< Mika 1 >

1 Ko te kupu a Ihowa i puta mai ki a Mika Morahati i nga ra o nga kingi o Hura, ara o Iotama, o Ahata, o Hetekia, ko tana i kite ai mo Hamaria raua ko Hiruharama.
ယုဒရှင်ဘုရင်ယောသံမင်း၊ အာခတ်မင်း၊ ဟေဇ ကိမင်းတို့လက်ထက်၌ မောရရှရွာသားမိက္ခာသည် ရှမာရိ မြို့နှင့် ယေရုရှလင်မြို့အဘို့ ခံရသော ထာဝရဘုရား၏ ဗျာဒိတ်တော်ဟူမူကား၊
2 Whakarongo e nga iwi, e koutou katoa; kia whai taringa mai, e te whenua, me nga mea katoa i roto i a koe: ko te Ariki, ko Ihowa hei whakaatu i to koutou he, ko te Ariki mai i tona temepara tapu.
အိုလူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ အရှင် ထာဝရဘုရားတည်းဟူသော သန့်ရှင်းသော ဗိမာန်တော် ထဲက ဘုရားရှင်သည် သင်တို့ တဘက်၌ သက်သေ ခံတော်မူမည်။
3 No te mea, nana, kei te puta mai a Ihowa i tona wahi, ka heke iho ia, ka takahi ki runga ki nga wahi tiketike o te whenua.
ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက်၍၊ မြင့်သော မြေ အရပ်တို့ကို နင်းတော်မူမည်။
4 A ka rewa nga maunga i raro i a ia, ka ngatata nga raorao, ka rite ki te waki i mua i te ahi, ki nga wai i ringihia ki te wahi paripari.
မီးရှေ့မှာ ဘယောင်းကဲ့သို့၎င်း၊ ချောက်ကြီးမှ ဆင်းသော ရေကဲ့သို့၎င်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။
5 Mo te he o Hakopa tenei katoa, mo nga hara o te whare o Iharaira. He aha te he o Hakopa? he teka ianei ko Hamaria? He aha ano hoki nga wahi tiketike o Hura? he teka ianei ko Hiruharama?
ထိုအမှုသည် ယာကုပ်လွန်ကျူး၍ ဣသရေလ အမျိုး ပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူးရာကား အဘယ်သို့နည်း။ ရှမာရိမြို့မဟုတ် လော။ ယုဒ၏မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ရှိသည်မဟုတ်လော။
6 Mo reira ka meinga e ahau a Hamaria kia rite ki te puranga o te mara, ki nga whakatokanga hoki o te mara waina; ka ringihia iho ano e ahau ona kohatu ki raro ki te raorao, a ka hurahia e ahau ona turanga.
ထိုကြောင့်၊ ရှမာရိမြို့ကို လယ်ပြင်၌ မြေပုံကဲ့သို့၎င်း၊ စပျစ်ဥယျာဉ် စိုက်ရာအရပ်ကဲ့သို့၎င်း ငါဖြစ်စေ မည်။ မြို့ရိုးကျောက်တို့ကို ချိုင့်ထဲသို့ သွန်ပစ်၍၊ မြို့ရိုး အမြစ်ကို လှန်ပြမည်။
7 A ka wawahia ana whakapakoko, mongamonga ana, ka tahuna hoki ona utu katoa ki te ahi, a ka takoto kau i ahau ana whakapakoko katoa: he mea amene hoki nana ki te utu a te wahine kairau, a ka hoki atu ano hei utu ki te wahine kairau.
ခပ်သိမ်းသော ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့မည်။ သူငှါးလုပ်၍ ရသမျှသောအခတို့ကို မီးရှို့မည်။ မှားသော ဘုရားရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းမည်။ ပြည်တန်ဆာ လုပ်၍ ဥစ္စာကို ဆည်းဖူးသည်ဖြစ်၍၊ ထိုဥစ္စာသည် ပြည် တန်ဆာလက်သို့ တဖန်ရောက်ရဦးမည်။
8 Mo reira ka tangi ahau, ka aue, ka haere ahau, tihore rawa nga kakahu, tahanga kau: ka rite taku tangi ki ta nga kuri mohoao, taku uhunga ki ta nga otereti.
ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည်။ အဝတ်ကိုချွတ်၍ အချည်းစည်း လည်သွားမည်။ မြေခွေး ကဲ့သို့ အူလျက်၊ ကုလားအုပ်ငှက်ကဲ့သို့ မြည်လျက်နေမည်။
9 No te mea ko ona patunga e kore e mahu; kua tae rawa nei hoki ki a Hura; kua tae ki te kuwaha o taku iwi, ara ki Hiruharama.
သူခံရသော ဒဏ်နာမပျောက်နိုင်။ ယုဒပြည် အောင် ကူးသဖြင့်၊ ငါ၏အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ။
10 Kaua e whakaaturia ki Kata, kaua rawa e tangi: kua okeoke ahau i roto i te puehu i Petere Apara.
၁၀ဂါသမြို့၌ သိတင်းမပြောကြနှင့်။ အလျှင်းမငို ကြွေးကြနှင့်။ ဗေသောဖရာမြို့မှာ မြေမှုန့်၌ လူးလဲလျက် နေကြလော့။
11 Haere atu korua, e te wahine e noho ana i Hapiri, i te takoto tahanga, i te whakama: kahore ano te wahine e noho ana i Taanana i puta mai; ka tangohia atu i a koutou e te tangihanga o Peteetere tona turanga.
၁၁အိုရှဖိရမြို့သမီး၊ အဝတ်ကို ချွတ်၍ အရှက်ကွဲ လျက် သွားလော့။ ဇာနန်မြို့သမီးသည် ငိုကြွေးခြင်းကို ပြုလျက်မထွက်ရ။ ဗေသဇေလမြို့သည် သင်တို့တည်းခို ရသော အခွင့်ကို မပေးရ။
12 I tatari hoki te wahine e noho ana i Maroto ki te pai, me te manukanuka ano; no te mea kua heke iho te kino i a Ihowa ki te kuwaha o Hiruharama.
၁၂မာရုတ်မြို့သမီးသည်လည်း ကောင်းသောအရာ ကို တောင့်တ၍ နာကျင်လျက်ရှိ၏။ အကြောင်းမူကား၊ ထာဝရဘုရားထံတော်မှ ဘေးဒဏ်သည် ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ။
13 Whakamaua te hariata ki te hoiho tere, e te wahine e noho ana i Rakihi: ko ia te timatanga o te hara o te tamahine a Hiona; kua kitea na hoki nga he o Iharaira i roto i a koe.
၁၃အိုလာခိရှမြို့သမီး၊ လျင်မြန်သော မြင်းကို ရထား၌ကလော့။ သင်သည် ဣသရေလ၏ လွန်ကျူးခြင်း ကို လက်ခံ၍၊ ဇိအုန်သတို့သမီးအား အပြစ်လမ်းကို ပြသ တည်း။
14 Mo reira ka hoatu e koe he hakari poroporoaki ki Morehetekata: hei mea teka nga whare o Akatipi ki nga kingi o Iharaira.
၁၄ထိုကြောင့် သင်သည် ဂါသပြည် မောရရှက်မြို့ သို့ လက်ဆောင်ကို ပေးလိုက်ရမည်။ အာခဇိပ်မြို့သားတို့ သည် ဣသရေလရှင်ဘုရင်တို့ကို လှည့်စားကြလိမ့်မည်။
15 Tenei ake ka kawea atu e ahau ki a koe, e te wahine e noho ana i Mareha, te tangata e whiwhi ki a koe: ka tae te kororia o Iharaira ki Aturama ra ano.
၁၅အိုမရေရှမြို့သမီး၊ သင်၏ဥစ္စာကို အမွေခံသော သူကို ငါခေါ်ခဲ့မည်။ သူသည် ဣသရေလဘုန်း၊ အဒုလံ မြို့သို့ ရောက်လိမ့်မည်။
16 Moremorea tou mahunga, kutikutia hoki, mo au tamariki i ahuareka ai; whakanuia tou pakira kia rite ki to te ekara; kua mawehe atu hoki ratou i a koe, kua whakaraua.
၁၆ချစ်ဘွယ်သော သင်၏သားသမီးတို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့်၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကို ရိတ်၍နေလော့။ ရွှေ လင်းတကဲ့သို့ ကျယ်စွာသော ခေါင်းပြောင်ခြင်းကို ပြုလော့။

< Mika 1 >