< Єзекіїль 37 >

1 Була́ надо мною Господня рука, і Дух Госпо́дній ви́провадив мене, і спинив мене серед долини, а вона — повна кісто́к!
ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ငါ့​ကို လွှမ်း​မိုး​၍​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည် ငါ့ ကို​ဆောင်​သွား​ပြီး​လျှင်​အ​ရိုး​များ​ဖြင့်​ဖုံး လွှမ်း​နေ​သည့်​ချိုင့်​ဝှမ်း​တွင်​ချ​ထား​တော် မူ​၏။-
2 І Він обвів мене біля них навко́ло, аж ось їх дуже багато на пове́рхні долини, і ось вони стали дуже сухі!
ကိုယ်​တော်​သည်​ငါ့​အား​ထို​ချိုင့်​ဝှမ်း​တစ်​လျှောက် သို့​ခေါ်​ဆောင်​သွား​တော်​မူ​သ​ဖြင့် ထို​အ​ရပ်​၌ အ​ရိုး​အ​မြောက်​အ​မြား​ရှိ​သည့်​အ​ပြင်၊ ထို အ​ရိုး​တို့​သည်​အ​လွန်​သွေ့​ခြောက်​လျက်​နေ သည်​ကို​လည်း​ငါ​မြင်​ရ​လေ​သည်။-
3 І сказав Він мені: „Сину лю́дський, чи оживу́ть оці ко́сті?“А я відказав: „Господи Боже, — Ти знаєш!“
ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​အ​ရိုး​တို့ သည်​ပြန်​၍​အ​သက်​ရှင်​နိုင်​ကြ​မည်​လော'' ဟု​ငါ့​အား​မေး​တော်​မူ​လျှင်၊ ငါ​က``အို အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ဤ​မေး​ခွန်း ကို​ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြေ​ကြား​တော် မူ​နိုင်​ပါ​၏'' ဟု​လျှောက်​ထား​၏။
4 І сказав Він мені: „Пророку́й про ці кості, та й скажеш до них: Сухі ко́сті, послухайте слова Господнього!
ကိုယ်​တော်​က``အ​ရိုး​တို့​အား​ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား တော်​ကို​နား​ထောင်​ကြ​ရန်​ထို​အ​ရိုး​တို့ အား​ပြော​ကြား​လော့။-
5 Так говорить Господь Бог до цих кісто́к: Ось Я введу́ у вас духа — і ви оживе́те!
ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​သူ​တို့​အား ငါ​သည်​သင်​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ်​သွင်း​ကာ သင် တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​မည်။-
6 І дам на вас жи́ли, і ви́росте на вас тіло, і простягну́ на вас шкіру, і дам у вас духа, — і ви оживе́те. І пізна́єте ви, що Я — Госпо́дь!“
သင်​တို့​တွင်​အ​ကြော​များ​အ​သား​များ​တက် စေ​၍ အ​ရေ​များ​ဖြင့်​ဖုံး​လွှမ်း​ပေး​မည်။ သင် တို့​အ​ထဲ​သို့​ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ် သွင်း​ကာ​သင်​တို့​ကို​အ​သက်​ပြန်​၍​ရှင်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
7 І пророкував я, як наказано. І зня́вся шум, коли я пророкува́в, і ось гу́ркіт, а ко́сті зближа́лися, кістка до кістки своєї.
ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ​သည့် အ​တိုင်း​ဟော​ပြော​၏။ ယင်း​သို့​ဟော​ပြော​နေ စဉ်​တ​ချွတ်​ချွတ်​မြည်​သံ​ကို​ငါ​ကြား​ရ​၏။ ထို​နောက်​အ​ရိုး​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု ဆက်​စပ်​သွား​ကြ​၏။-
8 І побачив я, аж ось на них жи́ли, і виросло тіло, і була натя́гнена на них шкіра зве́рху, та духа не було в них.
ယင်း​တို့​ကို​ငါ​ကြည့်​လျက်​နေ​စဉ်​ပင်​အ​ရိုး တို့​အ​ပေါ်​မှာ အ​ကြော​များ​ပေါ်​လာ​၍ အ​သား​တက်​လျက်​အ​ရေ​ဖုံး​လေ​၏။ သို့ ရာ​တွင်​အ​သက်​မ​ရှိ​သေး။
9 І сказав Він мені: „Пророкуй до духа, пророкуй, сину лю́дський, та й скажеш до духа: Так говорить Господь Бог: Прилинь, духу, з чотирьох вітрі́в, і дихни́ на цих забитих, — і нехай оживу́ть!“
ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ လေ​အား​ဟော​ပြော​လော့။ အ​ရပ်​ရှစ်​မျက်​နှာ မှ​တိုက်​ခတ်​လာ​ကာ​ဤ​လူ​သေ​ကောင်​များ ပြန်​၍​အ​သက်​ရှင်​စေ​ရန် ထွက်​သက်​ဝင်​သက် လေ​ကို​မှုတ်​သွင်း​ရန်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​လေ​အား​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
10 І я пророкував, як Він наказав був мені, — і ввійшов у них дух, і вони ожили́, і постава́ли на ноги свої, — ві́йсько дуже-дуже велике!
၁၀ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​ဟော​ပြော​၏။ ထို​အ​ခါ​လူ သေ​အ​လောင်း​တို့​သည်​ထွက်​သက်​ဝင်​သက် လေ​ကို​ရ​ရှိ​ကာ​အသက်​ရှင်​လာ​ပြီး​လျှင် မတ်​တတ်​ရပ်​ကြ​ကုန်​၏။ ထို​သူ​တို့​သည် တပ်​မ​တော်​ကြီး​ဖွဲ့​စည်း​လောက်​အောင် များ​ပြား​သ​တည်း။
11 І сказав Він мені: „Сину лю́дський, ці кості — вони ввесь Ізраїлів дім. Ось вони кажуть: Повисиха́ли наші кості, і заги́нула наша надія, нам кіне́ць!
၁၁ဘု​ရား​သ​ခင်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ထို​အ​ရိုး​များ​နှင့်​တူ ကြ​၏။ သူ​တို့​က​ငါ​တို့​သည်​သွေ့​ခြောက်​လျက် သေ​၍​နေ​လေ​ပြီ။ အ​နာ​ဂတ်​အ​တွက်​မျှော် လင့်​စ​ရာ​မ​ရှိ​တော့​ဟု​ဆို​ကြ​၏။-
12 Тому́ пророкуй та й скажеш до них: Так говорить Господь Бог: Ось Я повідчиня́ю ваші гроби́, і позво́джу вас із ваших гробі́в, мій наро́де, і введу́ вас до Ізраїлевої землі!
၁၂သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဟော​ပြော​လော့။ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​တော်​မူ​မည်​ဟု​ပြော​ကြား လော့။ ငါ​သည်​သူ​တို့​ကို​ထုတ်​ပြီး​နောက် ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် သွား​မည်။-
13 І пізнаєте ви, що Я Госпо́дь, коли Я повідчиня́ю ваші гроби́, і коли позво́джу вас із ваших гробі́в, Мій наро́де!
၁၃ငါ​၏​လူ​မျိုး​အား​မြှုပ်​နှံ​ထား​ရာ​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​၍​သူ​တို့​အား​ထုတ်​သော အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
14 І дам Я в вас Свого Духа, — і ви оживе́те, і вміщу́ вас на вашій землі, і пізна́єте ви, що Я, Госпо́дь, сказав це й зробив, говорить Госпо́дь!“
၁၄ငါ​သည်​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​တို့​အား ပေး​သွင်း​၍ သူ​တို့​အား​အ​သက်​ပြန်​၍​ရှင် လာ​စေ​ပြီး​လျှင် မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင် နေ​ထိုင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်။ ငါ​သည်​ဤ​အ​မှု​ကို​ပြု မည်​ဟု​က​တိ​ထား​တော်​မူ​ပြီ။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
15 І було́ мені слово Господнє таке:
၁၅တစ်​ဖန်​အ​ရှင်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
16 „А ти, сину лю́дський, візьми́ собі один кусок де́рева, і напиши на ньому: „Юді та синам Ізраїля, його дру́зям“. І візьми ще один кусок дерева, і напиши на ньому: „Йо́сипові дерево Єфрема та всьому домові Ізраїля, дру́зям його“.
၁၆ကိုယ်​တော်​က``အချင်း​လူ​သား၊ တုတ်​တစ်​ချောင်း ကို​ယူ​၍`ယု​ဒ​နိုင်​ငံ​နှင့်​သူ​၏​မိတ်​ဆွေ​ဣ​သ ရေ​လ​နိုင်​ငံ​အ​တွက်' ဟု​ရေး​မှတ်​လော့။ ထို နောက်​အ​ခြား​တုတ်​တစ်​ချောင်း​ကို​ယူ​၍ `ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​သူ​၏​မိတ်​ဆွေ ယော​သပ်​နှင့်​သက်​ဆိုင်​သည့်​ဧ​ဖ​ရိမ်​၏ တုတ်' ဟု​ရေး​မှတ်​လော့။-
17 І зблизь їх собі одне до о́дного на один кусок дерева, — і вони стануть за одне́ в твоїй руці!
၁၇ထို​တုတ်​နှစ်​ချောင်း​ကို​တစ်​ချောင်း​တည်း​ဟု ထင်​ရ​အောင်​သင်​၏​လက်​တွင်​ကိုင်​ထား​လော့။-
18 І як скажуть до тебе сини твого наро́ду, говорячи: Чи не оголо́сиш нам, що́ це в те́бе таке?
၁၈ယင်း​သို့​ပြု​သည်​မှာ​အ​ဘယ်​သို့​အ​ဋ္ဌိပ္ပါယ် ရှိ​ပါ​သ​နည်း​ဟု သင်​၏​အ​မျိုး​သား​တို့ က​မေး​မြန်း​ကြ​လိမ့်​မည်။-
19 то скажи їм: Так говорить Госпо́дь Бог: Ось Я візьму́ дерево Йо́сипа, що в Єфремовій руці, та племе́на Ізраїлеві, його дру́зів, і дам на нього дерево Юди, і вчиню́ їх за одне дерево, — і стануть вони одним у Моїй руці!
၁၉ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် ဧ​ဖ​ရိမ်​ကိုင်​ထား​သည့်​ယော​သပ်​၏​တုတ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​နှင့်​သူ​၏​အ​ပေါင်း ပါ​တို့​ကို​ယူ​လျက် ယု​ဒ​နိုင်​ငံ​၏​တုတ်​တစ် ချောင်း​နှင့်​အ​တူ​ထား​၍ တစ်​ချောင်း​တည်း ဖြစ်​သော​တုတ်​ကို​ငါ​ကိုင်​ထား​တော်​မူ​မည် ဖြစ်​ကြောင်း​သူ​တို့​အား​ပြော​ကြား​လော့။
20 І будуть ці дере́ва, що напишеш на них, у руці твоїй на їхніх оча́х.
၂၀``သင်​ရေး​မှတ်​ထား​သော​တုတ်​နှစ်​ချောင်း​ကို လူ​များ​မြင်​သာ​အောင်​လက်​တွင်​ကိုင်​ထား လော့။-
21 І скажи до них: Так говорить Госпо́дь Бог: Ось Я візьму́ Ізраїлевих синів з-посеред наро́дів, куди вони пішли, і позбира́ю їх знавко́ла, і введу́ їх до їхньої землі.
၂၁ထို​နောက်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သူ​တို့ ရောက်​ရှိ​နေ​ရာ​လူ​မျိုး​တ​ကာ​တို့​အ​ထဲ​မှ ထုတ်​ယူ​စု​သိမ်း​ပြီး​လျှင် သူ​တို့​ကိုယ်​ပိုင်​တိုင်း ပြည်​သို့​ခေါ်​ဆောင်​လာ​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ပြ​လော့။-
22 І зроблю́ їх за один наро́д у краї на Ізраїлевих гора́х, і бу́де для всіх них один цар за царя, і не бу́дуть уже двома́ наро́дами, і не бу́дуть уже більш поді́лені на двоє царств.
၂၂ငါ​သည်​သူ​တို့​အား​ထို​ပြည်​တွင်​ဣသ​ရေ​လ တောင်​များ​ပေါ်​မှာ​လူ​မျိုး​တစ်​မျိုး​တည်း ဖြစ်​စေ​တော်​မူ​မည်။ သူ​တို့​၌​အုပ်​စိုး​မည့် ဘု​ရင်​တစ်​ပါး​တည်း​ရှိ​လိမ့်​မည်။ လူ​မျိုး နှစ်​မျိုး​နိုင်​ငံ​နှစ်​နိုင်​ငံ​ကွဲ​ပြား​လျက် မ​ရှိ​ရ။-
23 І більш не будуть вони занечи́щуватися своїми бовва́нами й гидо́тами своїми та всіма́ своїми пере́ступами, спасу́ їх зо всіх їхніх осе́ль, де вони гріши́ли, й очи́щу їх. І будуть вони мені наро́дом, а Я буду їм Богом!
၂၃သူ​တို့​သည်​နောက်​တစ်​ဖန်​စက်​ဆုပ်​ဖွယ်​ရာ ရုပ်​တု​များ​အား​ဖြင့်​မိ​မိ​တို့​ကို​မ​ညစ် ညမ်း​စေ​ရ။ အ​ပြစ်​ကူး​လွန်​မှု​အား​ဖြင့် စာ​ရိတ္တ​မ​ပျက်​စီး​ရ။ ငါ​သည်​သူ​တို့​အား အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဖောက်​ပြန်​မှု​အ​မျိုး မျိုး​မှ​ကယ်​တင်​၍​စင်​ကြယ်​စေ​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။-
24 А раб Мій Давид буде царем над ними, і один па́стир буде для всіх них, і постановами Моїми вони будуть ходити, а устави Мої будуть стерегти́ й вико́нувати їх.
၂၄ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် သည်​သူ​တို့​၏​ဘု​ရင်​ဖြစ်​လိမ့်​မည်။ သူ​တို့ အား​လုံး​သိုး​ထိန်း​တစ်​ပါး​တည်း​၏​လက် အောက်​၌​စု​စည်း​ကြ​လျက် ငါ​၏​ပ​ညတ် တော်​တို့​ကို​သစ္စာ​ရှိ​စွာ​စောင့်​ထိန်း​၍​ငါ ၏​အ​မိန့်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-
25 І ося́дуть вони на тій землі, яку Я дав був Моєму рабові Яковові, що сиділи на ній їхні батьки́, і ося́дуть на ній вони та їхні сини, та сини синів їхніх аж навіки, а Мій раб Давид буде їм кня́зем навіки!
၂၅သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​နေ​ထိုင် ခဲ့​ကြ​သည့်​ပြည်​တည်း​ဟူ​သော​ငါ​၏​အ​စေ ခံ​ယာ​ကုပ်​အား ငါ​ပေး​အပ်​သည့်​ပြည်​တွင် နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​နည်း​တူ​သူ တို့​၏​သား​သ​မီး​များ​နှင့်​အ​ဆက်​အ​နွယ် အ​ပေါင်း​တို့​သည်​ထို​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါဝိဒ် ကဲ့​သို့​သော​ဘု​ရင်​သည်​သူ​တို့​ကို​အ​စဉ် အုပ်​စိုး​လိမ့်​မည်။-
26 І складу́ з ними заповіта миру, — це буде вічний запові́т із ними. І зміцню́ їх, і намно́жу їх, і дам Свою святиню серед них на віки!
၂၆ထာ​ဝ​စဉ်​ငြိမ်း​ချမ်း​ရေး​အ​တွက်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​မည်။ သူ​တို့​အား​တည်​ထောင်​ပေး လျက်​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ငါ​၏​ဗိ​မာန် တော်​ကို​သူ​တို့​ပြည်​တွင်​အ​စဉ်​အ​မြဲ​တည် စေ​မည်။-
27 І буде місце Мого пробува́ння над ними, і Я буду їм Богом, а вони Мені бу́дуть наро́дом.
၂၇ငါ​သည်​ထို​အ​ရပ်​တွင်​သူ​တို့​နှင့်​အ​တူ​ကိန်း ဝပ်​၍​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ သူ​တို့ သည်​လည်း​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့် မည်။-
28 І пізнають ці наро́ди, що Я — Госпо́дь, що освятив Ізраїля, коли буде Моя святиня серед них навіки!“
၂၈ငါ​သည်​သူ​တို့​၏​အ​လယ်​၌​ငါ​၏​ဗိ​မာန် တော်​ကို​အ​စဉ်​အ​မြဲ​တည်​ရှိ​စေ​သော​အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​သည်​သန့်​ရှင်း​စေ​တော်​မူ​ကြောင်း​ကို​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

< Єзекіїль 37 >