< Psalmet 13 >

1 Deri kur do të më harrosh, o Zot? Vallë kështu do të jetë përjetë? Deri kur do të më fshehësh fytyrën tënde?
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​မေ့​လျော့​၍ နေ​တော်​မူ​ပါ​မည်​နည်း။ ထာ​ဝ​စဉ်​မေ့​လျော့​၍​နေ​တော်​မူ​မည်​လော။ အ​ဘယ်​ကာ​လ​တိုင်​အောင်​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​မည်​နည်း။
2 Deri kur do të marr vendime në shpirtin tim dhe do të kem pikëllim në zemrën time tërë ditën? Deri kur do të ngrihet armiku im mbi mua?
ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ဒုက္ခ​ခံ​ရ​ပါ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​နေ့​ရော​ည​ပါ ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ရ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် အ​ဘယ်​ကာ​လ​တိုင်​အောင်​ကျွန်​တော်​မျိုး​အ​ပေါ်​တွင် အ​နိုင်​ရ​ကြ​ပါ​မည်​နည်း။
3 Shiko me vëmendje dhe përgjigjmu, o Zot, Perëndia im, ndriço sytë e mi, që të mos më zërë gjumi në gjumin e vdekjes,
ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ကြည့်​တော်​မူ​၍ ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ပြန်​လည်​၍​ခွန်​အား​ဖြင့် ပြည့်​ဝ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​သေ​စေ​တော်​မ​မူ​ပါ​နှင့်။
4 dhe armiku im të mos thotë: “E munda”, dhe armiqtë e mi të mos gëzohen kur unë lëkundem.
ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် ``ငါ​တို့​သူ့​ကို​အ​နိုင်​ရ​ပြီ'' ဟူ​၍ ပြော​ဆို​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ပြို​လဲ​မှု​ကြောင့် ဝမ်း​မြောက်​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။
5 Por unë kam besim në mirësinë tënde dhe zemra ime do të ngazëllojë në çlirimin tënd;
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​အား​ကိုး​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။
6 unë do t’i këndoj Zotit, sepse ai më ka trajtuar me shumë shpirtmadhësi.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

< Psalmet 13 >