< Дії 16 >
1 І прибув він у Де́рвію й Лі́стру. І ото був там один учень, на ім'я́ Тимофій, син наве́рненої однієї юде́янки, а ба́тько був ге́ллен.
၁ပေါလုသည်ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ရောက် ရှိလာ၏။ လုတ္တရမြို့တွင်တိမောသေနာမည်ရှိ သောတပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူယုဒအမျိုးသမီးဖြစ်သော်လည်း သူ၏ဖခင်မှာဂရိအမျိုးသားဖြစ်၏။-
2 Добре свідо́цтво про нього давали брати, що були в Лі́стрі та в Іконі́ї.
၂သူသည်လုတ္တရမြို့နှင့်ဣကောနိမြို့ရှိ ညီအစ် ကိုတို့၏ချီးမွမ်းခြင်းကိုခံရ၏။-
3 Павло захотів його взяти з собою, — і, взявши, обрізав його через юдеїв, що були в тих місцях, бо всі знали про батька його, що був ге́ллен.
၃ပေါလုသည်သူ့ကိုမိမိနှင့်အတူလိုက်စေလို သဖြင့် သူ့အားအရေဖျားလှီးမင်္ဂလာပေး၏။ ဤသို့ပြုရခြင်းအကြောင်းမှာတိမောသေ၏ ဖခင်သည်ဂရိအမျိုးသားဖြစ်ကြောင်း ထို အရပ်ရှိယုဒအမျိုးသားတို့သိကြသော ကြောင့်ဖြစ်၏။-
4 Як міста ж перехо́дили, то їм передавали, щоб вони берегли оті постано́ви, які видали в Єрусалимі апо́столи та старші.
၄သူတို့သည်မြို့များကိုဖြတ်၍သွားကြသော အခါ ယေရုရှလင်မြို့၌နေသောတမန်တော် များနှင့်အသင်းတော်လူကြီးများပြဋ္ဌာန်း သောပညတ်များကိုရှင်းလင်းပြောပြကာ ယုံကြည်သူတို့လိုက်နာကျင့်သုံးရန်ညွှန် ကြားကြ၏။-
5 А Церкви́ змі́цнювалися в вірі, і щоденно зростали кі́лькістю.
၅သို့ဖြစ်၍အသင်းတော်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်းအရေ အတွက်အားဖြင့်တိုးတက်များပြားလား ၏။
6 А що Дух Святий їм не звелів провіщати слово в Азії, то вони перейшли через Фрігію та через країну гала́тську.
၆သူတို့သည်ဖြုဂိပြည်နှင့်ဂလာတိပြည်တို့ ကိုဖြတ်သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့အားအာရှပြည်၌နှုတ်ကပတ်တရား တော်ကိုဟောပြောခွင့်ပေးတော်မမူ။-
7 Дійшовши ж до Мі́зії, хотіли піти до Віті́нії, та їм не дозволив Дух Ісусів.
၇သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်ကခွင့် ပြုတော်မမူသဖြင့်၊-
8 Обминувши ж Мі́зію, прибули́ до Троа́ди.
၈မုသိပြည်ကိုဖြတ်၍တရောမြို့သို့ရောက်ကြ၏။-
9 І Павлові з'явилось видіння вночі: якийсь македо́нянин став перед ним і благав його, кажучи: „Прийди в Македо́нію, і нам поможи!“
၉ပေါလုသည်ညဥ့်အခါဗျာဒိတ်ရူပါရုံတွင် ``မာကေဒေါနိပြည်သို့ဖြတ်ကူး၍အကျွန်ုပ် တို့အားကူညီမစပါ'' ဟုမာကေဒေါနိ ပြည်သားတစ်ယောက်သည်ရပ်လျက်တောင်းပန် နေသည်ကိုမြင်ရ၏။-
10 Як побачив він це видіння, то ми зараз хотіли піти в Македо́нію, зрозумівши, що Госпо́дь нас покликав звіщати їм Єва́нгелію.
၁၀ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။
11 Тож відпливши з Троа́ди, прибули́ ми навпрост у Самотра́кію, а другого дня до Неа́поля,
၁၁ကျွန်ုပ်တို့သည်တရောမြို့မှသာမောသရက် ကျွန်းသို့ တည့်တည့်သင်္ဘောလွှင့်ကြရာနောက် တစ်နေ့၌နာပေါလိမြို့သို့ရောက်ကြ၏။-
12 звідтіля ж у Фили́пи, що є перше місто-осада в тій частині Македонії. І пробули́ ми в цім місті днів кілька.
၁၂ထိုမြို့မှဖိလိပ္ပိမြို့သို့သွားကြ၏။ ဖိလိပ္ပိမြို့ ကားမာကေဒေါနိပြည်ပထမနယ်၏မြို့တစ် မြို့ဖြစ်၏။ ရောမအမျိုးသားတို့အခြေစိုက် ရာမြို့လည်းဖြစ်၏။ ထိုမြို့တွင်ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာနေထိုင်ကြပြီးသည့်နောက်၊-
13 Дня ж суботнього вийшли ми з міста над річку, де, за звича́єм, було місце молитви, і, посідавши, розмовляли з жінками, що посхо́дились.
၁၃ဥပုသ်နေ့၌မြို့တံခါးအပြင်သို့ထွက်ကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြုရန်နေရာရှိမည် အထင်နှင့်မြစ်ကမ်းနားသို့သွားရောက်၍ ထို အရပ်တွင်စုဝေးလျက်နေသည့်အမျိုးသမီး တို့အားဟောပြောကြ၏။-
14 Прислуха́лася й жінка одна, що звалася Лі́дія, купчиха кармази́ном з міста Тіяті́р, що Бога вона шанувала. Господь же їй серце відкрив, щоб уважати на те, що Павло говорив.
၁၄ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။-
15 А коли охристилась вона й її дім, то благала нас, кажучи: „Якщо ви признали, що вірна я Господе́ві, то прийдіть до госпо́ди моєї й живіть“. І змусила нас.
၁၅သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။
16 І сталось, як ми йшли на молитву, то нас перестріла служни́ця одна, що мала віщу́нського духа, яка ворожби́тством давала великий прибу́ток панам своїм.
၁၆တစ်နေ့သ၌ကျွန်ုပ်တို့သည်ဆုတောင်းပတ္ထနာ ပြုရာအရပ်သို့သွားကြစဉ် ဗေဒင်ဟောနိုင် သောနတ်မိစ္ဆာပူးဝင်နေသူ၊ ငွေဝယ်ကျွန်မိန်းမ ငယ်တစ်ယောက်နှင့်တွေ့ဆုံ၏။ သူသည်ဤသို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိ၏သခင်ဖြစ် သူတို့အားကြေးငွေအမြောက်အမြား ရရှိစေ၏။-
17 Вона йшла слідкома́ за Павлом та за нами, і кричала, говорячи: „Оці люди — це раби Всеви́шнього Бога, що вам провіщають дорогу спасі́ння!“
၁၇ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။-
18 І багато днів вона це робила. І обуривсь Павло, і, обернувшись, промовив до духа: „У Ім'я́ Ісуса Христа велю я тобі — вийди з неї!“І того ча́су той вийшов.
၁၈ထိုသူငယ်မသည်ဤသို့ရက်ပေါင်းများစွာ ဟစ်အော်လျက်နေသဖြင့် ပေါလုသည်လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကား နောက်သို့လှည့် ၍ ``သင်သည်သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင့် အားငါအမိန့်ပေး၏'' ဟုနတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင်နတ်မိစ္ဆာသည်ထွက်သွား ၏။-
19 А пани її, бачивши, що пропала надія на їхній прибу́ток, схопи́ли Павла й Силу, і потягли їх на ринок до старши́х.
၁၉သူငယ်မ၏သခင်ဖြစ်သူတို့သည် မိမိတို့ ငွေဝင်ပေါက်ပိတ်သွားကြောင်းသိရှိကြသော အခါ ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အာဏာပိုင်များရှိရာမြို့တွင်းမြေကွက် လပ်သို့ဆွဲခေါ်သွားကြ၏။-
20 Коли ж їх привели́ до начальників, то сказали: „Ці люди, юдеї, наше місто бунтують,
၂၀ရောမအရာရှိတို့၏ရှေ့သို့ရောက်သောအခါ ``ဤသူတို့သည်ယုဒအမျိုးသားများဖြစ် ပါသည်။ ကျွန်တော်တို့မြို့တွင်ဆူပူမှုဖြစ် အောင်ပြုလျက်နေကြပါသည်။-
21 і навчають звича́їв, яких нам, римля́нам, не годиться приймати, ані вико́нувати“.
၂၁ကျွန်တော်တို့တရားဥပဒေများနှင့် ဆန့်ကျင် သောထုံးတမ်းစဉ်လာများကိုသွန်သင်နေကြ ပါသည်။ ရောမအမျိုးသားများအနေဖြင့် ကျွန်ုပ်တို့သည် ထိုထုံးတမ်းစဉ်လာများကို လက်မခံနိုင်၊ မကျင့်သုံးနိုင်ပါ'' ဟုလျှောက် ထားကြ၏။-
22 І на́товп піднявся на них. А начальники здерли одежу із них, та звеліли їх рі́зками сі́кти.
၂၂လူပရိသတ်ကလည်း ပေါလုနှင့်သိလတို့ ကိုဝိုင်း၍စွပ်စွဲကြ၏။ အရာရှိတို့သည်ထိုသူနှစ်ဦး၏အဝတ်များကို ဆွဲဖြဲ၍ ကြိမ်ဒဏ်ပေးစေရန်အမိန့်ချမှတ်ကြ၏။-
23 І, завдавши багато їм ран, посадили в в'язницю, наказавши в'язничному дозо́рцеві, щоб їх пильно стеріг.
၂၃စစ်သားများသည်လည်းပေါလုနှင့်သိလတို့ကို ပြင်းထန်စွာကြိမ်ဒဏ်ပေးပြီးလျှင်ထောင်ချထား ကြ၏။ သူတို့အားလုံခြုံစွာချုပ်နှောင်ထားရန် အမိန့်အရ၊-
24 Одержавши такого нака́за, той їх повкида́в до внутрішньої в'язниці, а їхні но́ги забив у коло́ди.
၂၄ထောင်မှူးသည်သူတို့အားအလုံထောင်သို့သွင်း ပြီးလျှင် ခြေများကိုထိတ်ခတ်၍ထားလေ၏။
25 А півні́чної пори Павло й Сила молилися, і Богові співали, а ув'я́знені слухали їх.
၂၅သန်းခေါင်အချိန်ခန့်၌ပေါလုနှင့်သိလတို့သည် ပတ္ထနာပြုကာဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းသီဆိုလျက်နေကြ၏။-
26 І ось на́гло повстало велике трясі́ння землі, аж основи в'язни́чні були захита́лися! І повідчинялися зараз усі двері, а кайда́ни з усіх поспада́ли.
၂၆ထိုအခါရုတ်တရက်မြေငလျင်ပြင်းစွာလှုပ် သဖြင့် အကျဉ်းထောင်၏အုတ်မြစ်သည်လှုပ်ရှား သွား၏။ ထောင်တံခါးရှိသမျှသည်ချက်ချင်း ပင်ပွင့်ထွက်သွားကုန်၏။ အကျဉ်းသားအပေါင်း တို့သည် သံကြိုးအနှောင်အဖွဲ့မှလွတ်မြောက် ကြကုန်၏။-
27 Як прокинувся ж сторож в'язничний, і побачив відчинені двері в'язниці, то витяг меча та й хотів себе вбити, мавши думку, що повтікали ув'я́знені.
၂၇ထောင်မှူးသည်အိပ်ရာမှနိုး၍ထောင်တံခါး များပွင့်လျက်နေသည်ကိုမြင်လျှင် အကျဉ်း သားများထွက်ပြေးကြပြီဟုထင်မှတ်သဖြင့် ဋ္ဌားကိုဆွဲထုတ်ပြီးလျှင်မိမိကိုယ်ကိုသတ် မည်ပြု၏။-
28 А Павло́ скрикнув голосом гучни́м, говорячи: „Не чини собі жодного зла, бо всі ми ось тут!“
၂၈သို့ရာတွင်ပေါလုက ``သင်၏ကိုယ်ကိုအန္တရာယ် မပြုနှင့်။ ငါတို့အားလုံးဤနေရာတွင်ရှိနေ ကြသည်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။
29 Зажадавши ж той світла, уско́чив, і тремтячий припав до Павла та до Сили.
၂၉ထောင်မှူးသည်မီးတိုင်ကိုတောင်းယူပြီးလျှင် ပြေးဝင်၍လာ၏။ သူသည်တုန်လှုပ်လျက် ပေါလုနှင့်သိလတို့၏ခြေရင်းတွင်ပျပ်ဝပ်၏။-
30 І вивів їх звідти й спитав: „Добро́дії! Що треба робити мені, щоб спасти́ся?“
၃၀ထိုနောက်သူတို့ကိုအပြင်သို့ခေါ်ဆောင်လာပြီး လျှင် ``အရှင်တို့၊ ကျွန်တော်သည်ကယ်တင်ခြင်း ခံရစေရန် အဘယ်သို့ပြုရပါမည်နည်း'' ဟု မေး၏။
31 А вони відказали: „Віруй в Господа Ісуса, — і будеш спасе́ний ти сам та твій дім“.
၃၁သူတို့ကလည်း ``သခင်ယေရှုကိုယုံကြည် လော့။ သို့ယုံကြည်လျှင်သင်နှင့်တကွသင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်'' ဟုဆိုပြီးနောက်၊-
32 І Слово Господнє звіщали йому та й усім, хто був у домі його.
၃၂ထိုသူနှင့်တကွသူ၏အိမ်တွင်ရှိသောသူ အပေါင်းတို့အား သခင်ဘုရား၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။-
33 І сторож забрав їх того ж ча́су вночі, їхні рани обмив, — і охристився негайно він сам та його всі домашні.
၃၃ထိုညအချိန်၌ပင်လျှင်ထောင်မှူးသည် ပေါလု နှင့်သိလတို့ကိုခေါ်၍ဒဏ်ချက်ရာများကို ဆေးကြောပေး၏။ ထိုနောက်ချက်ချင်းပင်သူနှင့် တကွအိမ်သူအိမ်သားအပေါင်းတို့သည် ဗတ္တိဇံ မင်္ဂလာခံယူကြ၏။-
34 І він їх запровадив до дому свого, і поживу поставив, і радів із усім домом своїм, що ввірував у Бога.
၃၄သူသည်ပေါလုနှင့်သိလတို့အားမိမိ၏အိမ် သို့ဖိတ်ခေါ်၍ စားဖွယ်သောက်ဖွယ်များကိုတည် ခင်းကျွေးမွေး၏။ သူနှင့်သူ၏အိမ်သားတို့သည် ဘုရားသခင်ကိုယုံကြည်လာကြသဖြင့်လွန် စွာရွှင်လန်းဝမ်းမြောက်ကြလေသည်။
35 А коли настав день, то прислали начальники слуг поліційних, наказуючи: „Відпусти тих людей!“
၃၅နောက်တစ်နေ့မိုးလင်းသောအခါအရာရှိ တို့သည် ထိုသူတို့ကိုထောင်မှလွှတ်လိုက်ရန် ရဲအရာရှိများကိုစေလွှတ်၍အမိန့်ဆင့် ဆိုစေကြ၏။-
36 І сказав той в'язничний дозорець слова́ ці Павлові: що прислали начальники, щоб вас відпустити. „Отож, вийдіть тепер та й з ми́ром ідіть!“
၃၆သို့ဖြစ်၍ထောင်မှူးသည်ပေါလုအား ``အရာရှိ တို့ကအရှင်တို့အားထောင်မှလွှတ်လိုက်ရန် အမိန့်ပေးပါ၏။ ထိုကြောင့်စိတ်အေးချမ်းစွာ အရှင်တို့သွားကြပါ'' ဟုဆို၏။
37 А Павло відказав їм: „Нас, римля́н, незасуджених, рі́зками сікли прилю́дно, і до в'язниці всадили, а тепер нас таємно виводять? Але ні! Хай вони самі при́йдуть, та й виведуть нас!“
၃၇သို့ရာတွင်ပေါလုက ``ရောမနိုင်ငံသားများ ဖြစ်သောငါတို့အားစစ်ကြောစီရင်ခြင်းမ ပြုဘဲ ငါတို့ကိုလူပရိသတ်ရှေ့တွင်ရိုက်နှက် ၍အကျဉ်းချထားခဲ့ကြ၏။ ယခုငါတို့ကို တိတ်တဆိတ်လွှတ်လိုကြပါသလော။ ထိုသို့ မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ငါတို့ကို ထောင်မှထုတ်ကြပါစေ'' ဟုရဲအရာရှိ တို့အားပြော၏။
38 Ці ж слова поліційні слуги доне́сли начальникам. А ті налякались, почувши, що римля́ни вони.
၃၈ရဲအရာရှိတို့သည်လည်းဤအကြောင်းကို အရာရှိတို့အားပြန်လည်လျှောက်ထားကြ ၏။ ပေါလုနှင့်သိလတို့သည်ရောမနိုင်ငံသား များဖြစ်ကြောင်းကို အရာရှိတို့ကြားသော အခါကြောက်လန့်ကြ၏။-
39 І прийшли, та їх перепросили, а вивівши, благали, щоб із міста пішли.
၃၉သို့ဖြစ်၍သူတို့သည်လာ၍ပေါလုနှင့်သိလ တို့အားဖျောင်းဖျပြောဆိုကြ၏။ ထိုနောက်သူ တို့ကိုထောင်မှထုတ်ပြီးလျှင် ထိုမြို့မှထွက်ခွာ သွားရန်တောင်းပန်ကြ၏။-
40 І, вийшовши з в'язниці, прибули́ вони до Лі́дії, а з братами побачившись, потішили їх та й пішли.
၄၀သို့ဖြစ်၍သူတို့သည်အကျဉ်းထောင်မှထွက်ခွာ ၍ လုဒိ၏အိမ်သို့သွားကြ၏။ ထိုနောက်ယုံကြည် သူတို့နှင့်တွေ့ဆုံကာအားပေးစကားပြော ကြားပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြလေ သည်။