< ဆာလံ 112 >

1 ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ ၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
הַ֥לְלוּ יָ֨הּ ׀ אַשְׁרֵי־אִ֭ישׁ יָרֵ֣א אֶת־יְהוָ֑ה בְּ֝מִצְוֹתָ֗יו חָפֵ֥ץ מְאֹֽד׃
2 ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီး ကြလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏အမျိုးအနွယ် သည် မင်္ဂလာရှိတတ်၏။
גִּבֹּ֣ור בָּ֭אָרֶץ יִהְיֶ֣ה זַרְעֹ֑ו דֹּ֭ור יְשָׁרִ֣ים יְבֹרָֽךְ׃
3 ထိုသူ၏ အိမ်၌ စည်းစိမ်ဥစ္စာကြွယ်ဝ၍၊ သူ၏ ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
הֹון־וָעֹ֥שֶׁר בְּבֵיתֹ֑ו וְ֝צִדְקָתֹ֗ו עֹמֶ֥דֶת לָעַֽד׃
4 သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက် ထဲမှာ အလင်း ပေါ်ထွန်းတတ်၏။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ် သော သဘောရှိ၍၊ တရားသဖြင့် ပြုတတ်၏။
זָ֘רַ֤ח בַּחֹ֣שֶׁךְ אֹ֖ור לַיְשָׁרִ֑ים חַנּ֖וּן וְרַח֣וּם וְצַדִּֽיק׃
5 ကရုဏာစိတ်ရှိ၍ ချေးငှါးတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင် ခြင်းသို့ ရောက်လိမ့်မည်။
טֹֽוב־אִ֭ישׁ חֹונֵ֣ן וּמַלְוֶ֑ה יְכַלְכֵּ֖ל דְּבָרָ֣יו בְּמִשְׁפָּֽט׃
6 အကယ်စင်စစ် လှုပ်ရှားခြင်းနှင့်အစဉ် ကင်း လွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲ အောက်မေ့ဘို့ရာ ဖြစ်လိမ့်မည်။
כִּֽי־לְעֹולָ֥ם לֹא־יִמֹּ֑וט לְזֵ֥כֶר עֹ֝ולָ֗ם יִהְיֶ֥ה צַדִּֽיק׃
7 မကောင်းသော သိတင်းကိုမကြောက်ရ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ်၏။
מִשְּׁמוּעָ֣ה רָ֭עָה לֹ֣א יִירָ֑א נָכֹ֥ון לִ֝בֹּ֗ו בָּטֻ֥חַ בַּיהוָֽה׃
8 သူ၏စိတ်နှလုံးသည် မြဲမြံသည် ဖြစ်၍၊ ရန်သူ တို့၌ အားမရမှီတိုင်အောင်၊ ကြောက်ခြင်းနှင့် လွတ်လိမ့် မည်။
סָמ֣וּךְ לִ֭בֹּו לֹ֣א יִירָ֑א עַ֖ד אֲשֶׁר־יִרְאֶ֣ה בְצָרָֽיו׃
9 သူသည် စွန့်ကြဲပြီ။ ဆင်းရဲသော သူတို့အား ပေးကမ်းပြီ။ သူ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။
פִּזַּ֤ר ׀ נָ֘תַ֤ן לָאֶבְיֹונִ֗ים צִ֭דְקָתֹו עֹמֶ֣דֶת לָעַ֑ד קַ֝רְנֹ֗ו תָּר֥וּם בְּכָבֹֽוד׃
10 ၁၀ မတရားသောသူတို့သည် မြင်၍၊ နာကြင်သော စိတ်ရှိကြလိမ့်မည်။ အံသွားခဲကြိတ်၍ ပိန်ချုံးကြလိမ့်မည်။ မတရားသောသူတို့၏ အလိုသည် ပျက်စီးရလိမ့်မည်။
רָ֘שָׁ֤ע יִרְאֶ֨ה ׀ וְכָעָ֗ס שִׁנָּ֣יו יַחֲרֹ֣ק וְנָמָ֑ס תַּאֲוַ֖ת רְשָׁעִ֣ים תֹּאבֵֽד׃

< ဆာလံ 112 >