< سامۇئىل 1 18 >

داۋۇت بىلەن سائۇلنىڭ سۆھبىتى ئاياغلاشقاندا، يوناتاننىڭ كۆڭلى داۋۇتنىڭ كۆڭلىگە شۇنداق باغلاندىكى، ئۇنى ئۆز جېنىدەك سۆيدى. 1
ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။-
سائۇل بولسا ئۇ كۈنى ئۇنى ئۆز يېنىدا ئېلىپ قېلىپ، ئۇنى ئاتىسىنىڭ ئۆيىگە قايتقىلى قويمىدى. 2
ရှော​လု​သည်​ဒါ​ဝိဒ်​အား​ထို​နေ့​မှ​စ​၍​အ​ပါး တော်​တွင်​နေ​စေ​တော်​မူ​၏။ အိမ်​ပြန်​ခွင့်​ကို​ပေး တော်​မ​မူ။-
يوناتان داۋۇت بىلەن ئەھدە قىلىشتى؛ چۈنكى ئۇ ئۇنى ئۆز جېنىدەك سۆيەتتى. 3
ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-
يوناتان ئۇچىسىدىكى توننى سېلىپ داۋۇتقا بەردى، يەنە جەڭ كىيىملىرىنى، جۈملىدىن ھەتتا قىلىچى، ئوقياسى ۋە كەمىرىنىمۇ ئۇنىڭغا بەردى. 4
သူ​သည်​မိ​မိ​ဝတ်​ဆင်​ထား​သည့်​ဝတ်​လုံ​နှင့် တ​ကွ​သံ​ချပ်​အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါး​စည်း​တို့ ကို​ဒါ​ဝိဒ်​အား​ပေး​၏။-
سائۇل داۋۇتنى نەگىلا ئەۋەتسە ئۇ شۇ يەرگە باراتتى، شۇنداقلا ئىشلارنى جايىدا قىلاتتى. شۇنىڭ ئۈچۈن سائۇل ئۇنى لەشكەرلەرنىڭ ئۈستىگە قويدى. بۇ ئىش بارلىق خەلققە ۋە ھەم سائۇلنىڭ خىزمەتكارلىرىغىمۇ ياقتى. 5
ဒါ​ဝိဒ်​သည်​ရှောလု​စေ​ခိုင်း​လေ​သ​မျှ​သော အ​မှု​ကိစ္စ​တို့​၌​အောင်​မြင်​သည်​သာ​ဖြစ်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သူ့​အား​တပ်​မ​တော် အ​ရာ​ရှိ​တစ်​ဦး​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​ကို​ရှော​လု​၏​အ​ရာ ရှိ​များ​နှင့်​ပြည်​သူ​ပြည်​သား​များ​က နှစ်​သက်​သ​ဘော​ကျ​ကြ​၏။
داۋۇت فىلىستىينى ئۆلتۈرۈپ كۆپچىلىك بىلەن يانغاندا ئىسرائىلنىڭ ھەممە شەھەرلىرىدىكى قىز-ئاياللار سائۇلنى ناخشا ئېيتىپ ئۇسسۇل ئويناپ قارشى ئالغىلى چىقتى؛ ئۇلار خۇشلۇق ئىچىدە داپ ۋە ئۈچتار بىلەن نەغمە چېلىشتى. 6
ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။-
قىز-ئاياللار نەغمە چالغاندا: ــ سائۇل مىڭلاپ ئۆلتۈردى، ۋە داۋۇت ئون مىڭلاپ ئۆلتۈردى، دەپ ئوقۇشاتتى. 7
ယင်း​သို့​အောင်​ပွဲ​ကျင်း​ပ​ရာ​၌​အ​မျိုး​သ​မီး တို့​က``ရှော​လု​သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ် သတ်​သူ​အ​သောင်း​သောင်း'' ဟု​သီ​ဆို​ကြ လေ​သည်။-
بۇنى ئاڭلاپ سائۇل ناھايىتى خاپا بولدى؛ بۇ سۆز ئۇنىڭ كۆڭلىگە تەگدى. ئۇ: ــ داۋۇتقا ئون مىڭلاپ ھېسابلاندى، ئەمما ماڭا پەقەت مىڭلاپ ھېسابلاندى؛ ئەمدى پادىشاھلىقتىن باشقا ئۇنىڭغا ھېچنەرسە كەم ئەمەس، دېدى. 8
ရှော​လု​သည်​ဤ​သို့​သီ​ဆို​ကြ​သည်​ကို​မ​နှစ် သက်​သ​ဖြင့် အ​မျက်​ထွက်​၍``သူ​တို့​က​ဒါ​ဝိဒ် သည်​သောင်း​ပေါင်း​များ​စွာ​သတ်​၍ ငါ​မူ​ကား ထောင်​ပေါင်း​များ​စွာ​သာ​သတ်​ခဲ့​ကြောင်း​သီ ဆို​ချေ​သည်။ သူ့​အား​ထီး​နန်း​အပ်​နှင်း​ရန် သာ​ကျန်​ပါ​တော့​သည်​တ​ကား'' ဟု​ဆို ပြီး​လျှင်၊-
شۇ كۈندىن تارتىپ سائۇل داۋۇتنى كۆزلەپ يۈردى. 9
ထို​နေ့​မှ​စ​၍​ဒါ​ဝိဒ်​အား​မ​နာ​လို​စိတ်​ပွား များ​ကာ​မ​ယုံ​သင်္ကာ​ဖြစ်​၍​နေ​တော့​၏။
ئەتىسى خۇدا تەرىپىدىن قاباھەتلىك بىر روھ سائۇلنىڭ ئۈستىگە چۈشتى ۋە ئۇ ئۆيىدە قالايمىقان جۆيلىگىلى تۇردى. ئەمدى داۋۇت باشقا ۋاقىتتىكىدەك قولى بىلەن چىلتار چالدى؛ سائۇلنىڭ قولىدا نەيزە بار ئىدى. 10
၁၀နောက်​တစ်​နေ့​၌​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ နတ်​မိစ္ဆာ​သည်​ရှော​လု​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် သူ​ရူး​သ​ဖွယ်​နန်း​တော်​တွင်း​ဝယ်​ဟစ်​အော် လျက်​နေ​၏။ ရှော​လု​သည်​လှံ​တန်​ကို​ကိုင် ထား​ပြီး​လျှင်၊-
سائۇل: ــ داۋۇتنى تامغا نەيزە بىلەن قادىۋېتىمەن دەپ، نەيزىنى ئاتتى؛ لېكىن داۋۇت ئىككى قېتىم ئۆزىنى دالدىغا ئالدى. 11
၁၁``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။
پەرۋەردىگارنىڭ داۋۇت بىلەنلا بولۇپ، ئۆزىدىن يىراقلاپ كەتكىنى ئۈچۈن سائۇل داۋۇتتىن قورقاتتى. 12
၁၂ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ကြောက်​၏။ အ​ဘယ်​ကြောင့် ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​၍ မိ​မိ​ကို​မူ​စွန့်​ပယ်​တော်​မူ​ပြီး​ဖြစ် သော​ကြောင့်​တည်း။-
شۇنىڭ ئۈچۈن سائۇل داۋۇتنى ئۆز يېنىدىن ئايرىپ، ئۇنى لەشكەرلەرگە مىڭبېشى قىلىپ قويدى؛ ئۇ لەشكەرلەرنى ئېلىپ جەڭگە چىقىپ تۇراتتى. 13
၁၃သို့​ဖြစ်​၍​ရှော​လု​သည်​ဒါ​ဝိဒ်​အား​လူ​တစ် ထောင်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​၍ အ​ပါး တော်​မှ​အ​ဝေး​သို့​စေ​လွှတ်​တော်​မူ​၏။ ဒါ​ဝိဒ် သည်​မိ​မိ​၏​တပ်​သား​တို့​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ရာ၊-
داۋۇت بولسا ھەممە ئىشلارنى پەم بىلەن قىلاتتى؛ چۈنكى پەرۋەردىگار ئۇنىڭ بىلەن بىللە ئىدى. 14
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့ သည်​အောင်​မြင်​လေ​၏။-
سائۇل ئۇنىڭ پەملىك ئىكەنلىكىنى كۆرۈپ ئۇنىڭدىن بەك قورقاتتى. 15
၁၅ယင်း​သို့​အောင်​မြင်​သည်​ကို​မြင်​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​အား​ပို​၍​ကြောက်​လန့် လာ​၏။-
ئەمما پۈتكۈل ئىسرائىل بىلەن يەھۇدا خەلقى داۋۇتنى سۆيەتتى؛ چۈنكى ئۇ ئۇلارنى يېتەكلەپ جەڭگە چىقاتتى. 16
၁၆သို့​ရာ​တွင်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နယ်​များ​မှ လူ​အ​ပေါင်း​တို့​က​မူ​ဒါ​ဝိဒ်​အား​ချစ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​တို့​အား အောင်​မြင်​စွာ​ခေါင်း​ဆောင်​၍​တိုက်​ပွဲ​ဝင်​နိုင်​သူ ဖြစ်​သော​ကြောင့်​တည်း။
سائۇل داۋۇتقا: ــ مانا، چوڭ قىزىم مېراب ــ مەن ئۇنى ساڭا خوتۇنلۇققا بەرگۈم بار. سەن پەقەت خىزمىتىمگە جان-پىدا بولۇپ، پەرۋەردىگارنىڭ جەڭلىرىدە كۈرەش قىلغىن، دېدى. چۈنكى سائۇل ئىچىدە: ــ ئۇ مېنىڭ قولۇم بىلەن ئەمەس، بەلكى فىلىستىيلەرنىڭ قولى بىلەن يوقىتىلسۇن، دەپ خىيال قىلغانىدى. 17
၁၇ထို​နောက်​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``ငါ့ မှာ​ငါ့​သ​မီး​ကြီး​မေ​ရပ်​ရှိ​၏။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​စစ်​ပွဲ​များ​တွင်​ရဲ​ရင့်​စွာ​ပါ​ဝင်​ဆင်​နွှဲ လျက် ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည်​ဆို ပါ​က ငါ​သည်​သင့်​အား​ဤ​သ​မီး​တော်​နှင့်​ထိမ်း မြား​ပေး​စား​မည်'' ဟု​ဆို​၏။ (ဤ​နည်း​အား​ဖြင့် ဒါ​ဝိဒ်​အား​မိ​မိ​ကိုယ်​တိုင်​သတ်​ရန်​မ​လို​တော့ ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ချက်​ဖြင့် ကျ​ဆုံး​စေ​ရန်​ရှော​လု​အ​ကောက်​ကြံ​သ​တည်း။)
ئەمما داۋۇت سائۇلغا: ــ مەن كىم ئىدىم، مېنىڭ ئاتامنىڭ جەمەتى ئىسرائىل ئارىسىدا نېمە ئىدى، مەن قانداقمۇ پادىشاھنىڭ كۈيئوغلى بولاي؟ ــ دېدى. 18
၁၈ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​အ​မျိုး​အ​နွယ်​သည် အ​ဘယ်​သို့​သော​အ​မျိုး​အ​နွယ်၊ အ​ကျွန်ုပ် သည်​လည်း​အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​ဖြင့် ဘု​ရင်​၏​သ​မက်​တော်​ဖြစ်​ထိုက်​ပါ​သ​နည်း'' ဟု​လျှောက်​၏။-
لېكىن سائۇلنىڭ قىزى مېراب داۋۇتقا بېرىلىدىغان ۋاقىتتا، ئۇ مەھولاتلىق ئادرىئەلگە خوتۇنلۇققا بېرىلدى. 19
၁၉သို့​သော်​အ​ချိန်​ရောက်​သော​အ​ခါ​ရှော​လု​သည် သ​မီး​တော်​မေ​ရပ်​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​မ​ပြု​ဘဲ မေ​ဟော​လ​သိ​မြို့​သား အ​ဒြေ​လ​နှင့်​စုံ​ဖက်​လိုက်​လေ​သည်။
ئەمما سائۇلنىڭ قىزى مىقالنىڭ كۆڭلى داۋۇتقا چۈشكەنىدى. باشقىلار بۇنى سائۇلغا ئېيتتى، بۇ ئىشتىن سائۇل خۇش بولدى. 20
၂၀သို့​ရာ​တွင်​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် ဒါ​ဝိဒ်​အား​ချစ်​ကြိုက်​၏။ ဤ​အ​ကြောင်း​ကို​ရှော​လု သိ​သော​အ​ခါ​နှစ်​သက်​အား​ရ​တော်​မူ​သ​ဖြင့်၊-
سائۇل: ــ قىزىمنى داۋۇتقا بېرەي، ئۇ ئۇنىڭغا بىر سىرتماق بولۇپ، فىلىستىيلەرنىڭ قولىدا يوقىتىلسۇن، دەپ ئويلىدى. شۇنىڭ بىلەن سائۇل داۋۇتقا: ــ بۈگۈن ئىككىنچى قېتىم كۈيئوغلۇم بولىسەن، دېدى. 21
၂၁``ငါ​သည်​မိ​ခါ​လ​ကို​ဒါ​ဝိဒ်​နှင့်​စုံ​ဖက်​စေ​မည်။ သူ့​အား​ကျော့​ကွင်း​သ​ဖွယ်​ပြု​၍​ဒါ​ဝိဒ်​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ဖြင့်​အ​သတ် ခံ​ရ​စေ​မည်'' ဟု​ဆို​၏။-
سائۇل ئۆز غۇلاملىرىغا: ــ داۋۇتقا ئاستىرتىن: ــ مانا، پادىشاھ سەندىن سۆيۈنىدۇ، ۋە ھەممە غۇلاملىرى ساڭا ئامراق. شۇنىڭ ئۈچۈن پادىشاھنىڭ كۈيئوغلى بولغىن، دەپ ئېيتىڭلار، دەپ تاپىلىدى. 22
၂၂သူ​သည်​နန်း​တွင်း​အ​ရာ​ရှိ​အ​ချို့​တို့​ကို​လည်း ခေါ်​ပြီး​လျှင်``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး သည်​သင့်​ကို​မြတ်​နိုး​တော်​မူ​သည်။ အ​ရာ​ရှိ အ​ပေါင်း​တို့​က​လည်း​ချစ်​ခင်​ကြ​သည်။ သို့​ဖြစ် ၍​ယ​ခု​အ​ချိန်​သည်​ဘု​ရင့်​သ​မီး​တော်​နှင့် သင် ထိမ်း​မြား​ရန်​အ​ချိန်​ကောင်း​ပင်​ဖြစ်​သည်​ဟု တိတ်​တ​ဆိတ်​တိုက်​တွန်း​ကြ​လော့'' ဟု​မှာ ထား​တော်​မူ​၏။
سائۇلنىڭ غۇلاملىرى بۇ سۆزلەرنى داۋۇتنىڭ قۇلىقىغا يەتكۈزدى. لېكىن داۋۇت: ــ نەزىرىڭلاردا پادىشاھنىڭ كۈيئوغلى بولۇش كىچىك ئىشمۇ؟ مەن بولسام بىر كەمبەغەل ۋە ئەتىۋارسىز ئادەممەن ــ دېدى. 23
၂၃ထို့​ကြောင့်​သူ​တို့​သည်​မင်း​ကြီး​မှာ​ကြား​သည့် အ​တိုင်း​ဒါ​ဝိဒ်​အား​တိုက်​တွန်း​ကြ​၏။ ဒါ​ဝိဒ် က``ဘု​ရင့်​သ​မက်​တော်​ဖြစ်​ရ​သည်​မှာ​အ​ထူး ဂုဏ်​ယူ​ဖွယ်​ရာ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ကဲ့​သို့ မ​ရေ​ရာ​သူ​ဆင်း​ရဲ​သား​တစ်​ယောက်​အ​တွက် မ​ထိုက်​တန်​သော​အ​ခွင့်​အ​ရေး​ဖြစ်​ပါ​၏'' ဟု​ဆို​၏။
سائۇلنىڭ غۇلاملىرى سائۇلغا داۋۇتنىڭ دېگەنلىرىنى ئۆز ئەينى يەتكۈزدى. 24
၂၄အ​ရာ​ရှိ​တို့​သည်​လည်း​ဒါ​ဝိဒ်​၏​စ​ကား​ကို ရှော​လု​အား​ပြန်​၍​လျှောက်​ထား​ကြ​၏။-
سائۇل: ــ سىلەر داۋۇتقا: ــ پادىشاھ ساڭا باشقا تويلۇق ئالغۇزمايدۇ، پەقەت پادىشاھ دۈشمەنلىرىدىن ئىنتىقام ئېلىش ئۈچۈن يۈز فىلىستىينىڭ خەتنىلىكىنىلا ئالىدۇ، دەپ ئېيتىڭلار، دېدى (سائۇلنىڭ مەقسىتى بولسا داۋۇتنى فىلىستىيلەرنىڭ قولىدا يوقىتىش ئىدى). 25
၂၅ထို​အ​ခါ​ရှော​လု​က``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး​သည်​သင့်​အား​သ​မီး​တော်​ကို​ပေး​ရ သည့်​အ​တွက်​လက်​ဆောင်​အ​ဖြစ် သင့်​ထံ​မှ ဖိ​လိတ္တိ​အ​မျိုး​သား​လူ​သေ​အလောင်း​တစ်​ရာ တို့​၏​အ​ရေ​ဖျား​များ​ကို​သာ​လျှင် ရန်​သူ တို့​အား​လက်​စား​ချေ​သည့်​အ​နေ​ဖြင့်​အ​လို ရှိ​တော်​မူ​သည်​ဟု​ပြော​ကြား​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ (ရှော​လု​ဤ​သို့​ပြု ခြင်း​မှာ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက် ဖြင့်​ဒါ​ဝိဒ်​အ​သတ်​ခံ​ရ​ရန်​ဖြစ်​၏။-)
غۇلاملار بۇ سۆزلەرنى داۋۇتقا يەتكۈزدى؛ پادىشاھنىڭ كۈيئوغلى بولۇش داۋۇتقا يېقىپ قالدى. ئەمدى بېكىتىلگەن مۆھلەت توشمايلا، 26
၂၆ရှော​လု​၏​နန်း​တွင်း​အ​ရာ​ရှိ​တို့​သည်​မင်း ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း ဒါ​ဝိဒ်​အား ပြော​ကြား​ကြ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ဘု​ရင့် သ​မက်​တော်​ဖြစ်​ရ​မည့်​အ​ရေး​ကို​တွေး​တော ကာ​ဝမ်း​မြောက်​လေ​သည်။ ထိမ်း​မြား​မင်္ဂ​လာ ပွဲ​နေ့​မ​တိုင်​မီ​တစ်​ရက်​၌၊-
داۋۇت تۇرۇپ ئۆز ئادەملىرى بىلەن چىقىپ ئىككى يۈز فىلىستىينى ئۆلتۈردى. داۋۇت ئۇلارنىڭ خەتنىلىكىنى كېسىپ ئېلىپ پادىشاھنىڭ كۈيئوغلى بولۇش ئۈچۈن بۇلارنىڭ ھەممىسىنى پادىشاھقا تاپشۇردى. سائۇل قىزى مىقالنى ئۇنىڭغا خوتۇنلۇققا بەردى. 27
၂၇ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​သား​များ​နှင့်​ထွက်​သွား ပြီး​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​နှစ်​ရာ​ကို​သတ် ဖြတ်​၍ သ​မက်​တော်​ဖြစ်​ရန်​ထို​သူ​တို့​၏​အ​ရေ ဖျား​များ​ကို​မင်း​ကြီး​ထံ​သို့​ယူ​ခဲ့​ကာ​ရေ တွက်​၍​ဆက်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သမီး တော်​မိ​ခါ​လ​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား​စုံ​ဖက် ပေး​ရ​လေ​တော့​၏။
سائۇل پەرۋەردىگارنىڭ داۋۇت بىلەن بىللە ئىكەنلىكىنى ۋە ئۆز قىزى مىقالنىڭ ئۇنى سۆيىدىغانلىقىنى كۆرۈپ 28
၂၈ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ခါ​လ​သည်​ဒါ​ဝိဒ် အား​ချစ်​ကြောင်း​ကို​လည်း​ကောင်း ကောင်း​စွာ​သိ သ​ဖြင့်၊-
داۋۇتتىن تېخىمۇ قورقتى. شۇنىڭ بىلەن سائۇل ئۈزلۈكسىز داۋۇتقا دۈشمەن بولدى. 29
၂၉ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ပို​၍​ပင်​ကြောက်​ရွံ့​လာ လျက် အ​သက်​ထက်​ဆုံး​ရန်​ငြိုး​ဖွဲ့​တော်​မူ​၏။
فىلىستىيلەرنىڭ ئەمىرلىرى دائىم سوقۇشقا چىقاتتى؛ ئەمما ھەر قېتىم چىقسىلا داۋۇتنىڭ ئىشلىرى سائۇلنىڭ ھەممە خىزمەتكارلىرىنىڭكىدىن مۇۋەپپەقىيەتلىك بولاتتى؛ شۇنىڭ بىلەن ئۇنىڭ نامى [خالايىق] تەرىپىدىن تولىمۇ ھۆرمەتكە سازاۋەر بولاتتى. 30
၃၀ဖိ​လိတ္တိ​စစ်​တပ်​များ​သည်​လာ​ရောက်​တိုက်​ခိုက် လေ့​ရှိ​ကြ​၏။ ဒါ​ဝိဒ်​သည်​တိုက်​ပွဲ​တိုင်း​၌​ပင် ရှော​လု​၏​အ​ခြား​တပ်​မ​တော်​အ​ရာ​ရှိ​များ ထက်​ပို​၍​အောင်​မြင်​သ​ဖြင့်​အ​လွန်​ထင်​ပေါ် ကျော်​စော​လာ​၏။

< سامۇئىل 1 18 >