< ဆာလံ 109 >

1 အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့်။
לַ֭מְנַצֵּחַ לְדָוִ֣ד מִזְמֹ֑ור אֱלֹהֵ֥י תְ֝הִלָּתִ֗י אַֽל־תֶּחֱרַֽשׁ׃
2 မတရားသောသူနှင့် သစ္စာပျက်သော သူတို့ သည် အကျွန်ုပ်တဘက်၌နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။
כִּ֤י פִ֪י רָשָׁ֡ע וּֽפִי־מִ֭רְמָה עָלַ֣י פָּתָ֑חוּ דִּבְּר֥וּ אִ֝תִּ֗י לְשֹׁ֣ון שָֽׁקֶר׃
3 မနာလိုသောစိတ်နှင့် စကားပြောလျက်၊ အကျွန်ုပ်ကိုဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏။
וְדִבְרֵ֣י שִׂנְאָ֣ה סְבָב֑וּנִי וַיִּֽלָּחֲמ֥וּנִי חִנָּֽם׃
4 အကျွန်ုပ်၏ မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ၏။
תַּֽחַת־אַהֲבָתִ֥י יִשְׂטְנ֗וּנִי וַאֲנִ֥י תְפִלָּֽה׃
5 အကျွန်ုပ်ပြုသော ကျေးဇူးအတွက် မကောင်း သောအပြစ်ကို၎င်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို ၎င်း ဆပ်ပေးကြပါ၏။
וַיָּ֘שִׂ֤ימוּ עָלַ֣י רָ֭עָה תַּ֣חַת טֹובָ֑ה וְ֝שִׂנְאָ֗ה תַּ֣חַת אַהֲבָתִֽי׃
6 ထိုသို့သော သူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ျားနားမှာ ရန်သူနေပါစေ။
הַפְקֵ֣ד עָלָ֣יו רָשָׁ֑ע וְ֝שָׂטָ֗ן יַעֲמֹ֥ד עַל־יְמִינֹֽו׃
7 သူသည် တရားစီရင်ခြင်းကို ခံရာတွင်ရှုံးပါစေ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။
בְּ֭הִשָּׁ֣פְטֹו יֵצֵ֣א רָשָׁ֑ע וּ֝תְפִלָּתֹ֗ו תִּהְיֶ֥ה לַֽחֲטָאָֽה׃
8 သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။
יִֽהְיֽוּ־יָמָ֥יו מְעַטִּ֑ים פְּ֝קֻדָּתֹ֗ו יִקַּ֥ח אַחֵֽר׃
9 သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုတ်ဆိုးမဖြစ်ပါစေ။
יִֽהְיוּ־בָנָ֥יו יְתֹומִ֑ים וְ֝אִשְׁתֹּו אַלְמָנָֽה׃
10 ၁၀ သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်း စား ဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှ ထွက်၍၊ အစာကိုရှာကြပါစေ။
וְנֹ֤ועַ יָנ֣וּעוּ בָנָ֣יו וְשִׁאֵ֑לוּ וְ֝דָרְשׁ֗וּ מֵחָרְבֹותֵיהֶֽם׃
11 ၁၁ သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ် ၍ရသော ဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ။
יְנַקֵּ֣שׁ נֹ֭ושֶׁה לְכָל־אֲשֶׁר־לֹ֑ו וְיָבֹ֖זּוּ זָרִ֣ים יְגִיעֹֽו׃
12 ၁၂ သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုး တို့ကို ကယ်မသနားသောသူ တယောက်မျှ မရှိစေနှင့်။
אַל־יְהִי־לֹ֖ו מֹשֵׁ֣ךְ חָ֑סֶד וְֽאַל־יְהִ֥י חֹ֝ונֵ֗ן לִיתֹומָֽיו׃
13 ၁၃ သူ၏အနွှယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက် ၍ တဆက်တည်းတွင်၊ သူတို့၏ နာမည်သည် ကျေပျောက် ပါစေ။
יְהִֽי־אַחֲרִיתֹ֥ו לְהַכְרִ֑ית בְּדֹ֥ור אַ֝חֵ֗ר יִמַּ֥ח שְׁמָֽם׃
14 ၁၄ သူ့ဘိုးဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရား သည် သတိရတော်မူပါစေ။ သူ့အမိ၏ အပြစ်သည် မဖြေပါစေနှင့်။
יִזָּכֵ֤ר ׀ עֲוֹ֣ן אֲ֭בֹתָיו אֶל־יְהוָ֑ה וְחַטַּ֥את אִ֝מֹּ֗ו אַל־תִּמָּֽח׃
15 ၁၅ ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်းတော်မူ ပါစေ။
יִהְי֣וּ נֶֽגֶד־יְהוָ֣ה תָּמִ֑יד וְיַכְרֵ֖ת מֵאֶ֣רֶץ זִכְרָֽם׃
16 ၁၆ အကြောင်းမူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက် သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။
יַ֗עַן אֲשֶׁ֤ר ׀ לֹ֥א זָכַר֮ עֲשֹׂ֪ות חָ֥סֶד וַיִּרְדֹּ֡ף אִישׁ־עָנִ֣י וְ֭אֶבְיֹון וְנִכְאֵ֨ה לֵבָ֬ב לְמֹותֵֽת׃
17 ၁၇ သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။
וַיֶּאֱהַ֣ב קְ֭לָלָה וַתְּבֹואֵ֑הוּ וְֽלֹא־חָפֵ֥ץ בִּ֝בְרָכָ֗ה וַתִּרְחַ֥ק מִמֶּֽנּוּ׃
18 ၁၈ အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့၎င်း၊ ဆီကဲ့သို့ သူ၏အရိုး ထဲသို့၎င်း ဝင်ပါစေ။
וַיִּלְבַּ֥שׁ קְלָלָ֗ה כְּמַ֫דֹּ֥ו וַתָּבֹ֣א כַמַּ֣יִם בְּקִרְבֹּ֑ו וְ֝כַשֶּׁ֗מֶן בְּעַצְמֹותָֽיו׃
19 ၁၉ သူ၏ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့၎င်း၊ သူ၏ ခါး၌ အစဉ်စည်းသော ခါးစည်းကဲ့သို့၎င်း သူ၌ဖြစ်ပါစေ။
תְּהִי־לֹ֖ו כְּבֶ֣גֶד יַעְטֶ֑ה וּ֝לְמֵ֗זַח תָּמִ֥יד יַחְגְּרֶֽהָ׃
20 ၂၀ ငါ၏ဝိညာဉ်တဘက်၌ မကောင်းသောစကားကို ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုး ကို ထာဝရဘုရားထံ ခံရကြပါစေ။
זֹ֤את פְּעֻלַּ֣ת שֹׂ֭טְנַי מֵאֵ֣ת יְהוָ֑ה וְהַדֹּבְרִ֥ים רָ֝֗ע עַל־נַפְשִֽׁי׃
21 ၂၁ အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက် ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော် ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
וְאַתָּ֤ה ׀ יְה֘וִ֤ה אֲדֹנָ֗י עֲ‍ֽשֵׂה־אִ֭תִּי לְמַ֣עַן שְׁמֶ֑ךָ כִּי־טֹ֥וב חַ֝סְדְּךָ֗ הַצִּילֵֽנִי׃
22 ၂၂ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ် အထဲ၌ နှလုံးနာလျက်ရှိပါ၏။
כִּֽי־עָנִ֣י וְאֶבְיֹ֣ון אָנֹ֑כִי וְ֝לִבִּ֗י חָלַ֥ל בְּקִרְבִּֽי׃
23 ၂၃ ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏။
כְּצֵל־כִּנְטֹותֹ֥ו נֶהֱלָ֑כְתִּי נִ֝נְעַ֗רְתִּי כָּֽאַרְבֶּֽה׃
24 ၂၄ အစာမစားဘဲ နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့ ၍ အသားလည်း လျော့ပါ၏။
בִּ֭רְכַּי כָּשְׁל֣וּ מִצֹּ֑ום וּ֝בְשָׂרִ֗י כָּחַ֥שׁ מִשָּֽׁמֶן׃
25 ၂၅ အကျွန်ုပ်သည်လည်း သူတပါးတို့ ကဲ့ရဲ့စရာ အကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကို မြင်သော အခါ၊ ခေါင်းညှိတ်ခြင်းကို ပြုကြပါ၏။
וַאֲנִ֤י ׀ הָיִ֣יתִי חֶרְפָּ֣ה לָהֶ֑ם יִ֝רְא֗וּנִי יְנִיע֥וּן רֹאשָֽׁם׃
26 ၂၆ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ။
עָ֭זְרֵנִי יְהוָ֣ה אֱלֹהָ֑י הֹ֭ושִׁיעֵ֣נִי כְחַסְדֶּֽךָ׃
27 ၂၇ ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူ သည်ဟု ထိုသူတို့သည် သိကြပါစေသော။
וְֽ֭יֵדְעוּ כִּי־יָ֣דְךָ זֹּ֑את אַתָּ֖ה יְהוָ֣ה עֲשִׂיתָֽהּ׃
28 ၂၈ ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။
יְקַֽלְלוּ־הֵמָּה֮ וְאַתָּ֪ה תְבָ֫רֵ֥ךְ קָ֤מוּ ׀ וַיֵּבֹ֗שׁוּ וְֽעַבְדְּךָ֥ יִשְׂמָֽח׃
29 ၂၉ အကျွန်ုပ်၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍၊ စောင်နှင့်ခြုံသကဲ့သို့၊ မျက်နှာပျက်ခြင်း နှင့် ကိုယ်ကိုခြုံကြပါစေသော။
יִלְבְּשׁ֣וּ שֹׂוטְנַ֣י כְּלִמָּ֑ה וְיַעֲט֖וּ כַמְעִ֣יל בָּשְׁתָּֽם׃
30 ၃၀ အကျွန်ုပ်သည် နှုတ်မြွက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသော သူတို့အလယ်မှာ ချီးမွမ်းပါမည်။
אֹ֘ודֶ֤ה יְהוָ֣ה מְאֹ֣ד בְּפִ֑י וּבְתֹ֖וךְ רַבִּ֣ים אֲהַֽלְלֶֽנּוּ׃
31 ၃၁ အကြောင်းမူကား၊ ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှါ၊ သူ၏လက်ျာဘက်မှာရပ်၍ နေတော်မူတတ်၏။
כִּֽי־יַ֭עֲמֹד לִימִ֣ין אֶבְיֹ֑ון לְ֝הֹושִׁ֗יעַ מִשֹּׁפְטֵ֥י נַפְשֹֽׁו׃

< ဆာလံ 109 >