< Зәкәрия 10 >
1 Пәрвәрдигардин «кейинки ямғур» пәслидә ямғурни тәләп қилиңлар; Пәрвәрдигар чақмақларни чақтуруп, уларға мол ямғурларни, шуниңдәк һәр биригә етизда от-чөпләрни бериду.
၁နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။-
2 Чүнки «өй бутлири» бемәна гәпләрни ейтқан, палчилар ялған «аламәт»ләрни көргән, тутуруқсиз чүшләрни сөзлигән; улар қуруқ тәсәлли бериду. Шуңа хәлиқ қой падисидәк тенәп кәтти; улар падичиси болмиғачқа, азар йемәктә.
၂လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
3 Мениң ғәзивим падичиларға қозғалди; Мән мошу «текә» [йетәкчиләрни] җазалаймән; чүнки самави қошунларниң Сәрдари болған Пәрвәрдигар Өз падисидин, йәни Йәһуда җәмәтидин хәвәр елишқа кәлди; У җәңдә уларни Өзиниң һәйвәтлик етидәк қилиду.
၃ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။-
4 Униңдин [йәни Йәһудадин] «Буҗәк Теши», униңдин «Қозуқ», униңдин «Җәң Оқяси», униңдин «Һәммигә һөкүмранлиқ Қилғучи» чиқиду.
၄သူတို့အထဲမှမင်းများ၊ ခေါင်းဆောင်များ၊ တပ်မှူးများအစရှိသည်တို့ပေါ်ထွန်း လာမည်။-
5 Шуниң билән улар җәңдә, [дүшмәнләрни] кочилардики патқақни дәссигәндәк чәйләйдиған палванлардәк болиду; улар җәң қилиду, чүнки Пәрвәрдигар улар билән биллидур; улар атлиқ әскәрләрниму йәргә қаритип қойиду.
၅ယုဒပြည်သားတို့သည်လမ်းများပေါ်ရှိ ရွှံ့နွံထဲတွင် ရန်သူများကိုကျော်နင်းပစ် ကြသည့်စစ်သည်တော်များကဲ့သို့အောင်ပွဲ ခံရကြလိမ့်မည်။ ထာဝရဘုရားသည်သူတို့ နှင့်အတူရှိတော်မူသဖြင့် သူတို့သည်ရန် သူမြင်းစီးသူရဲများကိုပင်လျှင်တိုက် ခိုက်နှိမ်နင်းကြလိမ့်မည်။
6 Мән Йәһуда җәмәтини күчәйтимән, Йүсүпниң җәмәтини қутқузимән; Мән уларни қайтидин олтирақлишишқа қайтуримән; чүнки Мән уларға рәһим-шәпқәтни көрситимән. Улар Мән һеч қачан ташливәтмигәндәк болиду; чүнки Мән уларниң Худаси Пәрвәрдигармән; Мән уларға җавап беримән.
၆``ငါသည်ယုဒပြည်သားတို့ကိုကြံ့ခိုင် စေ၍ ဣသရေလပြည်သားတို့ကိုကယ်တင်မည်။ ငါသည်သူတို့အားကရုဏာထား၍၊မိမိ တို့ နေရင်းဌာနေသို့ပြန်လည်ခေါ်ဆောင်လာ မည်။ သူတို့သည်ငါ၏ပစ်ပယ်မှုကိုအဘယ် အခါ၌မျှ မခံရဘူးသူများကဲ့သို့ဖြစ်လိမ့်မည်။ ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၍ သူတို့၏ဆုတောင်းပတ္ထနာများကိုနားညောင်းမည်။
7 Әфраимдикиләр палвандәк болиду, көңүллири шарап кәйпини сүргәнләрдәк хошаллиниду; уларниң балилири буни көрүп хошаллиниду; уларниң көңли Пәрвәрдигардин шатлиниду.
၇ဣသရေလအမျိုးသားတို့သည်စစ်သည်သူရဲ များကဲ့သို့ ကြံ့ခိုင်လျက်စပျစ်ရည်သောက်သူများကဲ့သို့ ပျော်ရွှင်လျက်နေလိမ့်မည်။ သူတို့၏သားမြေးများသည်ဤအောင်ပွဲကို ပြန်လည်သတိရကာ ထာဝရဘုရားပြုတော်မူခဲ့သည့်အမှု တော်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
8 Мән үшқиртип, уларни жиғимән; чүнки Мән уларни бәдәл төләп һөрлүккә чиқиримән; улар илгири көпийип кәткәндәк көпийиду.
၈``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။ လူတို့ကိုကယ်တင်၍ရှေးကနည်းတူ ဦးရေတိုးတက်များပြားစေမည်။
9 Мән уларни әлләр арисида уруқтәк чачимән; андин улар Мени жирақ җайларда әсләйду; шуниң билән улар балилири билән һаят қелип, қайтип келиду.
၉ငါသည်သူတို့အားလူမျိုးတကာတို့ထံသို့ ပျံ့လွင့်စေခဲ့သော်လည်း၊ ထိုဝေးလံရာအရပ်များမှသူတို့သည်ငါ့ကို အောက်မေ့သတိရကြလိမ့်မည်။ သူတို့နှင့်သူတို့သားသမီးများသည် အသက်မသေဘဲ ကျန်ရစ်ကာမိမိတို့ပြည်သို့ပြန်လာကြ လိမ့်မည်။
10 Мән уларни қайтидин Мисир зиминидин елип келимән, Асурийәдинму чиқирип жиғимән; уларни Гилеад вә Ливан зиминиға елип киргүзимән; йәр-зимин уларни патқузалмай қалиду.
၁၀ငါသည်သူတို့အားအီဂျစ်ပြည်နှင့်အာရှုရိ ပြည်မှ ပြန်လည်ခေါ်ဆောင်ကာ၊မိမိတို့နေရင်းပြည်တွင် နေရာချထားမည်။ သူတို့အားဂိလဒ်ပြည်နှင့်လေဗနုန်ပြည်တွင် လည်း ငါနေရာချထားမည်။ သို့ဖြစ်၍လူတို့နေစရာမြေမလောက် နိုင်အောင် ရှိလိမ့်မည်။
11 Шундақ қилип, У җәбир-җапа деңизидин өтүп, деңиздики долқунларни уриду; Нил дәриясиниң тәглири қуруп кетиду; Асурийәниң мәғрурлуғи вә пәхри пәс қилиниду, Мисирдики шаһанә һасиму йоқилиду.
၁၁သူတို့သည်ဘေးအန္တရာယ်ရှိသောပင်လယ်ကို ဖြတ်၍သွားရကြသောအခါငါသည် လှိုင်းတံပိုးများကိုဆုံးမမည်။ နိုင်းမြစ်မှရေနက်ရာအရပ်တို့သည်လည်း ခန်းခြောက်၍သွားလိမ့်မည်။ အာရှုရိပြည်၏မာန်မာနကိုငါချိုးနှိမ် မည်။ စွမ်းအင်ကြီးမားသည့်အီဂျစ်ပြည်သည်လည်း တန်ခိုးအာဏာမှေးမှိန်၍သွားလိမ့်မည်။
12 Мән уларни Пәрвәрдигар арқилиқ күчәйтимән; улар Униң намида маңиду, дәйду Пәрвәрдигар.
၁၂ငါသည်မိမိလူမျိုးတော်အားကြံ့ခိုင်စေမည်။ သူတို့သည်ငါ့အားဝတ်ပြုကိုးကွယ်လျက် ငါ၏စကားကိုနားထောင်ကြလိမ့်မည်'' ဤကားထာဝရဘုရားမိန့်မြွက်တော်မူသည့် စကားဖြစ်၏။