< ဆာလံ 107 >

1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
הֹד֣וּ לַיהוָ֣ה כִּי־טֹ֑וב כִּ֖י לְעֹולָ֣ם חַסְדֹּֽו׃
2 ရန်သူ၏လက်မှ ထာဝရဘုရားနှုတ်၍ အရှေ့ အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော၊ ရွေးတော်မူသော သူတို့သည် ဝန်ခံ ကြစေ။
יֹ֭אמְרוּ גְּאוּלֵ֣י יְהוָ֑ה אֲשֶׁ֥ר גְּ֝אָלָ֗ם מִיַּד־צָֽר׃
3
וּֽמֵאֲרָצֹ֗ות קִ֫בְּצָ֥ם מִמִּזְרָ֥ח וּמִֽמַּעֲרָ֑ב מִצָּפֹ֥ון וּמִיָּֽם׃
4 သူတို့သည် တောတွင်းလူဆိတ်ညံရာအရပ်၌ လည်၍၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ။
תָּע֣וּ בַ֭מִּדְבָּר בִּישִׁימֹ֣ון דָּ֑רֶךְ עִ֥יר מֹ֝ושָׁ֗ב לֹ֣א מָצָֽאוּ׃
5 ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။
רְעֵבִ֥ים גַּם־צְמֵאִ֑ים נַ֝פְשָׁ֗ם בָּהֶ֥ם תִּתְעַטָּֽף׃
6 ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူ၏။
וַיִּצְעֲק֣וּ אֶל־יְ֭הוָה בַּצַּ֣ר לָהֶ֑ם מִ֝מְּצֽוּקֹותֵיהֶ֗ם יַצִּילֵֽם׃
7 သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှါ၊ ဖြောင့် သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။
וַ֭יּֽ͏ַדְרִיכֵם בְּדֶ֣רֶךְ יְשָׁרָ֑ה לָ֝לֶ֗כֶת אֶל־עִ֥יר מֹושָֽׁב׃
8 လူသားတို့၌ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
יֹוד֣וּ לַיהוָ֣ה חַסְדֹּ֑ו וְ֝נִפְלְאֹותָ֗יו לִבְנֵ֥י אָדָֽם׃
9 အကြောင်းမူကား၊ တောင့်တသော ဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သော ဝိညာဉ်ကိုလည်း၊ ကောင်း သောအရာနှင့် ဝစေသော်မူ၏။
כִּי־הִ֭שְׂבִּיעַ נֶ֣פֶשׁ שֹׁקֵקָ֑ה וְנֶ֥פֶשׁ רְ֝עֵבָה מִלֵּא־טֹֽוב׃
10 ၁၀ ထိုသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ငြင်းဆန်၍၊ အမြင့်ဆုံးသော ဘုရား၏ အကြံတော်ကို မထီမဲ့မြင် ပြုသောကြောင့်၊
יֹ֭שְׁבֵי חֹ֣שֶׁךְ וְצַלְמָ֑וֶת אֲסִירֵ֖י עֳנִ֣י וּבַרְזֶֽל׃
11 ၁၁ မှောင်မိုက်၊ သေမင်းအရိပ်၌ ထိုင်လျက်၊ ဒုက္ခနှင့်၎င်း၊ သံကြိုးနှင့်၎င်း ချည်နှောင်လျက် နေရကြ၏။
כִּֽי־הִמְר֥וּ אִמְרֵי־אֵ֑ל וַעֲצַ֖ת עֶלְיֹ֣ון נָאָֽצוּ׃
12 ၁၂ ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့ စိတ်ကိုနှိမ့်ချတော်မူ၏။ သူတို့သည် လဲ၍ထောက်မသော သူမရှိဘဲ၊
וַיַּכְנַ֣ע בֶּעָמָ֣ל לִבָּ֑ם כָּ֝שְׁל֗וּ וְאֵ֣ין עֹזֵֽר׃
13 ၁၃ ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကို အော် ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။
וַיִּזְעֲק֣וּ אֶל־יְ֭הוָה בַּצַּ֣ר לָהֶ֑ם מִ֝מְּצֻֽקֹותֵיהֶ֗ם יֹושִׁיעֵֽם׃
14 ၁၄ မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ် ဆောင်၍ သူတို့ချည် နှောင်ခြင်းကို ဖြေတော်မူ၏။
יֹֽ֭וצִיאֵם מֵחֹ֣שֶׁךְ וְצַלְמָ֑וֶת וּמֹוסְרֹ֖ותֵיהֶ֣ם יְנַתֵּֽק׃
15 ၁၅ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကိုထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြစေ။
יֹוד֣וּ לַיהוָ֣ה חַסְדֹּ֑ו וְ֝נִפְלְאֹותָ֗יו לִבְנֵ֥י אָדָֽם׃
16 ၁၆ အကြောင်းမူကား၊ ကြေးဝါးတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏။
כִּֽי־שִׁ֭בַּר דַּלְתֹ֣ות נְחֹ֑שֶׁת וּבְרִיחֵ֖י בַרְזֶ֣ל גִּדֵּֽעַ׃
17 ၁၇ မိုက်သောသဘောရှိသော သူတို့သည်လမ်းလွှဲ၍၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံ ရကြ၏။
אֱ֭וִלִים מִדֶּ֣רֶךְ פִּשְׁעָ֑ם וּֽ֝מֵעֲוֹֽנֹתֵיהֶ֗ם יִתְעַנּֽוּ׃
18 ၁၈ စားစရာမျိုးကို ရွံ၍ သေခြင်းတံခါး ငါ့အနီးသို့ ရောက်ကြ၏။
כָּל־אֹ֭כֶל תְּתַעֵ֣ב נַפְשָׁ֑ם וַ֝יַּגִּ֗יעוּ עַד־שַׁ֥עֲרֵי מָֽוֶת׃
19 ၁၉ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲ ဒုက္ခထဲက ကယ်တင်တော်မူ၏။
וַיִּזְעֲק֣וּ אֶל־יְ֭הוָה בַּצַּ֣ר לָהֶ֑ם מִ֝מְּצֻֽקֹותֵיהֶ֗ם יֹושִׁיעֵֽם׃
20 ၂၀ နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နှုတ်ယူတော် မူ၏။
יִשְׁלַ֣ח דְּ֭בָרֹו וְיִרְפָּאֵ֑ם וִֽ֝ימַלֵּ֗ט מִשְּׁחִיתֹותָֽם׃ ׆
21 ၂၁ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
יֹוד֣וּ לַיהוָ֣ה חַסְדֹּ֑ו וְ֝נִפְלְאֹותָ֗יו לִבְנֵ֥י אָדָֽם׃ ׆
22 ၂၂ ကျေးဇူးတော် ဝန်ခံရာယဇ်ကို ပူဇော်၍၊ ရွှင် လန်းသော အသံနှင့်တကွ အမှုတော်တို့ကို ကြားပြော ကြစေ။
וְ֭יִזְבְּחוּ זִבְחֵ֣י תֹודָ֑ה וִֽיסַפְּר֖וּ מַעֲשָׂ֣יו בְּרִנָּֽה׃ ׆
23 ၂၃ သင်္ဘောစီးလျက်ပင်လယ်ကိုကူး၍၊ ရေများပေါ် မှာ လုပ်ဆောင်သော သူတို့သည်၊
יֹורְדֵ֣י הַ֭יָּם בָּאֳנִיֹּ֑ות עֹשֵׂ֥י מְ֝לָאכָ֗ה בְּמַ֣יִם רַבִּֽים׃ ׆
24 ၂၄ နက်နဲရာအရပ်၌ ထာဝရဘုရား၏ အမှုတော် တို့နှင့်၊ အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ၏။
הֵ֣מָּה רָ֭אוּ מַעֲשֵׂ֣י יְהוָ֑ה וְ֝נִפְלְאֹותָ֗יו בִּמְצוּלָֽה׃ ׆
25 ၂၅ အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့်၊ လှိုင်းတံပိုးတို့ကို ထစေ၏။
וַיֹּ֗אמֶר וַֽ֭יַּעֲמֵד ר֣וּחַ סְעָרָ֑ה וַתְּרֹומֵ֥ם גַּלָּֽיו׃ ׆
26 ၂၆ မိုဃ်းကောင်းကင် တိုင်အောင်တက်လျက်၊ နက်နဲရာထဲသို့ ဆင်းလျက် တွေ့သောဘေးကြောင့်၊ သူတို့သည် စိတ်ပျက်ကြ၏။
יַעֲל֣וּ שָׁ֭מַיִם יֵרְד֣וּ תְהֹומֹ֑ות נַ֝פְשָׁ֗ם בְּרָעָ֥ה תִתְמֹוגָֽג׃
27 ၂၇ တလည်လည်သွားလျက် ယစ်မူးသော သူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဥာဏ်တိမ်မြုပ်ခြင်းရှိကြ၏။
יָחֹ֣וגּוּ וְ֭יָנוּעוּ כַּשִּׁכֹּ֑ור וְכָל־חָ֝כְמָתָ֗ם תִּתְבַּלָּֽע׃
28 ၂၈ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲ ဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။
וַיִּצְעֲק֣וּ אֶל־יְ֭הוָה בַּצַּ֣ר לָהֶ֑ם וּֽ֝מִמְּצֽוּקֹתֵיהֶ֗ם יֹוצִיאֵֽם׃
29 ၂၉ လေပြင်းကို ပျောက်စေတော်မူ၍၊ လှိုင်းတံပိုး များလည်း ငြိမ်ဝပ်ကြ၏။
יָקֵ֣ם סְ֭עָרָה לִדְמָמָ֑ה וַ֝יֶּחֱשׁ֗וּ גַּלֵּיהֶֽם׃
30 ၃၀ ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင် တော်မူ၏။
וַיִּשְׂמְח֥וּ כִֽי־יִשְׁתֹּ֑קוּ וַ֝יַּנְחֵ֗ם אֶל־מְחֹ֥וז חֶפְצָֽם׃
31 ၃၁ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
יֹוד֣וּ לַיהוָ֣ה חַסְדֹּ֑ו וְ֝נִפְלְאֹותָ֗יו לִבְנֵ֥י אָדָֽם׃
32 ၃၂ လူပရိတ်သတ်၏ အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။
וִֽ֭ירֹמְמוּהוּ בִּקְהַל־עָ֑ם וּבְמֹושַׁ֖ב זְקֵנִ֣ים יְהַלְלֽוּהוּ׃
33 ၃၃ မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှါ၎င်း၊ စမ်းရေ ထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှါ၎င်း ပြုတော်မူ၏။
יָשֵׂ֣ם נְהָרֹ֣ות לְמִדְבָּ֑ר וּמֹצָ֥אֵי מַ֝֗יִם לְצִמָּאֹֽון׃
34 ၃၄ မြေကောင်းသော ပြည်ကို ပြည်သူပြည်သားတို့ ၏ အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။
אֶ֣רֶץ פְּ֭רִי לִמְלֵחָ֑ה מֵ֝רָעַ֗ת יֹ֣שְׁבֵי בָֽהּ׃
35 ၃၅ တဖန်လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှါ၎င်း၊ သွေ့ခြောက်သော အရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှါ ၎င်း ပြုတော်မူ၏။
יָשֵׂ֣ם מִ֭דְבָּר לַֽאֲגַם־מַ֑יִם וְאֶ֥רֶץ צִ֝יָּ֗ה לְמֹצָ֥אֵי מָֽיִם׃
36 ၃၆ ထိုအရပ်၌လည်း၊ ငတ်မွတ်သောသူတို့ကို နေရာ ချတော်မူ၍၊ သူတို့သည် မိမိနေစရာဘို့မြို့ကို တည်ကြ၏။
וַיֹּ֣ושֶׁב שָׁ֣ם רְעֵבִ֑ים וַ֝יְכֹונְנ֗וּ עִ֣יר מֹושָֽׁב׃
37 ၃၇ လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက်၊ မြေအသီးအနှံတို့ကို ပြုစုကြ၏။
וַיִּזְרְע֣וּ שָׂ֭דֹות וַיִּטְּע֣וּ כְרָמִ֑ים וַ֝יַּעֲשׂ֗וּ פְּרִ֣י תְבֽוּאָה׃
38 ၃၈ ကောင်းကြီးပေးတော်မူ၍၊ သူတို့သည် အလွန် ပွားများကြ၏။ သူတို့သိုးနွားများကိုလည်း လျော့စေတော် မမူ။
וַיְבָרֲכֵ֣ם וַיִּרְבּ֣וּ מְאֹ֑ד וּ֝בְהֶמְתָּ֗ם לֹ֣א יַמְעִֽיט׃
39 ၃၉ တဖန်သူတို့သည် လျော့၍ညှဉ်းဆဲခြင်း၊ ငြိုငြင် ခြင်း၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ၏။
וַיִּמְעֲט֥וּ וַיָּשֹׁ֑חוּ מֵעֹ֖צֶר רָעָ֣ה וְיָגֹֽון׃ ׆
40 ၄၀ မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တော အရပ်၌ လည်စေတော်မူ၏။
שֹׁפֵ֣ךְ בּ֭וּז עַל־נְדִיבִ֑ים וַ֝יַּתְעֵ֗ם בְּתֹ֣הוּ לֹא־דָֽרֶךְ׃
41 ၄၁ ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။
וַיְשַׂגֵּ֣ב אֶבְיֹ֣ון מֵעֹ֑ונִי וַיָּ֥שֶׂם כַּ֝צֹּ֗אן מִשְׁפָּחֹֽות׃
42 ၄၂ ဖြောင့်မတ်သောသူတို့သည် မြင်၍၊ ဝမ်းမြောက် ကြ၏။ ခပ်သိမ်းသော ဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ၏။
יִרְא֣וּ יְשָׁרִ֣ים וְיִשְׂמָ֑חוּ וְכָל־עַ֝וְלָ֗ה קָ֣פְצָה פִּֽיהָ׃
43 ၄၃ အကြင်သူသည်ပညာရှိ၏၊ ထိုသူသည် ဤအမှု အရာတို့ကို ဆင်ခြင်၍၊ ထာဝရဘုရား၏ ကရုဏာ ကျေးဇူးတော်ကို နားလည်လိမ့်မည်။
מִי־חָכָ֥ם וְיִשְׁמָר־אֵ֑לֶּה וְ֝יִתְבֹּֽונְנ֗וּ חַֽסְדֵ֥י יְהוָֽה׃

< ဆာလံ 107 >