< 2 Hamuera 13 >

1 Muri iho i enei mea, na he tuahine to Apoharama tama a Rawiri, ko Tamara te ingoa, he attahua; a i arohaina ia e Amoanono tama a Rawiri.
ဒါဝိဒ် ၏သား အဗရှလုံ ၌ တာမာ အမည် ရှိသောအဆင်း လှသော နှမ တယောက်ရှိ ၏။ ဒါဝိဒ် ၏သား အာမနုန် သည် ထိုနှမ ကို ချစ် လေ၏။
2 Na ngaua kinotia ana a Amanono, no ka mate ia mo tona tuahine, mo Tamara, he wahine hoki ia, a ki te whakaaro o Amanono he he rawa ki te meatia tetahi mea ki a ia.
ချစ်အားကြီးသောကြောင့်နာ ၍နေ၏။ နှမတော်သည် အပျို ကညာဖြစ်၏။ သူ ၌ အဘယ်သို့အလို ပြည့်စုံမည်ကို အာမနုန် သည် ကြံ၍မရနိုင်။
3 He hoa ia to Amanono, tona ingoa ko Ionarapa, he tama na Himea, na tetahi o nga tuakana o Rawiri; he tangata murere rawa ano a Ionarapa.
ဒါဝိဒ် အစ်ကို ရှိမာ သား ယောနဒပ် သည် အာမနုန် ၏ အဆွေ ခင်ပွန်းဖြစ်၏။ ထိုယောနဒပ် သည် လိမ္မာ သောသူဖြစ်၏။
4 Na ka mea ia ki a ia, He aha koe, e te tama a te kingi, i penei ai te kikokore i tenei ata, i tenei ata? e kore ianei koe e whakaatu ki ahau? Ano ra ko Amanono ki a ia, E aroha ana ahau ki a Tamara, ki te tuahine o Apoharama, o toku teina.
ကိုယ်တော် သည် ရှင်ဘုရင် ၏ သား တော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ပိန်ချုံး တော်မူသနည်း။ ကျွန်တော် ကို မ ပြော ချင်သလော ဟုမေး လျှင် ၊ အာမနုန် က၊ ငါ့ ညီ အဗရှလုံ ၏ နှမ တာမာ ကို တပ်သောစိတ် ရှိသည်ဟု ပြန်ပြော ၏။
5 Na ka mea a Ionarapa ki a ia, Takoto i runga i tou moenga, ka whakamatemate hoki i a koe, a ka tae mai tou papa kia kite i a koe, na ka mea ki a ia, Kia haere mai toku tuahine, a Tamara ki te whangai i ahau ki te kai, ki te taka hoki i te kai i t aku tirohanga, kia kite atu ai ahau, kia kai ai i ta tona ringa.
ယောနဒပ် ကလည်း ၊ ခုတင် ပေါ် မှာ တုံးလုံး နေ၍ နာ ဟန်ဆောင်ပါ။ ခမည်းတော် သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အကျွန်ုပ် နှမ တာမာ လာ ၍ ကျွေးမွေး ပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင် ၍ သူ လက် ၌ စား ရမည်အကြောင်း၊ အကျွန်ုပ် ရှေ့ မှာ ချက် ပါစေဟု အခွင့်တောင်း ရမည်ဟု အကြံပေးသည် အတိုင်း၊
6 Heoi ka takoto a Amanono, ka whakamatemate; a, i te taenga mai o te kingi kia kite i a ia, ka mea a Amanono ki te kingi, Tena kia haere mai a Tamara, toku tuahine ki te hanga i etahi keke i taku tirohanga, kia rua, a ka kai ahau i ta tona ringa.
အာမနုန် သည် တုံးလုံး နေ၍ နာ ဟန်ပြု၏။ ရှင် ဘုရင်သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အာမနုန် က၊ အကျွန်ုပ် နှမ တာမာ လာ ပါစေ။ သူ လက် ၌ အကျွန်ုပ်သည် စား ရမည်အကြောင်း ၊ အကျွန်ုပ် ရှေ့ မှာ မုန့်ပြား နှစ် ပြားကို လုပ် ပါစေဟု ရှင်ဘုရင် အား အခွင့်တောင်း လေ၏။
7 Katahi ka tono tangata a Rawiri ki te whare ki a Tamara, ka mea, Tena, haere ki te whare o tou tungane, o Amanono, ki te taka kai mana.
ဒါဝိဒ် သည်လည်း တာမာ အိမ် သို့ လူကို စေလွှတ်၍၊ သင် ၏မောင် အာမနုန် အိမ် သို့ သွား ပြီးလျှင် စားစရာ ကို ချက် ပေးပါဟု မှာလိုက် သည်အတိုင်း၊
8 Heoi haere ana a Tamara ki te whare o tona tungane, o Amanono, a i te takoto tera: na ka mau ia ki te paraoa, a pokepokea ana, hanga ana hei keke i tana tirohanga, na tunua ana e ia nga keke.
တာမာ သည် မောင် အာမနုန် အိမ် သို့ သွား ၍ အာမနုန်သည် တုံးလုံး နေ၏။ တာမာသည် မုန့်ညက် ကို ယူ ၍ နယ် ပြီးမှ ၊ မောင်ရှေ့ မှာ မုန့်ပြား တို့ကို လုပ် ၍ ဖုတ် လေ၏။
9 Na kua mau ia ki te parai, ringihia ana e ia ki tona aroaro: heoi ka whakaparahako tera ki te kai. Na ka mea a Amanono, Kia mawehe katoa atu nga tangata i ahau. Na ka mawehe katoa nga tangata i a ia.
ပုကန်ပြား ကိုလည်း ယူ ၍ အာမနုန်ရှေ့ မှာ လောင်း ထားသော်လည်း သူသည်မ စားဘဲ လူ အပေါင်း တို့ကို ငါ့ ထံမှ ထွက်သွား စေဟုဆို သဖြင့် ၊ လူ အပေါင်း တို့သည် ထွက်သွား ကြ၏။
10 Na ka mea a Amanono ki a Tamara, Maua ake te kai na ki te whare moenga, a ma tou ringa ahau e whangai. Na ka mau a Tamara ki nga keke i hanga e ia, a kawea ana ki a Amanono, ki tona tungane, ki te whare moenga.
၁၀တာမာ အား လည်း ၊ သင့် လက် ၌ ငါစား ရအောင် အခန်း ထဲသို့ ယူ ခဲ့လော့ဟုဆို သည်အတိုင်း ၊ တာမာ သည် မိမိလုပ် သော မုန့်ပြား တို့ကို ယူ ၍ မောင် အာမနုန် ရှိရာအခန်း ထဲသို့ ဝင် လေ၏။
11 A, i tana kawenga ki a ia kia kainga, na ka hopu tera i a ia, ka mea, Haere mai, taua ka takoto tahi, e toku tuahine.
၁၁ထိုသို့အာမနုန်စားစရာဘို့ ယူ ခဲ့သောအခါ ၊ သူသည် နှမလက်ကို ဆွဲ ၍၊ ငါ့ နှမ ၊ ငါ နှင့် အိပ် ပါဟု ဆို ၏။
12 Na ka mea ia ki a ia, Kauaka, e toku tungane, kaua ahau e whakaititia, kahore hoki he mahi penei i roto i a Iharaira; kati ra tenei mahi wairangi.
၁၂တာမာကလည်းမ ပြုပါနှင့် ငါ့ မောင်။ ငါ့ ကိုမ ရှုတ်ချ ပါနှင့်။ ဣသရေလ အမျိုး၌ ဤသို့ သောအမှုကို မ ပြု သင့်၊ ဤ အမှု ဆိုးကို မ ပြု ပါနှင့်။
13 Ko ahau hoki, kei hea he hunanga mo toku whakama? a ka rite koe ki tetahi o te hunga wairangi o Iharaira. Engari ra korero ki te kingi; e kore hoki ahau e kaiponuhia e ia ki a koe.
၁၃ပြုလျှင်ငါ သည် ရှက် ခြင်းနှင့် အဘယ် သို့ကင်းလွတ် မည်နည်း။ သင် သည်လည်း ဣသရေလ အမျိုး၌ လူမိုက် ကဲ့သို့ ဖြစ် လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင် ကို လျှောက် ပါလော့။ လျှောက်လျှင်မ ပေးစားဘဲ နေတော် မ မူပါဟု ပြောဆို သော်လည်း၊
14 Heoi kihai ia i pai ki te whakarongo ki tona reo: na he kaha rawa ia i a ia, a whakaititia ana ia e ia, a takotoria ana e ia.
၁၄အာမနုန်သည် နား မ ထောင်။ နှမ ထက် အားကြီး သဖြင့် အနိုင် ပြု၍ အိပ် လေ၏။
15 Katahi ka nui atu te kino i kino ai a Amanono ki a ia; nui atu te kino i kino ai ia ki a ia i te aroha i aroha ai ia ki a ia. A ka mea a Amanono ki a ia, Whakatika, haere.
၁၅တဖန် အာမနုန် သည် နှမကိုအလွန် မုန်း ပြန်၏။ အရင်ချစ် အားကြီး သည်ထက် မုန်း အားသာ၍ကြီး သဖြင့် ၊ သင်ထ ၍သွား တော့ဟုဆို ၏။
16 Na ka mea tera ki a ia, Kahore he rawa; nui atu te kino o tenei tononga i ahau i tera i meatia e koe ki ahau. Otiia kihai ia i pai ki te whakarongo ki a ia.
၁၆နှမကလည်း အကြောင်း မ ရှိပါ။ ငါ ၌ ပြု ဘူးသော အပြစ်ထက် ယခု နှင်ထုတ် သော အပြစ် သာ၍ကြီး သည် ဟု ဆို သော်လည်း ၊ အာမနုန်သည် နား မ ထောင်။
17 Katahi ka karangatia e ia tana tangata i mahi nei ki a ia, a ka mea, Tonoa atu tenei wahine i toku aroaro ki waho, whakarawatia hoki te tatau i muri i a ia.
၁၇အစေခံ ကျွန် တယောက်ကို ခေါ် ၍ ဤ မိန်းမကို နှင်ထုတ် လော့။ သူ နောက် မှာ တံခါးကျင် ထိုးလော့ဟု စီရင် ၏။
18 Na he kakahu purepure to te wahine, he pera hoki nga koroka i kakahuria ai nga tamahine wahine a te kingi. Katahi ka kawea ia e tana tangata ki waho, a whakarawatia ana te tatau i muri i a ia.
၁၈အပျို ကညာဖြစ်သော ရှင်ဘုရင် ၏ သမီး တော် ဝတ် တတ်သည်အတိုင်း၊ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဝတ်လျက်ရှိသောတာမာကို အစေခံ ကျွန်သည် နှင်ထုတ် ၍ သူ နောက် မှာ တံခါးကျင် ထိုးလေ၏။
19 Na ka opehia e Tamara he pungarehu ki runga ki tona matenga, a haea ana e ia tona kakahu purepure, taupokina iho ona ringa ki runga ki tona matenga, a haere ana, me te aue haere.
၁၉တာမာ သည်လည်း ခေါင်း ပေါ် မှာ ပြာ ကိုတင် ၍ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဆုတ် ပြီးမှ ၊ ခေါင်း ပေါ် ၌ လက် တင် ၍ ငိုကြွေး လျက် ပြန် သွား၏။
20 Na ka mea a Apoharama tona tungane ki a ia, I a koe tou tungane a Amanono? tena, noho puku, e toku tuahine; ko tou tungane hoki ia, kaua tou ngakau e mea ki tenei mea. Na noho ana a Tamara, whakapouaru ana i te whare o tona tungane, o Apoharama.
၂၀မောင်ရင်း အဗရှလုံ ကလည်း ၊ ငါ့အစ်ကို အာမနုန် သည် သင် နှင့်အတူ ရှိ ပြီလော။ သို့သော်လည်း ငါ့ နှမ တိတ်ဆိတ် စွာ နေလော့။ သူ သည် သင် ၏မောင် ဖြစ်၏။ ဤ အမှု ကို မ မှတ် နှင့်ဟုဆို သော်၊ တာမာ သည် မိမိ မောင် အဗရှလုံ အိမ် ၌ ဆိတ်ညံ စွာနေ၏။
21 I te rongonga ia o Kingi Rawiri i enei mea katoa, nui rawa tona riri.
၂၁ဒါဝိဒ် မင်းကြီး သည် ထို အမှု အလုံးစုံ ကို ကြားသိ သောအခါ ၊ အလွန် အမျက် ထွက်၏။
22 Na kahore a Apoharama kupu ki a Amanono, ahakoa pai, ahakoa kino: e mauahara ana hoki a Apoharama ki a Amanono, mona i whakaiti i tona tuahine i a Tamara.
၂၂အဗရှလုံ သည် အစ်ကိုအာမနုန် အား ကောင်း သောစကား၊ မကောင်း သောစကားကိုမ ပြော။ သို့ရာတွင်နှမ တာမာ ကို ရှုတ်ချ သောကြောင့် အငြိုး ထား၏။
23 A, e rua rawa tau i muri, na he kaikutikuti hipi a Apoharama i Paara Hatoro, i te taha o Eparaima, a karangatia ana e Apoharama nga tama katoa a te kingi.
၂၃ထိုနောက် နှစ် နှစ်စေ့သောအခါ အဗရှလုံ သည် ဧဖရိမ် မြို့အနား ၊ ဗာလဟာဇော် ရွာမှာ သိုးမွေး ညှပ်ပွဲကို ခံ၍ ရှင်ဘုရင် ၏သား တော်အပေါင်း တို့ကို ခေါ်ဘိတ် လေ၏။
24 Na ka haere a Apoharama ki te kingi, a ka mea, Nana, he kaikutikuti enei a tau pononga, na kia haere te kingi ratou ko ana pononga hei hoa mo tau pononga.
၂၄အဗရှလုံ သည်လည်း ရှင်ဘုရင် ထံ တော်သို့သွား ၍ ၊ ကိုယ်တော် ကျွန် သည် သိုးမွေး ညှပ်ပွဲကို ခံပါ၏။ ကျွန် များ တို့ကို ခေါ်၍ကိုယ်တော် ကျွန် နှင့်အတူ ကိုယ်တော်တိုင် ကြွ တော်မူပါဟု လျှောက်လျှင်၊
25 Na ka mea te kingi ki a Apoharama, Kauaka, e taku tama, kaua matou katoa e haere, kei taimaha koe i a matou. Na tohe ana ia ki a ia: otiia kihai tera i pai ki te haere; engari i manaaki i a ia.
၂၅ရှင် ဘုရင်ကမ သွား သင့်ငါ့ သား ၊ လူအပေါင်း တို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆို သဖြင့် ၊ အဗရှလုံသွေးဆောင် သော်လည်း ကိုယ်တော်တိုင် မ လိုက် ဘဲ ကောင်းကြီး ပေး၏။
26 Katahi ka mea a Apoharama, Ki te kore, tukua toku tuakana a Amanono, kia haere tahi matou. Na ka mea te kingi, Kia haere ia i a koe hei aha?
၂၆အဗရှလုံ ကလည်း ၊ လိုက်တော်မ မူလျှင် ၊ နောင်တော် အာမနုန် လိုက် ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင် ဘုရင်က အဘယ်ကြောင့် လိုက် စေရမည်နည်းဟု ဆို သော်လည်း၊
27 Ka tohe ia a Apoharama ki a ia, a ka tukua e ia a Amanono ratou ko nga tama katoa a te kingi hei hoa mona.
၂၇အဗရှလုံ ပူဆာ သောကြောင့် အာမနုန် မှစ၍ သား တော်ရှိသမျှ လိုက်ရသောအခွင့်ကိုပေး တော်မူ၏။
28 Na i whakahau a Apoharama i ana tangata, i mea, E kite koutou i te ngakau o Amanono e koa ana i te waina, a ka mea ahau ki a koutou, Patua a Amanono, na me whakamate, kaua e wehi; he teka ianei naku koutou i whakahau? kia maia, kia toa.
၂၈အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊
29 A rite tonu ta nga tangata a Apoharama i mea ai ki a Amanono ki ta Apoharama i whakahau ai. Katahi ka whakatika katoa nga tama a te kingi, a eke ana ki tona muera, ki tona muera, a rere ana.
၂၉သူတို့သည် အာမနုန် ကို ပြု ကြ၏။ ထိုအခါ ရှင်ဘုရင် ၏ သား တော်အပေါင်း တို့သည် ထ ၍ လား ကို စီး လျက် ပြေး သွားကြ၏။
30 I a ratou ano i te ara, ka tae te rongo ki a Rawiri, ka korerotia, Kua patua e Apoharama nga tama katoa a te kingi, kihai hoki tetahi o ratou i mahue.
၃၀သူ တို့မရောက်မှီအခြားသူလာ ၍၊ အဗရှလုံ သည် အရှင်မင်းကြီး ၏သား တော်အပေါင်း တို့ကိုသတ် ပါပြီ။ တယောက် မျှမ ကျန်ကြွင်း ပါဟု နားတော်လျှောက် လေ၏။
31 Katahi ka whakatika te kingi, a haea ana e ia ona kakahu, takoto ana ki te whenua; me te tu ano ana tangata katoa, he mea haehae nga kakahu.
၃၁ရှင် ဘုရင်သည်ထ ၍ အဝတ် တော်ကို ဆုတ် လျက် မြေ ပေါ် မှာ တုံးလုံး နေ၏။ ကျွန် တော်အပေါင်း တို့ သည်လည်း၊ မိမိတို့အဝတ် ကို ဆုတ် လျက် အနား တော်၌ နေကြ၏။
32 Na ka oho a Ionarapa tama a Himea, a te tuakana o Rawiri, ka ki, Kei mea toku ariki, ko nga taitama katoa, ko nga tama a te kingi kua whakamatea nei; engari ko Amanono anake i mate: ko ta Apoharama hoki tenei i karanga ai, he mea whakatakoto no te ra ano i whakaiti ai tera i tona tuahine, i a Tamara.
၃၂ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနဒပ် က၊ အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့ကိုသတ် လေပြီဟူသောစကားကို ယုံ တော်မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ပါပြီ။ အဗရှလုံနှမ တာမာ ကို အာမနုန်သည် ရှုတ်ချ သောနေ့ မှစ၍ ဤအမှုကိုသူ၏ မောင်စီရင် ပါပြီ။
33 Na, tena, kaua te ngakau o toku ariki, o te kingi e mea ki taua mea, e whakaaro, Ko nga tama katoa a te kingi kua mate: kahore, ko Amanono anake i mate.
၃၃ယခု မှာ ကျွန်တော် သခင် အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့သည် သေ ကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ၍ အဗရှလုံ လည်း ပြေး ပါလိမ့်မည်ဟု လျှောက် လေ ၏။
34 Rere ana ia a Apoharama. Na, ko te marangatanga o nga kanohi o te tamaiti e tutei atu ana, ka titiro, na he nui te hunga e haere mai ana i te ara i te taha o te puke i tona tuara.
၃၄ထိုအခါ ကင်းစောင့် လုလင် သည် မြော် ကြည့် ၍ ၊ မိမိ နောက် ၌ တောင် ခြေရင်း လမ်း မှာ လူ များ လာ သည်ကို မြင် ၏။
35 Na ka mea a Ionarapa ki te kingi, Nana, ko nga tama a te kingi te haere mai nei; e rite ana ki ta tau pononga i mea ai.
၃၅ယောနဒပ် ကလည်း ၊ အရှင်မင်းကြီး ၏သား တော်တို့သည် လာ ကြပါပြီ။ ကိုယ်တော် ကျွန် ပြောသောစကား မှန် ပါ၏ဟု လျှောက် သည် အဆုံး ၌၊
36 Mutu kau tana korero, na ko te haerenga mai o nga tama a te kingi, a nui atu to ratou reo ki te tangi: a nui atu te tangi i tangi ai te kingi ratou ko ana tangata katoa.
၃၆ရှင်ဘုရင် ၏သား တော်တို့သည် ရောက် လာ၍ အသံ ကိုလွှင့် လျက် ငိုကြွေး ကြ၏။ ရှင်ဘုရင် နှင့် ကျွန် တော်အပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။
37 Rere ana ia a Apoharama, a haere ana ki a Taramai tama a Amihuru, kingi o Kehuru. Ko Rawiri ia, tangihia ana e ia tana tama i nga ra katoa.
၃၇အဗရှလုံ သည် ပြေး ၍ ဂေရှုရ မင်းကြီး အမိဟုဒ် သား တာလမဲ ထံသို့ သွား ၏။ ဒါဝိဒ်သည် မိမိ သား ကြောင့် နေ့ တိုင်းငိုကြွေး မြည်တမ်းလေ၏။
38 Heoi rere ana a Apoharama, haere ana ki Kehuru, a e toru ona tau ki reira.
၃၈အဗရှလုံ သည် ဂေရှုရ မြို့သို့ ပြေး ပြီးမှ သုံး နှစ် နေ ၏။
39 Na ka koingo te ngakau o Kingi Rawiri kia haere ki a Apoharama: kua marie hoki ia ki a Amonono, i te mea kua mate ia.
၃၉တဖန် ဒါဝိဒ် မင်းကြီး သည် အာမနုန် သေ သောကြောင့် ၊ ထိုသူကို အောက်မေ့ သောစိတ်အားလျော့ သဖြင့် အဗရှလုံ ကို လွမ်းဆွတ် လျက်နေ၏။

< 2 Hamuera 13 >