< ဆာလံ 114 >

1 ဣသရေလအမျိုး၊ ယာကုပ်အနွှယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ၊
בְּצֵ֣את יִ֭שְׂרָאֵל מִמִּצְרָ֑יִם בֵּ֥ית יַ֝עֲקֹ֗ב מֵעַ֥ם לֹעֵֽז׃
2 ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။
הָיְתָ֣ה יְהוּדָ֣ה לְקָדְשֹׁ֑ו יִ֝שְׂרָאֵ֗ל מַמְשְׁלֹותָֽיו׃
3 ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ၏။
הַיָּ֣ם רָ֭אָה וַיָּנֹ֑ס הַ֝יַּרְדֵּ֗ן יִסֹּ֥ב לְאָחֹֽור׃
4 တောင်ကြီးတို့သည် သိုးကဲ့သို့၎င်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့၎င်း ခုန်ကြ၏။
הֶֽ֭הָרִים רָקְד֣וּ כְאֵילִ֑ים גְּ֝בָעֹ֗ות כִּבְנֵי־צֹֽאן׃
5 အချင်းပင်လယ်၊ သင်ပြေးသည် အ ကြောင်း၊ အချင်းယော်ဒန်မြစ်၊ သင်သည် နောက်သို့လှည့် သည်အကြောင်း၊
מַה־לְּךָ֣ הַ֭יָּם כִּ֣י תָנ֑וּס הַ֝יַּרְדֵּ֗ן תִּסֹּ֥ב לְאָחֹֽור׃
6 အချင်းတောင်ကြီးတို့၊ သင်တို့သည် သိုးကဲ့သို့ ခုန်ကြသည်အကြောင်း၊ အချင်းတောင်ငယ်တို့၊ သင်တို့ သည် သိုးသငယ်ကဲ့သို့ ခုန်ကြသည် အကြောင်းကား အဘယ်သို့နည်း။
הֶֽ֭הָרִים תִּרְקְד֣וּ כְאֵילִ֑ים גְּ֝בָעֹ֗ות כִּבְנֵי־צֹֽאן׃
7 အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင်၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။
מִלִּפְנֵ֣י אָ֭דֹון ח֣וּלִי אָ֑רֶץ מִ֝לִּפְנֵ֗י אֱלֹ֣והַּ יַעֲקֹֽב׃
8 ဘုရားသခင်သည် ကျောက်ကို ရေကန်၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း။
הַהֹפְכִ֣י הַצּ֣וּר אֲגַם־מָ֑יִם חַ֝לָּמִ֗ישׁ לְמַעְיְנֹו־מָֽיִם׃

< ဆာလံ 114 >