< Hosea 13 >

1 Nígbà ti Efraimu bá ń sọ̀rọ̀, àwọn ènìyàn máa ń wárìrì, a gbé e ga ní Israẹli ṣùgbọ́n ó jẹ̀bi ẹ̀sùn pé ó ń sin òrìṣà Baali, ó sì kú.
ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတပါး ကြောက်လန့်တတ်၏။ သူသည် ဣသရေလအမျိုး၌ မြင့် မြတ်၏။ နောက်တဖန် ဗာလဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ၏။
2 Báyìí, wọ́n ń dá ẹ̀ṣẹ̀ kún ẹ̀ṣẹ̀; wọn fi fàdákà ṣe ère òrìṣà fúnra wọn; ère tí a fi ọgbọ́n dá àrà sí, gbogbo wọn jẹ́ iṣẹ́ ọwọ́ oníṣọ̀nà. Wọn ń sọ nípa àwọn ènìyàn wọ̀nyí. Pé, “Jẹ́ kí àwọn ènìyàn tí ń rú ẹbọ fi ẹnu, ko àwọn ẹgbọrọ màlúù ni ẹnu.”
ယခုမှာ အထပ်ထပ်ပြစ်မှား၍ ကိုယ်ဥာဏ်ပညာ အားဖြင့် အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ့်အဘို့ လုပ်ကြ ၏။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ၏။
3 Nítorí náà wọn yóò dàbí ìkùùkuu òwúrọ̀, bí ìrì òwúrọ̀ kùtùkùtù tó máa ń parẹ́, bí i èèpo ìyẹ̀fun tí afẹ́fẹ́ gbé láti ibi ìpakà bí èéfín tó rú jáde gba ojú fèrèsé.
ထိုကြောင့်၊ သူတို့သည် နံနက်မိုဃ်းတိမ်ကဲ့သို့၎င်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့၎င်း၊ ကောက်နယ်တလင်းမှ လေဘွေတိုက်သွားသော ဖွဲကဲ့သို့ ၎င်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့၎င်း ဖြစ်ရကြလိမ့် မည်။
4 “Ṣùgbọ́n Èmi ni Olúwa Ọlọ́run rẹ̀, ẹni tó mú ọ jáde láti ilẹ̀ Ejibiti wá. Ìwọ̀ kì yóò sì mọ ọlọ́run mìíràn àfi èmi kò sí olùgbàlà mìíràn lẹ́yìn mi.
သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင် ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်ကို သင်မသိ ပြီ။ ငါမှတပါး ကယ်တင်နိုင်သော သခင်မရှိ။
5 Mo ṣe ìtọ́jú rẹ ní aginjù, ní ilẹ̀ tí ó gbẹ tí kò ní omi.
အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော၌ပင် သင့်ကို ငါသိပြီ။ ကျက်စားရာအရပ်၌ ဝပြော စွာ စားရကြ၏။
6 Wọn ni ìtẹ́lọ́rùn nígbà tí mo fún wọn ní oúnjẹ, Nígbà tí wọ́n ní ìtẹ́lọ́rùn tan wọ́n di agbéraga. Nígbà náà ni wọ́n sì gbàgbé mi.
ဝသောအခါ ဝါကြွားသော စိတ်ရှိ၍ ငါ့ကို မေ့ လျော့ကြ၏။
7 Nítorí náà, Èmi yóò dìde sí wọn bí i kìnnìún, Èmi yóò fi ara pamọ́ dè wọ́n lọ́nà bí i ẹkùn.
ထိုကြောင့်၊ သူတို့၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ် မည်။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည်။
8 Beari igbó tí a já ọmọ rẹ̀ gbà, Èmi yóò bá wọn jà bí? Èmi yóò sì fà wọ́n ya bí ìgbà tí ẹkùn bá fa ara wọn ya bi ẹranko búburú ni èmi yóò fa wọn ya.
သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို ၍၊ သူတို့နှလုံး၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တော သားရဲဖြစ်၍ အပိုင်းပိုင်းဆွဲဖြတ်မည်။
9 “A ti pa ọ́ run, ìwọ Israẹli, nítorí pé ìwọ lòdì sí mi, ìwọ lòdì sí olùrànlọ́wọ́ rẹ.
အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။
10 Níbo ni ọba rẹ gbé wà nísinsin yìí kí ó bá à le gbà ọ là? Níbo ni àwọn olórí ìlú yín wà, àwọn tí ẹ sọ pé, ‘Fún wa ní ọba àti ọmọ-aládé’?
၁၀သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။
11 Nítorí èyí nínú ìbínú mi ni mo fún un yín ní ọba, nínú ìbínú gbígbóná mi, mo sì mú un kúrò.
၁၁ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင် တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ် ရှားပြီ။
12 Ẹ̀bi Efraimu ni a tí ko jọ gbogbo ẹ̀ṣẹ̀ rẹ̀ wà nínú àkọsílẹ̀.
၁၂ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏ အပြစ်ကို သိုမှီးပြီ။
13 Ìrora bí obìnrin tó fẹ́ bímọ ti dé bá a, ṣùgbọ́n ó jẹ́ ọmọ tí kò lọ́gbọ́n, nígbà tí àsìkò tó, ó kọ̀ láti jáde síta láti inú.
၁၃သူသည် သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဘွားရာ ဝမ်းဝ၌ ကြာမြင့်စွာနေပါသည်တကား။
14 “Èmi yóò rà wọ́n padà kúrò lọ́wọ́ agbára isà òkú. Èmi yóò rà wọ́n padà lọ́wọ́ ikú, ikú, àjàkálẹ̀-ààrùn rẹ dà? Isà òkú, ìparun rẹ dà? “Èmi kò ní ṣàánú mọ́. (Sheol h7585)
၁၄သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ် မည်။ သေမင်းလက်မှလည်း ရွေးမည်။ အိုသေမင်း၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာနိုင်ငံ၊ သင်၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်း ကို ပမာဏမပြု။ (Sheol h7585)
15 Bí ó tilẹ̀ gbilẹ̀ láàrín àwọn arákùnrin rẹ̀ afẹ́fẹ́ ìlà-oòrùn láti ọ̀dọ̀ Olúwa yóò wá, yóò fẹ́ wá láti inú aginjù orísun omi rẹ̀ yóò gbẹ kànga rẹ̀ yóò gbẹ pẹ̀lú olè yóò fọ́ ilé ẹrù àti gbogbo ilé ìṣúra rẹ̀.
၁၅မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ် သော်လည်း၊ အရှေ့လေလာလိမ့်မည်။ ထာဝရဘုရား၏ လေသည် တောမှလာ၍ သူ၏စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည်။ ဘဏ္ဍာတိုက်၌ ရှိသ မျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူ လိမ့်မည်။
16 Ará Samaria gbọdọ̀ ru ẹ̀bi wọn, nítorí pé wọ́n ti ṣọ̀tẹ̀ sí Ọlọ́run wọn. Wọn ó ti ipa idà ṣubú; a ó fọ́ àwọn ọmọ wọn mọ́lẹ̀, a ó sì la àwọn aboyún wọn nínú.”
၁၆ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ထားဖြင့် လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို၎င်း၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲခြင်းကို၎င်း ခံရကြလိမ့်မည်။

< Hosea 13 >