< Sáng Thế 10 >

1 Ðây là dòng dõi của Sem, Cham và Gia-phết, ba con trai của Nô-ê; sau khi lụt, họ sanh con cái.
ရေ​လွှမ်း​မိုး​ပြီး​သည့်​နောက်​နော​ဧ​၏​သား​များ ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​မှ ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​ကို​ဖော်​ပြ ပေ​အံ့။-
2 Con trai của Gia-phết là Gô-me, Ma-gốc, Ma-đai, Gia-van, Tu-banh, Mê-siếc, và Ti-ra.
ယာ​ဖက်​၏​သား​များ​ဖြစ်​ကြ​သော​ဂေါ​မာ၊ မာ ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှက်၊ ထိ​ရတ် တို့​သည်​ကား သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ သော​လူ​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။-
3 Con trai của Gô-me là Ách-kê-na, Ri-phát, và Tô-ga-ma.
ဂေါ​မာ​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက် တို့​သည်​ကား အာ​ရှ​ကေ​နတ်၊ ရိ​ဖတ်၊ တော်​ဂ​မ လူ​မျိုး​များ​ဖြစ်​ကြ​၏။-
4 Con trai của Gia-van là Ê-li-sa và Ta-rê-si, Kít-sim và Ðô-đa-nim.
ယာ​ဝန်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​တို့ သည်​ကား ဧ​လိ​ရှာ၊ စ​ပိန်၊ ကု​ပ​ရု​နှင့်​ရိုဒ်​တို့ ဖြစ်​ကြ​၏။-
5 Do họ mà có người ta ở tràn ra các cù lao của các dân, tùy theo xứ, tiếng nói, chi phái và dân tộc của họ mà chia ra.
ထို​သူ​အ​ပေါင်း​တို့​သည်​ပင်​လယ်​ကမ်း​ခြေ​တစ် လျှောက်​နှင့် ကျွန်း​များ​ပေါ်​တွင်​အ​နှံ့​အ​ပြား​နေ ထိုင်​သူ​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ ဤ​လူ​မျိုး အား​လုံး​တို့​သည်​ယာ​ဖက်​မှ​ပေါက်​ဖွား​ဆင်း သက်​လာ​သော​သား​စဉ်​မြေး​ဆက်​တို့​ဖြစ်​၍ လူ အ​မျိုး​မျိုး​ကွဲ​ပြား​လျက်​အ​ပြည်​ပြည်​တို့ ၌​နေ​ထိုင်​ပြီး​လျှင် လူ​မျိုး​စု​အ​လိုက်​သီး​ခြား ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။
6 Con trai của Cham là Cúc, Mích-ra-im, Phút và Ca-na-an.
ဟာ​မ​၏​သား​များ​ဖြစ်​ကြ​သော​ကု​ရှ၊ အီ​ဂျစ်၊ လစ်​ဗြား​နှင့်​ခါ​နာန်​တို့​သည်​ကား သူ​တို့​၏ နာ​မည်​ကို​ခံ​ယူ​ကြ​သူ​လူ​မျိုး​တို့​၏​ဖ​ခင် များ​ဖြစ်​ကြ​၏။-
7 Con trai của Cúc là Sê-ba, Ha-vi-la, Sáp-ta, Ra-ê-ma và Sáp-tê-ca; con trai của Ra-ê-ma là Sê-la và Ðê-đan.
ကု​ရှ​မှ​ပေါက်​ဖွား​ဆင်း​သက်​လာ​သော​သား​စဉ် မြေး​ဆက်​တို့​သည်​ကား သေ​ဘ​လူ​မျိုး၊ ဟာ​ဝိ​လ လူ​မျိုး၊ သာ​ဘ​တ​လူ​မျိုး၊ ရာ​ဂ​မ​လူ​မျိုး​နှင့် သတ္တေ​ခါ​လူ​မျိုး​များ​ဖြစ်​ကြ​၏။ ရာ​ဂ​မ​၏​သား စဉ်​မြေး​ဆက်​တို့​မှာ​ရှေ​ဘ​နှင့်​ဒေ​ဒန်​လူ​မျိုး များ​ဖြစ်​သည်။-
8 Cúc sanh Nim-rốt, ấy là người bắt đầu làm anh hùng trên mặt đất.
ကု​ရှ​တွင်​နိမ်​ရော​ဒ​နာ​မည်​ရှိ​သား​တစ်​ယောက် ရှိ​၏။ ထို​သား​သည်​ကမ္ဘာ​ပေါ်​တွင် ပ​ထ​မ​ဦး​ဆုံး နယ်​ပယ်​များ​ကို​တိုက်​ခိုက်​အောင်​မြင်​သော​သူ ဖြစ်​၏။-
9 Người là một tay thợ săn can đảm trước mặt Ðức Giê-hô-va. Bởi cớ đó, có tục ngữ rằng: Hệt như Nim-rốt, một tay thợ săn can đảm trước mặt Ðức Giê-hô-va!
သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း​အား ဖြင့် အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော​မု​ဆိုး​ဖြစ်​ရ ကား​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား နိမ်​ရော​ဒ​ကဲ့​သို့ အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော မု​ဆိုး​ကြီး​ဖြစ်​ပါ​စေ​သော'' ဟု​ဆို​လေ့​ရှိ ကြ​သည်။-
10 Nước người sơ-lập là Ba-bên, Ê-rết, A-cát và Ca-ne ở tại xứ Si-nê-a.
၁၀သူ​၏​နိုင်​ငံ​တွင်​ဦး​စွာ​ဗာ​ဗု​လုန်​မြို့၊ ဧ​ရက်​မြို့​နှင့် အက္ကဒ်​မြို့​များ​ပါ​ဝင်​၏။-
11 Từ xứ đó người đến xứ A-si-ri, rồi lập thành Ni-ni-ve, Rê-hô-bô-ti, Ca-lách,
၁၁သူ​သည်​ထို​ပြည်​မှ​အာ​ရှု​ရိ​ပြည်​သို့​သွား​၍ နိ​နေ​ဝေ​မြို့၊ ရ​ဟော​ဘုတ်၊ ဣ​ရ​မြို့၊ ကာ​လ​မြို့ စ​သော​မြို့​ကြီး​များ​ကို​လည်း​ကောင်း၊-
12 Và thành Rê-sen, là thành rất lớn, ở giữa khoảng thành Ni-ni-ve và Ca-lách.
၁၂နိ​နေ​ဝေ​မြို့​နှင့်​ကာ​လ​မြို့​ကြီး​စပ်​ကြား​ရှိ ရေ​သင်​မြို့​ကို​လည်း​ကောင်း​တည်​လေ​၏။
13 Mích-ra-im sanh họ Lu-đim, họ A-na-mim, họ Lê-ha-bim, họ Náp-tu-him,
၁၃မိ​လ​ရိမ်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက် တို့​မှာ လု​ဒိ​လူ​မျိုး၊ အာ​န​မိမ်​လူ​မျိုး၊ လ​ဟာ​ဗိမ် လူ​မျိုး၊ နတ္တု​ဟိမ်​လူ​မျိုး၊-
14 họ Bát-ru-sim, họ Cách-lu-him (bởi đó sanh họ Phi-li-tin), và họ Cáp-tô-rim.
၁၄ပါ​သ​ရု​သိမ်​လူ​မျိုး၊ ကာ​သ​လု​ဟိမ်​လူ​မျိုး​နှင့် က​တ္တော​ရိမ်​လူ​မျိုး​များ​ဖြစ်​ကြ​၏။ ကာ​သ လု​ဟိမ်​လူ​မျိုး​မှ​ဖိ​လိတ္တိ​လူ​မျိုး​ဆင်း​သက် လာ​၏။
15 Ca-na-an sanh Si-đôn, là con trưởng nam, và Hếch,
၁၅ခါ​နာန်​၏​သား​ဦး​ဇိ​ဒုန်​နှင့်​သား​ဟေ​သ​တို့​သည် သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-
16 cùng họ Giê-bu-sít, họ A-mô-rít, họ Ghi-rê-ga-sít,
၁၆ခါ​နာန်​သည်​ယေ​ဗု​သိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ဂိ​ရ​ဂါ​ရှိ​လူ​မျိုး၊-
17 họ Hê-vít, họ A-rê-kít, họ Si-nít,
၁၇ဟိ​ဝိ​လူ​မျိုး၊ အာ​ကိ​လူ​မျိုး၊ သိ​နိ​လူ​မျိုး၊
18 họ A-va-đít, họ Xê-ma-rít, họ Ha-ma-tít. Kế đó, chi tộc Ca-na-an đi tản lạc.
၁၈အာ​ဝ​ဒိ​လူ​မျိုး၊ ဇေ​မ​ရိ​လူ​မျိုး၊ ဟာ​မ​သိ​လူ​မျိုး တို့​၏​ဖ​ခင်​လည်း​ဖြစ်​သည်။ ခါ​နာန်​အ​မျိုး​အ​နွယ် အ​သီး​သီး​တို့​သည်၊-
19 Còn địa-phận Ca-na-an, về hướng Ghê-ra, chạy từ Si-đôn tới Ga-xa; về hướng Sô-đôm, Gô-mô-rơ, Át-ma và Sê-bô-im, chạy đến Lê-sa.
၁၉ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-
20 Ðó là con cháu của Cham, tùy theo họ hàng, tiếng nói, xứ và dân tộc của họ.
၂၀ဤ​လူ​မျိုး​တို့​သည်​ကား​အ​ပြည်​ပြည်​တို့​၌​နေ ထိုင်​၍ လူ​မျိုး​စု​အ​လိုက်​သီး​ခြား​ဘာ​သာ စ​ကား​များ​ကို​ပြော​ဆို​ကြ​သော​ဟာမ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
21 Sem, tổ phụ của họ Hê-be và anh cả của Gia-phết, cũng có sanh con trai.
၂၁ယာ​ဖက်​၏​အစ်​ကို​ရှေ​မ​သည် ဟေ​ဗြဲ​လူ​မျိုး အ​ပေါင်း​တို့​၏​ဖ​ခင်​ဖြစ်​သည်။-
22 Con trai của Sem là Ê-lam, A-sự-rơ, A-bác-sát, Lút và A-ram.
၂၂ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​လံ၊ အာ​ရှု​ရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ​နှင့်​အာ​ရံ​တို့​သည်​ကား​သူ​တို့ ၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့​၏ ဖ​ခင်​များ​ဖြစ်​ကြ​၏။-
23 Con trai của A-ram là U-xơ, Hu-lơ, Ghê-te và Mách.
၂၃အာ​ရံ​မှ​ပေါက်​ဖွား​ဆင်း​သက်​သော​သား​စဉ်​မြေး ဆက်​တို့​သည်​ကား ဥ​ဇ​လူ​မျိုး၊ ဟု​လ​လူ​မျိုး၊ ဂေ​သာ​လူ​မျိုး​နှင့်​မာ​ရှ​လူ​မျိုး​များ​ဖြစ်​ကြ သည်။-
24 Còn A-bác-sát sanh Sê-lách; Sê-lách sanh Hê-be,
၂၄အာ​ဖာ​ဇဒ်​၏​သား​ရှာ​လ​သည်​ဟေ​ဗာ​၏​ဖ​ခင် ဖြစ်​၏။-
25 Hê-be sanh được hai con trai; tên của một người là Bê-léc, vì đất trong đời người đó đã chia ra; trên của người em là Giốc-tan.
၂၅ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ သား​တစ်​ယောက် ကို​ဖာ​လက်​ဟု​နာ​မည်​မှည့်​၏။ ထို​သား​၏​လက်​ထက် တွင်​ကမ္ဘာ​လော​က​၌​နေ​ထိုင်​ကြ​သော​လူ​တို့​သည် ကွဲ​ပြား​သွား​ခြင်း​ကြောင့်​ထို​နာ​မည်​ကို​ပေး​ခြင်း ဖြစ်​၏။ အ​ခြား​သော​သား​ကို​ယုတ္တန်​ဟု​နာ​မည် မှည့်​ခေါ်​၏။-
26 Giốc-tan sanh A-mô-đát, Sê-lép, Ha-sa-ma-vết và Giê-rách,
၂၆ယုတ္တန်​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​တို့ သည်​ကား​အာ​လ​မော​ဒဒ်​လူ​မျိုး၊ ရှေ​လပ်​လူ မျိုး၊ ဟာ​ဇာ​မာ​ဝက်​လူ​မျိုး၊ ယေ​ရ​လူ​မျိုး၊-
27 Ha-đô-ram, U-xa, Ðiếc-la,
၂၇ဟ​ဒေါ​ရံ​လူ​မျိုး၊ ဥ​ဇ​လ​လူ​မျိုး၊ ဒိ​က​လ လူ​မျိုး၊-
28 Ô-banh, A-bi-ma-ên, Sê-ba,
၂၈သြ​ဗ​လ​လူ​မျိုး၊ အ​ဘိ​မေ​လ​လူ​မျိုး၊ ရှေ​ဘ​လူ​မျိုး၊-
29 Ô-phia, Ha-vi-la và Giô-báp. Hết thảy các người đó là con trai của Giốc-tan.
၂၉သြ​ဖိ​ရ​လူ​မျိုး၊ ဟ​ဝိ​လ​လူ​မျိုး​နှင့်​ယော​ဗပ်​လူ​မျိုး များ​ဖြစ်​ကြ​၏။ ထို​လူ​မျိုး​အား​လုံး​တို့​သည်​ယုတ္တန် မှ​ဆင်း​သက်​လာ​ကြ​သည်။-
30 Cõi đất của các người đó ở về phía Sê-pha, chạy từ Mê-sa cho đến núi Ðông phương.
၃၀သူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် မေ​ရှ​မြို့​မှ​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​ဒေ​သ​ရှိ​သေ​ဖာ​မြို့​တိုင်​အောင် ကျယ်​ပြန့်​သည်။-
31 Ðó là con cháu của Sem, tùy theo họ hàng, tiếng nói, xứ và dân tộc của họ.
၃၁ဤ​လူ​မျိုး​တို့​သည်​ကား​လူ​အ​မျိုး​မျိုး​ကွဲ​ပြား လျက် အ​ပြည်​ပြည်​တို့​၌​နေ​ထိုင်​၍ လူ​မျိုး​စု​အ​လိုက် သီး​ခြား​ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​ကြ သော​ရှေ​မ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
32 Ấy là các họ hàng của ba con trai Nô-ê tùy theo đời và dân tộc của họ; lại cũng do nơi họ mà các dân chia ra trên mặt đất sau cơn nước lụt.
၃၂ဤ​လူ​မျိုး​အား​လုံး​တို့​သည်​သူ​တို့​၏​အ​ဆက် အ​နွယ်​နှင့် လူ​မျိုး​အ​သီး​သီး​အ​လိုက်​ဖော်​ပြ ထား​သော​နော​ဧ​၏​သား​စဉ်​မြေး​ဆက်​တို့​ဖြစ် သ​တည်း။ ရေ​လွှမ်း​မိုး​ပြီး​နောက်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် နော​ဧ ၏​သား​များ​မှ​ဆင်း​သက်​လာ​သော​အ​ဆက် အ​နွယ်​များ​ပင်​ဖြစ်​ကြ​၏။

< Sáng Thế 10 >