< Об'явлення 14 >

1 І я глянув, — і ось Агнець стоїть на Сіонській горі, а з Ним сто сорок чотири тисячі, що мають Ім'я́ Його й Ім'я́ Отця Його, написане на своїх чо́лах.
ထိုနောက်မှ ငါကြည့် လျှင် ၊ သိုးသူငယ် သည် ဇိအုန် တောင် ပေါ်မှာ ရပ် နေ၏။ သူ ၏ နာမ နှင့် ခမည်းတော် ၏ နာမ ကိုနဖူး ၌ အက္ခရာတင် သောသူ တစ်သိန်း လေး သောင်းလေး ထောင် လည်း သူ နှင့်အတူ ရှိ ကြ၏။
2 І почув я голос із неба, немов шум великої води, і немов гук міцно́го грому. І почув я голос гуслярі́в, що грали на гу́слах своїх,
သမုဒ္ဒရာရေ သံ ၊ ကြီးစွာ သော မိုဃ်းကြိုး သံ ကဲ့သို့ ကောင်းကင် က အသံ ကို ငါကြား ၏။ ထိုသို့ ငါကြား သော အသံသည် စောင်း သမားများ စောင်း တီးသော အသံ ကဲ့သို့ ဖြစ်၏။
3 і співали, як пісню нову́ перед престолом і перед чотирьома́ тваринами й ста́рцями. І ніхто не міг навчитися пісні, окрім цих ста сорока чотирьох тисяч, ви́куплених від землі.
ပလ္လင် တော်ရှေ့ ၌၎င်း၊ သတ္တဝါ လေး ပါးနှင့် အသက်ကြီး သူ တို့ရှေ့ ၌၎င်း၊ သူတို့သည် အသစ် သော သီချင်း ကို ဆို ကြ၏။ မြေကြီး မှ ရွေးနှုတ် သောသူ တစ်သိန်း လေးသောင်းလေးထောင်မှတစ်ပါး ၊ အဘယ်သူ မျှ ထို သီချင်း ကို သင် ၍မရနိုင် ။
4 Це ті, хто не оскверни́вся з жінками, бо чисті вони. Вони йдуть за Агнцем, куди Він іде. Вони ви́куплені від людей, пе́рвістки Богові й Агнцеві,
ထို သူတို့သည် ကညာ ဖြစ်၍မေထုန်အမှုနှင့် မ ညစ်ညူး သော သူ ဖြစ် ကြ၏။ သိုးသူငယ် သွား လေရာရာအရပ် သို့ နောက် တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့ အထဲ ကရွေးနှုတ် ၍ ဘုရားသခင် နှင့် သိုးသူငယ် အဘို့ အဦး သီးသော အသီးဖြစ်ကြ၏။
5 не знайшлося бо пі́дступу в їхніх уста́х, бо вони непорочні!
အပြစ် နှင့်ကင်းလွတ်ကြသည်ဖြစ် ၍ သူ တို့နှုတ် ၌ မုသာ မ ရှိ ။
6 І побачив я іншого ангола, що летів серед неба, і мав благовісти́ти вічну Єва́нгелію ме́шканцям землі, і кожному людові, і племені, і язи́ку, і наро́дові. (aiōnios g166)
မြေကြီး ပေါ်မှာ နေ သော သူ တည်းဟူသော အသီးအသီးဘာသာ စကားကိုပြောသော လူ အမျိုး အနွယ် ခပ်သိမ်း တို့အား ထာဝရ ဧဝံဂေလိ တရားကို ဟော ရသော ကောင်းကင်တမန် တစ်ပါး က၊ (aiōnios g166)
7 І він говорив гучним голосом: „Побійтеся Бога та славу віддайте Йому, бо настала година суду Його, і вклоніться Тому, Хто створи́в небо, і землю, і море, і водні джере́ла!“
ဘုရားသခင် ကိုကြောက်ရွံ့ ၍ ချီးမွမ်း ကြလော့။ တရား စီရင်တော်မူသော အချိန် ရောက်လာ ပြီ။ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ နှင့် စမ်း ရေ တွင်းတို့ကို ဖန်ဆင်း တော်မူသောအရှင် ကို ကိုးကွယ် ကြလော့ဟု ကြီး သော အသံ နှင့် ပြောဆို ၍ ကောင်းကင် အလယ်၌ ပျံဝဲ လျက် ရှိသည်ကို ငါမြင် ၏။
8 А інший, другий ангол леті́в слідо́м і казав: „Упав, упав Вавило́н, місто великий, бо лютим вином розпусти своєї він напоїв усі наро́ди!“
ကောင်းကင်တမန် တစ်ပါး ကလည်း ၊ ဗာဗုလုန် မြို့ကြီး ပြိုလဲ ပြီ။ မိမိ မတရား သော မေထုန်၏ အဆိပ် အတောက်တည်းဟူသောစပျစ်ရည် ကို လူမျိုး အပေါင်း တို့အား တိုက် လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲ ပြီဟုလိုက် ၍ပြောဆို ၏။
9 А інший, третій а́нгол летів услід за ним, гучним голосом кажучи: „Коли хто вклоняється звіри́ні та о́бразу її, і приймає знаме́но на чолі́ своїм чи на руці своїй,
ထိုမှတပါး၊ တတိယ ကောင်းကင် တမန်က၊ အကြင်သူ သည် သားရဲ နှင့် သူ ၏ရုပ်တု ကိုကိုးကွယ် ၍၊ သူတံဆိပ် လက်မှတ်ကို နဖူး ၌ ခံ သည်ဖြစ်စေ၊ လက် ၌ ခံသည်ဖြစ်စေ ၊
10 то той питиме з вина Божого гніву, вина незмішаного в чаші гніву Його, і буде му́чений в огні й сірці перед ангола́ми святими та перед А́гнцем.
၁၀ထိုသူ သည်ဘုရားသခင် ၏ ဒေါသ ဖလား ၌ လောင်း သော အမျက် တော်စပျစ်ရည် စစ်ကို သောက် ရ လိမ့်မည်။ သန့်ရှင်း သောကောင်းကင် တမန်တို့ရှေ့ ၊ သိုးသူငယ် ရှေ့ တွင်၊ ကန့် နှင့်ရောသောမီး ထဲမှာ ပြင်းစွာသော ညှဉ်းဆဲ ခြင်းကို ခံရလိမ့်မည်။
11 А дим їхніх мук підійматиметься вічні віки́. І не мають споко́ю день і ніч усі ті, хто вклоняється звіри́ні та о́бразу її, і приймає знаме́но йме́ння його“. (aiōn g165)
၁၁ထိုညှဉ်းဆဲ ခြင်း၏ မီးခိုး သည် ကမ္ဘာ အဆက်ဆက်တက် လျက်ရှိ၏။ သားရဲ နှင့် သူ ၏ရုပ်တု ကို ကိုးကွယ် ၍၊ သူ ၏နာမ တံဆိပ် လက်မှတ်ကို ခံ သောသူ တို့သည် နေ့ ညဉ့် မပြတ် သက်သာ မ ရ ကြဟု၊ လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။ (aiōn g165)
12 Тут терпеливість святих, що доде́ржують заповіді Божі та Ісусову віру!
၁၂ဘုရားသခင် ၏ပညတ် တို့ကို၎င်း ၊ ယေရှု ၏ ယုံကြည် ခြင်းကို၎င်း၊ စောင့်ရှောက် သော သန့်ရှင်း သူတို့သည် ဤ အရာ၌ သည်းခံ စရာအကြောင်းရှိ ၏။
13 І почув я голос із неба, що до мене казав: „Напиши: Блаженні ті мертві, хто з цього ча́су вмирає в Господі! Так, каже Дух, — вони від праць своїх заспоко́яться, бо їхні діла йдуть за ними слідо́м“.
၁၃တစ်ဖန်တုံ၊ ကောင်းကင် အသံ ကား ၊ ယခု မှစ၍ သခင် ဘုရား၌ သေ သောသူ တို့သည် မင်္ဂလာ ရှိကြ၏ဟု ရေး ထားလော့ဟု ပြောဆို သည်ကို ငါကြား ၏။ ဝိညာဉ် တော်ကလည်း၊ ထိုသို့ မှန် ပေ၏။ ထိုသူ တို့သည် ပင်ပန်း ခြင်းငြိမ်း မည်အကြောင်း ရှိ၍၊ သူ တို့၏ အကျင့် တို့သည်လည်း သူ တို့နှင့်အတူ လိုက် ကြ၏ဟုမိန့် တော်မူ၏။
14 І я глянув, — і ото біла хмара, а на хмарі сидить подібний до Лю́дського Сина. Він мав на Своїй голові золотого вінця́, а в руці Його гострий серп.
၁၄တဖန် ငါကြည့် လျှင် ၊ ဖြူ သောမိုဃ်းတိမ် ရှိ ၏။ လူ သား တော်နှင့်တူ သောသူ သည် ခေါင်း တော်ပေါ်၌ ရွှေ သရဖူ ကိုဆောင်း လျက်၊ ထက် သော တံစဉ် ကို ကိုင် လျက် ၊ မိုဃ်းတိမ် ပေါ်မှာ ထိုင် တော်မူ၏။
15 І інший ангол вийшов із храму, і гучним голосом кликнув до Того, Хто на хмарі сидів: „Пошли серпа свого й жни, бо настала година пожати, дозріло бо жни́во землі!“
၁၅ကောင်းကင်တမန် တစ်ပါး သည် ဗိမာန် တော်ထဲက ထွက် ၍၊ ကိုယ်တော် ၏တံစဉ် ကိုလွှတ် ၍ စပါးကို ရိတ် တော်မူပါ။ ရိတ် ရသောအချိန် ရောက် ပါပြီ။ မြေကြီး ၌ ရိတ် စရာစပါးမှည့် ပါပြီဟု မိုဃ်းတိမ် ပေါ်မှာ ထိုင် သောသူ ကို ကြီး သောအသံ နှင့် ဟစ် လေ၏။
16 I Той, Хто на хмарі сидів, скинув додолу серпа свого, — і земля була вижата.
၁၆မိုးတိမ် ပေါ်မှာ ထိုင် သောသူ သည် မိမိ တံစဉ် ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏ စပါးကိုရိတ် တော်မူ၏။
17 І інший Ангол вийшов із храму, що на небі, — і він мав гострого серпа.
၁၇ကောင်းကင်တမန် တစ်ပါး သည် ကောင်းကင် ဘုံ၌ ရှိသော ဗိမာန် တော်ထဲက ထွက် ၍ သူ ၌လည်း ထက် သော တံစဉ် ပါ ၏။
18 І інший ангол, що мав вла́ду над огнем, вийшов від же́ртівника. І він гучним голосом кли́кнув до того, що мав гострого серпа, говорячи: „Пошли свого гострого серпа, і позбирай гро́на зе́мної виноградини, бо гро́на її вже доспіли“.
၁၈မီး ကိုအစိုးရ သော ကောင်းကင်တမန် တစ်ပါး သည် ယဇ်ပလ္လင် ထဲက ထွက် ၍ ထက် သော တံစဉ် ပါ သော သူ ကို ကြီးစွာ သော ကြွေးကြော် ခြင်းနှင့်ခေါ် လျက် ၊ သင် ၏ ထက် သောတံစဉ် ကိုလွှတ် ၍ မြေကြီး ၏ စပျစ်သီး ပြွတ် တို့ကိုရိတ် လော့။ အသီး မှည့် ပြီဟုပြောဆို ၏။
19 І ангол кинув додо́лу серпа свого, і зібрав виноград на землі, і вкинув в велике чави́ло Божого гніву.
၁၉ကောင်းကင်တမန် သည်လည်း မိမိ တံစဉ် ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏စပျစ်သီး ကိုရိတ် ပြီးမှ ၊ ဘုရားသခင် ၏ အမျက် တော်တည်းဟူသောနယ်ရာ တန်ဆာကြီး ထဲသို့ ချ လေ၏။
20 І пото́вчене було чави́ло за містом, і потекла кров із чави́ла аж до кі́нських вузде́чок, на тисячу шістсот стадій.
၂၀မြို့ ပြင် ၌ နယ်ရာ တန်ဆာကိုဖိနင်း ၍ အသွေး သည် တဆယ်ခြောက်ယူဇနာခရီးတရှောက်လုံး၌ မြင်း ဇက်ကြိုး ကို မှီသည်တိုင်အောင် နယ်ရာ တန်ဆာထဲက ထွက် လေ၏။

< Об'явлення 14 >