< Естер 3 >

1 По цих подіях цар Ахашверо́ш звеличив Га́мана, сина Гаммедатового, аґаґ'янина, і пови́щив його, і поставив його крісло понад усіх князі́в, що були з ним.
ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ဇေ​ရဇ်​မင်း သည်​အာ​ဂတ် မှ​ဆင်း​သက်​သူ၊ ဟ​မ္မေဒါ​သ​၏​သား​ဟာ​မန် အား​ဝန်​ကြီး​ချုပ်​အ​ဖြစ်​ချီး​မြှင့်​တော်​မူ​၏။-
2 А всі цареві раби, що були в царські́й брамі, падали на коліна та вклонялися Га́манові, бо так про нього наказав цар. А Мордеха́й не падав на коліна й не вклоня́вся.
မင်း​ကြီး​သည်​ဟာ​မန်​အား​ဦး​ညွတ်​ရှိ​ခိုး ၍​အ​ရို​အ​သေ​ပေး​ကြ​ရန် အ​မှု​တော်​ထမ်း အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​အ​မိန့်​ထုတ်​ပြန် တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ​ကြ​လေ​သည်။-
3 І сказали царські́ раби, що були в царські́й брамі, до Мордеха́я: „Чого ти переступа́єш царе́вого нака́за?“
မော်​ဒ​ကဲ​တစ်​ဦး​တည်း​သာ​လျှင်​မ​လိုက်​နာ ဘဲ​နေ​၏။ အ​ခြား​နန်း​တွင်း​အ​ရာ​ရှိ​များ​က သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဘု​ရင့်​အ​မိန့် တော်​ကို​ဖီ​ဆန်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကာ၊-
4 І сталося, як вони говорили до нього день-у-день, а він не слу́хався їх, то вони доне́сли Га́манові, щоб побачити, чи втри́мається Мордеха́й у своїм слові, бо він виявив їм, що він юде́янин.
အ​လျှော့​ပေး​ရန်​နေ့​စဉ်​နေ့​တိုင်း​တိုက်​တွန်း ကြ​၏။ သို့​ရာ​တွင်​မော်​ဒ​ကဲ​သည်​နား​မ​ထောင် ဘဲ``ငါ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး​ဖြစ် သ​ဖြင့်​ဟာ​မန်​အား​ဦး​မ​ညွှတ်​ရှိ​မ​ခိုး​နိုင် ပါ'' ဟု​ရှင်း​ပြ​လေ​သည်။ ထို့​ကြောင့်​ထို​သူ တို့​သည်​မော်​ဒ​ကဲ​၏​အ​ပြု​အ​မူ​ကို ဟာ​မန် သည်း​ခံ​မည်​မ​ခံ​မည်​ကို​သိ​လို​၍​ဟာ​မန် အား​တိုင်​ကြား​ကြ​၏။-
5 І побачив Га́ман, що Мордеха́й не падає на коліна й не вклоняється йому́, — і Га́ман перепо́внився лю́тістю...
ဤ​သို့​မော်​ဒ​ကဲ​ဦး​မ​ညွှတ်​ရှိ​မ​ခိုး​လို သည့်​အ​ကြောင်း​ကို​ကြား​သိ​ရ​သော​အ​ခါ ဟာ​မန်​သည်​လွန်​စွာ​အ​မျက်​ထွက်​လေ​သည်။-
6 І пого́рджував він у своїх оча́х простягну́ти руку свою не тільки на Мордехая, самого його, бо доне́сли йому про Мордеха́їв наро́д, і Га́ман шукав випадку ви́губити всіх юде́ян, що були в усьому Ахашверо́шевому царстві, наро́д Мордеха́їв.
မော်​ဒ​ကဲ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ရ​သ​ဖြင့် ဟာ​မန် သည်​မော်​ဒ​ကဲ​တစ်​ဦး​တည်း​ကို​သာ​မ​ဟုတ်၊ ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း ရှိ ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို​ပါ ကွပ်​မျက်​ရန်​ကြံ​စည်​လေ​သည်။
7 Першого місяця, він місяць нісан, дванадцятого року царя Ахашверо́ша, ки́дано пу́ра, цебто жеребка́, перед Га́маном із дня на день та з місяця на місяць, і жереб упав на дванадцятий місяць, він місяць адар.
ဇေ​ရဇ်​မင်း​နန်း​စံ​ဆယ့်​နှစ်​နှစ်​မြောက်၊ နိ​သန် ခေါ်​ပ​ထ​မ​လ​၌​ဟာ​မန်​သည် မိ​မိ​၏​အ​ကြံ အ​စည်​ကို​အ​ကောင်​အ​ထည်​ဖော်​ရန် သင့် လျော်​မည့်​နေ့​ရက်​ကို​ပု​ရ​ဟု​ခေါ်​သော မဲ စ​နစ်​ဖြင့်​ရွေး​ချယ်​စေ​ရာ​အာ​ဒါ​ခေါ်​ဒွါ ဒ​သ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​ကို​ရ​ရှိ​လေ သည်။
8 І сказав Га́ман до царя Ахашверо́ша: „Є один наро́д, розпоро́шений та поді́лений між наро́дами в усіх окру́гах твого царства, а зако́ни їх рі́зняться від зако́нів усіх наро́дів і зако́нів царськи́х вони не вико́нують, — і цареві не варто позоставля́ти їх.
ထို့​ကြောင့်​ဟာ​မန်​သည်​မင်း​ကြီး​အား``အ​ရှင် ၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​ပြည်​နယ်​တိုင်း​မှာ ပင်​ပျံ့​နှံ့​လျက်​နေ​သည့်​လူ​မျိုး​တစ်​မျိုး​ရှိ ပါ​သည်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​သည် အ​ခြား​လူ​မျိုး​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​နှင့် မ​တူ​ပါ။ သူ​တို့​သည်​နိုင်​ငံ​တော်​၏​တရား ဥ​ပ​ဒေ​များ​ကို​လည်း​မ​လိုက်​နာ​ကြ​ပါ။ သို့​ဖြစ်​၍​သူ​တို့​အား​သည်း​ခံ​လျက်​နေ ခြင်း​အား​ဖြင့်​အ​ရှင့်​၏​အ​တွက်​အ​ကျိုး ရှိ​မည်​မ​ဟုတ်​ပါ။-
9 Якщо це цареві вгодне, нехай бу́де написано ви́губити їх, а я відва́жу десять тисяч талантів срібла на руки робітникі́в, щоб уне́сли до царськи́х скарбни́ць“!
အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် သူ​တို့​အား​ကွပ်​မျက်​ရန်​အ​မိန့်​ထုတ်​ပြန်​တော် မူ​ပါ။ အ​ရှင်​ဤ​သို့​ပြု​တော်​မူ​မည်​ဆို​ပါ​လျှင် နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး​အ​တွက် အ​ရှင့်​ဘဏ္ဍာ တော်​သို့​ငွေ​သုံး​ရာ​ခု​နစ်​ဆယ့်​ငါး​တန်​ပေး သွင်း​ရန်​ကျွန်​တော်​မျိုး​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​၏။
10 І зняв цар пе́рсня свого́ зо своєї руки, і дав його Га́манові, синові Гаммедатовому, аґаґ'янинові, нена́висникові юде́їв.
၁၀ထို​အ​ခါ​မင်း​ကြီး​သည်​မိ​မိ​၏​အ​မိန့်​ကြေ ငြာ​ချက်​များ​ကို​တ​ရား​ဝင်​ဖြစ်​စေ​ရန် တံ​ဆိပ် ခတ်​နှိပ်​ရ​သည့်​လက်​စွပ်​တော်​ကို​ချွတ်​၍​ယု​ဒ အ​မျိုး​သား​တို့​၏​ရန်​သူ၊ အာ​ဂတ်​မှ​ဆင်း သက်​သူ၊ ဟ​မ္မေ​ဒါ​သ​၏​သား​ဟာ​မန်​အား ပေး​အပ်​လျက်၊-
11 І сказав цар до Га́мана: „Це срібло віддаю́ тобі, і дається тобі й той наро́д, щоб робити з ним, як угодно в оча́х твоїх!“
၁၁``သင့်​သ​ဘော​အ​တိုင်း​ပြု​ရန်​ထို​လူ​မျိုး​နှင့် သူ​တို့​၏​ငွေ​ကို​သင့်​လက်​သို့​ငါ​ပေး​အပ်​၏'' ဟု​မိန့်​တော်​မူ​၏။
12 І були́ покликані царські́ писарі́ першого місяця тринадцятого дня в ньому, і було написано все так, як наказав Га́ман до царськи́х сатра́пів та до намі́сників, що були над кожною окру́гою, і до князі́в кожного наро́ду, до кожної окру́ги письмо́м його, і до кожного наро́ду мовою його; в імені царя Ахашвероша було написано, і припеча́тано було́ царськи́м пе́рснем.
၁၂ပ​ထ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​၌​ဟာ​မန်​သည် မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ်​၍ အ​မိန့် ကြေ​ငြာ​ချက်​ရေး​သား​ရန်​နှုတ်​တိုက်​ချ​၍ ပေး​လေ​သည်။ ထို​နောက်​ထို​အ​မိန့်​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​လူ​အ​မျိုး မျိုး​တို့​၏​ဘာ​သာ​စ​ကား​သို့​ပြန်​ဆို​ရေး သား​စေ​၍​အုပ်​ချုပ်​သူ​များ၊ ဘု​ရင်​ခံ​များ နှင့်​မင်း​အရာ​ရှိ​ထံ​သို့​ပေး​ပို့​၏။ ထို​အ​မိန့် တော်​ကို​ဇေ​ရဇ်​မင်း​၏​နာ​မည်​နှင့်​ထုတ် ပြန်​ကာ ဘု​ရင့်​တံ​ဆိပ်​တော်​ခတ်​နှိပ်​ထား လေ​သည်။-
13 І були́ послані листи через гінці́в до всіх царськи́х окру́г, щоб були повигу́блювані, побиті та понищені всі юдеї від хлопця й аж до старо́го, діти та жінки́ одного тринадцятого дня місяця дванадцятого, він місяць адар, а здо́бич по них пограбува́ти.
၁၃စာ​ပို့​လု​လင်​တို့​သည်​ထို​အ​မိန့်​တော်​ကို အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် ရှိ​သ​မျှ​သို့​ယူ​ဆောင်​သွား​ကြ​၏။ ထို​အ​မိန့် တော်​တွင်``အာ​ဒါ​လ၊ ဆယ့်​သုံး​ရက်​နေ့​တစ်​နေ့ တည်း​၌​ယု​ဒ​အ​မျိုး​သား​လူ​ကြီး​လူ​ငယ် ယောကျာ်း​မိန်း​မ​ရှိ​သ​မျှ​ကို​မ​သ​နား၊ မ ညှာ​တာ​ဘဲ​သတ်​ဖြတ်​ကာ​သူ​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​လု​ယူ​စေ'' ဟု​ပါ​ရှိ​၏။-
14 Ві́дпис із цього листа щоб був виданий як зако́н, у кожній окру́зі, і оголо́шений для всіх наро́дів, щоб були́ готові на цей день.
၁၄ယင်း​သို့​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ​လျှင် အ​သင့်​ရှိ​နေ​ကြ​စေ​ရန် ထို​အ​မိန့်​တော်​ကို ပြည်​နယ်​တိုင်း​တွင်​ကြေ​ငြာ​ရန်​ဖြစ်​သည်။
15 Гінці́ вийшли, пі́гнані царе́вим словом. А зако́н був ви́даний в за́мку Су́зи. А цар та Га́ман сіли до пиття́, а місто Сузи було в замі́шанні.
၁၅မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ရှု​ရှန်​မြို့​တော် တွင်​ဤ​အ​မိန့်​တော်​ကို​ထုတ်​ပြန်​ကြေ​ငြာ ကြ​၏။ ထို​နောက်​စာ​ပို့​လု​လင်​တို့​သည်​ကြေ ငြာ​ချက်​ကို​ပြည်​နယ်​များ​သို့​ယူ​ဆောင်​သွား ကြ​၏။ ရှု​ရှန်​မြို့​တော်​တွင်​မ​ငြိမ်​မ​သက်​ဖြစ် နေ​ချိန်​၌​မင်း​ကြီး​နှင့်​ဟာ​မန်​တို့​သည်​ထိုင် လျက်​စ​ပျစ်​ရည်​သောက်​နေ​ကြ​လေ​သည်။

< Естер 3 >