< 2 Hamuera 12 >

1 Na ka tonoa a Natana e Ihowa ki a Rawiri: a ka tae atu ia ki a ia, ka mea ki a ia, Tokorua nga tangata i te pa kotahi; he taonga o tetahi, he rawakore tetahi.
နောက် တဖန် ထာဝရဘုရား သည် ပရောဖက်နာသန် ကို ဒါဝိဒ် ထံသို့ စေလွှတ် တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး၊ ဤမည်သောမြို့ တွင် သူဌေး တဦး ၊ ဆင်းရဲသား တဦး ရှိ ပါ၏။
2 He tini noa iho nga hipi, nga kau a te tangata taonga:
သူဌေး သည် အလွန် များစွာ သော သိုး နွား မှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
3 Hore rawa ia he mea a te rawakore; heoi ano he reme uha kotahi nei, he mea nohinohi nana i hoki mai i whangai haere; a i tupu tahi ake ratou me ana tamariki: i kai tana ake taro, i inu hoki i roto i tana ake kapu, i takoto ki tona uma; a i rite t onu he tamahine ki a ia.
ဆင်းရဲသား မူကား၊ မိမိဝယ် ၍ မွေးစား သော သိုးမ ကလေးတကောင် တည်းမှတပါး အခြားသော ဥစ္စာ မ ရှိပါ။ ထိုသိုးမကလေးသည် အရှင် နှင့် ၎င်း၊ အရှင် ၏ သားသမီး တို့နှင့် ၎င်း ပေါင်း၍ ကြီးပွား ၏။ အရှင် ၏ အစာ ကို စား တတ်၏။ အရှင် ၏ရေခွက် ၌ သောက် တတ်၏။ အရှင် ၏ ရင်ခွင် ၌ အိပ် ၍ သမီး ကဲ့သို့ ဖြစ် ၏။
4 Na ka tea he pahi ki te tangata taonga, a ka manawapa tera ki te tango i tetahi o ana hipi, o ana kau, kia taka ma te manuhuri i haere mai ki a ia; heoi tangohia ana e ia te reme a te tangata rawakore, taka ana e ia ma te tangata i haere nei ki a ia.
သူဌေး အိမ်သို့ ဧည့်သည် တဦးရောက် ၍ သူဌေးသည် ဧည့်သည် ကို လုပ်ကျွေး ဘို့ မိမိ သိုး နွား များကို နှမြော သောကြောင့်မယူ၊ ဆင်းရဲသား ၏သိုးမ ကလေးကိုယူ ၍ ဧည့်သည်ကို လုပ်ကျွေး ဘို့ ချက်ပါသည်ဟု လျှောက် လေသော်၊
5 Ko te tino muranga o te riri o Rawiri ki taua tangata, ka mea ki a Natana, E ora ana a Ihowa, e tika ana kia mate te tangata nana tenei mahi.
ဒါဝိဒ် သည် ထိုသူဌေးကိုပြင်းစွာ အမျက် ထွက် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ထိုသို့ ပြု သောသူသည် အမှန် သေ ရမည်။
6 Ko te reme hoki, kia wha ana e hoatu ai hei utu; mona i mea i tenei mea, mona hoki kihai i aroha.
ကရုဏာ စိတ်မ ရှိဘဲထို အမှု ကိုပြု သောကြောင့် ၊ ထိုသိုးမ ကလေးအတွက် လေးဆ ပြန်ပေး ရမည်ဟု မိန့် တော်မူ၏။
7 Na ka mea a Natana ki a Rawiri, Ko taua tangata ra, ko koe. Ko te kupu tenei a Ihowa, a te Atua o Iharaira, Naku koe i whakawahi hei kingi mo Iharaira, naku hoki koe i whakaora i te ringa o Haora;
နာသန် ကလည်း ၊ ထို သူ သည်ကား အခြားသူမဟုတ်။ ကိုယ်တော် ပင် ဖြစ်ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ဘိသိက် ပေး၍ သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားပြီ။ ရှောလု လက် မှ လည်း ကယ်လွှတ် ပြီ။
8 A hoatu ana e ahau te whare o tou ariki ki a koe, me nga wahine a tou ariki ki tou uma: i hoatu ano e ahau te whare o Iharaira raua ko Hura ki a koe; a mehemea i iti tenei, kua tapiritia atu e ahau mau era atu mea ano.
သင့် သခင် ၏ အဆွေအမျိုး ကို၎င်း၊ သင့် သခင် ၏ မယား တို့ကို၎င်း၊ သင် ၏ရင်ခွင် ၌ ငါအပ်ပေး ပြီ။ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးကို ငါပေး ပြီ။ ထိုအရာများ မလောက် လျှင် အခြားတပါးသောအရာရာတို့ကိုပေး ခြင်းငှါ ငါအလိုရှိ၏။
9 He aha koe i whakahawea ai ki te kupu a Ihowa? i mea ai i tenei kino i tana tirohanga? Ko Uria Hiti i patua e koe ki te hoari, a tangohia ana tana wahine hei wahine mau; ko ia hoki tukitukia ana e koe ki te hoari a nga tama a Amona.
သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။
10 Na reira e kore te hoari e whakakorea atu aianei i roto i tou whare a ake ake, mou i whakahawea ki ahau, i tango hoki i te wahine a Uria Hiti hei wahine mau.
၁၀ယခု မှာသင်သည် ငါ့ ကို မထီမဲ့မြင် ပြု၍ ဟိတ္တိ လူ၊ ဥရိယ ၏မယား ကို သိမ်း သောကြောင့် ၊ သင့် အဆွေအမျိုး တို့သည် ထား ဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
11 Ko te kupu tenei a Ihowa, Nana, ka whakaara ahau i te kino mou i roto i tou whare, a ka tango i au wahine i tau tirohanga, ka hoatu ki tou hoa, na ka takotoria e ia au wahine i te tirohanga a te ra i runga nei.
၁၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၌ ရန်ဘက် ပြုသောသူကို သင် ၏အဆွေအမျိုး တို့အထဲက ငါ ပေါ် စေမည်။ သင့် မျက်မှောက် တွင် သင် ၏မယား တို့ကို ငါယူ ၍ သင့် အိမ်နီးချင်း ၌ အပ် သဖြင့် ၊ သူသည် နေ ရှေ့ မှာ သင် ၏မယား တို့နှင့် ပေါင်းဘော် လိမ့်မည်။
12 I meatia pukutia hoki tenei mea e koe: ko ahau ia ka mea i tenei mea ki mua i a Iharaira katoa, ki mua ano i te ra.
၁၂သင် သည် ဤ အမှု ကိုမထင်မရှား ပြု သော်လည်း ၊ နေ ရှေ့ မှာ ငါ လှန်ပြ မည်ဟု ထာဝရဘုရားမိန့်တော်မူ သောစကားကိုပြန်ကြားလေ၏။
13 Na ka mea a Rawiri ki a Natana, Kua hara ahau ki a Ihowa. A ka mea a Natana ki a Rawiri, Kua kauparea atu ano tou hara e Ihowa; e kore koe e mate.
၁၃ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။
14 Otira, i te mea na tenei mahi au i whai take nui ai nga hoariri o Ihowa ki te kohukohu, he pono ka mate te tamaiti ka whanau nei ki a koe.
၁၄သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့် ၊ ကဲ့ရဲ့ စရာအခွင့်ကြီးကို ထာဝရဘုရား ၏ ရန်သူ တို့အားပေးသောကြောင့် ၊ ယခုမြင် သောသား သည် ဆက်ဆက်သေ ရမည်ဟု ဒါဝိဒ် အား လျှောက် ဆိုပြီးလျှင်၊
15 Na haere ana a Natana ki tona whare. A ka pakia e Ihowa te tamaiti a Rawiri i whanau nei i te wahine a Uria: he nui hoki te mate.
၁၅နန်း တော်မှ ထွက်သွား သောနောက် ၊ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ဥရိယ မယား တွင် ဘွားမြင် သော ဒါဝိဒ် ၏သား သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၏။
16 Na ka inoi a Rawiri ki te Atua mo te tamaiti; a nohopuku ana a Rawiri, haere ana ki roto, pau noa taua po e takoto ana i te whenua.
၁၆ဒါဝိဒ် သည် သူငယ် အတွက် ထာဝရဘုရား အား တောင်းပန် လေ၏။ အစာ ကိုရှောင်လျက် ၊ အထဲသို့ဝင် ၍ တညဉ့်လုံးမြေ ပေါ် မှာ အိပ် လျက်နေ၏။
17 Na ka whakatika nga kaumatua o tona whare ki a ia, ki te whakaara i a ia i te whenua: heoi kihai ia i pai, kihai hoki i kai tahi i ta ratou taro.
၁၇နန်းတော်သား အသက်ကြီး သူတို့သည်ထ ၍ ကိုယ်တော် ကို ချီကြွ အံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူ တို့နှင့်အတူ အစာ မ စား ဘဲနေ၏။
18 Na i te whitu o nga ra ka mate te tamaiti. A ka wehi nga tangata a Rawiri ki te mea ki a ia kua mate te tamaiti: i mea hoki ratou, Na i te mea e ora ana te tamaiti, i korero tatou ki a ia, a kihai ia i whakarongo ki to tatou reo: na, tera noa ak e te kino e mea ai ia ki a ia ano ki te korerotia e tatou ki a ia te matenga o te tamaiti.
၁၈ခုနစ် ရက် စေ့သော် သူငယ် သေ ၏။ ဒါဝိဒ် ၏ ကျွန် တို့ကလည်း ၊ သူငယ် အသက် ရှင်စဉ် အခါ ငါတို့ လျှောက် သော စကား ကိုနားထောင် တော်မ မူသည်ဖြစ်၍ ၊ သူငယ် သေ ကြောင်းကို လျှောက် လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲ တော်မူလိမ့်မည်ဟုဆို လျှက် သူငယ် သေ ကြောင်း ကို မ လျှောက် ဝံ့ကြ။
19 Otiia i kite a Rawiri i ana tangata e kowhetewhete ana ki a ratou ano, a ka mohio a Rawiri ki ana tangata, Kua mate ranei te tamaiti? A ka mea ratou, Kua mate.
၁၉သို့ရာတွင် ကျွန် တို့သည် တိုးတိုး ပြောသောစကားကို ဒါဝိဒ် သည် ကြား လျှင် ၊ သူငယ် သေ ကြောင်း ကို ရိပ်မိ သဖြင့် ၊ သူငယ် သေ ပြီလော ဟု ကျွန် တို့ကို မေး တော်မူ၏။ သူတို့ကလည်း သေ ပါပြီဟု လျှောက် ကြ၏။
20 Katahi a Rawiri ka whakatika i te whenua, ka horoi i a ia, ka whakawahi i a ia, ka tango i etahi kakahu ke mona; a haere ana ki te whare o Ihowa ki te koropiko. Katahi ka haere ia ki tona whare. Na ka tonoa e ia, a ka whakatakotoria he taro mana, a kai ana ia.
၂၀ထိုအခါ ဒါဝိဒ် သည် မြေ မှ ထ ၍ ရေချိုး ခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီးလျှင် ၊ ထာဝရဘုရား ၏ အိမ် တော်သို့သွား ၍ ကိုးကွယ် ၏။ ထိုနောက် နန်း တော်သို့ ပြန်လာ ၍ စားစရာကိုတောင်း သောအခါ ၊ ကျွန်တို့ သည် စားပွဲ တော်ကိုပြင် ၍ မင်းကြီးသည် စား တော်မူ၏။
21 Katahi ka mea ana tangata ki a ia, He aha tenei mea i mea nei koe? I nohopuku koe, i tangi ki te tamaiti i a ia e ora ana: no te matenga ia o te tamaiti, na whakatika ana koe ki te kai taro.
၂၁ကျွန် တို့ကလည်း ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ သူငယ်အသက် ရှင်စဉ်အခါ၊ သူငယ် အတွက် အစာ ရှောင်လျက် ငိုကြွေး လျက် နေတော်မူ၏။ သူငယ် သေ သောအခါ ထ ၍ စားတော်ခေါ် ပါသည်တကားဟု လျှောက် လျှင်၊
22 Ano ra ko ia, I te tamaiti e ora ana ano, i nohopuku ahau, i tangi: i mea hoki, Ko wai ka tohu, tera pea a Ihowa ka aroha ki ahau, a ka ora te tamaiti?
၂၂ဒါဝိဒ်က၊ သူငယ် အသက် ရှင်စဉ်အခါ ဘုရားသခင် သည် ငါ့ ကို သနား တော်မူ၍ ၊ သူငယ် အသက် ကို ချမ်းသာပေးတော်မူမည်မမူမည်ကို အဘယ်သူ ဆို နိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာ ရှောင်၍ ငိုကြွေး လျက်နေ၏။
23 Ko tenei, ka mate nei ia, kia nohopuku ahau hei aha? E taea ranei ia e ahau te whakahoki mai? Ko ahau e haere ki a ia, e kore ia e hoki mai ki ahau.
၂၃ယခု မှာသူငယ်သေ ပြီ။ အဘယ်ကြောင့် အစာ ရှောင်ရမည်နည်း။ သူငယ်ကိုပြန် ၍ ဆောင်ခဲ့နိုင် သလော။ သူ ရှိရာသို့ ငါ သွား ရမည်။ သူ သည် ငါ ရှိရာသို့ မ ပြန် မလာ ရဟု မိန့် တော်မူ၏။
24 Na ka whakamarie a Rawiri i tana wahine, i a Patehepa, a haere ana ki roto, ki a ia, a takoto tahi ana raua; a ka whanau ano ia, he tama, huaina iho tona ingoa ko Horomona; i arohaina ia e Ihowa;
၂၄တဖန် ဒါဝိဒ် သည် ခင်ပွန်း ဗာသရှေဘ ကို နှစ်သိမ့် စေသဖြင့် ၊ သူ့ ထံသို့ ဝင် ၍ ဆက်ဆံ လေ၏။ သူသည် လည်း သား ယောက်ျားကို ဘွားမြင် ၍ ရှောလမုန် အမည် ဖြင့် အဘမှည့် လေ၏။
25 I tono hoki ia na te ringa o Natana poropiti, a nana i hua tona ingoa ko Teriria; he whakaaro hoki ki a Ihowa.
၂၅ထာဝရဘုရား သည် ထိုသူငယ် ကိုချစ် ၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက် နာသန် ကို စေခိုင်း ၍ ယေဒိဒိ အမည် ဖြင့် မှည့် တော်မူ၏။
26 A, i whawhai ano a Ioapa ki Rapa o nga tamariki a Amona; a horo ana i a ia te pa kingi.
၂၆ယွာဘ သည်လည်း အမ္မုန် ပြည်၊ ရဗ္ဗာ မြို့ကို တိုက် ၍ မြို့ တော်ကို ရ ပြီးမှ၊
27 Na ka tono tangata a Ioapa ki a Rawiri, ka mea, Kua tauria a Rapa e ahau, ae ra, kua horo i ahau te pa o nga wai.
၂၇ဒါဝိဒ် ထံ တော်သို့လူကို စေလွှတ် ၍ ၊ ကျွန်တော်သည် ရဗ္ဗာ မြို့ကို တိုက် ၍ ကန်တော်ရှိရာမြို့ ကိုရ ပါပြီ။
28 Na, tena, huihuia te nuinga o te iwi ki te whakapae i te pa, kia riro ai i a koe: kei riro mai te pa i ahau, a noku te ingoa e huaina ki reira.
၂၈ယခု မှာကြွင်း သော လူ တို့ကို စုဝေး စေသဖြင့် ၊ မြို့ နား မှာ တပ် တော်ချ၍ တိုက် ယူတော်မူပါ။ သို့မဟုတ် ကျွန်တော် ယူ ၍ ကျွန်တော် အမည် ဖြင့် မြို့ ကို သမုတ် ကြ လိမ့်မည်ဟု လျှောက် လျှင်၊
29 Na huihuia ana te iwi katoa e Rawiri, a haere ana ki Rapa; na tauria ana a reira e ia, a riro ana i a ia.
၂၉ဒါဝိဒ် သည် လူ အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ ရဗ္ဗာ မြို့သို့ ချီသွား ၍ တိုက် ယူ လေ၏။
30 Tangohia ana e ia te karauna o to ratou kingi i tona matenga, ko tona taimaha kotahi taranata koura, a i roto nga kohatu utu nui; a potaea iho ki te matenga o Rawiri. A i whakaputaina e ia nga taonga o te pa, tona tini.
၃၀မင်းကြီး ၏သရဖူ ကို ချွတ်ယူ ၍ ခေါင်း တော်ပေါ် မှာတင်ကြ၏။ သရဖူအချိန် ကား ကျောက် မြတ် ကို မဆိုဘဲ ရွှေ အခွက် တဆယ်ရှိသတည်း။ မြို့၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။
31 Na, ko nga tangata i roto, whakaputaina ana e ia ki waho, a whakamahia ana ki nga kani, ki nga harou rino, ki nga toki rino; i meinga ano ratou kia tika na roto i te tahunga pereki. Ko tana hoki tenei i mea ai ki nga pa katoa o nga tamariki a Am ona. Na hoki ana a Rawiri te iwi katoa ki Hiruharama.
၃၁မြို့သား တို့ကိုလည်း ထုတ်ဆောင် ၍ လွှ တိုက်မှု၊ သံ ထွန် ၊ သံ ပုဆိန် နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို ၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့ သူရွာသား အပေါင်း တို့၌ ပြု ပြီးမှ ၊ လူ အပေါင်း တို့နှင့်အတူယေရုရှင်လင် မြို့သို့ ပြန် လေ၏။

< 2 Hamuera 12 >