< Giô-sua 11 >

1 Vừa khi Gia-bin, vua Hát-so, đã hay các sự này, bèn sai sứ giả đến cùng Giô-báp, vua Ma-đôn, đến cùng Sim-rôn, vua Aïc-sáp,
ဟာ​ဇော်​မင်း​ယာ​ဘိန်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စစ်​အောင်​ပွဲ​သ​တင်း​ကို ကြား​ရ​သော​အ​ခါ သူ​သည်​မိ​မိ​နှင့်​မ​ဟာ မိတ်​မင်း​များ​ဖြစ်​ကြ​သော​မာ​ဒုန်​မင်း ယော​ဗပ်၊ ရှိ​မြုန်​မင်း​နှင့်​အာ​ခ​ရှပ်​မင်း​တို့ ထံ​သို့​လည်း​ကောင်း၊-
2 cùng các vua ở miền bắc, hoặc ở trên núi, trong đồng, miền nam Ki-nê-rết, xứ thấp, hay là trên các nơi cao Ðô-rơ về phía tây.
မြောက်​ဘက်​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ အိုင်​တောင်​ဘက်​ယော်​ဒန်​မြစ်​ဝှမ်း၊ တောင်​ခြေ ရပ်​နှင့်​အ​နောက်​ဘက်​ဒေါ​ရ​နယ်​ကမ်း​ခြေ ရှိ​မင်း​များ​ထံ​သို့​လည်း​ကောင်း​အ​ကြောင်း ကြား​လိုက်​လေ​သည်။-
3 Lại sai đến cùng dân Ca-na-an ở về phía đông và về phía tây, cùng dân A-mô-rít, dân Hê-tít, dân Phê-rê-sít, dân Giê-bu-sít ở trong núi, và đến cùng dân Hê-vít ở nơi chơn núi Hẹt-môn, trong xứ Mích-ba.
ထို့​အ​ပြင်​သူ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​နှင့်​အ​နောက်​ဘက်​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့​ထံ​သို့​လည်း အ​ကြောင်း​ကြား​လိုက်​လေ​သည်။-
4 Các vua này với hết thảy quân lính mình bèn kéo ra, một dân đông vô số, như cát nơi bờ biển, có ngựa và xe theo rất nhiều.
သူ​တို့​သည်​ပင်​လယ်​ကမ်း​ခြေ​ရှိ​သဲ​ပွင့် များ​တ​မျှ​များ​ပြား​သော စစ်​သူ​ရဲ​တို့ နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။ သူ​တို့​တွင် မြင်း​နှင့်​စစ်​ရ​ထား​အ​မြောက်​အ​မြား ပါ​ရှိ​သည်။-
5 Hết thảy các vua này đã hẹn nhau đến đóng trại chung gần nước Mê-rôm, đặng giao chiến cùng Y-sơ-ra-ên.
ထို​မင်း​တို့​သည်​စု​ပေါင်း​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ရန်​မေ​ရုံ ချောင်း​တွင်​စ​ခန်း​ချ​ကြ​လေ​သည်။
6 Nhưng Ðức Giê-hô-va phán cùng Giô-suê rằng: Chớ sợ, vì ngày mai tại giờ này, ta sẽ phó hết thảy chúng nó bị chết trước mặt Y-sơ-ra-ên; ngươi sẽ cắt nhượng ngựa, và đốt các xe cộ chúng nó nơi lửa.
ထာ​ဝ​ရ​ဘု​ရား​က​ယော​ရှု​အား``သူ​တို့ ကို​မ​ကြောက်​နှင့်။ နက်​ဖြန်​နေ့​ဤ​အ​ချိန် သို့​ရောက်​လျှင်​ငါ​သည်​သူ​တို့​အား​လုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်​သို့ အ​သေ​အပ်​မည်။ သင်​သည်​သူ​တို့​၏​မြင်း များ​ခြေ​ကြော​ကို​ဖြတ်​၍​စစ်​ရ​ထား များ​ကို​မီး​ရှို့​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
7 Vậy, Giô-suê và hết thảy chiến sĩ người lập tức đi đến, xông vào chúng nó gần nước Mê-rôm,
သို့​ဖြစ်​၍​ယော​ရှု​နှင့်​သူ​၏​တပ်​သား​အ​ပေါင်း တို့​သည် မေ​ရုံ​ချောင်း​တွင်​စ​ခန်း​ချ​လျက်​ရှိ သော​ရန်​သူ​များ​ကို​ရုတ်​တ​ရက်​ဝင်​ရောက် တိုက်​ခိုက်​ရာ၊-
8 và Ðức Giê-hô-va phó chúng nó vào tay Y-sơ-ra-ên. Giô-suê và hết thảy chiến sĩ đánh đuổi theo chúng nó cho đến Si-đôn lớn, cho đến Mít-rê-phốt-Ma-rim, và đến trũng Mích-va về phía đông, chẳng để thoát khỏi một ai hết.
ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ရန်​သူ​များ​ကို​အ​နိုင်​ရ​စေ တော်​မူ​၏။ သူ​တို့​သည်​မြောက်​ဘက်​ဇိ​ဒုန် မြို့​နှင့်​မိ​သ​ရ​ဖော​သ​မိမ်​မြို့​များ​သို့ တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မိ​ဇ​ပါ ချိုင့်​ဝှမ်း​သို့​တိုင်​အောင်​လည်း​ကောင်း ရန်​သူ များ​ကို​လိုက်​လံ​တိုက်​ခိုက်​၍​တစ်​ယောက် မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ကြ​သည်။-
9 Giô-suê làm cho chúng nó y như Ðức Giê-hô-va đã phán dặn người, cắt nhượng ngựa, và đốt xe cộ của chúng nó nơi lửa.
ယော​ရှု​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည့်​အ​တိုင်း ရန်​သူ​မြင်း​များ​၏​ခြေ​ကြော များ​ကို​ဖြတ်​၍ စစ်​ရ​ထား​များ​ကို​မီး​ရှို့ ဖျက်​ဆီး​လေ​သည်။
10 Trong một lúc đó, khi trở về, Giô-suê lấy Hát-so, và dùng gươm giết vua nó; Hát-so xưa vốn là kinh đô của các nước này.
၁၀ထို​နောက်​ယော​ရှု​သည်​ပြန်​လှည့်​၍​ဟာ​ဇော် မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ပြီး​လျှင် ၎င်း​၏ မင်း​ကို​ကွပ်​မျက်​လိုက်​လေ​သည်။ (ထို​ကာ​လ ၌​ဟာ​ဇော်​သည်​ထို​နိုင်​ငံ​များ​တွင်​အင် အား​အ​ကြီး​ဆုံး​နိုင်ငံ​ဖြစ်​သ​တည်း။-)
11 Giô-suê và quân lính dùng lưỡi gươm giết hết thảy người ở trong thành, chẳng còn lại vật chi có hơi thở, và người phóng hỏa thành Hát-so.
၁၁သူ​တို့​သည်​မြို့​သူ​မြို့​သား​များ​ကို​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​၍ မြို့ ကို​မီး​ရှို့​ဖျက်​ဆီး​ကြ​သည်။
12 Giô-suê cũng bắt các vua nầy, dùng lưỡi gươm giết đi, và chiếm các thành của họ mà diệt đi, y như Môi-se tôi tớ của Ðức Giê-hô-va, đã truyền dặn.
၁၂ယော​ရှု​သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ တို့​စိုး​စံ​သော​မြို့​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ မိန့်​မှာ​ခဲ့​သည်​အ​တိုင်း မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကို​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​လေ​သည်။-
13 Nhưng Y-sơ-ra-ên không đốt một thành nào ở trên gò nỗng, trừ ra Hát-so, mà Giô-suê đã đốt.
၁၃သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟာ​ဇော်​မြို့​မှ​လွဲ​၍ တောင်​ပေါ်​တွင်​တည်​ထား သော​အ​ခြား​မြို့​များ​ကို​မူ​မီး​ရှို့​ဖျက်​ဆီး ခြင်း​မ​ပြု​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​တည်း ကို​သာ​ယော​ရှု​မီး​ရှို့​ဖျက်​ဆီး​ခဲ့​၏။-
14 Dân Y-sơ-ra-ên đoạt lấy về phần mình hết hảy hóa tài và hết thảy súc vật của các thành này; nhưng dùng lưỡi gươm giết mọi loài người cho đến chừng đã diệt hết, chẳng còn để lại vật nào có hơi thở.
၁၄ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​မြို့ များ​မှ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​နှင့်​သိုး​နွား တိ​ရစ္ဆာန်​တို့​ကို မိ​မိ​တို့​အ​တွက်​သိမ်း​ယူ ကြ​သည်။ မြို့​သူ​မြို့​သား​များ​ကို​မူ​ကား တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့ လေ​သည်။-
15 Mạng lịnh mà Ðức Giê-hô-va phán dặn Môi-se, Giô-suê không bỏ sót gì hết.
၁၅ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သည်​အ​တိုင်း မော​ရှေ​သည်​ယော​ရှု​အား​တစ်​ဆင့်​မိန့်​မှာ ခဲ့​၏။ ယော​ရှု​က​လည်း​မော​ရှေ​မိန့်​မှာ​သည် အ​တိုင်း​ဆောင်​ရွက်​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ယော​ရှု​လိုက်​နာ​ဆောင်​ရွက်​လေ​သည်။
16 Vậy, Giô-suê chiếm lấy cả xứ này, nào núi, nào cả miền nam, nào toàn xứ Gô-sen, nào đất thấp và đồng bằng, nào núi Y-sơ-ra-ên cùng xứ thấy nó,
၁၆ယော​ရှု​သည်​မြောက်​ဘက်​ရှိ​တောင်​ကုန်း ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ​များ၊ တောင်​ဘက် ရှိ​တောင်​ကုန်း​ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ များ၊ ဂေါ​ရှင်​ပြည်​တစ်​ပြည်​လုံး​နှင့်​ယင်း ၏​တောင်​ဘက်​ရှိ​ခြောက်​သွေ့​သော​ဒေ​သ၊ ယော်​ဒန်​မြစ်​ဝှမ်း​မှ​စ​၍​တစ်​ပြည်​လုံး ကို​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​လေ​သည်။-
17 từ phía núi trụi mọc lên phía Sê -i-rơ cho đến Ba-anh-Gát trong trũng Li-ban, tại chơn núi Hẹt-môn. Người bắt hết thảy vua các miền đó, đánh và giết đi.
၁၇ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ယူ​သော နယ်​မြေ​သည်​တောင်​ဘက်​ဧ​ဒုံ​ပြည်​အ​နီး၊ ဟာ​လက်​တောင်​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​လေ​ဗ​နုန်​ချိုင့်​ဝှမ်း​ရှိ ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်​ကျယ်​ပြန့်​လေ​သည်။ ယော​ရှု​သည်​ထို​နယ်​မြေ​ကို​အုပ်​စိုး​သော မင်း​များ​နှင့်​ကြာ​မြင့်​စွာ​စစ်​တိုက်​ရ​သည်။ သို့​ရာ​တွင်​သူ​သည်​ထို​မင်း​အား​လုံး​တို့ ကို​လက်​ရ​ဖမ်း​ဆီး​ကွပ်​မျက်​ခဲ့​လေ​သည်။-
18 Giô-suê đánh giặc cùng các vua này lâu ngày.
၁၈
19 Chẳng có một thành nào lập hòa cùng dân Y-sơ-ra-ên, trừ ra dân Hê-vít ở tại Ga-ba-ôn. Dân Y-sơ-ra-ên nhờ giặc giã mà chiếm lấy hết thảy.
၁၉ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဂိ​ဗောင် မြို့​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့ နှင့်​သာ​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​ဆို​ခဲ့ သည်။ အ​ခြား​သော​မြို့​များ​ကို​မူ​တိုက်​ခိုက် သိမ်း​ယူ​ခဲ့​သည်။-
20 Vì Ðức Giê-hô-va để cho lòng các vua ấy cố chấp mà chinh chiến cùng Y-sơ-ra-ên, hầu cho họ bị diệt đi, không được thương xót, y như Ðức Giê-hô-va đã phán dặn Môi-se.
၂၀ထို​သူ​အ​ပေါင်း​တို့​ကို​မ​သ​နား​မ​ညှာ​တာ ဘဲ​အ​ကုန်​အ​စင်​သုတ်​သင်​သတ်​ဖြတ်​ပစ်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အ​ပေါင်း​တို့ အား​ဇွဲ​သန်​သန်​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​ခု​ခံ​တိုက်​ခိုက်​စေ​တော်​မူ​၏။ ထို​သူ​တို့ ကို​အ​ကုန်​အ​စင်​သုတ်​သင်​ရ​ခြင်း​မှာ​မော​ရှေ အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဖြစ်​သ​တည်း။
21 Trong lúc đó, Giô-suê đi trừ diệt dân A-na-kim, nào ở trong núi, ở Hếp-rôn, ở Ðê-bia, ở A-náp, hay là ở trên khắp núi Giu-đa và núi Y-sơ-ra-ên; Giô-suê tận diệt chúng nó luôn với các thành của họ.
၂၁ထို​ကာ​လ​၌​ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ၊ ဣ​သ ရေ​လ​တောင်​ကုန်း​ဒေ​သ​စ​သော​တောင်​ကုန်း ဒေသ​များ​တွင်​နေ​ထိုင်​သည့် ထွား​ကြိုင်း​သော အာ​န​က​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ချီ​တက် လေ​သည်။ ယော​ရှု​သည်​အာ​န​က​အ​မျိုး​သား များ​ကို တစ်​ယောက်​မ​ကျန်​သုတ်​သင်​၍​သူ တို့​မြို့​များ​ကို​မြေ​လှန်​ဖျက်​ဆီး​ခဲ့​လေ သည်။-
22 Chẳng còn người A-na-kim nào trong xứ Y-sơ-ra-ên, chỉ ở tại Ga-xa, Gát, và Ách-đốt thì có.
၂၂ထို့​ကြောင့်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​န​က အ​မျိုး​သား​ဟူ​၍ တစ်​ယောက်​မျှ​အ​သက်​ရှင် ၍​မ​ကျန်​ရစ်​ချေ။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ ဂါ​သ မြို့​နှင့်​အာ​ဇုတ်​မြို့​များ​၌​သာ​လျှင်​အာ​န​က အ​မျိုး​သား​အ​ချို့​ကျန်​ရှိ​ကြ​သေး​သည်။-
23 Vậy, Giô-suê chiếm cả xứ, y như Ðức Giê-hô-va đã phán dặn Môi-se, và ban xứ cho Y-sơ-ra-ên làm sản nghiệp, tùy sự chia phân từng chi phái. Bấy giờ, xứ được bình tịnh, không còn giặc giã.
၂၃ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။

< Giô-sua 11 >