< Xuất Hành 25 >

1 Ðức Giê-hô-va phán cùng Môi-se rằng:
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပ​ညတ်​ချက်​များ​ကို​မိန့်​မြွက်​တော်​မူ​၏။-
2 Hãy nói cùng dân Y-sơ-ra-ên đặng họ dâng lễ vật cho ta; các ngươi hãy nhận lấy lễ vật của mọi người có lòng thành dâng cho.
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​အား လှူ​ဖွယ်​ပစ္စည်း​တို့​ကို​ဆက်​သ​ရ​မည်​ဟူ​၍ ပြော​ကြား​လော့။ သင်​သည်​အ​မျိုး​သား​တိုင်း ထံ​မှ​စေ​တ​နာ​အ​လျောက် ပေး​လှူ​သ​မျှ ပစ္စည်း​တို့​ကို​လက်​ခံ​ရ​မည်။-
3 Nầy là lễ vật các ngươi sẽ nhận lấy của họ: vàng, bạc, và đồng;
သင်​လက်​ခံ​ရ​မည့်​လှူ​ဖွယ်​ပစ္စည်း​များ​သည် ကား ရွှေ၊ ငွေ၊ ကြေး​ဝါ၊-
4 chỉ tím, đỏ điều, đỏ sặm, vải gai mịn, lông dê, da chiên đực nhuộm đỏ,
ပိတ်​ချော၊ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ဆိတ်​မွေး​အ​ထည်၊-
5 da cá nược, cây si-tim,
အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ​ချော၊ အ​ကာ​ရှ​သစ်​သား၊-
6 dầu thắp, hương liệu đặng làm dầu xức và hương,
မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊-
7 bích ngọc cùng các thứ ngọc khác để gắn vào ê-phót và bảng đeo ngực.
ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း နှင့်​ရင်​ဖုံး​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့် အ​ခြား​သော​ကျောက်​မျက်​ရ​တ​နာ​များ ဖြစ်​၏။-
8 Họ sẽ làm cho ta một đền thánh và ta sẽ ở giữa họ.
ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-
9 Hãy làm điều đó y như kiểu đền tạm cùng kiểu các đồ dùng mà ta sẽ chỉ cho ngươi.
တဲ​တော်​နှင့်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​တို့​ကို ငါ​ပြ​မည့်​ပုံ​စံ​အ​တိုင်း​ပြု​လုပ်​ရ​မည်။
10 Vậy, chúng hãy đóng một cái hòm bằng cây si-tim; bề dài hai thước rưỡi, bề ngang một thước rưỡi, và bề cao cũng một thước rưỡi,
၁၀``အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ သော​သေတ္တာ​တစ်​လုံး​ကို​အ​ကာ​ရှ​သစ်​သား ဖြင့်​ပြု​လုပ်​လော့။-
11 lấy vàng ròng bọc trong, bọc ngoài, và chạy đường viền chung quanh hòm bằng vàng.
၁၁သေတ္တာ​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍​အ​နား​ပတ် လည်​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-
12 Ngươi cũng hãy đúc bốn khoen bằng vàng để tại bốn góc hòm: hai cái bên hông nầy, hai cái bên hông kia,
၁၂သေတ္တာ​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး​ကွင်း​ကို သွန်း​လုပ်​၍၊ ခြေ​လေး​ထောင့်​တွင်​တစ်​ဘက်​လျှင် နှစ်​ကွင်း​စီ​တပ်​ထား​ရ​မည်။-
13 cùng làm hai cây đòn bằng cây si-tim, bọc vàng;
၁၃အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း​ပိုး​များ​ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-
14 rồi lòn đòn vào khoen hai bên hông hòm, để dùng đòn khiêng hòm.
၁၄သေတ္တာ​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို​သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-
15 Ðòn sẽ ở trong khoen luôn, không nên rút ra.
၁၅ထမ်း​ပိုး​များ​ကို​ကွင်း​များ​မှ​မ​ထုတ်​ရ။ အ​မြဲ​လျှို​သွင်း​ထား​ရ​မည်။-
16 Ngươi hãy cất vào trong hòm bảng chứng mà ta sẽ ban cho.
၁၆ပ​ညတ်​တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ကို​ငါ​ပေး​မည်။ ထို​ကျောက် ပြား​များ​ကို​သေတ္တာ​ထဲ​၌​ထည့်​ထား​ရ​မည်။
17 Ngươi cũng hãy làm một cái nắp thi ân bằng vàng ròng, bề dài hai thước rưỡi, bề ngang một thước rưỡi.
၁၇``အ​လျား​လေး​ဆယ့်​ငါး​လက်​မ​နှင့် အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​အ​ဖုံး​ကို​ရွှေ​စင်​ဖြင့် ပြု​လုပ်​ရ​မည်။-
18 Lại làm hai tượng chê-ru-bin bằng vàng giát mỏng, để hai đầu nắp thi ân,
၁၈အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​တွင်​ရွှေ​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ရွှေ​စင်​ဖြင့်​ထု​လုပ်​ရ​မည်။ ထို​ခေ​ရု ဗိမ်​ရုပ်​တု​များ​သည် အ​ဖုံး​နှင့်​တစ်​သား​တည်း ရှိ​စေ​ရ​မည်။-
19 ló ra ngoài, một tượng ở đầu nầy và một tượng ở đầu kia.
၁၉
20 Hai chê-ru-bin sẽ sè cánh ra, che trên nắp thi ân, đối diện nhau và xây mặt vào nắp thi ân.
၂၀ခေ​ရု​ဗိမ်​များ​၏​ဖြန့်​ထား​သော​အ​တောင်​များ သည် သေတ္တာ​အ​ဖုံး​ကို​ဖြန့်​မိုး​ထား​စေ​ရ​မည်။ သူ​တို့​သည်​မျက်​နှာ​ချင်း​ဆိုင်​၍​သေတ္တာ​ဖုံး​ကို ကြည့်​နေ​စေ​ရ​မည်။-
21 Ngươi hãy để nắp thi ân trên hòm, rồi để vào trong hòm bảng chứng mà ta sẽ ban cho.
၂၁သေတ္တာ​ထဲ​တွင်​ကျောက်​ပြား​နှစ်​ပြား​ကို​ထည့်​၍ သေတ္တာ​ဖုံး​ဖြင့်​ဖုံး​အုပ်​ထား​ရ​မည်။-
22 Ta sẽ gặp ngươi tại đó, và ở trên nắp thi ân, giữa hai tượng chê-ru-bin, trên hòm bảng chứng, ta sẽ truyền cho ngươi các mạng lịnh về dân Y-sơ-ra-ên.
၂၂ထို​နေ​ရာ​၌​ငါ​သည်​သင်​တို့​နှင့်​တွေ့​ဆုံ​မည်။ ငါ သည်​ခေ​ရု​ဗိမ်​နှစ်​ပါး​အ​ကြား​အ​ဖုံး​ပေါ်​မှ​နေ တော်​မူ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရန်​ရှိ​သ​မျှ​ကို​သင့်​အား​ငါ​မြွက် ဆို​မည်။
23 Ngươi cũng hãy đóng một cái bàn bằng cây si-tim; bề dài hai thước, bề ngang một thước, và bề cao một thước rưỡi,
၂၃``အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ် လက်​မ​ရှိ​သော​စား​ပွဲ​တစ်​လုံး​ကို​အကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-
24 bọc bằng vàng ròng, và chạy một đường viền chung quanh;
၂၄စား​ပွဲ​ကို​ရွှေ​ချ​၍​အ​နား​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-
25 rồi lên be cho tứ vi bàn, cao chừng bốn ngón tay và chạy cho be một đường viền vàng.
၂၅စား​ပွဲ​ပတ်​လည်​တွင်​သုံး​လက်​မ​ဗြက်​ရှိ​သော ဘောင်​တပ်​၍​အ​နား​ကို​ရွှေ​ကွပ်​ရ​မည်။-
26 Lại đúc bốn cái khoen vàng, tra vào bốn góc nơi chân bàn.
၂၆စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ်​ယူ ရန် ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​ရ​မည်။-
27 Khoen sẽ ở gần be, để xỏ đòn khiêng bàn.
၂၇ထမ်း​ပိုး​လျှို​ရန်​ကွင်း​များ​ကို​ဘောင်​အ​နီး​၌ ကပ်​၍​တပ်​ဆင်​ရ​မည်။-
28 Ngươi hãy chuốt đòn bằng cây si-tim, bọc vàng, rồi người ta sẽ dùng khiêng bàn đó.
၂၈ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍​ရွှေ​ချ​ထား​ရ​မည်။-
29 Lại hãy lấy vàng ròng mà làm dĩa, chén, chậu, và ly đặng dùng làm lễ quán.
၂၉စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား​နှင့်​စ​ပျစ် ရည်​ဖ​လား​များ​ကို​ရွှေ​ဖြင့်​ပြုလုပ်​ရ​မည်။-
30 Trên bàn ngươi sẽ để bánh trần thiết cho có luôn luôn trước mặt ta.
၃၀ပ​ဋိ​ညာဉ်​သေတ္တာ​၏​အ​ရှေ့​တွင်​စား​ပွဲ​ကို​ထား ရ​မည်။ ထို​စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​တင်​မုန့်​အမြဲ ရှိ​စေ​ရ​မည်။
31 Ngươi cũng hãy làm chân đèn bằng vàng ròng. Cái chân, cái thân, cái đài, cái bầu cùng cái hoa của đèn đều làm bằng vàng đánh giát.
၃၁``ဆီ​မီး​ခုံ​ကို​ရွှေ​ဖြင့်​ပြု​လုပ်​လော့။ ဆီ​မီး​ခုံ တိုင်​နှင့်​အောက်​ခံ​ခုံ​တို့​ကို​ရွှေ​ဖြင့်​ထု​လုပ်​လော့။ ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော အ​လှ​ပန်း​များ​သည် ဆီ​မီး​ခုံ​တိုင်​နှင့်​တစ်​သား တည်း​ရှိ​စေ​ရ​မည်။-
32 Hai bên thân đèn sẽ có sáu nhánh nứt ra, hạ nhánh ở bên nầy và ba nhánh ở bên kia.
၃၂ဆီ​မီး​ခုံ​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​လက် သုံး​လက်​စီ၊ ပေါင်း​ခြောက်​လက်​ဖြာ​ထွက်​စေ ရ​မည်။-
33 Trong sáu nhánh nứt ra trên chân đèn, mỗi nhánh đều sẽ có ba cái đài hình như hột hạnh nhân cùng bầu và hoa.
၃၃အ​လက်​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​ပုံ​အ​လှ​ပန်း​သုံး ပွင့်​ရှိ​စေ​ရ​မည်။-
34 Trên thân chân đèn, lại cũng sẽ có bốn cái đài hình hột hạnh nhân, bầu và hoa.
၃၄ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ သော​ဗာ​ဒံ​ပွင့်​ပုံ​ပန်း​လေး​ပွင့်​ရှိ​စေ​ရ​မည်။-
35 Trong sáu nhánh từ thân chân đèn nứt ra, hễ cứ mỗi hai nhánh thì dưới có một cái bầu.
၃၅အ​လက်​သုံး​စုံ​တွင်​တစ်​စုံ​စီ​ကြား​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​စေ​ရ​မည်။-
36 Bầu cùng nhánh của chân đèn đều bằng vàng ròng nguyên miếng đánh giát.
၃၆ပွင့်​ဖူး​အ​လက်​နှင့်​ဆီ​မီး​ခုံ​တိုင်​တို့​ကို​ရွှေ ဖြင့်​တစ်​သား​တည်း​ထု​လုပ်​ရ​မည်။-
37 Ngươi cũng hãy làm bảy cái thếp đèn, đặng hễ khi thắp thì chiếu trước chân đèn.
၃၇ဆီ​မီး​ခုံ​အ​တွက်​မီး​ခွက်​ခု​နစ်​လုံး​ကို​ပြု​လုပ် လော့။ ထို​မီး​ခွက်​များ​မှ​ရှေ့​သို့​အ​လင်း​ရောင် ထွက်​လာ​စေ​ရန်​စီ​မံ​လော့။-
38 Kéo bắt tim cùng đồ đựng tàn đèn cũng sẽ bằng vàng ròng.
၃၈မီးညှပ်​နှင့်​မီး​ခံ​ခွက်​တို့​ကို​လည်း​ရွှေ​ဖြင့်​ပြု​လုပ် ရ​မည်။-
39 Người ta sẽ dùng một ta lâng vàng ròng làm chân đèn nầy và các đồ phụ tùng của chân đèn.
၃၉ဆီ​မီး​တိုင်​နှင့်​ကိ​ရိ​ယာ​တန်​ဆာ​ရှိ​သ​မျှ​တို့ ကို​ရွှေ​ခု​နစ်​ဆယ့်​ငါး​ပေါင်​အ​ချိန်​ဖြင့်​ပြု လုပ်​ရ​မည်။-
40 Vậy, ngươi hãy xem, cứ làm y như kiểu đã chỉ cho trên núi.
၄၀တောင်​ပေါ်​တွင်​သင့်​အား​ငါ​ပြ​သော​ပုံ​စံ​နှင့် အ​ညီ​ပြု​လုပ်​ရန်​သ​တိ​ပြု​လော့။

< Xuất Hành 25 >