< 2 Hamuera 1 >

1 Na i muri iho i te matenga o Haora, i te mea kua hoki mai a Rawiri i te patunga i nga Amareki, a kua rua nga ra o Rawiri e noho ana ki Tikiraka:
ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလတ်လူတို့ကို လုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊
2 I te toru o nga ra, na ko tetahi tangata e haere mai ana i te puni i a Haora, he mea haehae ona kakahu, he oneone i runga i tona matenga: a, no tona taenga mai ki a Rawiri, ka hinga ia ki te whenua, a ka piko.
သုံးရက်မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပြပ်ဝပ်လျက်ရှိခိုး၏။
3 Na ka mea a Rawiri ki a ia, I haere mai koe i hea? Ka mea tera ki a ia, I mawhiti mai ahau i te puni o Iharaira.
ဒါဝိဒ်ကလည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးလျှင်၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။
4 Ano ra ko Rawiri ki a ia, I pehea te mea ra? tena, korerotia mai ki ahau. Na ka mea ia, Kua whati te iwi i te whawhai, he tokomaha hoki o te iwi i hinga, i mate; kua mate hoki a Haora raua ko tana tama, ko Honatana.
ဒါဝိဒ်ကလည်း၊ အမှုကားအဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟုမေးလျှင်၊ သူက ဣသရေလလူတို့ သည် စစ်တိုက်ရာတွင် ပြေး၍အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။
5 Ano ra ko Rawiri ki te tamaiti nana nei i korero ki a ia, I mohiotia e koe ki te aha kua mate a Haora raua ko tana tama ko Honatana?
ထိုသိတင်းကိုကြားပြောသောလုလင်အား ဒါဝိဒ်က၊ ရှောလုနှင့် သားတော်ယောနသန် သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင်၊
6 Na ka mea taua tamaiti nana nei i korero ki a ia, I tupono noa ahau ki runga i Maunga Kiripoa, na, ko Haora e okioki ana ki tana tao; na, e whai tata ana i a ia nga hariata me nga kaieke hoiho.
ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကို ထောင်၍နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။
7 Na, i tona tahuritanga ki muri, ka kite i ahau, a ka karanga ki ahau. Na ka mea ahau, Tenei ahau.
ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင်၍ခေါ်ပါ၏။
8 Ano ra ko ia ki ahau, Ko wai koe? Ano ra ko ahau ki a ia, He Amareki ahau.
ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။
9 Na ka mea ia ki ahau, Tena, e tu ki toku taha, whakamatea hoki ahau, kua mau pu hoki ahau i te pouri; no te mea kei te toitu tonu te ora i roto i ahau.
ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသော ဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊
10 Heoi tu ana ahau ki tona taha, whakamatea ana ia e ahau; i mohio hoki ahau e kore rawa ia e ora ake i te mea ka hinga nei ia. Na tangohia ana e ahau te karauna i tona matenga, me te poroporo i tona ringa, a kawea mai ana e ahau ki konei ki toku ariki.
၁၀လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍သတ်ပါ၏။ ခေါင်းတော် ၌ဆောင်းသောဦးရစ်နှင့်လက်ရုံးတော်၌ဝတ်သောလက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။
11 Katahi a Rawiri ka mau ki ona kakahu, a haehaea ana e ia; a i pera hoki ona hoa katoa:
၁၁ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကိုဆွဲဆုတ်၍၊ သူ၏လူအပေါင်းတို့သည် ထိုနည်းတူပြုကြ၏။
12 Na ka uhunga ratou, ka tangi, ka nohopuku a ahiahi noa, mo Haora, mo tana tama, mo Honatana, mo te iwi ano a Ihowa, mo te whare hoki o Iharaira, i hinga nei i te hoari.
၁၂ရှောလုမှစ၍ သားတော်ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ထားဖြင့် လဲသေသောကြောင့်၊ သူတို့အတွက် ညဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။
13 Na ka mea a Rawiri ki te tamaiti nana nei i korero ki a ia, No hea koe? Ano ra ko tera, He tama ahau na tetahi manene, na tetahi Amareki.
၁၃ထိုသိတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် တပါးအမျိုးသား အာမလက်လူ ဖြစ်ပါ၏ဟုပြန်လျှောက်သော်၊
14 Ano ra ko Rawiri ki a ia, He aha koe te wehi ai? he aha i totoro ai tou ringa ki te huna i ta Ihowa i whakawahi ai?
၁၄ဒါဝိဒ်က၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ သင့်လက်ကိုအဘယ်သို့ ဆန့်ဝံ့ သနည်းဟုဆိုလျက်၊
15 Katahi a Rawiri ka karanga ki tetahi o ana taitama, ka mea, Whakatata atu, e rere ki runga ki a ia. Na patua ana ia e ia, mate ake.
၁၅လုလင်တယောက်ကိုခေါ်၍၊ သူ့ကို သွားသတ်တော့ဟုဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍ သတ် လေ၏။
16 I mea ano a Rawiri ki a ia, Hei runga i tou matenga ou toto; kua whakaatu mai na hoki tou waha i tou he, kua mea, Naku i whakamate ta Ihowa i whakawahi ai.
၁၆ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟုဆို၏။
17 Na ka waiatatia e Rawiri tenei apakura mo Haora raua ko tana tama, ko Honatana:
၁၇ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမည်တမ်း၍၊
18 I mea hoki ia kia whakaakona nga tama a Hura ki te waiata o te kopere: e mau na te tuhituhi ki te pukapuka a Iahera.
၁၈ယုဒအမျိုးသားတို့အား သင်စေသော လေး သီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊
19 Tukitukia ana tou ataahua, e Iharaira, ki ou wahi teitei. Ano te hinganga o nga marohirohi!
၁၉အိုဣသရေလဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။
20 Kaua e korerotia ki Kata; kaua e kauwhautia ki nga huarahi o Ahakerono; kei koa nga tamahine a nga Pirihitini, kei whakamanamana nga tamahine a te kokotikore.
၂၀ထိုသိတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။
21 E nga maunga o Kiripoa, kati rawa he tomairangi mo koutou, he ua, he mara e tukua ai te whakahere; i akiritia kinotia hoki ki reira te pukupuku o te marohirohi, te pukupuku o Haora, me te mea kihai i whakawahia ki te hinu.
၂၁အိုဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသောရှောလု ဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။
22 He toto tena no te hunga i tu, he ngako tena no nga marohirohi, kahore he whakahokinga mai o te kopere a Honatana, kihai ano te hoari a Haora i hoki kau mai.
၂၂သူရဲတို့၏အသွေး၊ ခွန်အားကြီးသော သူတို့၏ ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု ၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။
23 Ko Haora, ko Honatana, he aroha, he whakaahuareka i to raua oranga; kihai hoki i wehea i to raua matenga; nui atu to raua tere i to nga ekara, to raua kaha i to nga raiona.
၂၃ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။
24 E nga tamahine a Iharaira, tangihia a Haora, nana nei o koutou kakahu ngangana i huatau ai, nana nei i piri ai nga whakapaipai koura ki o koutou weruweru.
၂၄အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသော ကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော် မူ၏။
25 Ano te hinganga o nga marohirohi i waenganui o te tatauranga! E Honatana, i werohia na i runga i ou wahi teitei.
၂၅စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အို ယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌သင်သည် အသေခံ လေပြီတကား။
26 Mamae ana ahau, he whakaaro ki a koe, e toku tuakana, e Honatana; nui atu toku whakaahuareka ki a koe: he hanga whakamiharo tou aroha ki ahau, nui atu i to nga wahine aroha.
၂၆ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သော မေတ္တာသည် အံ့ဩဘွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍၊ အားကြီးသောမေတ္တာဖြစ်၏။
27 Ano te hinganga o nga marohirohi: ano te korenga o nga patu o te pakanga!
၂၇သူရဲတို့သည်းသေကြပြီတကား။ စစ်တိုက် လက်နက်တို့သည် ဆုံကြပြီးတကားဟု ပါသတည်း။

< 2 Hamuera 1 >