< Psalmet 10 >

1 O Zot, pse qëndron larg? Pse fshihesh në kohë fatkeqësish?
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ဝေး​၌ နေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​ချိန်​၌​အ​ဘယ် ကြောင့် မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ​သ​နည်း။
2 I pabesi me kryelartësinë e tij ndjek me dhunë të mjerin; ata do të kapen nga vetë kurthet që ata kanë kurdisur,
သူ​ယုတ်​မာ​တို့​သည်​မာ​န​ထောင်​လွှား​လျက် ဆင်း​ရဲ​သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​ကြ​၏။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​များ​တွင် ပြန်​၍​မိ​စေ​တော်​မူ​ပါ။
3 sepse i pabesi mburret me dëshirat e shpirtit të tij, bekon grabitqarin dhe përbuz Zotin.
သူ​ယုတ်​မာ​သည်​မိ​မိ​၏​ဆိုး​ညစ်​သော အ​လို​ဆန္ဒ​များ​အ​ကြောင်း​ကို​ကြွား​ဝါ​တတ်​၏။ လော​ဘ​ကြီး​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကျိန်​ဆဲ​ပစ်​ပယ်​တတ်​၏။
4 I pabesi, me arrogancën e fytyrës së tij, nuk e kërkon Zotin; tërë mendimet e tij janë: “Perëndia nuk ekziston”.
သူ​ယုတ်​မာ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဂ​ရု​မ​စိုက်​တတ်။ သူ​သည်​မာ​န​ထောင်​လွှား​လျက်​ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ်​ယူ​ဆ​တတ်​၏။
5 Rrugët e tij lulëzojnë në çdo kohë; gjykimet e tua për të janë shumë të larta, larg kuptimit të tyre nga ana e tij; ai përqesh gjithë armiqtë e tij.
သူ​ယုတ်​မာ​သည်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင် အောင်​မြင်​တတ်​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သော​အ​မှု တို့​ကို သိ​မြင်​နား​လည်​နိုင်​စွမ်း​မ​ရှိ။ ရန်​သူ​များ​ကို​လည်း​ပြက်​ရယ်​ပြု​တတ်​၏။
6 Ai thotë në zemër të tij: “Mua askush nuk më tund dot kurrë; nuk do të më ndodhë kurrë ndonjë e keqe”.
``ငါ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​မျှ​ဒုက္ခ​ရောက်​ရ​လိမ့်​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။
7 Goja e tij është plot mallkime, hile dhe mashtrime; nën gjuhën e tij ka ligësi dhe paudhësi.
သူ​၏​နှုတ်​သည်​ကျိန်​ဆဲ​ခြင်း၊လိမ်​လည်​ခြင်း၊ ခြိမ်း​ခြောက်​ခြင်း​တို့​ဖြင့်​ပြည့်​ဝ​၏။ မုန်း​တီး​သော​စ​ကား၊ယုတ်​မာ​သော​စ​ကား​ကို အ​လျင်​အမြန်​ပြော​ဆို​တတ်​၏။
8 Ai rri në pritë në fshatra, vret të pafajshmin në vende të fshehta; sytë e tij përgjojnë fatkeqin.
သူ​သည်​ရွာ​များ​တွင်​ပုန်း​အောင်း​ကာ အ​ပြစ်​မဲ့​သူ​များ​ကို​သတ်​ဖြတ်​တတ်​၏။ ခို​ကိုး​ရာ​မဲ့​သူ​များ​ကို​ချောင်း​မြောင်း​နေ​တတ်​၏။
9 Ai rri në pritë në vende të fshehta si luani në strofkën e tij; rri në pritë për të kapur të mjerin; ai e rrëmben të mjerin duke e tërhequr në rrjetën e tij.
သူ​သည်​သား​ကောင်​ကို​ဖမ်း​ဆီး​ရန်​သား​ရဲ​တွင်း​၌ ချောင်း​မြောင်း​နေ​သော​ခြင်္သေ့​ကဲ့​သို့​ဝပ်​၍​နေ တတ်​၏။ သူ​သည်​ဆင်း​ရဲ​သူ​များ​ကို​ချောင်း​မြောင်း​၍ မိ​မိ​ပိုက်​ကွန်​တွင်​ဖမ်း​ဆီး​ပြီး​လျှင်​ဆွဲ​ယူ သွား​တတ်​၏။
10 Ai rri i strukur dhe i mbledhur, dhe fatzinjtë mposhten para forcës së tij.
၁၀သူ​၏​ရက်​စက်​သော​ခွန်​အား​ဖြင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​ကို ပြို​လဲ​စေ​၏။
11 Ai thotë në zemër të tij: “Perëndia harron, fsheh fytyrën e tij, nuk do ta shohë kurrë”.
၁၁သူ​ယုတ်​မာ​က``ဘု​ရား​သခင်​သည်​ဤ​အ​မှု​တွင် ဂ​ရု​စိုက်​တော်​မ​မူ။ ကိုယ်​တော်​သည်​မျက်​စိ​ကို​မှိတ်​၍​ထား​တော် မူ​ပြီ။ ငါ့​ကို​အ​ဘယ်​အ​ခါ​မျှ​မြင်​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​တတ်​၏။
12 Çohu, o Zot; o Perëndi, ngre dorën tënde; mos i harro të mjerët.
၁၂အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ ထို​ယုတ်​မာ​သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။
13 Pse i pabesi përçmon Perëndinë? Ai thotë në zemër të tij: “Ti nuk do t’i kërkosh llogari”.
၁၃သူ​ယုတ်​မာ​သည်​အ​ဘယ်​သို့​လျှင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ထီ​မဲ့​မြင်​ပြု​၍ ``ကိုယ်​တော်​သည်​ငါ့​ကို​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နိုင်​ပါ​သ​နည်း။
14 Por ti e ke parë, sepse ti vëren me kujdes ligësinë dhe pikëllimin, për ta larë më pas me dorën tënde; fatkeqi i ka shpresat te ti; ti je ai që ndihmon jetimin.
၁၄သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။
15 Thyeja krahun të pabesit dhe të ligut; në rast se ti do të kërkosh ligësinë e tij, nuk do ta gjesh më.
၁၅ယုတ်​မာ​သူ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ ထို​သူ​တို့​သည်​ဒု​စ​ရိုက်​ကို​မ​ပြု​တော့​သည့်​တိုင် အောင် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။
16 Zoti është mbret përjetë; kombet janë zhdukur nga toka e tij.
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​သူ​တို့​သည် ပြည်​တော်​မှ​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။
17 O Zot, ti dëgjon dëshirën e njerëzve të përulur; ti e fortëson zemrën e tyre, veshët e tu janë të vëmendshëm,
၁၇အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လျက် သူ​တို့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော်​မူ​လိမ့် မည်။
18 për t’i dhënë të drejtë jetimit dhe të pikëlluarit, me qëllim që njeriu i krijuar nga dheu të mos kallë më tmerr.
၁၈ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​များ​နှင့် မိ​ဘ​မဲ့​သူ​များ​အား နောက်​တစ်​ဖန်​မ​ခြောက်​မ​လှန့်​နိုင်​စိမ့်​သော​ငှာ ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​၏​ဟစ်​အော်​သံ​ကို ကြား​တော်​မူ​၍ သူ​တို့​၏​အ​ကျိုး​ကို​ထောက်​လျက်​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။

< Psalmet 10 >