< Об'явлення 5 >
1 І бачив я в правицї Сидячого на престолї книгу записану із середини і зверху, запечатану семи печатьми.
၁ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်၏ လက်ယာလက်တော်တွင်စာလိပ်ကိုငါမြင်၏။ ထိုစာလိပ်သည်တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ် ထား၍ စာမျက်နှာနှစ်ဘက်စလုံးတွင်စာ များရေးသားထား၏။-
2 І бачив я ангела сильного, покликуючого голосом великим: Хто достоєн розгорнути книгу, і розломити печаті її?
၂ထိုနောက်ခွန်အားကြီးမားသောကောင်းကင်တမန် တစ်ပါးက``အဘယ်သူသည်တံဆိပ်များကိုခွာ ၍ဤစာလိပ်ကိုဖွင့်ထိုက်ပါသနည်း'' ဟုအသံ ကျယ်စွာကြွေးကြော်လျက်နေသည်ကိုငါမြင်၏။-
3 І нїхто не міг па небі, анї на землі, анї під землею, розгорнути книгу, анї заглянути до неї.
၃သို့ရာတွင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်၌ ထိုစာလိပ်ကိုဖွင့်နိုင်သူသို့မဟုတ် ကြည့်နိုင်သူတစ်ယောက်မျှမရှိ။-
4 І я вельми плакав, що нїхто достойний не знайшов ся, щоб розгорнути і прочитати книгу, анї заглянути до неї.
၄ဤစာလိပ်ကိုဖွင့်ထိုက်သူသို့မဟုတ်ဖတ်ထိုက် သူ တစ်ယောက်မျှရှာ၍မတွေ့ရသဖြင့်ငါသည် လွန်စွာငိုကြွေး၏။-
5 І один із старцїв каже менї: Не плач; ось, побідив лев, що з роду Юдиного, корінь Давидів, щоб розгорнути книгу, і розломити сїм печатїй її.
၅ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။
6 І поглянув я, і ось, по серединї між престолом і чотирма животними, і по серединї старцїв, стоїть Ягнятко, наче заколене, і мало сїм рогів, і сїм очей, а се сїм духів Божих, що послані по цілій землї.
၆ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-
7 І прийшов, і взяв книгу з правицї Сидячого на престолї.
၇ထိုသိုးသူငယ်သည်လာ၍ပလ္လင်ပေါ်တွင်ထိုင် လျက် နေသောအရှင်၏လက်ယာလက်တော်မှ စာလိပ်ကိုယူ၏။-
8 І коли взяв книгу, то чотири животні і двайцять чотири старці впали перед Агнцем, маючи кожний кобзу і чашу золоту, повну пахощів, що були молитви сьвятих.
၈ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊
9 І сьпівають пісню нову, глаголючи: Достоєн єси приняти книгу, і створити печаті її, бо Ти був заколений, і відкупив єси нас Богу кровю своєю, з усякого роду, і язика, і народу і поган,
၉``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။
10 і зробив єси нас Богу нашому царями і священиками; і царювати мем на землї.
၁၀ကိုယ်တော်သည်သူတို့အား အကျွန်ုပ်တို့ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်နိုင်ကြစေရန် ယဇ်ပုရောဟိတ်အရာကိုပေးအပ်တော်မူ၏။ သူတို့သည်လည်းကမ္ဘာလောကတွင် စိုးစံရသောအခွင့်ကိုရရှိကြလိမ့်မည်။'' ဟုသီချင်းသစ်ကိုသီဆိုကြ၏။
11 І я бачив і чув голос ангелів многих кругом престола і животних, і старців; і було число їх тьма тьмами і тисячі тисячами,
၁၁ထိုနောက်ငါကြည့်လိုက်သောအခါပလ္လင်တော် ပတ်လည်၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အကြီးအကဲများ၏ပတ်လည်၌လည်းကောင်း ရပ်လျက်နေသောကောင်းကင်တမန်များ၏ အသံကိုကြားရ၏။ ထိုကောင်းကင်တမန် များ၏အရေအတွက်မှာသိန်းသန်းကုဋေ မကအတိုင်းမသိများပြား၏။-
12 глаголючи голосом великим: Достоєн Агнець, заколений, приняти силу й багацтво, й премудрость, і кріпость, і честь і славу.
၁၂သူတို့က၊ ``အသေသတ်ခြင်းခံရသောသိုးသူငယ်တော်သည် တန်ခိုး၊စည်းစိမ်ချမ်းသာ၊ဉာဏ်ပညာ၊ခွန်အား စွမ်းရည်၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ ချီးမွမ်းခြင်းတို့ကိုခံထိုက်တော်မူပါ၏'' ဟုအသံကျယ်စွာမြွက်ဆိုကြ၏။-
13 І всяке створіннє, що в небі, і на землі, і під землею, і що на морю, і все, що в них, чув я, що говорило: Сидячому на престолі і Агнцеві благословеннє, і честь, і слава і держава по вічні віки. (aiōn )
၁၃ထို့ပြင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်ပင်လယ်အရပ်ရပ်၌ရှိသမျှသော သတ္တဝါအပေါင်းတို့က၊ ပလ္လင်ပေါ်တွင်ထိုင်နေတော်မူသောအရှင်နှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက်ချီးမွမ်းခြင်းကို ခံရပါစေသတည်း။ ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊တန်ခိုးတို့ဖြင့် ပြည့်စုံတော်မူပါစေသတည်း'' ဟုကြွေးကြော်ကြသည်ကိုငါကြားရ၏။- (aiōn )
14 А четверо животних сказали: Амінь, а двайцять чотири старцї упали, і поклонились Живучому по вічні віки.
၁၄သတ္တဝါလေးပါးတို့က``အာမင်'' ဟုတုံ့ပြန်ကြ ၏။ အကြီးအကဲတို့သည်လည်းပျပ်ဝပ်ရှိခိုး ကြ၏။