< 2 Самуїлова 11 >
1 І сталося по ро́ку, у час ви́ходу царів на війну, то послав Давид Йоава й своїх слуг із ним, та всього Ізраїля, і вони ви́губили аммоні́тян й облягли Раббу́. А Давид сидів в Єрусалимі.
၁ထိုနှစ်နွေဦးပေါက်၍ ဘုရင်တို့စစ်တိုက် ထွက်လေ့ရှိသည့်အချိန်ရောက်သောအခါ ဒါဝိဒ်သည်ယွာဘအားသူ၏တပ်မှူးများ နှင့်ဣသရေလတပ်မတော်ကိုစေလွှတ်ရာ သူတို့သည်အမ္မုန်ပြည်သားတို့ကိုနှိမ်နင်း၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်မူကား ယေရုရှလင်မြို့တွင်နေရစ်သတည်း။
2 І сталося надвечір, і встав Давид із ло́жа свого, і прохо́джувався на даху́ царсько́го дому. І побачив він із да́ху жінку, що купалася. А та жінка була дуже вродли́ва.
၂တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။-
3 І послав Давид, і запитався про ту жінку. А посланий сказав: „Таж то Вірсаві́я, Еліямова дочка, жінка хітте́янина Урі́ї!“
၃သို့ဖြစ်၍ဒါဝိဒ်သည်လူလွှတ်၍မည်သူဖြစ် ကြောင်းစုံစမ်းစေရာဧလျံ၏သမီး၊ ဟိတ္တိ အမျိုးသားဥရိယ၏ဇနီးဗာသရှေဘ ဖြစ်ကြောင်းကိုသိရှိတော်မူရ၏။-
4 I послав Давид посланців, і взяв її. І вона прийшла до нього, і він поклався з нею. А вона очистилася з нечи́стости своєї, і вернулася до свого дому.
၄မင်းကြီးသည်လူလွှတ်၍ထိုအမျိုးသမီး အားခေါ်စေပြီးလျှင်သူနှင့်ချစ်တင်းနှီးနှော တော်မူ၏။ (ဗာသရှေဘသည်မိန်းမတို့ဋ္ဌမ္မ တာရာသီပန်းပွင့်မှုကိုသန့်စင်ပြီးစအချိန် ဖြစ်သတည်း) ထိုနောက်ဗာသရှေဘသည် အိမ်သို့ပြန်၏။-
5 І завагітні́ла та жінка. І послала вона, і доне́сла Давидові й сказала: „Я завагітні́ла!“
၅မိမိ၌ပဋိသန္ဓေရှိနေကြောင်းသိရသော အခါ ဒါဝိဒ်ထံသို့သတင်းပေးပို့လျှောက် ထားလေသည်။
6 А Давид послав до Йоава: „Пошли мені хітте́янина Урі́ю“. І Йоав послав Урі́ю до Давида.
၆ထိုအခါဒါဝိဒ်သည်``ဟိတ္တိအမျိုးသားဥရိယ အားငါ့ထံသို့စေလွှတ်လော့'' ဟုယွာဘထံသို့ လူလွှတ်မှာကြားတော်မူ၏။ သို့ဖြစ်၍ယွာဘ သည်ဥရိယအားဒါဝိဒ်ထံသို့စေလွှတ်လိုက် လေသည်။-
7 І прийшов Урі́я до нього, а Давид запитався про стан Йоава, і про стан народу, і про стан війни́.
၇ဥရိယရောက်ရှိလာသောအခါဒါဝိဒ်သည် ယွာဘ နှင့်စစ်သည်တော်များ၏ကျန်းမာရေးနှင့်စစ်ပွဲ အခြေအနေကိုစုံစမ်းမေးမြန်းတော်မူ၏။-
8 І сказав Давид до Урії: „Іди до свого дому та обмий свої но́ги“. І вийшов Урі́я з царсько́го дому, а за ним поне́сли гости́нця царсько́го.
၈ထိုနောက်မင်းကြီးသည်ဥရိယအား``အိမ်သို့ ပြန်၍ခေတ္တနားနေလော့'' ဟုဆို၏။ ဥရိယ ထွက်ခွာသွားသောအခါ ဒါဝိဒ်သည်သူ၏ အိမ်သို့လက်ဆောင်တစ်ခုပေးပို့လိုက်၏။-
9 Та Урія спав при вході до царсько́го дому з усіма слу́гами пана свого́, а до свого дому не пішов.
၉သို့ရာတွင်ဥရိယသည်အိမ်သို့မပြန်ဘဲ အစောင့်တပ်သားများနှင့်အတူနန်းတော် တံခါးဝ၌အိပ်လေသည်။-
10 І доне́сли Давидові, говорячи: „Урі́я не пішов до дому свого́“. І сказав Давид до Урії: „Чи ж не з дороги ти прихо́диш? Чому́ ти не пішов до свого дому?“
၁၀ဤသို့ဥရိယအိမ်မပြန်ဘဲနေခဲ့ကြောင်း ကိုဒါဝိဒ်ကြားသိသောအခါသူ့အား``သင် သည်ခရီးဝေးမှယခုပင်ပြန်လည်ရောက် ရှိလာသည်ဖြစ်ပါလျက် အဘယ်ကြောင့် အိမ်သို့မပြန်ဘဲနေပါသနည်း'' ဟုမေး တော်မူ၏။
11 І сказав Урія до Давида: „Ковчег і Ізраїль та Юда сидять у шатра́х, а пан мій Йоав та раби мого пана табору́ють на голому полі. А я піду́ до свого дому, щоб їсти й пити та лежати зо своєю жінкою? Клянуся життям твоїм та життям душі твоєї, що не зроблю я такої речі!“
၁၁ဥရိယက``ဣသရေလပြည်သားနှင့်ယုဒ ပြည်သားတို့သည် ရပ်ဝေးတွင်စစ်တိုက်လျက် ရှိနေကြပါသည်။ ပဋိညာဉ်သေတ္တာတော်သည် လည်းသူတို့နှင့်အတူရှိပါ၏။ အကျွန်ုပ်၏ ဗိုလ်ချုပ်ယွာဘနှင့်တပ်မှူးများသည်လည်း ကွင်းပြင်ထဲတွင်တပ်စခန်းချလျက်နေရ ကြပါ၏။ အဘယ်သို့လျှင်အကျွန်ုပ်သည် အိမ်သို့ပြန်၍စားသောက်ကာမယားနှင့် ပျော်မွေ့နိုင်ပါမည်နည်း။ အကျွန်ုပ်သည် ထိုသို့မပြုနိုင်ကြောင်းကျိန်ဆိုပါ၏'' ဟုလျှောက်၏။
12 І сказав Давид до Урії: „Позоста́нься тут і сьогодні, а взавтра я відпущу́ тебе“. І позостава́вся Урія в Єрусалимі того дня та дня другого.
၁၂ထို့ကြောင့်ဒါဝိဒ်က``သို့ဖြစ်လျှင်ဤအရပ်တွင် ပင်ယနေ့နားနေလော့။ နက်ဖြန်သင့်အားပြန်၍ လွှတ်မည်'' ဟုမိန့်တော်မူ၏။ ထို့ကြောင့်ဥရိယ သည်ထိုနေ့နှင့်နောက်တစ်နေ့ယေရုရှလင် မြို့တွင်နေလေသည်။-
13 I покликав його Давид, і той їв та пив перед ним, а він підпоїв його. І вийшов він увечорі, щоб покла́стися на ло́жі своїм ра́зом зо слу́гами пана свого, а до дому свого не пішов.
၁၃ဒါဝိဒ်သည်သူ့အားညစာစားရန်ဖိတ်ခေါ်ပြီး လျှင်ယစ်မူးအောင်သောက်စားစေ၏။ သို့သော် လည်းဥရိယသည်ထိုည၌လည်းအိမ်သို့မ ပြန်ဘဲနန်းတော်အစောင့်တပ်သားများ၏ အခန်းတွင်စောင်ခင်း၍အိပ်လေသည်။
14 І сталося ра́нком, і написав Давид листа до Йоава, і послав через Урі́ю.
၁၄နောက်တစ်နေ့၌ဒါဝိဒ်သည်ယွာဘထံသို့ စာတစ်စောင်ရေး၍ဥရိယနှင့်ပေးလိုက်၏။-
15 А в листі тому́ він написав так: „Поставте Урію напе́реді найтяжчого бо́ю, і відступі́те від нього, щоб він був уда́рений, і помер“.
၁၅စာတွင်``တိုက်ပွဲအပြင်းထန်ဆုံးရှေ့တန်းစစ် မျက်နှာသို့ဥရိယအားစေလွှတ်လော့။ ထို နောက်သူအသတ်ခံရစေရန်သင်သည်နောက် သို့ဆုတ်ခွာလာခဲ့လော့'' ဟုပါရှိ၏။-
16 І сталося, коли Йоав обло́жував місто, то поставив Урію на те місце, про яке знав, що там хоробрі мужі.
၁၆ထို့ကြောင့်ယွာဘသည်မြို့ကိုမိမိဝိုင်းရံ လျက်နေစဉ် ဥရိယအားရန်သူအင်အား ကြီးမားသည့်စစ်မျက်နှာသို့စေလွှတ်၏။-
17 І вийшли люди того міста, і воювали з Йоавом, — і впали дехто з наро́ду, із Давидових слуг, і повмирали, також хітте́янин Урі́я.
၁၇ရန်သူတပ်သားတို့သည်မြို့ထဲမှထွက်လာ ပြီးနောက် ယွာဘ၏တပ်သားများနှင့်တိုက် ခိုက်ကြရာ ဒါဝိဒ်၏တပ်မှူးအချို့ကျဆုံး သွားကြလေသည်။ ယင်းသို့ကျဆုံးသူတို့ အထဲတွင်ဥရိယလည်းပါ၏။
18 І послав Йоав, і доніс Давидові про всі справи того бо́ю.
၁၈ထိုနောက်ယွာဘသည်ဒါဝိဒ်ထံသို့တိုက်ပွဲ အကြောင်းအစီရင်ခံစာပေးပို့ကာ၊-
19 І наказав він послові, говорячи: „Як покінчи́ш ти оповіда́ти цареві про всі справи того бо́ю,
၁၉စေတမန်အား``တိုက်ပွဲအကြောင်းကိုသင် အစီရင်ခံပြီးသောအခါ၊-
20 і буде, якщо ти розгніваєш царя, і він скаже тобі: „Чого ви так близько підійшли до міста воювати? Чи ви не знали, що бу́дуть кидати на вас з-над муру?
၂၀မင်းကြီးသည်အမျက်ထွက်လျက်`သင်တို့သည် ရန်သူကိုတိုက်ခိုက်ရန်အဘယ်ကြောင့်မြို့အနီး သို့ချဉ်းကပ်ကြသနည်း။ မြို့ရိုးများမှနေ၍ ရန်သူတို့သည်မြားများဖြင့်ပစ်ခတ်ကြမည် ကိုမသိကြပါသလော။-
21 Хто забив був Авімелеха, Єруббешетового сина? Чи не жінка ки́нула на нього горі́шнього ка́меня від жо́рен з муру, і він помер у Тевеці? Чого ви близько підійшли до муру?“То ти скажеш: Помер також хітте́янин Урі́я“.
၂၁ဂိဒေါင်၏သားအဘိမလက်သည်အဘယ်သို့ သေရသည်ကိုသင်တို့မမှတ်မိကြသလော။ သေဗက်မြို့တွင်အမျိုးသမီးတစ်ယောက်သည် မြို့ရိုးပေါ်မှကျိတ်ဆုံကျောက်ကိုပစ်ချလိုက် သဖြင့်သူသေခဲ့ရ၏။ သို့ဖြစ်၍သင်တို့သည် အဘယ်ကြောင့်မြို့ရိုးအနီးသို့ချဉ်းကပ်ကြ သနည်း' ဟုမေးတော်မူလိမ့်မည်။ ထိုသို့မင်း ကြီးမေးခဲ့သော်`အရှင့်တပ်မှူးဥရိယသည် လည်းကျဆုံးသွားပါ၏' ဟုပြန်လည်လျှောက် ထားလော့'' ဟုမှာကြားလိုက်လေသည်။
22 І пішов посол і прийшов, і доніс Давидові все, що послав був Йоав.
၂၂သို့ဖြစ်၍စေတမန်သည်ဒါဝိဒ်ထံသို့သွား၍ ယွာဘအမိန့်ပေးလိုက်သည့်အတိုင်းလျှောက် ထား၏။-
23 І сказав посол Давидові: „Вони стали сильніші за нас, і вийшли проти нас на поле, та ми були переможцями над ними аж до входу в бра́му.
၂၃သူသည်မင်းကြီးအား``ရန်သူတို့သည်အကျွန်ုပ် တို့ထက်အင်အားကြီးမား၍ အကျွန်ုပ်တို့အား တိုက်ခိုက်ရန်မြို့ထဲမှမြို့ပြင်သို့ထွက်လာကြ ပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်သူတို့အား မြို့တံခါးဝသို့ပြန်၍တိုက်ထုတ်လိုက်ကြ ပါ၏။-
24 А стрільці́ стріляли на твоїх рабів з муру, і померли дехто з царе́вих рабів, а також помер твій раб хітте́янин Урі́я“.
၂၄ထိုအခါသူတို့သည်မြို့ရိုးမှမြားများဖြင့် ပစ်ခတ်ကြရာအရှင်မင်းကြီး၏တပ်မှူးအချို့ ကျဆုံးသွားပါ၏။ အရှင့်တပ်မှူးဥရိယလည်း ကျဆုံးပါ၏'' ဟုလျှောက်လေ၏။
25 І сказав Давид до посла́: „Так скажеш до Йоава: Нехай не буде злою в оча́х твоїх ця річ, бо меч пожирає то цьо́го, то то́го. Підсиль війну свою проти міста, та й розвали його! І підбадьо́р його, Йоава! “
၂၅မင်းကြီးကစေတမန်အား``စစ်ပွဲတွင်မည်သူ မည်ဝါကျဆုံးမည်ကိုအဘယ်အခါ၌မျှ မပြောနိုင်။ သို့ဖြစ်၍ယွာဘအားစိတ်မပျက် ရန်အားပေးစကားပြောကြားလော့။ မြို့ကို ပိုမိုပြင်းထန်စွာတိုက်စစ်ဆင်၍သိမ်းယူရန် ကိုလည်းပြောလော့''ဟုမှာတော်မူလိုက်၏။
26 І прочула Урі́єва жінка, що помер її чоловік Урі́я, і голоси́ла за своїм чоловіком.
၂၆ဗာသရှေဘသည်မိမိ၏ခင်ပွန်းကျဆုံး ကြောင်းကိုကြားသိသောအခါ ငိုကြွေး မြည်တမ်းခြင်းကိုပြု၏။-
27 А як минула жало́ба, то Давид послав, і забрав її до свого дому, і вона стала йому за жінку, і породи́ла йому сина. Та в Господніх оча́х була злою та річ, що оце зробив був Давид.
၂၇ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။