< 2 Whakapapa 15 >

1 Na ka eke te wairua o te Atua ki runga i a Ataria tama a Orere:
ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သြ​ဒက် ၏​သား​အာ​ဇ​ရိ​အ​ပေါ်​သို့​သက်​ရောက်​၍၊-
2 Na ka haere ia ki te whakatau i a Aha, ka mea ki a ia, Whakarongo ki ahau, e Aha, koutou ko Hura katoa, ko Pineamine; kei a koutou a Ihowa, i te mea i a ia koutou. Ki te rapua hoki ia e koutou, e kitea ia e koutou. Ki te whakarerea ia e koutou ka whakarerea koutou e ia.
အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-
3 Na ka maha enei ra i kore ai te Atua pono i a Iharaira, kahore he tohunga hei whakaako, kahore he ture.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ကာ​လ ကြာ​မြင့်​စွာ​မှန်​သော​ဘု​ရား​မ​ရှိ၊ သွန်​သင် ပေး​မည့်​ယဇ်​ပု​ရော​ဟိတ်​များ​မ​ရှိ၊ တ​ရား လည်း​မ​ရှိ။-
4 I a ratou ia i te mate, ka tahuri ratou ki a Ihowa, ki te Atua o Iharaira, rapu ana i a ia, a kitea ana ia e ratou.
သို့​ရာ​တွင်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍​ကိုယ် တော်​ကို​ရှာ​သော​အ​ခါ​တွေ့​ရှိ​ကြ​၏။-
5 Kahore hoki he maunga rongo i aua wa, e haere atu ai tetahi, e haere mai ai ranei; he nui hoki nga whakararuraru o nga tangata katoa o nga whenua.
ထို​စဉ်​အ​ခါ​က​အ​တိုင်း​တိုင်း​အ​ပြည်​ပြည် တွင်​အေး​ချမ်း​သာ​ယာ​ခြင်း​မ​ရှိ​သ​ဖြင့် အ​ဘယ် သူ​မျှ​ဘေး​မဲ့​လုံ​ခြုံ​စွာ​ခ​ရီး​မ​သွား​မ​လာ နိုင်​ကြ။-
6 Kua pakaru rikiriki hoki ratou, tetahi iwi i tetahi, tetahi pa i tetahi: na te Atua hoki ratou i whakararu ki nga aitua katoa.
ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​တော်​မူ​သ​ဖြင့် တစ်​နိုင်​ငံ​က တစ်​နိုင်​ငံ​ကို​လည်း​ကောင်း၊ တစ်​မြို့​က​တစ် မြို့​ကို​လည်း​ကောင်း​ဖိ​နှိပ်​ကြ​လေ​သည်။-
7 Ko koutou ia, kia kaha; kaua o koutou ringa e ngoikore, no te mea ka whai utu ta koutou mahi.
သို့​ရာ​တွင်​သင်​တို့​သည်​အား​မာန်​တင်း​ကြ လော့။ စိတ်​အား​မ​လျော့​ကြ​နှင့်။ သင်​တို့​ပြု သည့်​အ​မှု​အ​တွက်​ကောင်း​ကျိုး​ကို​ခံ​စား ရ​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။
8 A, i te rongonga o Aha i enei kupu, i te poropititanga a Orere poropiti, ka maia ia, a whakakahoretia ana e ia nga whakapakoko whakarihariha puta noa i te whenua o Hura raua ko Pineamine, i nga pa ano hoki o te whenua pukepuke o Eparaima i riro i a ia. I whakahoutia ano hoki e ia te aata i mua i te whakamahau o Ihowa.
ဤ​သို့​သြ​ဒက်​၏​သား​အာ​ဇ​ရိ​ဆင့်​ဆို​သည့် ဗျာ​ဒိတ်​တော်​ကို​ကြား​သော​အ​ခါ အာ​သ​သည် အား​တက်​လာ​ပြီး​လျှင် ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ် မြေ​များ​နှင့်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည် ရှိ​မြို့​များ​မှ​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖယ်​ရှား​တော် မူ​၏။ မင်း​ကြီး​သည်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ပြန်​လည်​ပြု​ပြင်​တော်​မူ​၏။
9 I huihuia ano e ia a Hura katoa raua ko Pineamine, me nga manene e noho ana i a ratou o roto o Eparaima, o Manahi, o Himiona: i papahoro hoki enei ki a ia, tona tini, i roto i a Iharaira, i to ratou kitenga kei a ia a Ihowa, tona Atua.
ထာ​ဝရ​ဘု​ရား​သည် အာ​သ​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​တွေ့​မြင်​ကြ​သ​ဖြင့် ဧ​ဖ​ရိမ်၊ မ​နာ ရှေ​နှင့်​ရှိ​မောင်​နယ်​မြေ​များ​မှ​လူ​အ​မြောက် အ​မြား​အာ​သ​ဘက်​သို့​ကူး​ပြောင်း​၍​သူ​၏ နိုင်​ငံ​တော်​တွင်​လာ​ရောက်​နေ​ထိုင်​ကြ​၏။ အာ​သ သည်​ဤ​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗင်္ယာ မိန်​နှင့်​ယု​ဒ​ပြည်​သူ​တို့​ကို​လည်း​ကောင်း စု​ဝေး​ရန်​အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။-
10 Heoi huihui ana ratou ki Hiruharama i te toru o nga marama o te tekau ma rima o nga tau o te kingitanga o Aha.
၁၀သူ​တို့​သည်​အာ​သ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​တ​တိ​ယ​လ​၌ ယေ​ရု​ရှ​လင်​မြို့​တွင် စု​ဝေး​ကြ​လေ​သည်။-
11 Patua iho e ratou i taua wa ano hei whakahere ma Ihowa etahi o nga mea i riro i a ratou i te parekura, e whitu rau kau, e whitu mano hipi hoki.
၁၁ထို​နေ့​၌​သူ​တို့​သည်​မိ​မိ​တို့​ဆောင်​ခဲ့​သော လက်​ရ​ပစ္စည်း​များ​အ​နက် နွား​ခု​နစ်​ရာ​နှင့် သိုး​ခု​နစ်​ထောင်​ကို​ထာ​ဝရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​ကြ​၏။-
12 Na ka uru ratou ki te kawenata kia whakapaua o ratou ngakau, o ratou wairua ki te rapu i a Ihowa, i te Atua o o ratou matua;
၁၂သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ်​စွမ်း​ကိုယ်​စွမ်း ရှိ​သ​မျှ​နှင့်​ကိုး​ကွယ်​မည်​ဟူ​၍​ပ​ဋိ​ညာဉ် ပြု​ကြ​၏။-
13 A, ko te tangata e kore e rapu i a Ihowa, i te Atua o Iharaira, kia whakamatea, ahakoa iti, ahakoa rahi, ahakoa tana, ahakoa wahine.
၁၃ကြီး​သည်​ဖြစ်​စေ၊ ငယ်​သည်​ဖြစ်​စေ၊ အ​မျိုး​သား ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ၊ မည်​သူ​မ​ဆို ကိုယ်​တော်​အား​ကိုး​ကွယ်​ခြင်း​မ​ပြု​ပါ​က ထို​သူ​သည်​အ​သတ်​ခံ​ရ​မည်​ဖြစ်​၏။-
14 Nui atu to ratou reo ki te oati ki a Ihowa; hamama ana, tangi ana nga tetere me nga koronete.
၁၄ထို​သူ​တို့​သည်​ဤ​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း ပါ​မည်​ဟု ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​ကို တိုင်​တည်​၍​အ​သံ​ကျယ်​စွာ​သစ္စာ​ဆို​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ကြွေး​ကြော်​လျက် တံ​ပိုး ခ​ရာ​များ​ကို​မှုတ်​ကြ​ကုန်​၏။-
15 Na koa katoa a Hura ki taua oati; kua whakapaua hoki o ratou ngakau ki te oati; kua riro pu ano to ratou hiahia ki te rapu i a ia. I kitea ano ia e ratou, a ka meinga e Ihowa kia ta o ratou manawa i tetahi taha, i tetahi taha.
၁၅ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည်​စိတ်​စွမ်း​ကိုယ် စွမ်း​ရှိ​သ​မျှ​ဖြင့် ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​သ​ဖြင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။ သူ​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ဆန္ဒ​အ​ပြည့်​အ​ဝ​ဖြင့်​ဆည်း​ကပ် ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏ ဆည်း​ကပ်​မှု​ကို​လက်​ခံ​၍​အ​ရပ်​ရပ်​၌​ငြိမ်း ချမ်း​သာ​ယာ​စေ​တော်​မူ​၏။
16 Na ko Maaka ano, ko te whaea o Kingi Aha, whakamutua ake e ia tona kuinitanga, mona i hanga i te whakapakoko whakarihariha hei Ahera; tapahia iho hoki e Aha tana whakapakoko, tukia ana kia ririki, tahuna ake ki te taha o te awa o Kitirono.
၁၆အာ​သ​မင်း​သည်​မိ​မိ​၏​အ​ဘွား​တော်​မာ​ခါ ၏​ထံ​တော်​မှ မယ်​တော်​ဘု​ရင်​မ​ရာ​ထူး​ကို​နှုတ် သိမ်း​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ သည်​မြေ​သြ​ဇာ​ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ​အာ​ရှ​ရ ဘု​ရား​မ​အား​ကိုး​ကွယ်​ရန် အ​တွက်​ရှု​မ​ကောင်း မြင်​မ​ကောင်း​သော​ရုပ်​တု​ကို​ပြု​လုပ်​ထား​သော ကြောင့်​ဖြစ်​၏။ အာ​သ​သည်​ထို​ရုပ်​တု​ကို အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ကာ ကေ​ဒြုန်​ချိုင့်​ဝှမ်း တွင်​မီး​ရှို့​စေ​တော်​မူ​၏။-
17 Otiia kihai i whakakorea nga wahi tiketike i roto i a Iharaira. He ahakoa ra, i tapatahi te ngakau o Aha i ona ra katoa.
၁၇ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​မ​ဖျက် ဆီး​သော်​လည်း အာ​သ​သည်​တစ်​သက်​လုံး ထာ​ဝရ​ဘု​ရား​ကို​သစ္စာ​စောင့်​တော်​မူ​လေ သည်။-
18 I kawea hoki e ia ki te whare o te Atua nga mea i whakatapua e tona papa, me nga mea i whakatapua e ia ano, te hiriwa, te koura, me nga oko.
၁၈သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သ​မျှ​သော​တန်​ဆာ​တို့​ကို မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ၊ တန် ဆာ​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​တွင်​ထား​ရှိ တော်​မူ​၏။-
19 Na kore ake he whawhai, a tae noa ki te toru tekau ma rima o nga tau o te kingitanga o Aha.
၁၉သူ​၏​နန်း​စံ​သုံး​ဆယ့်​ငါး​နှစ်​အ​ထိ​နောက် တစ်​ဖန်​စစ်​မက်​မ​ဖြစ်​ပွား​တော့​ချေ။

< 2 Whakapapa 15 >