< Вихід 4 >

1 І відповів Мойсей та й сказав: „Таж вони не повірять мені, і не послухають голосу мого, бо скажуть: Господь не явився тобі!“
မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကို မယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရ ဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ၏။
2 І промовив до нього Господь: „Що то в руці твоїй?“Той відказав: „Палиця“.
ထာဝရဘုရားကလည်း၊ သင်၏လက်၌ အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟု လျှောက်၏။
3 І сказав Він: „Кинь її на землю!“І той кинув її на землю, — і вона стала вуже́м. І втік Мойсей від нього.
မြေပေါ်မှာ ပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့်၊ လှံတံသည် မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ၏။
4 І сказав Господь до Мойсея: „Простягни свою руку, і візьми його за хвоста!“І він простяг свою руку й узяв його, — і той став палицею в долоні його.
ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကို ကိုင်ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဘမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။
5 „Щоб повірили, що явився тобі Господь, Бог їхніх батьків, — Бог Авраама, Бог Ісака й Бог Якова“.
သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏။
6 І сказав Господь йому ще: „Засунь свою руку за пахви́ну свою!“І засунув він руку свою за пахви́ну свою, і витягнув її, — аж ось рука його побіліла від прокази, як сніг!
တဖန် ထာဝရဘုရားက၊ သင်၏လက်ကိုသင်၏ ရင်ခွင်သို့ သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကို ရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ၏။
7 А Він сказав: „Поклади знов свою руку за пахвину свою!“І він поклав знову руку свою до своєї пахвини, і витягнув її з пахвини своєї, — і ось вона стала зно́ву, як тіло його.
တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကို ရင်ခွင် သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသား ဖြစ်ပြန်လေ၏။
8 „І станеться, коли не повірять тобі, і не послухають голосу першої ознаки, то повірять голосу ознаки наступної.
ထိုသူတို့သည် သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည်။
9 І станеться, коли вони не повірять також обом тим ознакам, і не послухають твого голосу, то ти візьмеш води з Річки, і виллєш на суходіл. І переміниться та вода, що ти візьмеш із Річки, і станеться кров'ю на суходолі“.
သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ၊ သင်၏ စကားကို နားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကို ယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲက ယူသော ရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။
10 Та Мойсей сказав до Господа: „О Го́споди — я не промовець ні від учора, ні від позавчора, ані відтоді, коли Ти говорив був до Свойого раба, бо я тяжкоустий та тяжкоязикий“.
၁၀မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
11 І сказав йому Господь: „Хто дав уста людині? Або Хто робить німим, чи глухим, чи видючим, чи темним, — чи ж не Я, Господь?
၁၁ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
12 А тепер іди, а Я буду з устами твоїми, і буду навчати тебе, що́ ти маєш говорити“.
၁၂သို့ဖြစ်၍ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။
13 А він відказав: „Молю Тебе, Господи, — пошли іншого, кого маєш послати“.
၁၃မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော်၊
14 І запалав гнів Господній на Мойсея, і Він сказав: „Чи ж не Ааро́н твій брат, Левит? Я знаю, що він добре буде говорити. Та ось він ви́йде навпроти тебе, — і побачить тебе, і зрадіє він у серці своїм.
၁၄ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။
15 І ти бу́деш говорити до нього, і вкладеш слова ці в уста його, а Я буду з устами твоїми й з устами його, і буду навчати вас, що́ маєте робити.
၁၅သင်သည် သူနှင့်စကားပြော၍၊ သူပြောစရာစကားကို ပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်း ငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။
16 І він буде говорити за тебе до наро́ду. І станеться, — він буде тобі устами, а ти будеш йому замість Бога.
၁၆သူသည်လည်း လူတို့ရှေ့မှာ သင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည် လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။
17 І ти візьмеш у руку свою оцю па́лицю, якою ознаки чинитимеш“.
၁၇သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော် မူ၏။
18 І пішов Мойсей, і вернувся до тестя свого Їтра, і сказав йому: „Піду я, і вернуся до братів своїх, що в Єгипті, і побачу, чи ще живі вони“. А Їтро сказав до Мойсея: „Іди в мирі!“
၁၈မောရှေသည်လည်း ယောက္ခမ ယေသရောထသို့ ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသား ချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။
19 І сказав Господь до Мойсея в Мідіяні: „Іди, вернися до Єгипту, бо вимерли всі люди, що шукали твоєї душі“.
၁၉ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်း တို့သည် သေကြပြီဟု မိဒျန်ပြည်၌ မောရှေအား မိန့်တော်မူ၏။
20 І взяв Мойсей жінку свою та синів своїх, і посадив їх на осла, та й вернувся до єгипетського краю. І взяв Мойсей палицю Божу в руку свою.
၂၀ထိုအခါ၊ မောရှသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏ လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
21 І сказав Господь до Мойсея: „Коли ти пі́деш, щоб вернутися до Єгипту, гляди, щоб усі чуда, які Я вклав у твою руку, ти вчинив їх перед лицем фараона, а Я ожорсто́чу серце його, — і він не відпустить наро́ду.
၂၁ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။
22 І ти скажеш фараонові: „Так сказав Господь: Син Мій, Мій перворідний — то Ізраїль.
၂၂ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။
23 І кажу́ Я тобі: Відпусти Мого сина, — і нехай Мені служить. А коли ти відмовиш пустити його, то ось Я вб'ю твого сина, твого перворідного“.
၂၃ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ၏။
24 І сталося в дорозі на нічлігу, — стрів був його Господь і шукав, щоб убити його.
၂၄ခရီးသွားစဉ်တွင်၊ စားခန်းစရပ်၌ ထာဝရဘုရားသည် မောရှေကိုတွေ့၍ ကွပ်မျက်ခြင်းငှါ ရှာကြံတော် မူ၏။
25 Та Ціппора взяла кременя, і обрізала крайню плоть свого сина, і доторкнулася нею до ніг його та й сказала: „Бо ти мені наречений крови!“
၂၅ထိုအခါ၊ ဇိပေါရသည် ထားကိုယူ၍ သား၏ အရေဖျားကို လှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပြပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်ဟု ဆို၏။
26 І пустив Він його. Тоді вона сказала: „Наречений крови через обрі́зання“.
၂၆ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီးမင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်၏ဟု ဆိုသတည်း။
27 І сказав Господь до Аарона: „Іди назустріч Мойсею в пустиню!“І він пішов, і стрів його на горі Божій, і поцілував його.
၂၇ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကို တွေ့၍နမ်းခြင်းကို ပြု၏။
28 І розповів Мойсей Ааронові всі слова Господа, що послав його, і всі ті ознаки, що Він наказав був йому.
၂၈မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အားကြားပြောလေ၏။
29 І пішов Мойсей та Аарон, і зібрали вони всіх старши́х Ізраїлевих синів.
၂၉ထိုသူညီနောင်နှစ်ပါးတို့သည် သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျင်၊
30 І переказав Аарон усі слова, що Господь говорив був Мойсеєві. А той ті ознаки чинив на очах народу.
၃၀အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော၍၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကိုပြလေ၏။
31 І повірив наро́д той. І почули вони, що згадав Господь Ізраїлевих синів, і що побачив біду їх, — і вони схилилися, і поклонилися до землі.
၃၁ထိုလူများတို့သည် ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူ သည်ကို၎င်း၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို၎င်း ကြားသောအခါ၊ ဦးညွှတ်ချ၍ ကိုးကွယ် ကြ၏။

< Вихід 4 >