁ သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သူ​သုံး​ယောက်​တို့ အား​ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ​အင်္ကျီ​အ​စ​ရှိ သည့်​အ​ဝတ်​တန်​ဆာ​များ​နှင့်​တ​ကွ​တုပ် နှောင်​ပြီး​လျှင် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။-
२१तब वे पुरुष अपने मोजों, अंगरखों, बागों और वस्त्रों सहित बाँधकर, उस धधकते हुए भट्ठे में डाल दिए गए।
22 ၂၂ မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။-
२२वह भट्ठा तो राजा की दृढ़ आज्ञा होने के कारण अत्यन्त धधकाया गया था, इस कारण जिन पुरुषों ने शद्रक, मेशक और अबेदनगो को उठाया वे ही आग की आँच से जल मरे।
23 ၂၃ သို့​ဖြစ်​၍​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ တို့​သည် တုပ်​နှောင်​လျက်​ပင်​ပြင်း​စွာ​အ​လျှံ ထ​လျက်​နေ​သော​မီး​ဖို​ကြီး​ထဲ​သို့​ကျ ရောက်​သွား​ကြ​လေ​သည်။
२३और उसी धधकते हुए भट्ठे के बीच ये तीनों पुरुष, शद्रक, मेशक और अबेदनगो, बंधे हुए फेंक दिए गए।
24 ၂၄ ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား``ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​တော်​မူ​၏။
२४तब नबूकदनेस्सर राजा अचम्भित हुआ और घबराकर उठ खड़ा हुआ। और अपने मंत्रियों से पूछने लगा, “क्या हमने उस आग के बीच तीन ही पुरुष बंधे हुए नहीं डलवाए?” उन्होंने राजा को उत्तर दिया, “हाँ राजा, सच बात तो है।”
25 ၂၅ ထို​သူ​တို့​က``မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး'' ဟု​လျှောက်​ထား​လျှင်၊ မင်း​ကြီး​က``ယင်း​သို့​ဖြစ်​ပါ​မူ​မီး​ထဲ​တွင် လူ​လေး​ယောက်​သွား​လာ​နေ​သည်​ကို​အ​ဘယ် ကြောင့်​ငါ​မြင်​ရ​ပါ​သ​နည်း။ သူ​တို့​အား တုပ်​နှောင်​ထား​ခြင်း​လည်း​မ​ရှိ၊ သူ​တို့​သည် မီး​လောင်​ခံ​ကြ​ရ​ပုံ​လည်း​မ​ပေါ်။ ထို့​ပြင် စ​တုတ္ထ​လူ​သည်​ကောင်း​ကင်​တမန် နှင့်​တူ​သည်'' ဟု​မိန့်​တော်​မူ​၏။
२५फिर उसने कहा, “अब मैं देखता हूँ कि चार पुरुष आग के बीच खुले हुए टहल रहे हैं, और उनको कुछ भी हानि नहीं पहुँची; और चौथे पुरुष का स्वरूप परमेश्वर के पुत्र के सदृश्य है।”
26 ၂၆ သို့​ဖြစ်​၍​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ပြင်း​စွာ အ​လျှံ​ထ​လျက်​နေ​သော​မီး​ဖို​ကြီး​အ​ဝ သို့​ချဉ်း​ကပ်​ပြီး​လျှင်``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့၊ မီး​ဖို​ထဲ​မှ​ထွက်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့ သည်​ချက်​ချင်း​ပင်​ထွက်​လာ​ကြ​၏။-
२६फिर नबूकदनेस्सर उस धधकते हुए भट्ठे के द्वार के पास जाकर कहने लगा, “हे शद्रक, मेशक और अबेदनगो, हे परमप्रधान परमेश्वर के दासों, निकलकर यहाँ आओ!” यह सुनकर शद्रक, मेशक और अबेदनगो आग के बीच से निकल आए।
27 ၂၇ မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ​များ၊ ဒု​တိ​ယ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ ရှိ​အ​ပေါင်း​တို့​သည် မီး​လောင်​ခြင်း​မ​ခံ​ရ ကြ​သော​လူ​သုံး​ဦး​တို့​ကို​ဝိုင်း​၍​ကြည့်​ရှု​ကြ ကုန်​၏။ ထို​သူ​တို့​၏​ဆံ​ခြည်​ပင်​တစ်​ပင်​မျှ မီး​မ​မြိုက်။ အ​ဝတ်​အင်္ကျီ​များ​သည်​မီး​မ​လောင်၊ သူ​တို့​ကိုယ်​မှ​မီး​ခိုး​နံ့​လည်း​မ​ရ။
२७जब अधिपति, हाकिम, राज्यपाल और राजा के मंत्रियों ने, जो इकट्ठे हुए थे, उन पुरुषों की ओर देखा, तब उनकी देह में आग का कुछ भी प्रभाव नहीं पाया; और उनके सिर का एक बाल भी न झुलसा, न उनके मोजे कुछ बिगड़े, न उनमें जलने की कुछ गन्ध पाई गई।
28 ၂၈ မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း ကင်​တ​မန်​ကို​စေ​လွှတ်​တော်​မူ​၍ မိ​မိ​ကို​ယုံ ကြည်​ကိုး​စား​ကြ​သော​ဤ​သူ​သုံး​ဦး​တို့ အား​ကယ်​တင်​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​ကို ဦး​ညွှတ်​ရှိ​ခိုး​မည့်​အ​စား မိ​မိ​တို့​အ​သက် ဘေး​ကို​ပင်​ပ​မာ​ဏ​မ​ပြု​ဘဲ​ငါ​၏​အ​မိန့် ကို​ဖီ​ဆန်​ခဲ့​ကြ​၏။
२८नबूकदनेस्सर कहने लगा, “धन्य है शद्रक, मेशक और अबेदनगो का परमेश्वर, जिसने अपना दूत भेजकर अपने इन दासों को इसलिए बचाया, क्योंकि इन्होंने राजा की आज्ञा न मानकर, उसी पर भरोसा रखा, और यह सोचकर अपना शरीर भी अर्पण किया, कि हम अपने परमेश्वर को छोड़, किसी देवता की उपासना या दण्डवत् न करेंगे।
29 ၂၉ ``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။
२९इसलिए अब मैं यह आज्ञा देता हूँ कि देश-देश और जाति-जाति के लोगों, और भिन्न-भिन्न भाषा बोलनेवालों में से जो कोई शद्रक, मेशक और अबेदनगो के परमेश्वर की कुछ निन्दा करेगा, वह टुकड़े-टुकड़े किया जाएगा, और उसका घर घूरा बनाया जाएगा; क्योंकि ऐसा कोई और देवता नहीं जो इस रीति से बचा सके।”
30 ၃၀ ထို​နောက်​မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အား ဗာ​ဗု​လုန်​ပြည် နယ်​တွင်​ပို​မို​ကြီး​မြင့်​သည့်​ရာ​ထူး​များ ဖြင့်​ချီး​မြှင့်​တော်​မူ​လေ​သည်။
३०तब राजा ने बाबेल के प्रान्त में शद्रक, मेशक, अबेदनगो का पद और ऊँचा किया।

< ဒံယေလ 3 >