< 1 Hamuera 8 >

1 Na, ka koroheketia a Hamuera, ka meinga e ia ana tama hei kaiwhakarite mo Iharaira.
ရှမွေလသည် အသက်ကြီးသောအခါ၊ မိမိသားတို့ကို ဣသရေလအမျိုး၌ အုပ်စိုးရသော အခွင့်နှင့် ခန့်ထား၏။
2 Na ko te ingoa o tana matamua ko Hoere; ko Apia hoki te ingoa o tana tuarua. I whakarite raua ki Peerehepa.
သားဦးအမည်ကား ယောလ၊ ဒုတိယသားအမည်ကား အဘိရတည်း။ ထိုသူတို့သည် ဗေရရှေဗမြို့၌ တရားသူကြီးလုပ်ကြ၏။
3 Na kihai ana tama i tika i tona ara, engari peka ke ana raua ki te apo, i tango hoki i te moni whakapati, a whakapeaua ketia ake te whakawa.
သို့ရာတွင် အဘလမ်းသို့မလိုက်။ ငွေကို တပ်မက်သော စိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကို ဖျက်ကြ၏။
4 Katahi ka huihui nga kaumatua katoa o Iharaira, ka haere ki a Hamuera ki Rama.
ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာ အရပ် ရာမမြို့သို့လာပြီးလျှင်၊
5 Ka mea ki a ia, Kua koroheketia koe, kahore hoki au tama e tika i ou huarahi; heoi whakaritea he kingi mo matou hei whakarite mo matou, hei pera ano me o nga iwi katoa
ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါ လော့ဟု လျှောက်ကြ၏။
6 Otira i kino taua kupu ki a Hamuera, mo ratou i me, Homai he kingi ki a matou hei whakarite mo matu. Na ka inoi a Hamuera ki a Ihowa.
ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအား ဆုတောင်းလေ၏။
7 Na ka mea a Ihowa ki a Hamuera, Whakarongo ki te reo o te iwi na, ki nga mea katoa i korerotia e ratou ki a koe; ehara hoki i te mea ko koe ta ratou i paopao ai, ko ahau ia ta ratou i paopao mai nga hei kingi mo ratou.
ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့ သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှါ ငါ့ကိုလည်းပယ်ကြပြီ။
8 E rite ana ki nga mea katoa i mea ai ratou, o te ra iho ano i kawea mai ai ratou e ahau i Ihipa a tae noa ki tenei ra; i whakarere hoki ratou i ahau, i mahi atu ki nga atua ke: ko ta ratou mahi hoki tena ki a koe.
သူတို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့ကိုစွန့်၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသဖြင့် ကျင့်မိသမျှသော အကျင့်အတိုင်း သင်၌လည်း ပြုကြ၏။
9 Heoi whakarongo aianei ki to ratou reo: otiia kia kaha te kauwhau ki a ratou, whakaaturia hoki nga tikanga o te kingi e whakakingitia mo ratou.
ယခုမှာ သူတို့စကားကို နားထောင်လော့။ သို့ရာတွင် သတိပေး၍ သူတို့ကို အုပ်စိုးသော ရှင်ဘုရင် ၏ ထုံးစံကို ပြလော့ဟု မိန့်တော်မူ၏။
10 Na ka korerotia e Hamuera nga kupu katoa a Ihowa ki te hunga i tono kingi nei i a ia;
၁၀ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊-
11 Ka mea, Ko te tikanga tenei a te kingi e whakakingitia mo koutou: Ko a koutou tama ka tangohia e ia, ka meinga mana, mo ana hariata, hei tangata eke hoiho hoki mana, hei rere ano ki mua i ana hariata;
၁၁သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ ထုံးစံဟူမူကား၊ သင်တို့သားများကိုယူ၍ မိမိရထားထိန်း၊ မြင်း ထိန်းအရာ၌ ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏ရထားရှေ့မှာ ပြေးရကြမည်။
12 Ka meinga hoki hei rangatira mano mana, hei rangatira mo nga rima tekau, hei parau i tana mara, hei kokoti i ana witi, hei hanga hoki i ana mea mo te whawhai, i ana mea mo ana hariata;
၁၂လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါး ရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်း အမှုများကို ဝေဖန်လိမ့်မည်။
13 Ka tangohia hoki e ia a koutou tamahine hei mahi keke, hei taka kai, hei tunu taro.
၁၃သင်တို့သမီးများကိုလည်း ယူ၍၊ ခဲဘွယ်စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ၎င်း၊ စားတော်ကဲ၊ မုန့်သည် ဖြစ်စေခြင်းငှါ၎င်း ခန့်ထားလိမ့်မည်။
14 Me a koutou mara, a koutou kari waina, a koutou kari oriwa, ka tangohia e ia nga mea papai, a ka hoatu ki ana pononga.
၁၄သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကို ယူ၍ မိမိကျွန်တို့အား ပေးလိမ့် မည်။
15 Ka tangohia hoki e ia te whakatekau o a koutou purapura, o a koutou kari waina, a ka hoatu ki ana unaka, ki ana pononga.
၁၅သင်တို့မျိုးစေ့ စပျစ်သီးဆယ်ဘို့တဘို့ကို ယူ၍ သူ၏အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။
16 Ka tangohia ano e ia a koutou pononga tane, a koutou pononga wahine, a koutou taitamariki papai, me a koutou kaihe, a ka whakamahia ki tana mahi.
၁၆သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသော လုလင်၊ မြည်းများကို ယူ၍ သူ၏ အမှုကို လုပ်ကိုင်စေ လိမ့်မည်။
17 Ka tangohia ano e ia nga whakatekau o a koutou hipi: ka waiho ano hoki koutou hei pononga mana.
၁၇သင်တို့သိုးစုဆယ်ဘို့ တဘို့ကိုလည်းယူ၍ သင်တို့သည် သူ၏ ကျွန်ခံရကြမည်။
18 A ka tangi koutou i taua ra i ta koutou kingi i whiriwhiri ai mo koutou; e kore ano a Ihowa e rongo ki a koutou i taua ra.
၁၈သင်တို့ ရွေးယူသော ရှင်ဘုရင်ကြောင့်၊ ထိုနေ့၌ သင်တို့ အော်ဟစ်သော်လည်း၊ ထာဝရဘုရားသည် နားထောင်တော်မမူဟု သတိပေးလေ၏။
19 Otira kihai te iwi i pai kia whakarongo ki te reo o Hamuera. Na ka mea ratou, Kahore; engari me whai kingi matou;
၁၉သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။
20 Kia rite ai hoki matou ki nga iwi katoa; a ka whakarite to matou kingi mo matou, ka haere atu hoki i to matou aroaro, hei whawhai i a matou whawhai.
၂၀အကျွန်ုပ်တို့သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာ ထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏ စကားကို နားမထောင် ဘဲ ဆိုကြ၏။
21 A ka rongo a Hamuera i nga kupu katoa a te iwi, korerotia ana e ia ki nga taringa o Ihowa.
၂၁ထိုသူတို့၏ စကားများကို ရှမွေလသည် ကြားလျှင်၊ ထာဝရဘုရားရှေ့တော်၌ လျှောက်လေ၏။
22 A ka mea a Ihowa ki a Hamuera, Whakarongo atu ki to ratou reo, whakaritea hoki he kingi mo ratou. A ka mea a Hamuera ki nga tangata o Iharaira, Haere atu koutou ki tona pa, ki tona pa.
၂၂ထာဝရဘုရားကလည်း၊ သူတို့စကားကို နားထောင်၍ သူတို့အဘို့ ရှင်ဘုရင်ကို ချီးမြှောက်လော့ဟု မိန့်တော်မူသဖြင့်၊ ရှမွေလက၊ သင်တို့အသီးအသီး နေရာ မြို့ရွာသို့ ပြန်သွားကြလော့ဟု ဣသရေလ လူတို့အား ပြောဆိုလေ၏။

< 1 Hamuera 8 >