< Ісая 23 >

1 Пророцтво про Тир. Голосіть, кораблі Таршішу, бо Тир поруйно́ваний: без домів і без входу з кіттейського кра́ю. Так було їм відкрито.
တုရု မြို့နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ မြို့သည် အိမ် မ ရှိ၊ တည်းခို စရာ မရှိ သည် တိုင်အောင်ရှင်းရှင်းပျက်စီး လေပြီ။ ခိတ္တိမ် ပြည် မှ သိတင်းကြား ရ၏။
2 Замовчіте, мешка́нці надмо́р'я! Сидо́нські купці, які морем пливуть, тебе перепо́внили.
ပင်လယ် ကူး တတ်သော ဇိဒုန် ကုန်သည် တို့သည် စည်ပင် စေသော၊ ပင်လယ် ကမ်းနားမှာ နေ သောသူတို့၊ မှိုင်တွေ ကြလော့။
3 І насіння Шіхору у во́дах великих, жни́во Ріки то набу́ток його, і наро́дам він став за торго́вицю.
များ သောရေ ကို အမှီပြုသော ရှိဟောရ မျိုးစေ့ ၊ မြစ် ၏ အသီးအနှံ ကို ထိုမြို့ သည် အခွန် ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေး ဖြစ် လေပြီ။
4 Соро́мся, Сидо́не, сказало бо море, мо́рська тверди́ня, говорячи: я не терпіла з поро́ду та не породила, і не виховала юнакі́в, і дівчат я не ви́кохала.
အိုဇိဒုန် မြို့၊ ရှက် ကြောက်ခြင်းရှိလော့။ အကြောင်း မူကား၊ ပင်လယ် တည်းဟူသောပင်လယ် မြို့ကြီး က၊ ငါသည် ကိုယ်ဝန် မ ဆောင်၊ သား မ ဘွား၊ လူပျို နှင့် အပျိုမ တို့ကို မ မွေးမြူ ရဟု ပြော ဆို၏။
5 Коли до Єгипту ця звістка прибу́де, вони затремтя́ть, як на зві́стку про Тир.
အဲဂုတ္တု ပြည်သားတို့သည် တုရု မြို့သိတင်း ကို ကြားသောအခါ ၊ ထိုသိတင်း ကြောင့် အလွန်စိတ်ပူပန် ခြင်းသို့ ရောက်ကြလိမ့်မည်။
6 Перейді́ть до Таршішу, ридайте, мешка́нці надмо́р'я!
တာရှု မြို့သို့ ကူး ကြလော့။ ပင်လယ် နားမှာ နေ သောသူတို့၊ ညည်းတွား မြည်တမ်းကြလော့။
7 Чи це ваше місто веселе, що поча́ток його з давен-да́вна? Його но́ги несуть його в далечину́ осели́тися.
ဤ မြို့သည် ရှေး ကာလ ၌ တည်သဖြင့် သင် တို့ရွှင်လန်း သောမြို့လော။ ဝေး သော အရပ်၌ တည်းခို ခြင်းငှါ ၊ မိမိ ခြေ တို့သည် မိမိ ကိုဆောင် သွားကြ၏။
8 Хто́ це постанови́в був про Тир, що корони давав, що князя́ми бували купці його, а його торговці́ на землі були в шані?
တုရု မြို့သည် ရာဇသရဖူကို ပေး တတ်သော မြို့ ဖြစ်လျက်၊ သူ ၏ကုန်သည် တို့သည် မင်းသား ၊ ဖောက်ကား ရောင်း ဝယ်သောသူတို့ သည် မြေကြီး မှုးမတ် ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူ သည် ဤ အကြံကို ကြံစည်သနည်း။
9 Господь Саваот це призна́чив, щоб збезче́стити пиху́ всякій славі, щоб усіх славних землі злегкова́жити.
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ရှိသမျှ သော ဘုန်း အသရေ၏ မာန ကို အရှက်ခွဲ ခြင်းငှါ ၎င်း၊ မြေကြီး မှုးမတ် အပေါင်း တို့ကို ရှုတ်ချ ခြင်းငှါ ၎င်း ထိုသို့ကြံစည် တော်မူ၏။
10 Перейди ти свій край, мов Ріка́, до́чко Таршішу, — вже нема перепо́ни —
၁၀အိုတာရှု မြို့၏သ္မီး ၊ ကမ်းရိုး ပျက် လေပြီ။ မြစ် ကဲ့သို့ ကိုယ် ပြည် ကို နှံ့ပြား လော့။
11 Свою руку простя́г Він на море, і царства затря́с! Господь про Ханаан наказав, щоб тверди́ню його зруйнува́ти,
၁၁ရန်သူ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍၊ တိုင်း နိုင်ငံတို့ကို လှုပ်ရှား လေ၏။ ခါနာန် ပြည်၌ ခိုင်ခံ့ သော အရပ်တို့ကို ဖျက်ဆီး စေခြင်းငှါ ၊ ထာဝရဘုရား အမိန့် တော်ရှိ၏။
12 і сказав: Не будеш ти більше радіти, збезчещена ді́вчино, до́чко Сидону! Уставай, перейди до Кіттіму, але й там ти спочи́нку не ма́тимеш.
၁၂ညှဉ်းဆဲ ခြင်းကို ခံရသောကညာ ၊ ဇိဒုန် မြို့၏သ္မီး ၊ သင်သည် နောက်တဖန် ရွှင်လန်း ခြင်း မ ရှိရ။ ထ လော့။ ခိတ္တိမ် ပြည်သို့ ကူး သွားလော့။ ထို အရပ်၌လည်း ငြိမ်သက် ခြင်း မ ရှိရဟု မိန့် တော်မူ၏။
13 Це земля ханаанська; на ніщо́ оберну́всь цей наро́д, — Ашшур для пустинних звірі́в влаштува́в був її. Вони збудува́ли тут ба́шти варто́ві, і пала́ци її повалили, у руїну її оберну́ли.
၁၃အထက်က မ ရှိ သော ခါလဒဲ အမျိုးသား တို့နေသော ပြည် ကို ကြည့်ရှု လော့။ ထိုပြည်ကို အာရှုရိ မင်းသည် တောတွင်းသား တို့ နေ စရာဘို့ တည်ထောင် ၏။ ထိုပြည် သားတို့သည် ပြအိုး တို့ကို တည်ဆောက်၍၊ တုရုအိမ် တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီး ကြ၏။
14 Голосіть, кораблі Таршішу, бо спусто́шена ваша тверди́ня!
၁၄တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ သင် တို့၏ မြို့ ကြီးသည် ပျက် ကုန်ပြီ။
15 І станеться в день той, Тир буде забутий на сімдесят літ, як дні панува́ння одно́го царя. По семидесяти літах станеться Тирові, як у тій пісні блудни́ці:
၁၅ထို ကာလ ၌ တုရု မြို့ကို၊ မင်း ဆက်တ ဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ် ပတ်လုံး၊ အဘယ်သူမျှမ အောက်မေ့ ရ။ အနှစ် ခုနစ်ဆယ် လွန် သောအခါ ၊ ပြည်တန်ဆာ မိန်းမအားသီချင်း ဆိုသကဲ့သို့ ၊ တုရု မြို့အား သီချင်း ဆိုလိမ့်မည်။
16 „Візьми гу́сла, і пройди́ся по місті, забута блудни́це! Приємно заграй, багато пісе́нь заспіва́й, щоб тебе пригада́ли!“
၁၆အဘယ်သူမျှမ အောက်မေ့သော ပြည်တန်ဆာ မိန်းမ၊ စောင်း ကိုကိုင် ၍ မြို့ တွင်လှည့်လည် လော့။ သူတပါးတို့သည် သင့်ကို သတိရ စေခြင်းငှါ ၊ သာယာ သော အသံနှင့် တီး ၍၊ သီချင်း ကို များစွာဆို လော့။
17 І буде, як сімдесят літ покінчи́ться, згадає про Тира Господь, і зно́ву він братиме плату за блудоді́йство, і чинитиме блуд з усіма царствами світу на поверхні землі.
၁၇အနှစ် ခုနစ်ဆယ် လွန် သောအခါ ၊ ထာဝရဘုရား သည် တုရု မြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူ သည်လည်း တဖန်အမြတ် ရသောဘာသာသို့ လိုက်ပြန် ၍ ၊ မြေကြီး မျက်နှာ ပေါ် မှာ ရှိသမျှ သော လောကီ နိုင်ငံ တို့ နှင့် မတရားသော မေထုန် ကိုပြုလိမ့်မည်။
18 І стане набу́ток його та прибуток його із торгі́влі Господе́ві присвя́ченим. Не буде збиратися він і не буде ховатись, бо набу́ток його буде тим, хто сидітиме перед обличчям Господнім, щоб їсти доси́та та мати розкішну одежу.
၁၈သို့ရာတွင် ၊ သူ ၏ ကုန်သွယ် ခြင်း၊ အမြတ် ရခြင်း အရာတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း လိမ့်မည်။ ဆည်းဖူး သိုထားခြင်းကို မ ပြုရ။ ကုန်သွယ် သော ဥစ္စာ သည် ထာဝရဘုရား ရှေ့ တော်၌ နေ သောသူတို့အဘို့ ဖြစ်၍သူတို့သည် ဝ စွာစား ၍ ခိုင် သောအဝတ် ကို ဝတ် ကြလိမ့်မည်။

< Ісая 23 >