< ဟောရှေ 1 >

1 ယု​ဒ​နိုင်​ငံ​တွင်​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ တွင်​ယော​ရှ​မင်း​၏​သား​ယေ​ရော​ဗောင်​မင်း​တို့ စိုး​စံ​သည့်​လက်​ထက်​၌ ဗေ​ရိ​၏​သား​ဟော​ရှေ ထံ​သို့​ရောက်​ရှိ​လာ​သော​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​ကပတ်​တော်​ကား​ဤ​သို့​တည်း။
यहूदा के राजा उज्जियाह, योताम, आहाज, और हिजकिय्याह के दिनों में और इस्राएल के राजा योआश के पुत्र यारोबाम के दिनों में, यहोवा का वचन बेरी के पुत्र होशे के पास पहुँचा।
2 ထာ​ဝ​ရ​ဘု​ရား​သည်​ဟော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဦး​စွာ မိန့်​တော်​မူ​သည်​မှာ``သင်​သည်​သွား​၍​အ​မျိုး သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လော့။ သင် ၏​ဇ​နီး​သည်​သစ္စာ​မဲ့​သူ​ဖြစ်​လိမ့်​မည်။ သင်​၏ သား​သ​မီး​များ​သည်​လည်း​သင်​၏​ဇနီး​ကဲ့ သို့​သစ္စာ​မဲ့​သူ​များ​ဖြစ်​လိမ့်​မည်။ ငါ​၏ လူ​စု​သည်​လည်း​ထို​နည်း​တူ​စွာ​ငါ့​ကို စွန့်​၍​သစ္စာ​ဖောက်​ကြ​ပြီ'' ဟု​မိန့်​တော် မူ​၏။-
जब यहोवा ने होशे के द्वारा पहले-पहल बातें की, तब उसने होशे से यह कहा, “जाकर एक वेश्या को अपनी पत्नी बना ले, और उसके कुकर्म के बच्चों को अपने बच्चे कर ले, क्योंकि यह देश यहोवा के पीछे चलना छोड़कर वेश्या का सा बहुत काम करता है।”
3 သို့​ဖြစ်​၍​ဟော​ရှေ​သည်​ဒိ​ဗ​လိမ်​၏​သမီး ဂေါ​မာ​ဆို​သူ​နှင့်​အိမ်​ထောင်​ပြု​လေ​သည်။ သူ​တို့​တွင်​သား​ဦး​တစ်​ယောက်​ကို​ဖွား မြင်​ပြီး​နောက်၊-
अतः उसने जाकर दिबलैम की बेटी गोमेर को अपनी पत्नी कर लिया, और वह उससे गर्भवती हुई और उसके पुत्र उत्पन्न हुआ।
4 ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ​အား``သင်​၏​သား ကို`ယေ​ဇ​ရေ​လ' ဟု​နာ​မည်​မှည့်​လော့၊ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​ဘုရင်​၏​ဘိုး​တော် ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​တွင်​သတ်​ဖြတ် လုပ်​ကြံ​ခဲ့​သည့်​လူ​သတ်​မှု​များ​အ​တွက် ငါ သည်​ဣ​သ​ရေ​လ​ဘု​ရင်​ကို​ဒဏ်​ခတ်​မည်။ ယေ​ဟု​မင်း​ဆက်​ကို​တိမ်​ကော​စေ​မည်။-
तब यहोवा ने उससे कहा, “उसका नाम यिज्रेल रख; क्योंकि थोड़े ही काल में मैं येहू के घराने को यिज्रेल की हत्या का दण्ड दूँगा, और मैं इस्राएल के घराने के राज्य का अन्त कर दूँगा।
5 ထို​အ​ချိန်​ကျ​ရောက်​လျှင်​ငါ​သည်​ယေ​ဇ​ရေ​လ ချိုင့်​ဝှမ်း​တွင် ဣ​သ​ရေ​လ​နိုင်​ငံ​၏​အာ​ဏာ​စက် ကို​ပျက်​သုဉ်း​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။
उस समय मैं यिज्रेल की तराई में इस्राएल के धनुष को तोड़ डालूँगा।”
6 ဂေါ​မာ​တွင်​ဒု​တိ​ယ​က​လေး​တစ်​ယောက်​ဖွား မြင်​လေ​၏။ ထို​က​လေး​သည်​သ​မီး​မိန်း​က​လေး ဖြစ်​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ အား``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို နောင်​အ​ခါ​တွင် သ​နား​ကြင်​နာ​၍​အ​ပြစ် လွှတ်​မည်​မ​ဟုတ်​သော​ကြောင့်​ထို​သ​မီး ကို`မေ​တ္တာ​မဲ့' ဟု​နာ​မည်​မှည့်​လော့။-
वह स्त्री फिर गर्भवती हुई और उसके एक बेटी उत्पन्न हुई। तब यहोवा ने होशे से कहा, “उसका नाम लोरुहामा रख; क्योंकि मैं इस्राएल के घराने पर फिर कभी दया करके उनका अपराध किसी प्रकार से क्षमा न करूँगा।
7 ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​မူ​ကား သ​နား​ကြင်​နာ​ဦး​မည်။ သူ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ကယ်​တင်​မည်။ သို့​ရာ​တွင်​စစ်​တိုက် ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်း​တပ်​အား​ဖြင့်​လည်း​ကောင်း​သူ တို့​အား​ကယ်​တင်​မည်​မ​ဟုတ်။
परन्तु यहूदा के घराने पर मैं दया करूँगा, और उनका उद्धार करूँगा; उनका उद्धार मैं धनुष या तलवार या युद्ध या घोड़ों या सवारों के द्वारा नहीं, परन्तु उनके परमेश्वर यहोवा के द्वारा करूँगा।”
8 ဂေါ​မာ​သည်​သ​မီး​ကို​နို့​ခွဲ​ပြီး​သော​အ​ခါ ပ​ဋိ​သန္ဓေ​စွဲ​၍​သား​တစ်​ယောက်​ကို​ဖွား​မြင် ၏။-
जब उस स्त्री ने लोरुहामा का दूध छुड़ाया, तब वह गर्भवती हुई और उससे एक पुत्र उत्पन्न हुआ।
9 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ အား``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ငါ ၏​လူ​စု​မ​ဟုတ်၊ ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​သ​ခင်​မ​ဟုတ်​သော​ကြောင့်​ထို​သား ကို`ငါ့​လူ​မျိုး​မ​ဟုတ်' ဟု​နာ​မည်​မှည့်​လော့'' ဟု​မိန့်​တော်​မူ​၏။
तब यहोवा ने कहा, “इसका नाम लोअम्मी रख; क्योंकि तुम लोग मेरी प्रजा नहीं हो, और न मैं तुम्हारा परमेश्वर रहूँगा।”
10 ၁၀ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ပင်​လယ်​ထဲ​မှ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​မ​တိုင်း​မ​တာ နိုင်​လောက်​အောင်​များ​ပြား​ကြ​လိမ့်​မည်။ ယ​ခု အ​ခါ​၌​ဘု​ရား​သ​ခင်​က​သူ​တို့​အား``သင် တို့​သည်​ငါ​၏​လူ​စု​မ​ဟုတ်'' ဟု​မိန့်​တော်​မူ သော်​လည်း​နောင်​တစ်​နေ့​တွင်``သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏'' ဟု​မိန့်​တော် မူ​လိမ့်​မည်။-
१०तो भी इस्राएलियों की गिनती समुद्र की रेत की सी हो जाएगी, जिनका मापना-गिनना अनहोना है; और जिस स्थान में उनसे यह कहा जाता था, “तुम मेरी प्रजा नहीं हो,” उसी स्थान में वे जीवित परमेश्वर के पुत्र कहलाएँगे।
11 ၁၁ ယု​ဒ​ပြည်​သား​တို့​နှင့်​ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ပြန်​လည်​ပေါင်း​စည်း​ကြ​လိမ့် မည်။ သူ​တို့​သည်​သူ​တို့​အ​တွက်​ခေါင်း​ဆောင် တစ်​ဦး​ကို​ရွေး​ကောက်​တင်​မြှောက်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​တွင်​ကြီး​ပွား တိုး​တက်​လာ​ကြ​လိမ့်​မည်။ ယေ​ဇ​ရေ​လ​နေ့ သည်​နေ့​ကြီး​ရက်​ကြီး​ဖြစ်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
११तब यहूदी और इस्राएली दोनों इकट्ठे हो अपना एक प्रधान ठहराकर देश से चले आएँगे; क्योंकि यिज्रेल का दिन प्रसिद्ध होगा।

< ဟောရှေ 1 >