< Etera 1 >

1 Na, i te tau tuatahi o Hairuha kingi o Pahia, he mea kia whakamana ai te kupu a Ihowa, i whakapuakina e Heremaia, ka whakaohokia e Ihowa te wairua o Hairuha kingi o Pahia, a tukua ana e tera tana karanga puta noa i tona kingitanga, i tuhituhi hok i e ia, i mea ia,
ပေ​ရ​သိ​ဘု​ရင်​ကုရု​သည်​ဧ​က​ရာဇ် မင်း​အ​ဖြစ်​နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည် သူ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး​တွင်​ကြေ​ညာ​ရန်​အ​မိန့်​စာ​ထုတ်​ပြန်​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။
2 Ko te kupu tenei a Hairuha kingi o Pahia, kua oti nga kingitanga katoa o te whenua te homai ki ahau e Ihowa, e te Atua o nga rangi; kua whakahaua mai hoki ahau e ia kia hanga he whare mona ki Hiruharama, ki tera i Hura.
ထို​အ​မိန့်​တော်​တွင် ဤ​ကား​ပေ​ရ​သိ​ပြည်​ကု​ရု​မင်း​၏​အ​မိန့်​တော်​ဖြစ်​သည်။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​၌​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် တာ​ဝန်​ကို​ငါ့​အား​ပေး​အပ်​တော်​မူ​လေ​ပြီ။-
3 Ahakoa ko wai o koutou o tana iwi katoa, hei a ia tona Atua, a me haere ake ia ki Hiruharama, ki tera i Hura, ki te hanga i te whare o Ihowa, o te Atua o Iharaira, ko ia nei te Atua, kei Hiruharama ano ia.
ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​ဝင်​ဖြစ်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ သင်​တို့​သည်​ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထို​မြို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​သည့်​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ရ​မည်။-
4 Na, ko te tangata ka mahue ki te wahi e noho ai ia, ma nga tangata o tona wahi ia e awhina ki te hiriwa, ki te koura, ki te taonga, ki te kararehe, hei tapiri mo nga mea hoatu noa mo te whare o te Atua i Hiruharama.
အ​ကယ်​၍​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​သည့် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဝင်​ပြန်​သွား​ရန်​အ​တွက် အ​ကူ​အ​ညီ​လို​ပါ​က​သူ​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​က ကူ​ညီ​ရ​ကြ​မည်။ သူ​တို့​သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​ပြင် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​ရ​ကြ​မည်'' ဟု​ပါ​ရှိ​သ​တည်း။
5 Katahi ka whakatika nga upoko o nga whare o nga matua o Hura, o Pineamine, me nga tohunga, me nga Riwaiti, me te hunga katoa i whakaohokia nei o ratou wairua e te Atua, ka mea ki te haere ki te hanga i te whare o Ihowa i Hiruharama.
ထို​အ​ခါ​ယု​ဒ​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် မိ​မိ​တို့​စိတ်​နှ​လုံး​ကို​ဘု​ရား​သခင်​ပြင်​ဆင်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​ကုန်​၏။-
6 Na, ko nga tangata katoa i o ratou taha, kei te whakakaha i o ratou ringa ki te oko hiriwa, ki te koura, ki te taonga, ki te kararehe, ki te mea utu nui, he mea tapiri ki nga mea homai noa katoa.
ထို​သူ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​သည် သူ​တို့​အား​ငွေ​ထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်၊ အ​ခြား​အ​ဖိုး​ထိုက်​ပစ္စည်း​များ​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​အပ်​ကူ​ညီ​ကြ​လေ​သည်။
7 A i whakaputaina e Kingi Hairuha nga oko o te whare o Ihowa i kawea atu nei e ia ki roto ki te whare o ona atua;
သူ​တို့​အား​ကု​ရု​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​မှ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သိမ်း​ယူ​၍ မိ​မိ​၏​ဘု​ရား​တို့​ဗိ​မာန်​တွင်​ထား​ရှိ​ခဲ့​သည့်​ဖ​လား​များ​ကို​ပေး​အပ်​တော်​မူ​၏။-
8 I whakaputaina enei e Hairuha kingi o Pahia, ara e Mitirerata kaitiaki taonga, taua atu ana e ia ki a Hehepatara rangatira o Hura.
မင်း​ကြီး​သည်​ထို​ဖ​လား​တို့​ကို​ရွှေ​တိုက်​စိုး​မိ​သ​ရေ​ဒတ်​သို့​ပေး​အပ်​၍ မိ​သ​ရေ​ဒတ်​သည်​ယင်း​တို့​ကို​ယု​ဒ​ဘု​ရင်​ခံ​ရှေ​ရှ​ဗာ​ဇာ​သို့၊-
9 Ko te maha tenei o aua mea: e toru tekau peihana koura, kotahi mano peihana hiriwa, e rua tekau ma iwa maripi;
အောက်​ပါ​အ​တိုင်း​စာ​ရင်း​ပြု​လုပ်​ပေး​အပ်​လေ​သည်။ ပူ​ဇော်​သ​ကာ​များ​ထည့်​ရန်​ရွှေ​ဖ​လား ၃၀ ပူ​ဇော်​သ​ကာ​များ​ထည့်​ရန်​ငွေ​ဖ​လား ၁၀၀၀ အ​ခြား​ဖ​လား ၂၉ ရွှေ​ဖ​လား​အ​ငယ် ၃၀ ငွေ​ဖ​လား​အ​ငယ် ၄၁၀ အ​ခြား​အ​သုံး​အ​ဆောင်​များ ၁၀၀၀
10 E toru tekau nga haka koura, ko nga haka hiriwa, he ahua ke, e wha rau kotahi tekau; ko etahi oko ke, kotahi mano.
၁၀
11 Ko nga oko katoa, ke nga mea koura, ko nga mea hiriwa, e rima mano e wha rau. Ko enei katoa i kawea atu e Hehepatara i te kawenga o nga whakarau i Papurona ki Hiruharama.
၁၁ရှေ​ရှ​ဗာ​ဇာ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့်​အ​တူ ဗာ​ဗု​လုန်​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သော​အ​ခါ ရွှေ​ဖ​လား၊ ငွေ​ဖ​လား​နှင့်​အ​ခြား​ပစ္စည်း​အ​သုံး​အ​ဆောင်​အ​ရေ​အ​တွက် စု​စု​ပေါင်း​ငါး​ထောင့်​လေး​ရာ​တို့​ကို​ယူ​ဆောင်​ခဲ့​၏။

< Etera 1 >