< Nahumu 2 >

1 Kua tae ake te kaiwawahi ki tou aroaro: tiakina te pa, tuteia te ara, kia kaha tou hope, kia u rawa tou kaha.
ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာ ပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့် လော့။ ကိုယ်ခါးကို ခိုင်ခံ့စေလော့။ ကျပ်ကျပ်အား ယူလော့။
2 No te mea ka whakahokia mai e Ihowa te kororia o Hakopa, me te kororia o Iharaira: kua takoto kau hoki ratou i nga kaiwhakatakoto kau, kua he ano a ratou manga waina i a ratou.
အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသ ရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သော သူတို့သည် ယာကုပ်အမျိုးကို သုတ်သင် ၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။
3 Kua oti te whakangungu rakau a ana marohirohi te whakawhero, he ngangana te kakahu o nga maia: kei te rino e kanapa ana te rite o nga hariata i te ra e takatu ai ia, a ko nga tao wiri rawa.
သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင်၍၊ နီသော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထား တို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။
4 Ngana tonu nga hariata i nga ara, taututetute ana ki a ratou ano i nga waharoa: ko to ratou ahua ano he roherohe, e rere ana me he uira.
ရထားတို့သည် လမ်း၌ ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရူးအဆင်း အရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။
5 Ka mahara ia ki ana metararahi: ka tapatu ratou i a ratou e haere ana; ka hohoro ratou ki to reira taiepa, a ka rite te arai.
စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင် အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။
6 Ka whakatuwheratia nga kuwaha o nga awa, ka papahoro te whare kingi.
မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။
7 Na kua tu tahanga a Huhapa, kua maua atu ia, a ka tangi ana pononga wahine, ko te reo koia ano kei to te kukupa, ko o ratou uma hei timipera ma ratou.
အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။
8 Ko Ninewe ia, ko tona rite mai onamata, kei te puna wai: heoi ka tahuti ratou; ka karanga, E tu, e tu; heoi e kore tetahi e titiro whakamuri.
ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန်၍ မကြည့်။
9 Pahuatia te hiriwa, pahuatia te koura: kahore hoki he mutunga o nga rawa, o te kororia i roto i nga taonga ahuareka katoa.
ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ် သက်ဘွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။
10 Kua takoto kau ia, kahore ana mea, moti rawa; harotu kau te ngakau, kei te aki ano nga turi ki a raua, he nui te mamae kei nga hope katoa, kua koma nga mata o ratou katoa.
၁၀မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက် ရှိကြ၏။
11 Kei hea te nohoanga o nga raiona? te wahi kai a nga kuao raiona? te wahi i haereere ai te raiona, me te raiona katua, me te kuao raiona, te ai he kaiwhakawehi?
၁၁ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျို စားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာ ရှိသနည်း။
12 I haehaea mai e te raiona he mea e makona ai ana kuao, notia ana e ia te kaki hei mea ma ana raiona uha, whakakiia ana e ia ona rua ki te kai, ona nohoanga hoki ki te mea i haehaea.
၁၂ခြင်္သေ့သည် သားငယ်များတို့ ကိုက်ဖြတ်လျက်၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက်၊ လုယူဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့၍ မိမိမှီခိုရာတွင်းတို့ကို ပြည့် စေတတ်၏။
13 Nana, hei hoariri tenei ahau mou, e ai ta Ihowa o nga Mano, ka tahuna ano e ahau ana hariata i roto i te paowa, ka pau au kuao raiona i te hoari: ka kore i ahau he haehaenga mau i runga i te whenua, e kore ano te reo o au karere e rangona a muri ake nei.
၁၃ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင်၏ရထား တို့ကို မီးခိုးထဲမှာ မီးရှို့မည်။ သင်၏ခြင်္သေ့ပျိုတို့ကို ထား ဖြင့် ဖျက်ဆီးမည်။ သင်လုယူသော ဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည်။ သင်၏သံတမန်တို့ စကားသံကို နောက် တဖန် အဘယ်သူမျှ မကြားရ။

< Nahumu 2 >