< Xuất Hành 12 >

1 Tại xứ Ê-díp-tô, Ðức Giê-hô-va phán cùng Môi-se rằng:
ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​မော​ရှေ နှင့်​အာ​ရုန်​တို့​အား၊-
2 Tháng nầy định làm tháng đầu cho các ngươi, tức là tháng giêng trong quanh năm.
``ဤ​လ​သည်​သင်​တို့​၏​နှစ်​ပ​ထ​မ​လ​ဖြစ် စေ​ရ​မည်။-
3 Hãy nói cho toàn hội chúng Y-sơ-ra-ên rằng: Ðến ngày mồng mười tháng nầy, mỗi gia trưởng tùy theo nhà mình phải bắt một con chiên con.
ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​ညွှန်​ကြား​လော့။ ဤ​လ​ဆယ်​ရက်​နေ့​တွင် မိ​သား​စု​တစ်​စု​လျှင် သိုး​က​လေး​သို့​မ​ဟုတ် ဆိတ်​က​လေး​တစ်​ကောင်​ကျ​စီ​ရွေး​ယူ​ရ​မည်။-
4 Nếu nhà ít người quá ăn không hết một chiên con, hãy chung cùng người rất lân cận mình, tùy theo số người; và hãy tính cho mỗi chiên con tùy sức người ăn hết.
အ​ကယ်​၍​မိ​မိ​၏​မိ​သား​စု​သည်​သိုး​က​လေး တစ်​ကောင် သို့​မ​ဟုတ်​ဆိတ်​က​လေး​တစ်​ကောင် လုံး​ကို​စား​၍​မ​ကုန်​နိုင်​လျှင် အိမ်​နီး​ချင်း မိ​သား​စု​နှင့်​ပေါင်း​စပ်​၍​လူ​တစ်​ယောက်​စား နိုင်​သ​မျှ စား​မည့်​သူ​ဦး​ရေ​ကို​တွက်​ချက် ကာ​တိ​ရစ္ဆာန်​တစ်​ကောင်​ကို​စား​သုံး​ရ​မည်။-
5 Các ngươi hãy bắt hoặc trong bầy chiên, hoặc trong bầy dê, chiên con đực hay là dê con đực, tuổi giáp niên, chẳng tì vít chi,
သင်​တို့​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ရွေး​ယူ နိုင်​သည်၊ သို့​သော်​ထို​တိ​ရစ္ဆာန်​သည်​အ​ပြစ်​အ​နာ ကင်း​သော​တစ်​နှစ်​သား​အ​ထီး​ဖြစ်​ရ​မည်။-
6 đoạn để dành cho đến ngày mười bốn tháng nầy; rồi cả hội chúng Y-sơ-ra-ên sẽ giết nó, vào lối chiều tối.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သား​ကောင် များ​ကို​ထိန်း​ကျောင်း​ထား​ပြီး​လျှင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​ည​ဦး​ပိုင်း​၌​ယင်း​သား ကောင်​တို့​ကို​သတ်​ရ​မည်။-
7 Họ sẽ lấy huyết đem bôi trên hai cây cột và mày cửa của nhà nào ăn thịt chiên con đó.
ထို​နောက်​အ​သား​ကို​စား​သုံး​သူ​များ​နေ​ထိုင် ရာ​အိမ်​၏​တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​နှစ်​တိုင် တို့​တွင် ထို​သား​ကောင်​၏​သွေး​ကို​သုတ်​လိမ်း ရ​မည်။-
8 Ðêm ấy họ sẽ ăn thịt chiên quay với bánh không men và rau đắng.
ထို​ည​တွင်​အ​သား​ကို​မီး​ကင်​၍​တ​ဆေး​မဲ့ မုန့်၊ ခါး​သော​အ​ရွက်​တို့​နှင့်​စား​ရ​ကြ​မည်။-
9 Chớ ăn thịt nửa chín nửa sống hay là luộc trong nước, nhưng phải quay trên lửa cả và đầu, giò, với bộ lòng.
အ​သား​ကို​အ​စိမ်း​လိုက်​ဖြစ်​စေ၊ ပြုတ်​၍​ဖြစ် စေ​မ​စား​ရ။ တိ​ရစ္ဆာန်​၏​ဦး​ခေါင်း၊ ခြေ​လက်၊ ဝမ်း တွင်း​သား​နှင့်​တ​ကွ​တစ်​ကောင်​လုံး​ကို​မီး​ကင် ရ​မည်။-
10 Các ngươi chớ để chi còn lại đến sáng mai; nếu còn lại, hãy thiêu đi.
၁၀နံ​နက်​တိုင်​အောင်​အ​သား​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ အ​ကြွင်း​အ​ကျန်​ရှိ​ခဲ့​လျှင်​မီး ရှို့​ပစ်​ရ​မည်။-
11 Vậy, ăn thịt đó, phải như vầy: Dây lưng cột, chân mang giày, tay cầm gậy, ăn hối hả; ấy là lễ Vượt-qua của Ðức Giê-hô-va.
၁၁သင်​တို့​သည်​ခါး​ကို​စည်း​၍​ဖိ​နပ်​ကို​စီး လျက်​လက်​ထဲ​တွင်​တောင်​ဝှေး​ကို​ကိုင်​ပြီး​လျှင် ထို​အ​သား​ကို​အ​လျင်​အ​မြန်​စား​ကြ​ရ​မည်။ ထို​ပွဲ​တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပသခါ ပွဲ​တော်​ဖြစ်​၏။
12 Ðêm đó ta sẽ đi qua xứ Ê-díp-tô, hành hại mọi con đầu lòng xứ Ê-díp-tô, từ người ta cho đến súc vật; ta sẽ xét đoán các thần của xứ Ê-díp-tô; ta là Ðức Giê-hô-va.
၁၂``ထို​နေ့​ည​တွင်​ငါ​သည် အီ​ဂျစ်​ပြည်​ကို​ဖြတ် သန်း​ကြွ​သွား​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​သား​ဦး ရှိ​သ​မျှ​တို့​ကို​သေ​ဒဏ်​ခတ်​၍ အီ​ဂျစ်​ပြည် ရှိ​ဘု​ရား​အ​ပေါင်း​တို့​ကို​ဒဏ်​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။-
13 Huyết bôi trên nhà các ngươi ở, sẽ dùng làm dấu hiệu; khi ta hành hại xứ Ê-díp-tô, thấy huyết đó, thì sẽ vượt qua, chẳng có tai nạn hủy diệt các ngươi.
၁၃သင်​တို့​နေ​ထိုင်​ရာ​အိမ်​တံ​ခါး​တိုင်​တို့​တွင် သုတ်​လိမ်း​ထား​သော​သွေး​သည်​အ​မှတ်​အ​သား ဖြစ်​လိမ့်​မည်။ ငါ​သည်​သွေး​ကို​မြင်​ရ​သော​အ​ခါ သင်​တို့​အိမ်​ကို​ကျော်​လွန်​သွား​မည်။ သို့​ဖြစ်​၍ ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ဒဏ်​ခတ်​သော​အ​ခါ သင်​တို့​သည်​၎င်း​ဒဏ်​မှ​လွတ်​ကင်း​ကြ​လိမ့် မည်။-
14 Các ngươi hãy ghi ngày đó làm kỷ niệm; trải các đời hãy giữ làm một lễ cho Ðức Giê-hô-va, tức là một lễ lập ra đời đời.
၁၄ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။
15 Trong bảy ngày phải ăn bánh không men: vừa đến ngày thứ nhất, hãy dẹp men khỏi nhà đi; vì hễ ai ăn bánh có men từ ngày thứ nhất cho đến ngày thứ bảy, thì sẽ bị truất ra khỏi Y-sơ-ra-ên.
၁၅ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ခု​နစ်​ရက် ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်။ ပ​ထ​မ နေ့​တွင်​သင်​တို့​၏​အိမ်​များ​မှ​တ​ဆေး​ကို ဖယ်​ရှား​ရ​မည်။ ထို​ခု​နစ်​ရက်​အ​တွင်း​၌​တစ် စုံ​တစ်​ယောက်​သော​သူ​သည် တ​ဆေး​ပါ​သော မုန့်​ကို​စား​မိ​လျှင်​ထို​သူ​သည်​ငါ​၏​လူ​မျိုး တော်​မှ​အ​ပယ်​ခံ​ရ​မည်။-
16 Ngày thứ nhất, sẽ có một sự nhóm hiệp thánh; qua ngày thứ bảy các ngươi cũng sẽ có một sự nhóm hiệp thánh nữa. Trong mấy ngày đó chẳng nên làm công việc chi, chỉ lo sắm đồ ăn cho mỗi người cần ăn mà thôi.
၁၆ပ​ထ​မ​နေ့​နှင့်​သတ္တမ​နေ့​၌​ဝတ်​ပြု​အ​စည်း အ​ဝေး​ကို​ကျင်း​ပ​ရ​မည်။ ထို​နေ့​ရက်​များ တွင်​စား​စ​ရာ​ပြင်​ဆင်​ခြင်း​အ​လုပ်​မှ​တစ် ပါး​အ​ခြား​အ​လုပ်​မ​လုပ်​ရ။-
17 Vậy, các ngươi hãy giữ lễ bánh không men, vì chánh ngày đó ta rút quân đội các ngươi ra khỏi xứ Ê-díp-tô; nên chi, trải các đời phải giữ ngày đó như một lễ lập ra đời đời.
၁၇ငါ​သည်​ထို​နေ့​တွင်​သင်​တို့​ဗိုလ်​ခြေ​များ​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သည်​ဖြစ်​ခြင်း ကြောင့် ဤ​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ထာ​ဝ စဉ်​ကျင်း​ပ​ကြ​လော့။-
18 Ngày mười bốn tháng giêng, chiều lại, các ngươi sẽ ăn bánh không men cho đến chiều ngày hai mươi mốt tháng đó.
၁၈သင်​တို့​သည်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​ည​နေ​မှ နှစ်​ဆယ့်​တစ်​ရက်​နေ့​ည​နေ တိုင်​အောင်​တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​မည်။-
19 Trong bảy ngày không nên còn thấy men tại nhà các ngươi; vì bất luận người ngoại bang hay là người bổn xứ, hễ ai ăn bánh có men sẽ bị truất khỏi hội chúng Y-sơ-ra-ên.
၁၉ခု​နစ်​ရက်​ပတ်​လုံး​သင်​တို့​၏​အိမ်​များ​တွင် တ​ဆေး​မ​ရှိ​စေ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား ဖြစ်​စေ၊ အ​ခြား​အ​မျိုး​သား​ဖြစ်​စေ မည်​သူ မ​ဆို​တ​ဆေး​ပါ​သော​မုန့်​ကို​စား​မိ​လျှင် ထို သူ​သည်​ငါ​၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်။-
20 Chớ nên ăn bánh có men; khắp nơi các ngươi ở đều phải ăn bánh không men.
၂၀တ​ဆေး​ပါ​သည့်​မုန့်​ကို​လုံး​ဝ​မ​စား​ရ၊ သင် သည်​မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
21 Vậy, Môi-se nhóm lại các trưởng lão Y-sơ-ra-ên mà nói rằng: Hãy đi bắt một con trong bầy cho mọi nhà các ngươi, và giết nó làm lễ Vượt-qua.
၂၁မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​ကို​ခေါ်​၍``သင်​တို့​၏​မိ​သား​စု အ​သီး​သီး​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ဆင်​ယင် ကျင်း​ပ​နိုင်​ရန် တိ​ရစ္ဆာန်​များ​ထဲ​မှ​ရွေး​ယူ​၍ ပ​သ​ခါ​ပွဲ​အ​တွက်​သတ်​ကြ​လော့။-
22 Rồi hãy lấy một chùm kinh giới nhúng vào huyết trong chậu, bôi lên mây và hai cây cột cửa, đoạn, trong các ngươi chớ ai ra khỏi cửa nhà mình cho đến sáng mai.
၂၂ထို​နောက်​ဟု​ဿုပ်​ညွန့်​တစ်​စည်း​ကို​ယူ​၍​အင်​တုံ ထဲ​ရှိ​သိုး​၏​သွေး​၌​နှစ်​ပြီး​လျှင် တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​တိုင်​တို့​ကို​သုတ်​ရ​မည်။ နံ​နက် ချိန်​သို့​ရောက်​သည့်​တိုင်​အောင်​မည်​သူ​မျှ​မိ​မိ အိမ်​အ​ပြင်​သို့​မ​ထွက်​ရ။-
23 Ðức Giê-hô-va sẽ đi qua đặng hành hại xứ Ê-díp-tô; khi thấy huyết nơi mày và hai cây cột cửa, Ngài sẽ vượt qua, không cho kẻ tiêu diệt vào nhà các ngươi đặng hành hại.
၂၃ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ဒဏ်​စီ​ရင်​ရန် အီ​ဂျစ်​ပြည်​ကို ဖြတ်​သန်း​ကြွ​သွား​သည့်​အ​ခါ​တံ​ခါး​ထုပ်၊ တံ​ခါး​တိုင်​တို့​တွင်​သွေး​ကို​မြင်​ရ​လျှင် သင် တို့​အ​သက်​ချမ်း​သာ​ရ​စေ​ရန် သေ​မင်း​တ​မန် အား သင်​တို့​၏​အိမ်​များ​ကို​ကျော်​သွား​စေ တော်​မူ​မည်။ သင်​တို့​၏​အိမ်​များ​ထဲ​သို့​ဝင်​၍ သင်​တို့​အား​သတ်​ခွင့်​ပေး​မည်​မ​ဟုတ်။-
24 Hãy giữ lễ nầy như một lệ lập ra đời đời cho các ngươi và con cháu các ngươi.
၂၄သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး​များ​သည် ဤ​ပ​ညတ်​ချက်​များ​ကို​အ​စဉ်​လိုက်​နာ ကျင့်​သုံး​ရ​ကြ​မည်။-
25 Khi nào các ngươi vào xứ mà Ðức Giê-hô-va sẽ ban cho, như lời Ngài đã phán, thì hãy giữ lễ nầy.
၂၅ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော ပြည်​သို့ သင်​တို့​ဝင်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။-
26 Khi con cháu các ngươi hỏi rằng: Lễ nầy là nghĩa chi?
၂၆သင်​တို့​၏​သား​သမီး​များ​က`ဤ​သို့​ဝတ်​ပြု ခြင်း​မှာ​မည်​သို့​ဆို​လို​ပါ​သ​နည်း' ဟု​မေး လျှင်၊-
27 Hãy đáp rằng: Ấy là của tế lễ Vượt-qua của Ðức Giê-hô-va, vì khi Ngài hành hại xứ Ê-díp-tô thì Ngài đi vượt qua các nhà dân Y-sơ-ra-ên, và cứu nhà chúng ta đó.
၂၇သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ် ပြည်​သား​တို့​အား​သုတ်​သင်​ဖျက်​ဆီး​သော အ​ခါ အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အိမ်​များ​ကို​ကျော်​၍ ငါ​တို့​အား အ​သက်​ချမ်း​သာ​စေ​ခဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပ​သ​ခါ​ယဇ်​ကို​ပူ​ဇော်​ခြင်း ဖြစ်​သည်' ဟု​ဖြေ​ကြား​ရ​မည်'' ဟု​ညွှန် ကြား​လေ​၏။ ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဦး​ညွှတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး ကြ​၏။-
28 Dân Y-sơ-ra-ên bèn cúi đầu lạy, rồi đi, làm theo như lời Ðức Giê-hô-va đã phán dặn Môi-se và A-rôn.
၂၈ထို​နောက်​မောရှေ​နှင့်​အာ​ရုန်​တို့​ညွှန်​ကြား သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​နာ​ဆောင်​ရွက် ကြ​၏။
29 Vả, khi giữa đêm, Ðức Giê-hô-va hành hại mọi con đầu lòng tại xứ Ê-díp-tô, từ thái tử của Pha-ra-ôn ngồi trên ngai mình, cho đến con cả người bị tù, và hết thảy con đầu lòng của súc vật.
၂၉သန်း​ခေါင်​အ​ချိန်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ​စ​၍ ထောင်​တွင်း​ရှိ အ​ကျဉ်း​သ​မား​သား​ဦး​တိုင် အောင်​အီ​ဂျစ်​ပြည်​ရှိ​သား​ဦး​မှန်​သ​မျှ​ကို လည်း​ကောင်း၊ တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ဟူ​သ​မျှ ကို​လည်း​ကောင်း​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။-
30 Ðang lúc ban đêm, Pha-ra-ôn, quần thần cùng hết thảy người Ê-díp-tô đều chờ dậy; có tiếng kêu la inh ỏi trong xứ Ê-díp-tô, vì chẳng một nhà nào là không có người chết.
၃၀ထို​ည​တွင်​အီ​ဂျစ်​ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ အ​ပေါင်း​တို့​သည် ထ​၍​အော်​ဟစ်​ငို​ကြွေး​မြည် တမ်း​ကြ​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အီ​ဂျစ် တစ်​နိုင်​ငံ​လုံး​တွင် သား​မ​သေ​သော​အိမ်​တစ် အိမ်​မျှ​မ​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-
31 Trong đêm đó, Pha-ra-ôn bèn đòi Môi-se và A-rôn mà phán rằng: Hai ngươi và dân Y-sơ-ra-ên hãy chờ dậy, ra khỏi giữa vòng dân ta mà đi hầu việc Ðức Giê-hô-va, như các ngươi đã nói.
၃၁ထို​ည​ချင်း​တွင်​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ခေါ်​၍``သင်​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ပြည်​မှ​ထွက်​သွား​ကြ လော့။ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ လော့။-
32 Cũng hãy dẫn bò và chiên đi, như lời các ngươi đã nói, và cầu phước cho ta nữa.
၃၂သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​တို့​ကို​လည်း​ယူ​ဆောင် သွား​ကြ​လော့။ ငါ​သည်​ကောင်း​ချီး​ခံ​စား​ရ​စေ ရန်​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။-
33 Người Ê-díp-tô thúc giục dân Y-sơ-ra-ên ra khỏi xứ mau mau, vì nói rằng: Chúng ta đều chết hết!
၃၃အီ​ဂျစ်​အ​မျိုး​သား​တို့​က``သင်​တို့​သည်​ဤ ပြည်​မှ​မ​ထွက်​လျှင် ငါ​တို့​အား​လုံး​သေ​ရ ပါ​လိမ့်​မည်'' ဟု​ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ အ​လျင်​အ​မြန် ထွက်​သွား​ရန်​တိုက်​တွန်း​ကြ​လေ​သည်။-
34 Vậy, dân sự đều đem bột nhồi rồi chưa men đi, và bọc những thùng nhồi bột trong áo tơi vác lên vai mình.
၃၄သို့​ဖြစ်​၍​သူ​တို့​သည်​တ​ဆေး​မ​ရော​သေး သော​မုန့်​စိမ်း​ကို​မုန့်​နယ်​ခွက်​များ​တွင်​ထည့်​၍ အ​ဝတ်​နှင့်​ထုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​၌​ထမ်း ယူ​ကြ​၏။-
35 Vả, dân Y-sơ-ra-ên có làm y theo lời Môi-se đã dặn, xin người Ê-díp-tô những đồ bằng bạc và bằng vàng cùng áo xống.
၃၅မော​ရှေ​မှာ​ကြား​ထား​သည့်​အ​တိုင်း​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် သား​တို့​ထံ​မှ​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ် အ​ထည်​များ​ကို​တောင်း​ယူ​ကြ​၏။-
36 Ðức Giê-hô-va làm cho dân sự được ơn trước mắt người Ê-díp-tô, nên họ bằng lòng cho; và dân Y-sơ-ra-ên lột trần người Ê-díp-tô vậy.
၃၆အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ရို​သေ​လေး​စား​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့်​သူ​တို့ တောင်း​သ​မျှ​ကို​ပေး​ကြ​၏။ ဤ​နည်း​အား ဖြင့်​သူ​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​ယူ​ဆောင်​သွား​ကြ​၏။
37 Dân Y-sơ-ra-ên đi từ Ram-se đến Su-cốt, số không kể con nít, được chừng sáu mươi vạn người đàn ông đi bộ.
၃၇ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ သု​ကုတ်​မြို့​သို့​ခြေ​လျင်​ခ​ရီး​ဖြင့်​ထွက်​ခွာ လာ​ခဲ့​ကြ​၏။ အ​ရေ​အ​တွက်​အား​ဖြင့်​အ​မျိုး သ​မီး​နှင့်​က​လေး​များ​မ​ပါ​ဘဲ စု​စု​ပေါင်း လူ​ခြောက်​သိန်း​မျှ​ရှိ​လေ​သည်။-
38 Lại có vô số người ngoại bang đi lên chung luôn với chiên, bò, súc vật rất nhiều.
၃၈သူ​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား မ​ဟုတ်​သော​သူ​မြောက်​မြား​စွာ​တို့​နှင့် သိုး၊ ဆိတ်၊ နွား​များ​စွာ​တို့​လည်း​လိုက်​ပါ​သွား​ကြ​လေ သည်။-
39 Chúng bèn hấp bánh không men bằng bột của mình đã đem theo từ xứ Ê-díp-tô; bột không men, vì cớ bị đuổi khỏi xứ Ê-díp-tô không thế chậm trễ, và cũng chẳng sắm kịp lương thực chi được.
၃၉သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ယူ​ဆောင်​ခဲ့​သော တ​ဆေး​မ​ရော​သည့်​မုန့်​စိမ်း​ဖြင့်​မုန့်​ဖုတ်​ကြ ၏။ အီ​ဂျစ်​ပြည်​မှ​သူ​တို့​အား​ရုတ်​တ​ရက် နှင်​ထုတ်​လိုက်​ကြ​သည်​ဖြစ်​ခြင်း​ကြောင့် မုန့် စိမ်း​၌​တ​ဆေး​ရော​ရန်​အ​ချိန်​မ​ရ​ခဲ့ ကြ​ချေ။
40 Vả, thì kiều ngụ của dân Y-sơ-ra-ên tại xứ Ê-díp-tô được bốn trăm ba mươi năm.
၄၀ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​တွင် နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​နေ​ထိုင် ခဲ့​ကြ​၏။-
41 Khi mãn bốn trăm ba mươi năm rồi, thì, cũng trong ngày đó, các quân đội của Ðức Giê-hô-va ra khỏi xứ Ê-díp-tô.
၄၁နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။-
42 Ấy là một đêm người ta phải giữ cho Ðức Giê-hô-va, vì Ngài rút dân Y-sơ-ra-ên khỏi xứ Ê-díp-tô. Trải các đời, cả dân Y-sơ-ra-ên phải giữ đêm đó, để tôn trọng Ðức Giê-hô-va.
၄၂ထို​နေ့​ည​သည်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရန်​စောင့်​ကြပ် ကြည့်​ရှု​သော​ည​ဖြစ်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် ထို​ည​ကို ထာ​ဝ​ရ​ဘု​ရား​ထုတ်​ဆောင်​တော်​မူ​ရာ​ည အ​ထိမ်း​အ​မှတ်​ပွဲ​တော်​အ​ဖြစ်​နှစ်​စဉ် ကျင်း​ပ​ကြ​လေ​သည်။
43 Ðức Giê-hô-va phán cùng Môi-se và A-rôn rằng: Ðây là luật lệ về lễ Vượt-qua: Phàm người ngoại bang chẳng được ăn lễ đó.
၄၃ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား``ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော​စည်း​ကမ်း ဥ​ပ​ဒေ​သ​များ​သည်​ကား​ဤ​သို့​တည်း။ မည် သည့်​လူ​မျိုး​ခြား​ကို​မျှ​ထို​ပွဲ​တွင်​ပါ​ဝင် စား​သောက်​ခွင့်​မ​ပြု​ရ။-
44 Còn về phần kẻ tôi mọi, là người bỏ tiền ra mua, ngươi hãy làm phép cắt bì cho, thì họ mới được ăn.
၄၄သို့​သော်​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ ပြီး​သော​ငွေ​ဝယ်​ကျွန်​သည်​စား​နိုင်​၏။-
45 Khách ngoại bang và kẻ làm thuê cũng chẳng được phép ăn lễ đâu.
၄၅ဧည့်​သည်​သို့​မ​ဟုတ်​အ​ခ​စား​အ​လုပ် သ​မား​များ​မ​စား​ရ။-
46 Lễ đó chỉ ăn nội trong nhà; ngươi đừng đem thịt ra ngoài, và cũng đừng làm gãy một cái xương nào.
၄၆ပသခါ​စား​ပွဲ​ကို​ပြင်​ဆင်​သော​အိမ်​ထဲ​၌​သာ စား​ရ​မည်။ အိမ်​ပြင်​သို့​ယူ​မ​သွား​ရ။ သား ကောင်​၏​အ​ရိုး​များ​ကို​လည်း​မ​ချိုး​ရ။-
47 Hết thảy hội chúng Y-sơ-ra-ên phải giữ lễ Vượt-qua.
၄၇ဣ​သ​ရေ​လ​အ​မျိုး​တစ်​မျိုး​လုံး​သည်​ထို​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-
48 Khi một khách ngoại bang nào kiều ngụ nhà ngươi, muốn giữ lễ Vượt-qua của Ðức Giê-hô-va, thì mọi người nam của họ phải chịu phép cắt bì; đoạn, họ mới được đến gần giữ lễ nầy, và được coi như người sanh trong xứ. Nhưng ai không chịu phép cắt bì, thì chẳng được ăn đâu.
၄၈လူ​မျိုး​ခြား​တစ်​ဦး​ဦး​သည်​သင်​နှင့်​အ​တူ နေ​ထိုင်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ပ​သ​ခါ​ပွဲ​တော် တွင်​ပါ​ဝင်​လို​လျှင် သူ​နှင့်​သူ​၏​အိမ်​သား​တို့ ကို​ဦး​စွာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​စေ​ပြီး မှ ထို​သူ​အား​ဣ​သ​ရေ​လ​အ​မျိုး​သား ကဲ့​သို့​သတ်​မှတ်​ကာ​ထို​ပွဲ​တော်​၌​ပါ​ဝင် စေ​နိုင်​၏။ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ မ​ခံ​သူ​မှန်​သ​မျှ​သည်​ထို​ပွဲ​သို့​ဝင်​၍ မ​စား​ရ။-
49 Cũng đồng một luật cho người sanh trong xứ cùng khách ngoại bang nào đến kiều ngụ giữa các ngươi.
၄၉ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သော်​လည်း ကောင်း၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ မျိုး​ခြား​တို့​သည်​သော်​လည်း​ကောင်း ဤ​စည်း ကမ်း​ဥ​ပ​ဒေ​သ​များ​ကို​လိုက်​နာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
50 Toàn dân Y-sơ-ra-ên đều làm như lời Ðức Giê-hô-va đã phán dặn Môi-se và A-rôn.
၅၀ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​မိန့်​ကြား​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။-
51 Cũng trong ngày đó, Ðức Giê-hô-va rút dân Y-sơ-ra-ên, tùy theo quân đội, ra khỏi xứ Ê-díp-tô.
၅၁ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။

< Xuất Hành 12 >